*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 October 2013

** Online ပေါ်မှ အကောင်းဆုံး ၀င်ငွေရှာနည်း **

https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-prn2/1376614_473380736094578_1290118445_n.jpg
[Myanmar IP ဖြင့် Verifed PayPal ရယူရန် ငွေအရင်ရှာခြင်းတွင်ဖော်ပြထားသည်။]

အားလုံးပဲ မင်္ဂလာပါဗျာ။ ကျွန်တော် Han Htet [Steel Jelly] အနေနဲ့ မကြာခင်ထွက်မဲ့ Myanmar IP နဲ့ Verified Pay Pal ရယူခြင်း နည်းလမ်းမှာ ပါဝင်မဲ့ Online ပေါ်မှ အကောင်းဆုံး ၀င်ငွေရှာနည်း ကို အခု ဖော်ပြပေးသွားမှာပါ။

မိတ်ဆွေတို့ အားလုံးပဲ သိထားသလိုပဲ Online ပေါ်မှာ ငွေရှာဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။
နမူနာအားဖြင့် ..


အခု ခေတ်စားနေတဲ့ PTC [Paid To Click] နဲ့ ငွေရှာခြင်း၊

Download Link ရှယ်ပြီးတော့ ငွေရှာခြင်း၊

Website ကနေ ငွေရှာနည်း၊
 

Review ရေးပြီး ငွေရှာခြင်း


စသည်ဖြင့် အများအပြား ရှိပါတယ်။
ကျွန်တော်တို့တွေ စဉ်းစားရအောင် ဗျာ။ အဲ့ဒီ ငွေရှာနည်းတွေ ထဲမှာ အားလုံးက ငွေဝင်တာချည်း ပါပဲ။
ဒါပေမဲ့ ကျွန်တော်တို့ အကောင်းဆုံး သော Online ပေါ်မှ ငွေဝင်နည်းသာကို လျှောက်လှမ်းချင်ပါတယ်။
အမြန်ဆုံး ငွေဝင်နည်း ဆိုတာလဲ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့် အနေနဲ့ အားမပေးပါဘူး။ ဘာလို့လဲ ဆိုတော့ မိမိ ငွေ ကို တန်ဖိုးထားတတ်စေချင်သလို ရာသက်ပန်လဲ ငွေဝင်စေချင်တဲ့ အတွက် ကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီအရာကသာ ကျွန်တော်တို့ကို ချောင်လည်စေမှာ မို့ပါ။

ကျွန်တော့် အနေနဲ့ အားလုံး ကို မချွင်း မချန် ဥာဏ်မီ သလောက် Online ပေါ်မှာ အားလုံးအတွက် အဆင်ပြေမဲ့ ငွေရှာနည်းကို ပြောပြပေးသွားပါ့မယ်။ ရှဉ့်လဲ လျှောက်သာ ပျားလဲစွဲသာ ဆိုသလိုပေါ့ဗျာ။

ပထမဆုံး အနေနဲ့ ကျွန်တော်တို့ စဉ်းစားရမှာက Online ပေါ်ကနေ ငွေဝင်ဖို့ပါ။ ငွေထွက်ဖို့ မဟုတ်ပါဘူး။ ဒါတော့ ကျွန်တော်တို့ အနေနဲ့ ထောင်မြင်လို့ ရာ စွန့်သင့် ရင် စွန့်ရမှာ ဆိုပေမဲ့ ဘာမှ မမြင်ပဲနဲ့တော့ ဘယ်အရာမှ စွန့်လွတ်ဖို့ မလိုပါဘူး။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ Online ပေါ်ကနေ ငွေရှာမယ် လို့ပဲ ပြောပါတယ်။ စမရှာ ရသေးဘူး။ MPT ကို ပေးနေရတယ် ဆိုရင် ကျွန်တော်တို့ အဆင်မပြေပါဘူး။ ဒါကြောင့် ကျွန်တော့် အနေဲ့ အကြံပြုချင်တာက  MPT Data Internet  [Mobile Data Network]နဲ့ Online ပေါ်မှာ ငွေမရှာစေချင်ပါဘူး။ ဒါပေမဲ့ ရှာချင်တယ်ဆိုရင်လဲ ကျွန်တော်တို့ မှာ နည်းလမ်းရှိပါတယ်။

