*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 April 2014

အောင်ချမ်းသာ ပုံပြင် {ဂျူနီယာဝင်း}



(အင်္ဂလိပ် လို ရေးသားသော Aung Chan Thar (Hleedan Story) ကို ကိုယ်တိုင် ဘာသာပြန်သည်။)

ဘတ်စ်ကား သမားက “လှည်းတန်း” လို့ ဆိုလိုက်လျှင် ဘတ်စ်ကားပေါ်က ဆင်းကာ “အောင်ချမ်းသာ ရပ်ကွက်” ကလေး ကို မည်သူ မဆို လမ်းညွှန်ပေးနိုင် ကာ ရန်ကုန် ကဲ့သို့သော မြို့ကြီးပြကြီး ထဲမှာ သဲကန္တာရ ထဲက အိုအေစစ် ကလေးကို တွေ့ရ သလို အောင်ချမ်းသာ ရွာက လေးကို တွေ့ရပါတော့မည်။ 



ကားဟွန်းသံ တညံညံ ၀ီစီသံ ဆူညံသံတွေကြောင့် သာ ရန်ကုန်မြို့ကြီးပြကြီး ထဲ သင်ရောက်နေပါ လားဟု သင့်ကို သတိပြုမိစေ ပါလိမ့်မည်။ အောင်ချမ်းသာ အရပ်ထဲက သူတွေပင် သည် ပရ၀ဏ်လေး သည် အိပ်မက် ထဲက ဒေသလေး တစ်ခု အဖြစ် တွေးမြင်နေမှာ ဖြစ်ပါတော့သည်။

 မြန်မာ ဆန်ဆန် သစ်သား အိမ်ကလေး များ၊ တစ်ထပ်တိုက် ကလေးများ၊ လက်ဖက်ရည်ဆိုင် ကလေးများ၊ ကလေး များဆော့ကစား ရာ မြေနီ လမ်းလေး၊ ညနေခင်း တိုက်ခတ် လျက်ရှိသော လေပြေလေညှင်း ကလေးများ၊ သစ်ပင် များ ၏ အရိပ် အာ ၀ါသ များသည် အောင်ချမ်းသာ ရပ်ကွက် ကလေး၏ အေးချမ်း သာယာမှုကို နေ့စဉ် အဓိပ္ပါယ်ဖော် လျှက်ရှိနေပါသည်။

ယခုရေးနေသောဆောင်းပါး သည် တချိန် တခါက အောင်ချမ်းသာ ဟု အမြင် တွင်ခဲ့သော နေ ရာဟောင်းလေး တစ်ခု အကြောင်းဖြစ်ပါသည်။

ရန်ကုန် ကလူတွေ ကတော့ လှည်းတန်းဟူသော အမည်က စိမ်းမနေ ပါ။ နေ့စဉ်သုံး စကားလုံး လို လှည်းတန်း ဘတ်စကား ဂိတ်၊ လှည်းတန်း ဈေး၊ လှည်းတန်း လမ်းမ၊ လှည်းတန်း ရပ်ကွက် စသည့်ဖြင့် ပြောဆို သုံးနှုန်းနေကြပါသည်။ 


 လှည်းတန်း ဆိုတာ အလွန် ကျယ်ပြန့်သောနေရာ - ရန်ကုန် တက္ကသိုလ် ပင်မနှင့် နီးသော နေရာ တစ်ခု ဖြစ် ပါသည်။ အဲသည် လှည်းတန်း ဆိုသော နေရာ ကျယ်ကြီး မှာ “အောင်ချမ်းသာ” ဟု ခေါ်တွင် သည့် နေထိုင် သူ ရာဂဏန်း အိမ်ခြေ ၅၀ ခန့်နေထိုင်သော၊ သူတို့၏ ဘ၀များ က အေးချမ်းအေးဆေး စွာ နေ ထိုင်နေကြသော ရပ် ကွက် တစ်ခုရှိပါသည်။ 

