*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 7 November 2013

စားသောက်ဆိုင်များတွင် အလှူခံသည့် သံဃာနှင့် သီလရှင်များ အရေးယူနိုင်သည်ဟုဆို


စားသောက်ဆိုင်များတွင် အလှူခံသည့် သံဃာနှင့် သီလရှင်များ အရေးယူနိုင်သည်ဟုဆို

ရန်ကုန်တိုင်းအတွင်းရှိ စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင် သံဃာတော်များနှင့် သီလ ရှင်များ ၀င်ရောက် အလှူခံခြင်းမပြုရန် နိုင်ငံတော် သံဃာ့မဟာနာယကမှ ညွှန်ကြားစာ ထုတ်ထားပြီး အလှူခံခြင်းတွေ့ရှိပါက အရေးယူမည်ဟု ရန်ကုန်တိုင်း၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောဆို သည်။


ယင်းကဲ့သို့ အလှူခံနေခြင်းမှာ နိုင်ငံခြားသားများမှ ဗုဒ္ဓဘာသာကိုအထင်သေးပြီး သာသနာတော်ညှိုးနွမ်း စေ သည့်အတွက် ရန်ကုန်တိုင်းအစိုးရမှ ကြီးကြပ်ဆောင်ရွက်ရန် ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဦးမြင့်ကြည် က   နို ၀င်ဘာ ၅ ရက်တွင်ပြုလုပ်သည့် တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်မှုကို ၀န်ကြီးက အထက် ပါအတိုင်း ဖြေသွားသည်။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ညွှန်ကြားစာတွင် “ရဟန်းသံဃာများ၊ သာမဏေများနှင့် သီလရှင်များ မှ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်၊ ကားဆိပ်၊ ရထားဆိပ်၊ သင်္ဘောဆိပ်၊ လှေဆိပ်နှင့်ဈေး များတွင် အလှူခံခြင်းမပြုရန် ညွှန်ကြားထားသလို လူနေအိမ်များတွင်ပါ အလှူမခံရန်လည်း ညွှန်ကြား ထားသည်”ဟု ၀န်ကြီးက ပြောသည်။

ထိုကဲ့သို့ အရေးယူမည့်အပေါ် ရွှေည၀ါဆရာတော်က “ဒါက လုပ်သင့်ပါတယ်။ ဒီလိုနေရာမျိုးမှာ အလှူခံ တယ်ဆိုတာ တစ်နည်းအားဖြင့်တော့ တောင်းတာပဲပေါ့။ တကယ့် သံဃာအစစ်တွေကတော့ လုပ်မှာမ ဟုတ် ပါဘူး”ဟု မဇ္ဈိမကို ပြောသည်။

ထိုကဲ့သို့ အရေးယူရန်အတွက် မြို့နယ်သံဃနာယကအဖွဲ့များတွင် သံဃာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ ဖွဲ့စည်းထားပြီးဖြစ်သည်ဟု ၀န်ကြီးက ပြောသည်။
သံဃာများနှင့် သီလရှင်များကို အထက်ဖော်ပြပါနေရာများတွင် အလှူခံနေသည်ကို တွေ့ရှိပါက သံဃာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က သွားရောက်ခေါ်ယူပြီး ပထမဦးစွာ သက်ဆိုင်ရာ မြို့နယ်သံဃနာယက ထံ အပ်နှံပြီး သံဃာအတုအစစ်ကို စိစစ်ရမည်ဖြစ်သည်။

ရဟန်း၊ သံဃာ အတုဖြစ်ပါက မြို့နယ်အုပ်ချုပ်ရေးမှူး သို့မဟုတ် မြို့နယ် သာသနာရေးဦးစီးဌာနသို့ လွှဲအပ်ပြီး သာသနာတော် အကြည်ညိုပျက်စေမှု၊ ပုဒ်မ ၂၉၅/က ဖြင့် အရေးယူမည်ဟုလည်း လူမှုရေး ၀န်ကြီးက လွှတ်တော်တွင် ရှင်းပြခဲ့သည်။

၁၉၂၇ ခုနှစ်တွင် ပြဌာန်းခဲ့သော ထိုပုဒ်မဖြင့် အရေးယူမည်ဆိုပါက အများဆုံး ထောင်ဒဏ်နှစ်နှစ်ထိ ကျခံရ မည် ဖြစ်သည်။ ရဟန်း၊ သံဃာအစစ်ဖြစ်ပါက အလှူခံသည့် ထိုသံဃာအား ၎င်း၏ ကျောင်းထိုင်ဘုန်းကြီးထံ အပ်နှံပြီး ကျောင်းစည်းကမ်းအရ အရေးယူမည်လည်းဖြစ်သည်။

ယင်းအပြင် ကျောင်းထိုင်ဘုန်းကြီးကိုယ်တိုင် အထက်ပါနေရာများတွင် အလှူခံပါက သံဃအဖွဲ့အစည်း၏ လုပ်ထုံး၊ လုပ်နည်းအရ အရေးယူသွားရန်ရှိသည်ဟု လူမှုရေးဝန်ကြီးက ပြောဆိုခဲ့သေးသည်။

mizzima
From...Myanmar Latest News

No comments:

Post a Comment