PTC ကတော့ Mobile Internet မိတ်ဆွေတို့ ကျွန်တော်တို့ အတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ Internet လိုအပ်နေတဲ့ အတွက်ကြောင့်ပါ။

Website ကနေ ငွေရှာရင်ရော ??? ဒါက မိတ်ဆွေတို့ အပေါ်မှာ မူတည်ပါတယ်။ မိတ်ဆွေတို့ ရွေးချယ်တဲ့ Website က Blog လား၊ Web Application လား စသည်ဖြင့်ပါ။
Web Application ကတော့ ရှင်းပါတယ်။ ဥပမာ- Online ကနေ ငွေဖြည့်တဲ့ ဆိုဒ် လိုမျိုး၊ Search Engine Website လိုပေါ့၊ သူတို့ကတော့ မိမိက အရင်း အရင် ဆိုက်ရပေမဲ့ အကျိုး အမြတ် အများကြီး ရှိတဲ့ အမျိုးပါ။

ကျွန်တော်တို့လို မိတ်ဆွေတွေ အများစုကတော့ အရင်းအနှီး မရှိတော့ Blog ပေါ့ဗျာ။ စဉ်စားကြည့်ပါဦးဗျ။ MPT နဲ့ အဆင်ပြေလောက်လား မပြေလောက်လားဆိုတာ ။ ကျွန်တော့် အတွက်ဆိုရင်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မိတ်ဆွေတို့ လို ချွေတာ တတ်မဲ့ သူဆိုရင်တော့ အဆင်ပြေပါတယ်။
စာရေးတာက Internet ရှိစရာမှ မလိုတာဗျာ။ ဒါပေမဲ့ File Share တဲ့ သူတွေကတော့ ပြဿနာရှိပါတယ်။
File Share တဲ့ Blog ထောင်တယ်ဆိုပေမဲ့ File ကို Upload လုပ်ရတာနဲ့ တင် Mobile Data က မိတ်ဆွေတို့ကို အဆင်ပြေမှာ မဟုတ်ပါဘူး။

ထိုနည်းအတူ Internet ပေါ်မှာ ပဲဖြစ်ဖြစ်၊ ပြင်ပလောကမှာပဲဖြစ်ဖြစ် စာရေးတာက တော့ ၀င်ငွေရစေမှာအမှန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ MPT သမားတွေက PTC ထက် စာရေးပြီးသော်လည်းကောင်း၊ Blog ထောင်ပြီးသော်လည်းကောင်း ငွေရှာ လို့ပါတယ်။
ကျန်တဲ့ Fiber, ADSL , Redlink သမားတွေကတော့ မိမိကြိုက်တဲ့ နည်းလမ်းနဲ့ ငွေရှာနိုင်ပါတယ်။ :)

ငွေရှာတာကတော့ ဟုတ်ပါပြီ။ ကိုယ်လုပ်သလောက်ရော ငွေရသလား စဉ်းစားကြည့်ရပါမယ်။ ဥပမာဗျာ- စာသာရေးနေတယ် ငွေမရတာမျိုး၊ ရသင့်သလောက် မရတာမျိုး၊ မိမိ အချိန်တွေ အလကားဖြစ်သွားတာမျိုး၊ သူတစ်ပါး လက်ထဲ ပါသွားတာမျိုး၊ စတဲ့ ဆုံးရှုံး နစ်နာမှု တွေ ရှိနေရင် ကျွန်တော်တို့ အတွက် Online ပေါ်မှာ ငွေရှာဖို့ ဆိုတာ လုံးဝ အဆင်ပြေမှာ မဟုတ်ပါဘူး။