ကျွန်မ တို့နေထိုင်ကြတာ က အဲသည်အောင်ချမ်းသာ ရပ်ကွက်နှင့် နီး ပါသည်။ အဲသည်နေရာ ကို မိနစ် ၂၀ ခန့် လမ်း လျှောက်သွား ရင် ရောက်ပါပြီ။ ယခု ထိုလှည်းတန်းမှာ ရှိခဲ့သော “အောင်ချမ်းသာ” ဟူသော ရပ်ကွက်လေး အကြောင်း  - ကျွန်မကို ယခုတိုင် နွေးထွေးနေဆဲ အတိတ်က အရိပ်ဟောင်းများ - ဟောင်း သွားသော် လည်း ကျွန်မ အတွက်တော့ အသစ်ဖြစ်နေ ဆဲ အဲသည် အောင်ချမ်းသာ ပုံပြင်လေးကိုပြောပါမည်။

နောက်ပြန်လှည့်သော် ..

အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်လေး မှာ ကျွန်မတို့ အဘိုးအဘွား များ လွန်ခဲ့သော အချိန်ကာလ များက နေထိုင်ခဲ့ ကြသော အိမ်အို ဟောင်းလေး တစ်လုံး ရှိပါသည်။ သည်တော့ အခု ကျွန်မတို့နေ ထိုင်နေတာ က “ပြည်ရိပ်သာ” ဖြစ်ပြီး အောင်ချမ်းသာ က အိမ်ဟောင်းလေး သည် ကျွန်မ တို့၏အဘိုး ဦးခင်မောင်လတ် စာသင်ကြား ရာနေရာလေး တစ်ခု ဖြစ်ခဲ့ပါသည်။ ယခု အဲသည် အကြောင်းကို ဆက်ပြော ပါမည်။

ကျွန်မ အဘိုးတွင် ဦးသိန်းမောင် ဟုခေါ်တွင်သော မိတ်ဆွေ ရင်းကြီးတစ်ဦး ရှိပါသည်။ သူက အောင်ချမ်းသာ ရပ်ကွက် မှာ နေပါသည်။ ပြီး တော့ ကျွန်မ အဘိုးဖြစ်သူ ဘဘကြီး လိုပဲ အင်္ဂလိပ်စာ သင်သော ဆရာ တစ်ဦးလည်းဖြစ် ပါသည်။ သူတို့ နှစ်ဦးသည် အောင်ချမ်းသာ တွင် အတူတကွ အင်္ဂလိပ်စာ သင်တန်းကျောင်းလေး ကိုဖွင့်ကာ စာသင်ကြားသော အလုပ်ကို လုပ်ကြပါသည်။ 


ကျွန်မ အဘိုးသည် အောင်ချမ်းသာ ရပ်ကွက်လေး ဆီ နေ့စဉ် လမ်းလျှောက် ကာ သွားပါသည်။ ကျွန်မ အဘွား မေမေကြီး ဒေါ်ခင်မျိုးချစ် သည် တခါတရံ ဘဘကြီးနှင့် အဖော် လုပ် ကာ အဲသည်မှာ အင်္ဂလိပ်စာ ကို အတူတကွ သွား သင်လေ့ရှိပါသည်။ အောင်ချမ်းသာ က ထိုကျူရှင်ကျောင်းလေး တွင် ဘဘကြီးနှင့် အတူ အင်္ဂလိပ်စာ လာရောက် သင်ပေးကြသော တခြား ဆရာဆရာမ များ များစွာ ရှိပါသည်။



