*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday, 4 October 2013

ပခုံးနှင့် မမျှအောင် လေးသော်လည်း ဘဝသည် ပစ်ချ၍ မရ


 

”ဘေးဖယ်၊ ဘေးဖယ်”ဟူသည့် အသံနှင့် အတူ ထိုနေရာ ၌ လူ တစ်စု ခြေသံ ခပ်ပြင်းပြင်းဖြင့် ဒုန်းစိုင်း သွားနေကြသည်။ နက်ပြာရောင် တီရှပ် လက်ရှည်နှ င့် ဘောင်း ဘီရှည် များကို ညီတူ ဝတ်ဆင် ထားသည့် ထို သူများတွင် ခန္ဓာကိုယ်တောင့်တင်း သူ မရှိသလောက် ရှားသည်။ 

သို့သော် ၎င်းတို့သည် ကိုယ် ခန္ဓာနှင့် မမျှ သည့် အထုပ် အပိုးကြီး များကို ထမ်းပိုးရင်း အပြေး အလွှားသွား လာနေသည်။ နေရာ မှာ မြန်မာနိုင်ငံ ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့ ရှိ မော်တင် ဆိပ်ကမ်း၊ တူညီ ဝတ်စုံ ဝတ် ဆင်ထားသော အလုပ်သမား များသည် ဆိပ်ကမ်း သို့လာရောက် ကပ်သော သင်္ဘော၊ စက်လှေ များပေါ် သို့ ကုန် ပစ္စည်း အမျိုးမျိုးကို အတင် အချပြုလုပ် နေခြင်းဖြစ်ပြီး ထို သူများထဲ၌ အသက် ၂ဝ ခန့် လူငယ် များနှင့် အသက် ၅ဝ ကျော် လူကြီးပိုင်းများ ကိုလည်း တွေ့မြင်ရသည်။


ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မှော်ဘီ၊ ထောက်ကြန့် အစရှိသည့်မြို့နယ် များ၌ စိုက်ပျိုး သည့် ဂေါ်ဖီ ထုပ်များ ခန့်မှန်းခြေ အားဖြင့် ဂေါ်ဖီထုပ် ၃ဝ ခန့် ထည့် သွင်းထား သည့် ဆာလာအိတ် များကို ထမ်းပိုး၍ ဧရာဝတီတိုင်း သို့သွားရောက်သည့် သင်္ဘော ပေါ်သို့ တင်ဆောင်ပြီး မြိတ်၊ ကော့သောင်း သို့ သွားမည့် စက်လှေ များပေါ် သို့လည်း သံပီပါ များကို တွန်းတင်နေကြသည်။

လေးပင်သော ကုန်ပစ္စည်းများ ကို ထမ်းပိုးနေရ သော်လည်း ၎င်းတို့ ၏ မျက်နှာများ ကမူ အပြုံးမပျက်၊ အုပ်စု လိုက် စနောက်၍ ပင် ကုန် ကားပေါ်ရှိ ပစ္စည်းများ သတ်မှတ်ရာ သင်္ဘော၊ စက်လှေပေါ်သို့ အမြန် ဆုံးရောက်ရှိရေး ကို ခပ်သုတ် သုတ်လုပ်ဆောင် နေကြသည်။

 မော်တင် ဆိပ်ကမ်း၌ ကွန်ကရစ် လမ်းမှ ရေ ပြင်ကျယ် ဆီသို့ တံတားလေး ငါးစင်း အပြိုင် ထိုးထား သည်။ သွပ်မိုးဖြင့် တံတားများ ရှိသကဲ့သို့ အမိုးမ ပါရှိသည့် တံတားများ လည်းရှိရာ ရာသီဥတုဒဏ် ကို ၎င်းတို့ အပြည့် အဝ ခံစားရမည်မှာ မလွဲ။