ရာသက်ပန် Professonal တစ်ယောက်လို ငွေရှာဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဘယ်လိုလုပ်ရမလဲ။ ကျွန်တော့်အနေနဲ့ ရှေ့က အောင်မြင်နေတဲ့ သူတွေ ရယ်၊ အခုလက်ရှိအောင်မြင် ကျော်ကြားနေတဲ့ သူတွေရယ်၊ သူတို့ ရဲ့ အတွေ့ အကြုံ၊ အကြံဥာဏ် နဲ့ ကျွန်တော့်ရဲ့ စဉ်းစားတွေးခေါ်ဥာဏ်ကို ပေါင်းစပ်ပြီးတော့ ဘယ်လို ပြုလုပ်သင့်တယ်  ထင်တာကို တင်ပြပေးသွားပါ့မယ်။ ဒီနည်းလမ်းဟာ ကျွန်တော်ကိုယ်တိုင်လဲ အခုမှ စတင်ကျင့်သုံးနေတာဖြစ်သလို အားလုံး အတွက်လဲ အသင့်တော် ဆုံး နဲ့ နှစ်ခြိုက် ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ Online ပေါ်မှ ငွေရှာမယ်ဆိုတော့ အဓိကက Website တွေနဲ့ ပတ်သက်ရတော့မှာ ပါ။ ကျွန်တော်အနေနဲ့လဲ မိမိ Website ကနေ အောင်မြင်အောင် ငွေရှာနည်း ပြောပြပေးသွားပါ့မယ်။

ကျွန်တော်တို့ ရာသက်ပန် Online ပေါ်ကနေ ငွေရှာလို့ရအောင် ဘယ်လိုလုပ်မလဲ ?????


ကိုယ်ပိုင် Style , ကိုယ်ပိုင် Design , ကိုယ့် စိတ်ကြိုက် ပြိုင်ဘက်ကင်းအောင် မိမိဖာသာလုပ်ပါ။


အရေး အကြီးဆုံးကတော့ ငွေရှာချင် တယ် ဆိုပြီး ငွေနောက်မလိုက်ပါနဲ့။ သင်အောင်မြင်ရင် ငွေက သင့်နောက် လိုက်လာပါလိမ့်မယ်။ သင့် ခံယူချက်နဲ့ သင် မည်သူနဲ့ မှ မတူအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒီတော့ ကိုယ်က Mobile လေးတွေ ၀ါသနာ ပါတယ်ဆိုရင် Mobile လေးတွေ တင်ပေါ့။သူများ ဟာ ကူးတင်ခိုင်းတာ မဟုတ်ဘူးနော်။ ကိုယ့် Flow နဲ့ကိုယ်ပဲ။

အဓိက ကတော့ အောင်မြင်ဖို့ ကိုယ်က သူများနဲ့ တူနေလို့ မရဘူး ဆိုတာပါပဲ။ Web Application ရေးပြီးတော့ပဲ လုပ်နေလဲ ရတာပါပဲ။ Web Application ကတော့ သူများနဲ့ မတူလို့ အောင်မြင်မှာ သေချာပေမဲ့ ကိုယ်က ပညာတတ်ဦးမှပါ။ ဒီတော့ ကျွန်တော်တို့ Blog ရေးတဲ့ သူတွေကကျတော့ သူများထက်ကို ထူးခြား နေရပါမယ်။

ကိုယ်က စလုပ်ပြီဆိုတာနဲ့ ဘယ်ကနေမှ Copy မကူးပဲ သူများနဲ့ မတူတဲ့ idea နဲ့ လုပ်ပြီး လူစိတ်ဝင်စားမှု ကိုရယူပါ။ သင် သာ သူများနဲ့ မတူရင် သင့်ကို သူတို့မေ့ မှာ မဟုတ်ပါဘူး။ ဒါဟာသင့်ရဲ့ ထူးခြားတဲ့ ဂုဏ်ရည်နဲ့ သင့်ရဲစွမ်းဆောင်ချက်အပြင် သင့်ကို ပါ ထမင်းကျွေးပါလိမ့်မယ်လို့ ဆိုလိုတာပါ။