(ဓါတ်ပုံဟောင်းလေး - ဓါတ်ပုံ ထဲတွင် (လက်ဝဲမှယာ) ဆရာမ တစ်ဦး၊ ဦးသိန်းမောင်၊ ဦးခင်မောင်လတ်နှင့် ဦးဘသော် (ဘဘကြီင်္း ဦင်္းခင်မောင်လတ် ၏ အကို အကြီးဆုံး - ရဲအရာရှိတစ်ဦး၊ ပုလိပ်အရာရှိ တစ်ဦးဟူသော ကလောင်ရှင်) တို့ကို အောင်ချမ်းသာ က ကျူရှင် ကျောင်းလေး တွင် ဆရာများ အဖြစ် တွေ့ရပုံ)

ကျွန်မ တို့ အင်္ဂလိပ်စာ သင်ကြားသင့်သော အရွယ်သို့ရောက်လာသော အခါ ကျွန်မတို့ မိခင်ဖြစ်သူက ကျွန်မ အဘိုးနှင့် အတူလိုက် သွားပြီး အဘိုး သင်သော အင်္ဂလိပ်စာ သင်တန်းများကို လိုက်တက် ခိုင်းပါ သည်။ ဘဘကြီး သည် သူ၏မြေး ကလေးများ က သူ၏ အင်္ဂလိပ်စာသင်တန်း ကိုလိုက် တက်ကြတာ ကို အလွန် သဘောကျ လျက်ရှိပါသည်။



(ကျွန်မ တို့အမွှာမောင်နှမနှင့် အဘိုး အဘွား များနှင့် ကျွန်မတို့ မိခင်တို့ အတူ အောင်ချမ်းသာ ကျူရှင် ခန်းရှေ့)

အောင်ချမ်းသာ (လှည်းတန်း) ရပ်ကွက်ကလေး သည် အလွန် တရာမှ အေးဆေးကာ လူသိ များသောနေ ရာလေး တစ်ခု ဖြစ်ပါသည်။ အဲသည် နေရာလေး အကြောင်းကို စဉ်းစားမိ လိုက်တိုင်းမှာ ကျွန်မ၏ မှတ်ဉာဏ်များ သည် လန်းဆန်းကာ တချို့သော မမေ့နိုင်သော အမှတ်တရ များက တကယ်လိုပဲ ကျွန်မ ၏ရှေ့တွင် ပေါ်လာတတ်ပါသည်။ 


 အဲသည် ရပ်ကွက်မှာနေထိုင်ကြသော လူများသည် မိသားစုဝင် များအတူ တကွ နေ ထိုင်နေကြ သလိုပင် ဖြစ်ပါ သည်။ ဘာသာရပ်ပေါင်းစုံ သင်ကြားသော ကျူရှင်ကျောင်း ကလေးများ၊ ဓနုဖြူ ဒေါ်စောရီ ၏ ထမင်းဆိုင် တို့၊ တရုတ်ဟင်းလျာ ဆိုင်တို့၊ အမျိုးသမီး ၀တ်အင်္ကျီဆိုင် တို့၊ ပါ့စ်ပို့ဓာတ်ပုံ ဆိုင်၊ လက်ဖက်ရည် ဆိုင်များ စသည်ဖြင့် ရောမွှေလျက် ရှိပါသည်။

 အောင်ချမ်းသာ ရပ်ကွက်၏ အပြင်ဘက်ခြမ်း သည် လှည်းတန်း မီးပွိုင့်နှင့် ပြည်လမ်း ကို မျက်နှာ မူလျက်ရှိပါ သည်။ ထိုအခါ ထိုမျက်နှာ စာ မှာရှိနေသော ၀င်း ဆံသ ဆိုင်ကြီး၊ ယူနီယမ် ဓာတ်ပုံဆိုင်၊ ဂိုးရှိုး အထည် ဆိုင်၊ ကိုယုံ ကြေးအိုးနှင့် တရုတ် အစားအစာ ဆိုင်၊ ရှမ်းတောင်တန်း စားသောက်ဆိုင်၊ အလိမ္မာ စာအုပ်ဆိုင်၊ အသောက မန္တလေး ဖိနပ်ဆိုင် စသည် စသည် တို့ကို လှမ်းမြင်နိုင်ပါသည်။