မိုးရာသီဖြစ်သဖြင့် နေသာနေရာ မှ ရုတ်တ ရက် မိုးကရွာချ လိုက်ရာ မြစ် ကိုဖြတ်စဉ် တိုက်သော လေနှင့် အတူ မိုးစက် မိုးပေါက်များ က တံတား ၏ နေရာ အနှံ့ စိုရွှဲသွားသည်။ အပြေး အလွှား သွားလာ နေသော ထို လုပ်သားများ ကျဲသွားပြီး ငှက်လေးများ နားနေ သလိုပင် တံတား၏ အမိုးနှင့် နီးကပ်နေသည့် အမြင့် ဆုံးတန်း(ထုပ်တန်း)ပေါ်၌ အစီအရီ ထိုင်၍ မိုးခိုနေကြပြီ။ 

သူ့ အရပ်နှင့် သူ့ဇာတ် က အကိုက်။ မိုးရေစက် များကိုသုတ်ရင်း ထုပ်တန်းပေါ်မှ ဆင်းလာ သူက”နေပူ မိုးရွာဒီ လိုပဲ။ တော်ရုံနေမေ ကာင်း ဖြစ် တာ၊ ကိုက်ခဲ တာလောက် ကတော့ ဆေး တစ်လုံး သောက်ပြီး အလုပ် လာဆင်းရတာပဲ” ဟုပြောသည်။

၎င်းသည် အသက် ၃ဝ ကျော် မှ စတင်၍ ယင်း အလုပ်ကို လုပ်ကိုင် ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် ၅၂ နှစ် သို့ရောက် ရှိပြီဖြစ်ကာ အသက် ၆ဝ ပြည့် ပါ က လုပ်ငန်းခွင် မှနုတ်ထွက် ရမည် ဖြစ်သည်။ သို့ သော် ၎င်းတို့ အနေဖြင့် အခြား အစိုးရ ဝန်ထမ်းများ ကဲ့သို့ ပင်စင် အကျိုးခံစားခွင့် မရှိ။

 နေ့စဉ် ရရှိသည့် လုပ်အား ခမှ လူမှုဖူ လုံရေး ကြေး ၂ ရာခိုင်နှုန်း၊ ကရုဏာကြေး ၆ ရာခိုင်နှုန်း ဖယ်ထား ခံရပြီး နာမကျန်းဖြစ်ပါက လူမှု ဖူလုံရေး ထည့်သွင်းငွေဖြင့် လူမှု ဖူလုံရေးဆေးခန်း များ၌ ကုသ မှုခံ ယူနိုင်ခြင်းနှင့် အလုပ် ထွက် ပါက ကရု ဏာကြေး ထည့်သွင်း ထားငွေကို ပြန်လည် ထုတ်နိုင်ခြင်း စသည့် ငါးကြင်း ဆီနှင့်ငါးကြင်းကြော် သည့် အကျိုး အမြတ် ရလဒ် သာ ၎င်းတို့ အတွက် ရှိသည်ဟု လုပ်သားများ က ပြောသည်။”ကရုဏာကြေး ခံစားခွင့် ကလည်းဗျာ လုပ် သက် ၅ နှစ် မှရတာပါ။ 

လုပ်သက် နည်းတဲ့သူ ဆိုမပေး ဘူး။ ၅ နှစ် ဆို တစ်သိန်းကျော်လောက်ပဲ ရတာ။ ဒါက ထွက်တော့ တစ်ခါ ပဲပေးတယ်”ဟု လုပ်သက် ၅နှစ်ပြည့် လုနီး ကုန်တင်ကုန်ချ အလုပ်သမား တစ်ဦး က ၎င်းတို့ ခံစားချက် ကိုပြောရင်း ထိုအချက်မှာ မဖြစ်သင့်ကြောင်း ရင်ဖွင့်သည်။ သို့သော် အလုပ် အကိုင်ရှား ပါးမှုနှင့် ပညာ အရည် အချင်းနည်းပါးမှုတို့ကြောင့် ရရာ အလုပ် လုပ်ကိုင်နေရ သည့်အပေါ် ၎င်းတို့ အနေဖြင့် စော ဒက တက်ရဲသည့် အခြေအနေမရှိ။ 