နောက်ပြီး ပညာရှင်အသိုင်း အ၀ိုင်းကြီးတွေကရော သင့် Website ကို အသိအမှတ် ပြုလား ကြည့်ပါ။ ဥပမာအနေနဲ့ ပြောရရင် - Eleven Media အနေနဲ့ သူတို့ကို လူတိုင်း သတိထားကြတယ်။ လူတိုင်း လေးစားမှု ရှိကြတယ် [ကိုယ်ပိုင် Post တွေနဲ့ တင်လို့ပါ]။ ပြောရမယ်ဆိုရင်
သူတို့ တကယ်လုပ်တယ်ဆိုတာကို ပြောပြတယ်လေ။ Facebook မှာ ပြန့်နေတဲ့ Media တစ်ချို့ရှိတယ်ဗျာ - သူတို့ ကျ တော့ ကော အလုပ်တစ်ကယ်လုပ်လို့လား ?? ဟိုကဟာ Copy ကူး ပြီးဒီမှာ ပြတယ်။ ဒါပါပဲ။ တကယ်လို့ Eleven ကို မသိတဲ့ သူက တော့ Facebook Media နဲ့ ပဲတွေ့ ပြီးတော့ ဒီက သတင်းပေးတယ်ပဲ ထင်မှာပါ။ဒါပေမဲ့ Eleven ကို တွေ့ရင် အဲ့ဒီ Media တွေက Eleven နဲ့ ယှဉ်ရင် Impression ချင်း နှိုင်း ယှဉ်ကြည့်ချင်းအားဖြင့် ဘယ်သူ့ကို ပိုလေးစားမလဲ ဘယ်သူဆီ နောက်ကျရင် သွားဖတ်တော့ မှာလဲ စဉ်းစားကြည့်ပေါ့ဗျာ။ လုပ်ရင် အများလေးစားအောင် စပြီး တော့ လုပ်လို့ဆိုလိုချင်တာပါ။

ဒါ့အပြင် မျှဝေတယ် သူများနဲ့ မတူဘူးဆိုပြီး ဖြစ်စလွယ်မလုပ် ပါနဲ့။ စိတ်အားထက်သန်စွာ စေတနာပါပါနဲ့ လုပ်ပါ။


နောက်ပြီး သူများတွေက သင်ရေးထားတာကို ကူးရင် လိုက်ပြီး ပစိပစပ် ပြောမနေပါနဲ့တော့ သူ့ကို Credit Link ပါအောင် ထည့်ခိုင်းပါ။ မဟုတ်ရင် သင်ရဲ့ Site ဟာ အတု မရှိဖြစ်မှာ မဟုတ်တော့ပဲနဲ့ ကူးယူတဲ့ သူတွေပဲ အကျိုးရှိပါလိမ့်မယ်။

ဒါပေမဲ့ မပူပါနဲ့ ဒီစာဟာ သင်ရေးထားတာ ဖြစ်လို့ ကူးယူဖော်ပြတဲ့ Website က အောင်မြင်နေရင်လဲ အဲ့ဒီ Website ဟာ သင့်ရဲ့ စာတွေ နဲ့ အောင်မြင်နေတာပါ။
သင်ရေးသားထားတဲ့ စာတွေဟာ သူ့အတွက် ကိုယ်ပိုင်လို့ပြောလို့မရသလို သူအောင်မြင်နေတာလဲ မဟုတ်ပါဘူး။ အဲ့ဒါကို မိမိ ကောင်းကောင်း နားလည်ထားဖို့လိုပါတယ်။
မိမိက မိမိ Website မှာလဲ တင်ထားတယ်။ သူက ကူးယူဖော်ပြထားတယ် ဆိုတာကို သာ သိအောင် Credit ထည့်ခိုင်းပါ။


များသောအားဖြင့် ကူးယူဖော်ပြတဲ့ သူတွေဟာ ကျွနှုပ်ပြောတဲ့ အချက်ကို သိထားပြီးသား ဖြစ်တဲ့ အတွက် မည်သို့သော အခါမှ Credit ထည့်လေ့ မရှိသလို အပြည့်အစုံ ဖော်ပြပေးလေ့လဲ မရှိပါဘူး။
ဒါဟာ သင့်အတွက် သင့်ရဲ့အကြီးမားဆုံး နစ်နာမှု ကြီးပါ။သင် ဒါကို ကောင်းမွန်စွာ ဖြေရှင်း နိုင်ရပါမယ်။ ဒါကိုဖြေရှင်းနိုင်ရင် သူ့ရဲ့ အောင်မြင်မှု ဟာ သင့်အတွက်ဖြစ်လာပါလိမ့်မယ်။
နောက်ပြီး ပြောချင်တာက Social Media လုပ်မကျွေးပါနဲ့၊ ကောင်းကောင်း အသုံးချပါ။ ဆိုလိုတာကတော့ အခုလူသုံးများတဲ့ Facebook ပေါ့။ ကျွန်တော်တင်မက ပါဘူး။ နာမည်ကြီး ပညာ တတ်တဲ့သူ အများစု ကတောင် အဲ့ဒီထဲမှာ ပျော်မွေ့နေကြပါတယ်။ အဲ့ဒါက Facebook ကို လုပ်ကျွေးနေခြင်း တစ်မျိုးပါပဲ။
Facebook ကို ဘာလို့ ဘယ်လိုလုပ်ကျွေးတာလဲ ?????