၁၉၈၈ ခုနှစ် မြန်မာပြည် မှာ လူထု အုံကြွမူများ အပြီးတွင် တက္ကသိုလ်များ ပိတ်ပါသည်။ ကျူရှင်တွေ လည်း ပိတ်သွား ပါသည်။ ထိုအချိန်က စလို့ ကျွန်မ အဘိုးသည်လည်း သူ၏ အင်္ဂလိပ်စာသင်တန်း များကို အောင်ချမ်းသာ ကနေ ပိတ်လိုက်ရပါသည်။ 


ထိုတက္ကသိုလ်များ ပိတ်သွားချိန် မှာ ကျွန်မတို့ လည်း အိမ်မှာ အားလပ်နေပါသည်။ အချိန် အနည်း ငယ်ကြာတော့ ကျွန်မတို့ မိဘများ၏ အကြံဉာဏ်ဖြင့် အိမ် မှာ ကျွန်မ တို့ မောင် နှမ နှစ်ယောက်ကို ဘဘကြီးနှင့် မေမေကြီးတို့ က အင်္ဂလိပ်စာ သင်ဖြစ် သွားပါသည်။ နေ့စဉ် နေ့လည် ၁၁ နာရီမှ ၁၂ နာရီ အထိ တစ်နေ့ ကို တစ်နာရီ ဂျူးလီယက်ဆီဇာ၊ မက်ဘက်၊ ကလီယိုပါတရာ အစရှိသော ရှိတ်စပီးယားနှင့် ဘားနတ်ရှောပြဇာတ်များ ကို သင်ပေးပါသည်။ 

ကျွန်မတို့ အဘွားလည်း ၀င်ရောက်ကာ စာဆွေးနွေး ရင်း ၀င်သင်ပေးပါ သည်။ ထမင်း စားပွဲလေး သည် ကျွန်မ တို့ စာသင်ခန်းဖြစ်လိုက်၊ ထမင်းစားပွဲဖြစ် လိုက်၊ စာဆွေးနွေးရေးမှတ်ကြ ရာဖြစ်လိုက် အမျိုး မျိုး ဖြစ်ခဲ့ပါသည်။ သည်လိုနှင့် ကျွန်မ အကို၏ သူငယ်ချင်း တစ်ယောက် နှစ်ယောက်၊ ကျွန်မ သူငယ်ချင်း တစ်ယောက် နှစ်ယောက် လာပူးပေါင်း ရင်းနှင့် ဘဘကြီးတို့ ၏ အင်္ဂလိပ်စာသင်တန်းလေး က စည်ကား ခဲ့ပါသည်။ အဲသည် ကနေစလို့ ဘဘကြီး သည် သူ့ ဘ၀တစ်လျောက်လုံး စာသင်ခြင်း အလုပ်ကို ပြည်ရိပ် သာနေ အိမ်မှာ ပင် ကွယ်လွန် သည့် အချိန်ထိ လုပ်ဖြစ်ခဲ့ပါတော့သည်။

သို့သော် အောင်ချမ်းသာမှာ ရှိခဲ့ဖူးသည့် စာသင်ကျောင်းအိုလေး သည် ကျွန်မ အဘိုး အတွက်တော့ ဘယ်တော့ မှ မမေ့နိုင်သည့် သတိရ စရာ ဖြစ်နေဆဲ ဆိုတာကို ကျွန်မ သိပါသည်။ ထိုကျောင်းအို ကလေးကို ကျွန်မ တို့ အဘိုးအဘွားများ ၏ အမှတ် တရနေရာလေး အဖြစ်သော် လည်း ကောင်း၊ ပြတိုက် ကလေးအဖြစ်သော် လည်းကောင်း ထိမ်းသိမ်းထား ဖို့ မျှော်လင့်ထား ပါသည်။ 


