*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday 1 May 2014

စပင်ဆာ ဝထ်စ် (သို့မဟုတ်) မဖြစ်နိုင်ခြင်း ကို ပြောင်းပြန် လှန်ပစ်သူ

1240269_474204996010670_103935857_n

တကယ်လို့များ သင်ဟာ မိမိ ဘဝကို လုပ်တိုင်း မဖြစ်၊ ဖြစ်ချင် တိုင်းလည်း ဖြစ်မလာ၊ ဘဝဆိုတာ ဒုက္ခတွေ နဲ့ ပြည့်နေတယ်။ 

သင့် ဘဝဟာ ခက်ခဲကြမ်းတမ်း လွန်းတယ် စသဖြင့် အဲဒီလိုများ ထင်နေ ခဲ့ပြီး လောကကြီး ဟာ စိတ် ပျက် ငြီး ငွေ့နေစရာ ဖြစ်နေတယ် လို့ ထင်နေတယ် ဆိုရင် သင်ထင်သလောက် သင့်လောကကြီးဟာ မခက် ခဲ၊ မကြမ်းတမ်း လှသေးပါဘူး ဆိုတဲ့ အကြောင်းနဲ့၊ မဖြစ်နိုင်ဘူးလို့ လူတိုင်း က ပြောနေကြတဲ့ ကြီး မားလှ တဲ့ အခက်အခဲ တွေကို မယုံကြည်နိုင်လောက် ဖွယ်ရာ အောင်မြင် စွာ ဖြတ်ကျော်ပြ ခဲ့တဲ့ လူ တစ်ယောက် အကြောင်း ပြောပြချင် ပါတယ်။


သူကတော့ ကနေဒါနိုင်ငံ တိုရွန်တို မြို့သား Spencer West ဖြစ်ပါတယ်။ သူဟာ အာဖရိက မှာ အမြင့် ဆုံးတောင် ဖြစ်တဲ့ ပေပေါင်း တစ်သောင်း ကိုးထောင် ( ၁၉၀၀၀) ( မြန်မာပြည် ရဲ့ ခါကာဘိုရာဇီတောင် နီး ပါး ) မြင့်မားတဲ့ Mt. Kilimanjaro ကို တက်ရောက် ခဲ့ရာ တစ်ပတ် အကြာ မှာ တောင်ထိပ် ကို အောင်မြင် စွာ တက်ရောက် နိုင်ခဲ့ပါတယ်။

 တောင်ထိပ်ကို တက်တာ ဘာများ ထူးဆန်း သလဲလို့ မေးစရာ ရှိပါတယ်။ သာမန် လူ အတွက် ဆို ရင်တော့ ပေပေါင်း တစ်သောင်း ကိုးထောင် ကို အောင်အောင်မြင်မြင် တက်ရောက်တာ ဘာမှ ပြောစရာ မရှိပေမဲ့ Spencer West အတွက် တော့ အလွန်ကြီးမားတဲ့ အောင်မြင်မှု ဖြစ်ပါတယ်။ 

ဘာကြောင့်လဲ ဆိုတော့ သူဟာ ခြေထောက် နှစ်ဖက် မရှိဘဲ လက်နှစ်ဖက် ကိုသာ အားပြုပြီး တောင်ထိပ် အထိ ရောက်အောင် တက်ရောက် နိုင်ခဲ့သူ ဖြစ်လို့ပါဘဲ။

Spencer West ဟာ အသက် ၅နှစ် အရွယ်မှာ ရောဂါ တစ်မျိုးကြောင့် ခြေထောက် နှစ်ဖက်စလုံး ကို ပေါင် အရင်း ကနေ ဖြတ်ပစ် လိုက် ရပြီး တစ်ယောက်ယောက် ရဲ့ အကူ အညီ မပါဘဲ နဲ့ အထိုင် အထ လုပ်ဖို့၊ လမ်းလျှောက် ဖို့ ဆိုတာ သူ့ ဘဝမှာ ဘယ်တော့ မှ မဖြစ်နိုင် တော့ ဘူးလို့ ဆရာဝန်တွေ က ပြောခဲ့ပါ တယ်။ 

သို့သော် လည်း ခိုင်မာတဲ့ စိတ်ပိုင်းဖြတ် မှု၊ ပြင်းပြတဲ့ ဆန္ဒ တို့ ၏ လှုံ့ဆော် မှု တို့နဲ့ Spencer West က အဲဒီ အဲဒီ ဆရာဝန်တွေ ရဲ့ စကား မှားယွင်းကြောင်း သက်သေ ပြခဲ့ ပါတယ်။ အဲဒါ က တော့ အာဖရိက တိုက်မှာ ရှိတဲ့ အမြင့်ဆုံး တောင် Mt. Kilimanjaro တောင်ထိပ် ကို (၇) ရက် အတွင်း တက်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

တောင်တက် ခရီးကြမ်း တစ်ခုလုံး ရဲ့ ၈၀ ရာနှုန်း ကို သူ့ရဲ့ လက်နှစ်ဖက် ကိုသာ အသုံးပြုပြီး တက်ရောက် ခဲ့ခြင်း ဖြစ်ပြီး သူနှင့်အတူ သူ့ရဲ့ သူငယ်ချင်း ကောင်း (၂) ယောက် ကလည်း လိုအပ်တဲ့ အကူ အညီ တွေ ကို နောက် က တောက်လျောက် ပံ့ပိုးပေး ခဲ့ကြပါတယ်။ 

ဒီတောင် တက် ခရီးစဉ် တစ်ခုလုံး ကို အခုလို လက်နှစ်ဖက် တည်းနဲ့ အောင်မြင်စွာ တက်ရောက်နိုင်ဖို့ အတွက် Spencer West အနေနဲ့ တစ် နှစ်ပတ်လုံး ပြင်းထန် တဲ့ လေ့ကျင့် မှုတွေ ပြုလုပ် ခဲ့ရ ပါတယ် ။ နောက်ထပ် ဂုဏ်ယူ ဖွယ်ရာ တစ်ခု ကတော့ သူ့ရဲ့ ဒီလို အလွန် အံ့အားသင့် ဖွယ်ရာ အောင်မြင် မှု ကြောင့် ရရှိတဲ့ ဆုငွေ ဒေါ်လာ ၅၀၀၀၀၀ ခန့် ကို ကလေးငယ် ပေါင်း ၃၀၀.၀၀၀ အတွက် ပညာရေး ဆိုင်ရာ ရန်ပုံငွေ အဖြစ် အားလုံး လှူဒါန်းခဲ့ခြင်းပဲ ဖြစ်ပါတယ်။

စာရှုသူ မိတ်ဆွေများ လည်း ဘဝမှာ ကြုံရတဲ့ အခက်အခဲ တွေ၊ စိတ်ပျက် မှုတွေ၊ ကျရှုံးမှု တွေကို Spencer West လိုပဲ အင်အားတွေ၊ သင်ခန်းစာတွေ၊ တွန်းအား တွေ အဖြစ် ပြောင်းလဲ ပစ်ပြီး တစ်ယောက်ချင်း စီ မှာ ရှိနေကြ တဲ့ ကိုယ်ပိုင် အိပ်မက် တွေကို လက်တွေ့ အကောင် အထည် ဖော်နိုင် ကြတဲ့ ဘဝရဲ့ အောင်မြင်မှု ပန်းတိုင် ကို အသီးသီး လက်လှမ်း နိုင်ကြသူ တွေ ဖြစ်ကြ ပါစေလို့ ဆုတောင်း ပေးလိုက် ရပါတယ်နော်…

ချော
MLN
From...Search Myanmar
 

No comments:

Post a Comment