ကျွနှုပ် ပြောတဲ့ အတိုင်း သာလုပ် သင် အောင်မြင်မှာပါ။ နိဂုံးချုပ် အနေနဲ့ ပြောချင်တာက..
 ၁) ငွေ ၀င်ဖို့ အတွက် က သင့် လူဝင်ဆန့်ပြီး အောင်မြင်ဖို့ လိုတယ်။

၂) ငွေနောက်လိုက်လို့ မရဘူး။ ကိုယ်တွေ့ပြောရရင် ကျွန်တော်ဆိုဒ်မှာ ငွေတွေရအောင်ဆိုပြီး Register လုပ်ထားတဲ့ ကြော်ငြာတွေ နေရာ တစ်ခု မကျန် ကျွန်တော် ထည့်ခဲ့ဖူးတယ်။ ဒါပေမဲ့ နောက်နေ့ကျတော့ လူဝင်နည်းသွားတယ် ။
ဘယ်လောက်ထိနည်းသွားလဲ ဆိုရင် ကြော်ငြာတွေ ဘလပွနဲ့ ကိုယ့်ဆိုဒ်ကိုတောင် မကြည့်ချင်တော့လောက်အောင်ကို နည်းသွားတာ။ ငွေရချင်လွန်းလို့ ဖြစ်တဲ့ ဟာ လေးပါ။
၃) သူများနဲ့ မတူစေရဘူး။ သူများဆီကနေ မကူးရဘူး။ အဲ့ဒါက ကိုယ့်ကို မသိရင်တောင် ကိုယ်ဆိုဒ်ကို အထင်ကြီးလေးစားဖို့ အလိုအပ်ဆုံး အချက်ပဲ။ အဲ့ဒါမှ သူ ဘာအသစ် တင်တာလဲ ဆိုပြီး ကိုယ်က Facebook မှာ မကြေငြာရင်တောင်မှ သူက လာကြည့်နေမှာ ဖြစ်တယ်။ မဟုတ်ရင် သင့်ကို Visitor တွေ ခဏတွင်း မှာ မေ့သွားမှာပါ။ အဲ့ဒါဟာ ကိုယ်ရဲ့ Traffic ကို ထိန်းတဲ့ နည်းဖြစ်သလို ကိုယ့်ကို အထင်ကြီးလေးစားစေတဲ့ အချက်ပဲ။ မဟုတ်ရင် ကြားတောင် မကြားဖူးဘူးဆိုပြီး လာပါလိမ့်မယ်။ သူများနဲ့ Unique ဖြစ်နေရင်
"ဟယ်ဟုတ်လား သွားကြည့်လိုက်ဦးမယ်" ဆိုပြီး သင့် ဆီရောက်လာလို့ သူများနဲ့ မတူ တာ သဘောကျ တာ တွေ့ရင် Visitor တွေက သင့်ကို မေ့မှာ မဟုတ်ပါဘူး။