၎င်းတို့ မှာ အစိုးရဌာန တစ်ခုဖြစ်သည့် အလုပ်သမား၊ အလုပ် အကိုင်နှင့် လူမှု ဖူလုံရေးဝန်ကြီးဌာန လက်အောက် မှ အလုပ် သမားများဖြစ် သဖြင့် အခြား အစိုးရ ဝန် ထမ်းများ ကဲ့သို့ ပင်စင် ခံစားခွင့်နှင့် အစိုးရ မှ မြေ ကွက် ချထားပေးလာရန် မှာ သူတို့ ၏ အတောင့်တ ဆုံး အိပ်မက်ဖြစ်သည် ဟု ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ကုန်တင် ကုန်ချ အ လုပ်သမားဥပဒေ ကို ယခုနှစ်၊ စက်တင်ဘာလ ၂ဝ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်း အေ ဝးတွင်အတည်ပြုလိုက်သည်။ အတည်ပြု လိုက်သော ဥပဒေ တွင် ထို လုပ်သားများ ၏ အိပ်မက် အသက်ဝင်မှု မရှိခဲ့။ 

သို့သော် ဥပဒေကြမ်းရေးဆွဲ မှုတွင် တိုင်းကော် မတီ ဖွဲ့ စည်းရာ ၌ အလုပ်သမား ကိုယ်စားလှယ် များ ပါဝင်မှု မရှိခဲ့ ဘဲ ဥပဒေ အတည်ပြုချိန်၌ ဥပဒေကြမ်း စိစစ်ရေးကော်မတီ ၏ ထောက်ပြမှုဖြင့် ရွေးကောက် ခံ အလုပ်သမား ကိုယ် စားလှယ် ၃ ဦး အဖွဲ့ဝင်အဖြစ် ပါဝင်ရန် ဖြစ်လာခဲ့သည်။ အတည်ပြုလိုက်သော ကုန်တင် ကုန်ချ ဥပဒေ ၌ အခန်း ၁၃ ခန်းနှင့် ပုဒ်မ ၃၈ ခုပါဝင်သည်။ 

အခန်း ၄၊ ပုဒ်မ ၇ ၊ အပိုဒ်ခွဲ (င) တွင် လုပ်သားများ အား ဒေသန္တ ရကုန်ေ ဈးနှုန်းနှင့် အညီ လိုက်လျော ညီထွေ ရှိမည့် လုပ်ခနှုန်း ထားများပေးဆောင် ရန် အချက်ပါဝင်သည်။ သို့သော်ယင်းကို ဒေသဆိုင်ရာ အာဏာပိုင်များ ၏ ခွင့်ပြုချက်ဖြင့် သာညှိနှို င်းဆောင် ရွက်၍ အတည်ပြုရမည် ဟု ဥပဒေ ၌ ထပ်ပိုး ၍သတ် မှတ်ထားသည်။ ခေတ်ကာလနှင့် အညီ ပြောင်းလဲ လာသော ငွေကြေး စနစ်အပေါ် လုံလောက် သည့် လုပ် အားခ မဖြစ်မနေ ပေးဆောင်ရန်ဟု ဥပဒေ ၌ အတိ အလင်း ထည့်သွင်းထား မှု မရှိပေ။

 မော်တင် ဆိပ်ကမ်း၌ ပင် ဧရာဝတီ တိုင်းဒေသကြီးမြစ်ဝကျွန်းပေါ် သို့သွားသော သင်္ဘော များနှင့် မြိတ်၊ ကော့သောင်း သို့သွားသော ကမ်းရိုးတန်း သွား စက်လှေများပေါ် သို့ ကုန်တင် ကုန်ချပြု လုပ်၍ ရသော ကုန်ပစ္စည်းများ အတွက် ရရှိသော တန်ဆာခ မှာ မတူညီ။