 အောင်ချမ်းသာ ရပ်ကွက်ကလေး သည် ကျူရှင်ကျောင်း များ မရှိတာက လွဲလို့ ဆက်လက် ၍ လှူပ်ရှား အသက်ဝင်လျက် ကျန်ရစ်ခဲ့ ပါသည်။ ၁၉၉၆ ခုနှစ် တွင် ဘဘကြီး ကွယ်လွန် ခဲ့ ပါသည်။ မေမေကြီးက ၁၉၉၉ မှာ ကွယ်လွန် ခဲ့ပါသည်။ ကျွန်မတို့ ဘိုးဘွားများ ကွယ်လွန် ခဲ့ပြီးနောက် အောင်ချမ်းသာ ရပ်ကွက်လေး သည် မထင်မှတ်သော ၀မ်းနည်း ဖွယ် အပြောင်းအလဲ တစ်ခုနှင့် တွေ့ခဲ့ပါသည်။ 

၂၀၀၃ ခုနှစ်မှာ ဖြစ်ပျက် ခဲ့သော ထို အဖြစ်ဆိုး ကို ဘဘကြီး မေမေကြီး တို့ မတွေ့မမြင်သွားခဲ့ ရတာ ကံကောင်းလေခြင်း လို့ ဆိုရပါ လိမ့်မည်။ ထိုအဖြစ်ဆိုး ကို ဘယ်လို လုပ် မေ့နိုင် မှာလဲ။ သူတို့ တတွေသာ ထိုအဖြစ်နှင့်တိုးမိ ပါလျှင် သူတို့ အသည်းနှလုံး များ ကွဲကြေသွား ပါလိမ့်မည်။ အေးဆေး တည်ငြိမ်သော အေး ချမ်း လှသည့် အောင်ချမ်းသာ ရပ်ကွက် ကလေးသည် အစိတ်စိတ် အမွှာမွှာ ပျောက် ပျက် သွားခဲ့ ရလေတော့ ကျွန်မတို့ ၏အဘိုးအဘွား များ၏ ကျောင်းခန်းလေး လည်း ထို ကံဆိုးမူနှင့် အတူ ပါ သွားရပေတော့ သည်။ အောင်ချမ်းသာ က အမှတ်ရစရာများ သည် အောင်ချမ်းသာ၏ ကံဆိုးမိုးမှောင် ထဲမှာ အတူတကွ လိုက်ပါ သွားပါတော့သည်။

နောက်ပြန် လှည့်သော် လည်းပြန် မရနိုင်တော့သော….

ယခုတော့ဖြင့် ထို ငြိမ်းချမ်းသော အောင်ချမ်းသာ ရပ်ကွက် ကလေး ၏နေရာ တွင် ဟိတ်ဟန် အပြည့်ဖြင့် နေရာ ယူထားသော ၀င့်ကြွား လောက်စရာ အဆောက် အဦးကြီး သာ တွေ့ရတော့ မည်ဖြစ်ပါသည်။ သူက အေးဆေးသော အောင်ချမ်းသာ ရပ်ကွက်ကလေး ၏ လူအေး လူဆေး များပိုင် ဆိုင်သောနေရာ ကို လွန်ခဲ့သောနှစ်များ စွာက အပိုင်စီး ခဲ့တာဖြစ်ပါသည်။ “လှည်းတန်း စင်တာ” ဟူသော အမည်က အ ဆောက်အဦကြီး ၏အပေါ်တွင် ခန့်ညား စွာ ကဗ္ဗည်းထိုးထား ပါလေသည်။ “လှည်းတန်း” ဟူသော အမည်လေး တစ်ခုသည် သာ အိပ်မက်ရွာ ကလေး “အောင်ချမ်းသာ” ၏ အမှတ်တရ အဖြစ် ကျန်ခဲ့ ပါတော့သည်။


From... moemaka



No comments:

Post a Comment