၎) Download Link ရှယ်တဲ့ သူများ အနေနဲ့ သင်တို့ ဟာ Link ကို မရှုပ်ထွေးပါစေနဲ့။
ဥပမာ - လွယ်တဲ့ Ad တစ်ခုလောက်ခံရင် ရရဲ့ သားနဲ့ AD ကို နှစ်ခု သုံးခုလောက် ခံတာတို့ ပါ။ ဒါဟာ သင့် အတွက် ဘာထိခိုက်သလဲ ဆိုရင် သင့်ကို စတင်မုန်းတီးခြင်းခံ ရပါလိမ့်မယ်။ ဘယ်အချိန်မှာ ပိုဆိုးလာလဲ ဆိုရင် Visitor တွေ မူရင်း Upload လုပ်နေတဲ့ သူကို  ရှာ တွေ့သွားလို့ သူက Ad မခံပဲ File ကို လွယ်လွယ်ကူကူ ဒေါင်းလို့ရအောင်လုပ်ပေးထားတာတွေ့ရင် သင့်ကိုသူတို့ ရွံရှာ စက်ဆုတ် မုန်းတီးလာတဲ့ အခါ
သင် အောင်မြင်နိုင်တဲ့ သူ မဖြစ်နိုင်တော့ပါဘူး။ ငွေနောက်လိုက်နေခြင်း ကြောင့်ပေါ့။
အဲ့ထက်အရေးကြီးတာက သင် Crack တွေ မရှယ်ပါနဲ့။ သင့်ကို Developer တွေက လေးစားမှု ရအောင်လို့ပါ။

 ၅) Social Media တွေကို အသုံးချပါ။ လုပ်မကျွေးပါနဲ့။ သူလဲ Website ပါပဲ။ သင်လဲ Website ပါပဲ။ သင့်ပြိုင်ဘက်လို သဘောထားပါ။ သင့်ရဲ့ အတုမရှိတဲ့ အရည်အချင်းကို ထုတ်ပြပါ။ Social Media ကို အသုံးချပါ။ သင့်အောင်မြင်ဖို့ သင့်ရဲ့ အတွေးအခ်ါနဲ့ သင်လုပ်ဆောင်နိုင်မှု ပေါ်မှာ မူတည်ပါတယ်။


ကဲ ကျွန်တော်တို့ အောင်မြင်ပြီ ဗျာ.... ဘယ်လို ငွေဝင် လာမှာလဲ ?????

ပြောပြပေးပါ့မယ်ဗျာ။။။။။ အောင်မြင်ရင် သင့်Website ကို လူဝင်များပါမယ်။ အဲဒီတော့ Traffic ရလာပါတယ်။ Traffic ရပြီ ဆိုတာနဲ့ သင့်အနေနဲ့  Traffic နဲ့ ငွေပေးတဲ့ CPM Ad Network Site တွေမှာ Register လုပ်ပါ။ သင့် Website မှာ တစ်နေ့ကို Pageview ၃ ၊ ၄သောင်း လောက် ရှိပြီဆိုတာနဲ့ သင်အလုပ်စလုပ်လို့ရပါပြီသင့် Website မှာ ကြော်ငြာ ဘယ်နှစ်ခု မှ ထည့်စရာ မလိုပါဘူး Traffic နဲ့ သွားတဲ့ ကြော်ငြာကို ထည့်ပါ ။ CPM Based Ad Network တစ်ခုမှာ တစ်လကို $50 နဲ့ Network 3 ခု ပဲထည့်ရုံနဲ့ $150 ကို PayPal ကနေ ထုတ်လို့ရပါပြီ။

အဲ့ဒါ အနည်းဆုံးပါ။ အခု လက် ရှိ မြန်မာ နိုင်ငံ မှာ အောင်မြင် ကျော်ကြားနေတဲ့ Traffic ကြီးကြီးနဲ့ Website တစ်ခုရှိပါတယ်။ သူတို့ထဲက တစ်ရက်ထဲကို $609 USD  ထိဝင်တဲ့ Website ရှိပါတယ်။ နာမည်တော့ ပြောစရာ မလိုတော့ဘူးလို့ ထင်ပါတယ်။ Traffic အနေနဲ့ 4.58 TB/month တစ်လကို 4000GB ကျော်အထိ Traffic ရှိပါတယ်။ ဒါက Traffic နဲ့ ရတဲ့ Money ပါ။ Website မှာ ကြော်ငြာထည့်ခတောင် မပါသေးပါဘူး :)

မိတ်ဆွေအနေနဲ့ သင့် Website ရဲ့ Rank နဲ့ ၀င်ငွေတွေ Web Analysis လုပ်ချင်ရင် အောက်ပါလင့်မှာ သွားလုပ်ကြည့်နိုင်ပါတယ်။

http://www.statscrop.com/www/မိမိဒိုမိန်း.com ပါ။

နမူနာအနေနဲ့ http://www.statscrop.com/www/share4mm.com
မှာ သွားရောက် ကြည့်ရှု နိုင်ပါတယ်။