 မြစ်ဝကျွန်းပေါ်ပို့မည့် အရက်ဖာ အကြီး အတွက် တန်ဆာခ ၁၇ဝ ကျပ် ရရှိသော်လည်း ကမ်းရိုးတန်း သို့ သွားမည့် စက်လှေများပေါ်သို့ တင်ဆောင်ခ မှာ ငွေကျပ် ၇ဝခန့် သာ ရ ရှိသဖြင့် ဈေးနှုန်း ညီတူ သတ်မှတ်ပေးရေးကို ကမ်းရိုးတန်းသွား စက်လှေ များ၌ ကုန်တင် ကုန်ချပြုလုပ်နေသည့် လုပ်သားများ က အရေးဆိုထားသည်ဟု ကြားသိရ သည်။ 

သို့သော် ညီတူ ခံစားခွင့် ကိုယနေ့ အထိ မရရှိသေးပေ။ ယင်းဖြစ်ရပ် ကို ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးအောင် က အစိုးရ အနေဖြင့် လုပ်သားများ အတွက် တန်းတူ ဝန်ဆောင်ခ သတ် မှတ်ပေးနိုင်ရေး ရှိ မရှိကို (ပြီးခဲ့သည့် စက်တင်ဘာ၌ ကျင်းပခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး)တွင် မေးမြန်းခဲ့ရာ ၂ဝ၁၂ ခုနှစ် တွင် သတ်မှတ် ထားသောနှုန်းထား ထက် ၂ဝ ရာ ခိုင်နှုန်း ထပ်မံ တိုးမြှင့်ထားပြီး နှစ်စဉ် တစ်နှစ်လျှင် တစ်ကြိမ် တန်ဆာခ များတိုးမြှင့် သတ်မှတ် သွားရန် စိုက်ပျိုးရေးနှ င့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ကတိပြုခဲ့သည်။ 

သို့သော် ဝန်ကြီး၏ အဆိုအရ မြစ်ဝကျွန်းပေါ် နှင့် ကမ်းရိုးတန်း သွားရေယာဉ် များပေါ်သို့ တင် ဆောင် ရသော ကုန် ပစ္စည်း များအတွက် ဝန်ဆောင်ခ ညီတူ သတ်မှတ်နိုင်ရေးမှာ အကောင် အထည်ပေါ် လာနိုင် သည့် အခြေအနေ မရှိသေးပေ။ ကမ်းရိုးတန်းသွား စက်လှေများ မှာ ကုန်တန် ချိန် အများအပြား ကို ကုန်သည် အနည်းငယ် မှ တင် ဆောင်ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း သွား သင်္ဘောများ ၌ ကုန်တန်ချိန် အနည်း ငယ်သာ ပါဝင်သော်လည်း ကုန်သည် ဦးရေအများအပြားမှ တင်ဆောင်ခြင်းဖြစ် သဖြင့် တန်ဆာ ခဈေးနှုန်းကို ညီတူထားရှိရေး ညှိ နှိုင်း၍မရနိုင်ဟု ဝန်ကြီးက ဆို သည် ။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုပ်သား ၃၄ဝဝ ကျော် ရှိသည့် ကုန်တင် ကုန်ချ အလုပ်သမား များသည် လခစား ဝန်ထမ်းများ မဟုတ်၊ နေ့စားလုပ် သားများဖြစ်ပြီး ကုန်တင် ကားများ အကျနည်း သည့် ရက်များ၌ လက် ဗလာဖြင့်သာ အိမ်ပြန်ကြရ သူများဖြစ်သည်။”ကျွန်တော် တို့က လမ်းမတော်မြို့နယ် ကုန် တင်ကုန် ချဌာနခွဲ ၂လေ၊ လုပ်သားက ၂ဝဝလောက် ရှိတယ်။ 

၁၆ယောက် ကို တစ်ဂိုဏ်း ဖွဲ့ထားတော့ ၁ဝဂိုဏ်းလောက် ရှိတယ်”ဟု ဦးထွန်းလင်း (အမည် လွှဲ)က ပြော သည်။  မော်တင် ဆိပ်ကမ်း သို့ လာရောက် လုပ်ကိုင် သော ကုန်တင် ကုန်ချ အလုပ်သမားများ မှာ မြို့ စွန် များ မှ လာရောက်မှု များပြီး နံနက် ၈ နာရီ အ ရောက်ကော်မတီရုံး သို့ လာရ သည်။ ရုံးသို့ ရောက် ရှိပါက အလုပ်ခန့် အပ်စဉ်က ဝန်ထမ်းများ အားပေး ထားသည့် နံပါတ်ပြား များကိုထပ် ၍ မဲစ နစ်ဖြင့် အုပ်စု(ဂိုဏ်း) ခွဲရေး စတင်သည်။ 

ကံကောင်းပါ က နံ ပါတ်စဉ်စောသည့် အသုတ်ထဲ သို့ပါပြီး ကံခေ သည့်နေ့များတွင် နောက်ဆုံး နံပါတ်များ ရရှိသည် ဟု ဦးထွန်းလင်းက ဆိုသည်။  နောက်ဆုံး နံပါတ်ကျရောက်ပြီး ကုန်ကား အ ကျနည်းပါက ကုန်ထမ်း ရန် အခြေ အနေမပေးတော့ ဘဲ ရှေ့ဂိုဏ်း များဖြင့်လုပ် ငန်းပြတ် သွား သဖြင့် ရေ သောက် ၍ ပြန်ရ သည့်နေ့ရက် များကလည်း ၎င်း၏ လုပ်သက်နှစ် ၂ဝ အတွင်း ရက်ပေါင်း မနည်းတော့ ဟု ပြောပြသည်။

”အသွား အပြန် ကားခ ကုန်ရုံပေါ့။ ဒီအလုပ် ကြမ်းကို အာဟာရ မရှိရင် မလုပ်နိုင်ဘူး ဆိုတော့ အပေါင်း အသင်းတွေ ဆီက ၅ဝဝ လောက်ချေးငှား ပြီး ထမင်းစား ရတဲ့ အခါ လည်းရှိတယ်။ ပညာမ တတ်တဲ့ အခါ ကျတော့ ဒီ အလုပ်ကိုပဲ ရေရှည် လုပ် လာတာ။ သားသမီးလေးယောက် ရှိတယ်။ သူတို့ ကျောင်းစရိတ်ကို အဓိက ရှာရတော့ ဝမ်းရေး ကို တော့ ရှက်ရှက် နဲ့ပြောရရင် ချဉ်ပေါင်ဟင်း တစ် လှည့် ကန်စွန်း ရွက်ကြော် တစ်လှည့်နဲ့ ဖြေရှင်းလာ တာ”ဟု ဦးထွန်းလင်း က ရင်ဖွင့်သည်။ 

၎င်း စတင်လုပ် ကိုင်ခဲ့ သည့် ၁၉၉ဝကျော် ခုနှစ် များကို ပြန်ကြည့်လျှင် ယခု ထက်တော့ အတန် အ သင့်ပြေ လည်ခဲ့သည်ဟု ဆိုသည်။ တစ်နေ့ ၂၅ဝဝ၊ ၃ဝဝဝဖြင့် မိသားစု စား ဝတ်နေရေး ဖြေရှင်း၍ ရ သည်။ လုပ်ငန်း သဘောအရ တန်ဆာခ ခွဲဝေရာတွင် ဘောတိုင်မှူး (လုပ်သားများအား ကြီးကြပ် ကွပ် ကဲ ပေးသူ) သို့ ပေးဆောင်ရ သည့်ဝေစုမှာလည်း ယခု ထက် နည်း သည်ဟု ၎င်းက ပြောပြသည်။ 