သင့် အနေနဲ့ Traffic များလာလေလေ Alexa Rank နည်းလာလေလေပါပဲ။ အဲ့လို ဖြစ်လာတာနဲ့ မိတ်ဆွေ အောင်မြင်တဲ့ Website ပိုင်ရှင် ဖြစ်လာပြီး အကောင်းဆုံး ၀င်ငွေတာ ရှိလာမှာပဲဖြစ်ပါတယ်။


ဒီလောက်ဆိုရင် ကျွန်တော့် ရဲ့ ငွေရှာနည်းက မိတ်ဆွေကို တစ်နည်း မဟုတ် တစ်နည်း အားဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်ဗျာ။ ကြိုးစားပါ။ ကျွန်တော့် အနေနဲ့လည်း ရှေ့က အောင်မြင်တဲ့ သူတွေကို အတုယူ ၊ အကြံဥာဏ်တောင်း ပြီး ကိုယ့်ကိုယ်ကို ကောင်းအောင် အခုမှစပြီး ကြိုးစားနေပါတယ်။


တကယ်ပါ ။ သင့် အနေနဲ့ သူများနဲ့ မတူညီ တဲ့ အရည်အချင်းနဲ့ သာ လုပ်သွားပါ။ အလွန်ဆုံး ၂ နှစ်ပါပဲ။

တစ်နှစ်ခွဲလောက် ဆိုရင်ကို တစ်လကို သိန်းချီပြီး ၀င်နေပါပြီ လို့ အကြံပြုရင်း Online ပေါ်မှ အကောင်းဆုံး ငွေရှာ နည်းကို နိဂုံးချုပ်အပ်ပါတယ်။

Myanmar IP ဖြင့် Verifed PayPal ရယူအသုံးပြုခြင်း တွင်လည်း ယခုလို Post ပြန်လည်ပါဝင်မှာဖြစ်ပါတယ်။

မိတ်ဆွေ အနေနဲ့ လည်း မိမိဖြစ်ချင်တာ၊ မိမိ လုပ်ချင်တာ လေးတွေ ကျွန်တော့်ကို Comment ပေးပြီး ပြောပြပေးပါဦးဗျာ။ တတ်နိုင်သလောက် ကူညီရအောင်ပေါ့။ ကျွန်တော် ဒီPost ကို စေတနာ အပြည့်နဲ့ ရေးထားတာမို့လို့ မည်သည့် Refferal Link မှ ထည့်မထားပါဘူး။ သဘော ပြောပြရုံလောက်ပါပဲ။ နောက်တစ်Post ကျမှ ကောင်းတဲ့ Ad Network လေးတွေကို ဖော်ပြပေးသွားပါ့မယ်။


အရေးကြီး ဆုံး ပြောချင်တာက သင် ငွေရဖို့ပဲ ကြည့်နေရင် ရေရှည်မခံ ပါဘူး။
သင် စေတနာ အပြည့်နဲ့ သူများ ထက် သာအောင် သူများထက် ပြိုင်ဘက်ကင်း တဲ့ Website ဖြစ်အောင်လုပ်ပါ။ 2 နှစ် အတွင်း အောင်မြင်လာပါလိမ့်မယ်။


Myanmar IP ဖြင့် Verify ဖြစ်သော PayPal အသုံးပြုနည်းစာအုပ် မကြာမီ စာအုပ် ထွက်ပါ့မယ်။
Myanmar IP ဖြင့် Verify ဖြစ်သော PayPal ပြုလုပ်မည့်သူများ လိုက်နာရမဲ့ အတွက် ကြိုတင်သဘောထား တူညီချက်ကို မဖတ်ရသေးသူများ အောက်က လင့်မှာ ဖတ်ရှု ပေးထားပါ။


http://www.share4mm.com/2013/09/myanmar-ip-verify-paypal.html


Steel Jelly [Miloboy Inc.]

Chief Editor Of Full Premium Now Free

Founder Of Tech Milo ©opyrighted Sharing

No comments:

Post a Comment