”အလုပ်သမားမှူးဖြစ်သွား ရင်တော့ လုပ် သား တစ်ဦး (၅ဝဝဝ) ဆိုရင် အလုပ် သမားမှူးက ၃ဝဝဝဝ လောက် ရတယ်။ ဒါပေမဲ့ အလုပ်သမား မှူး တွေက ခေါ်ဖို့ မရှိပါဘူး။ ၁၉၉၂ ခုနှစ်တုန်း ကတော့ ခေါ်တယ်။ ဒါပေမဲ့ ပတ်သက်ရာ ပတ်သက်ကြောင်း တွေပဲ ရခဲ့တာပါ။ သာမန်လူ ကတော့ ဘယ်လောက် ပဲ အစွမ်းထက်နေနေ မှူးဖြစ် မလာပါဘူး”ဟု လုပ် သက်ကြာမြင့်သော်လည်း ဒုံရင်းဘဝမှ တက်မလာ သည့် ၎င်း၏ အဖြစ်ကို ပြောပြသည်။ 

ကုန်တင် ကုန်ချ လုပ်ငန်း အတွက် အသက် အရွယ် မရွေးလုပ်ငန်း လုပ်ကို င်ခွင့် ရှိပြီး အသက် ၂ဝကျော်မှ ၆ဝခန့် အထိ လုပ်သားများ လုပ်ကိုင်မှု ရှိ ကြောင်း၊ လုပ်သားခေါ်ယူမှု မှာ ရှားပါးပြီး နှစ်အ တန်ကြာမှသာ တစ်ကြိမ် ခေါ် ယူလေ့ရှိသည် ဟု လုပ် သားများထံမှ သိရသည်။ ”လွန်ခဲ့တဲ့ တစ်လ ၊နှစ်လလောက် ကပဲ လူ ၅ဝ လောက်ခေါ် တယ်။ မခေါ်တာ ၄၊ ၅ နှစ်ရှိပြီ။ ထွက်တဲ့ လူတွေများ သွားလို့ခေါ်တာ။ 

များသော အားဖြင့် ဒီအလုပ် မှာ နှစ်ရှည် လုပ်တဲ့ သူတွေ များပါတယ်” ဟု လုပ်သက် ၅ နှစ်ရှိ ကုန်တင် ကုန် ချ အလုပ်သမား ဦးစိန်သောင်း (အမည်လွှဲ) က ပြော သည်။ ၎င်းသည် အဆိုပါ လုပ်ငန်းတွင် လုပ်သက်နု  လုပ်သား တစ်ဦးပင် ဖြစ်သည်။ သူ၏ ကနဦး အသက် မွေးလုပ်ငန်း မှာ နာရီပြင်ခြင်းဖြစ်ပြီး အိမ်ခန်း ငှား ကာ ဆိုင်ဖွင့် ခဲ့သည်ဟု ဆိုသည်။ 

အိမ်ခန်း ငှား ခများ ဈေး တက်လာ သဖြင့် အလီ လီပြောင်းရွှေ့ ခဲ့ရပြီး ၄င်း ၏ ဆိုင်ပါ ပျောက်ချင်း မလှပျောက်ကာ အ ထမ်း သမားဘဝ သို့ ရောက်ရှိ ခဲ့ခြင်း ဖြစ်သည်။”အခုတော့ လေးလလောက်ရှိပြီ။ အိမ်ငှားခ ပူစရာ မလိုတော့ဘူး”ဟု ပြောသော သူ၏ မျက်နှာ တွင် စိတ် အမောပြေသွားသည့် ဟန်ကို တွေ့လိုက်ရ သည်။ အိမ်ငှားခ မပူ ပင် ရတော့ သည်မှာ ၎င်းတို့ ၏ အလုပ်မှ ရရှိသည့် အခွင့်အရေး မဟုတ်။

 သန်လျင် မြို့နယ် ရှိ သဘာဝ တရားရိပ်သာ ဘုန်းကြီးကျောင်း မှ ကျောင်းထိုင် ဘုန်းကြီး ဦးဥတ္တမ က နေ ထိုင် စရာအ ခက်အခဲရှိ သူများ ၎င်းကျောင်း၌ ၁၅ ရက် တရား လာထိုင်ပါက ၁၅ ပေ ပတ်လည် မြေကွက် တစ်ကွက် ပေးသည် ဟု ကြားသိရသည့် အပေါ် ၎င်းက ကြိုး စား အား ထုတ်ခဲ့ခြင်းဖြစ် ဖြစ် သည်။

”အဲဒီ တုန်းက (သတင်းကြား တုန်းက) လှိုင် သာယာမှာ ငှားနေတာ။ လှိုင်သာယာ ကနေ မနက် ၅ နာရီလောက် သန်လျင်ကို သွား ဟိုရောက် ရင် တစ်နာရီ ခွဲလောက် တရား ထိုင်၊ ပြီးရင် လမ်းမတော် အလုပ် လာဆင်း၊ ၁၅ ရက်နေတော့ ဦးဇင်း က တကယ်မြေကွက်ပေးတယ်။ ရောင်းစား/ပေါင်စား လို့တော့ မရဘူး။ စည်းကမ်း သတ် မှတ်ထား တယ်။ 

ရ ရချင်း မဆောက်နိုင်သေးဘူး။ ဝါးခင်း ဓနိမိုး ကိုတောင် တစ်သိန်းခွဲနှစ်သိန်းလောက် ကုန်ခဲ့တာ”ဟု ၎င်း၏ အဖြစ် ကို ပြောသည်။ ၎င်းနေထိုင်ရာ သန်လျင်မြို့နယ် ၁၈ ကုန်း အနီး သဘာဝ တရားရိပ် သာ စေတနာ ရွာတွင် ၎င်းနှင့် ဘဝတူ အိမ်ထောင်စု တစ်ထောင် ခန့်ရှိနေပြီဖြစ်ကာ ဆရာတော် ၏ စေတနာဖြင့် ၎င်းတို့ ဘဝတွင် အပူ အပင် များ တစ်ဝက်ခန့် ငြိမ်းအေးသွား ပြီဟု ၎င်းကပြော သည်။

”ဆရာတော် ကတော့ မသေ မချင်း နေလို့ရ တယ်ပြော ထားတယ်။ မိသားစု ဝင် တစ်ယောက် တရား ထိုင်ရုံ နဲ့ တစ် မိသားစုလုံးနေလို့ ရတယ်”လို့ ၎င်းက ဆက်လက်ပြော သည်။

 လောကီနှင့်ဝေးရာ ခရီး ဆက်နေကြသည့် ပုဂ္ဂိုလ်များ ပင် ပုထုဇဉ် လူသားတို့ ၏ နေထိုင်ရေး အ ခက်အခဲ ကို ကာကွယ်စောင့်ရှောက် မှု ပေးနေ ရ ခြင်း သည် ပြည် သူဗ ဟိုပြု စနစ်ဖြင့် ရှေ့ဆက်မည် ဟု ကြွေးကြော်နေသော အစိုး ရ ၏ အားနည်းချက်နှင့် မျက်ကွယ်ပြုမှု ကို မီးမောင်း ထိုးပြနေသကဲ့ သို့ရှိရာ လူထု အနာ ဂတ်ဘာလဲ … ဘယ် လဲ ဟု မေးရန်မှ တစ်ပါး …။


ဝေမာထွန်း 
 thithtoolwin 
 From – Popular Myanmar News Journal




No comments:

Post a comment