*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 February 2014

ညီအစ်မနှစ်ဦး ကို ပိတ်လှောင် ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်း ခဲ့သော လင်မယားနှစ်ဦး ဖမ်းမိ




 

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ (၈၀) ရပ်ကွက်တွင်နေသူ အသက် ၁၇ နှစ်အရွယ် ညီအစ်မနှစ်ဦးကို အထည် ချုပ် စက်ရုံတွင် လစာကောင်းသော အလုပ်ရမည် ဟု လိမ်လည် ပြောဆိုကာ အခန်းတံခါး ပိတ် ပြီး ပြည့်တန် ဆာ အဖြစ် စေခိုင်းခဲ့သည်ဟု တိုင်ကြားခံရသော လင်မယားနှစ်ဦးကို ဖမ်းမိ ထားကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်
 


 ဒဂုံ ဆိပ်ကမ်းမြို့နယ် (၈၀) ရပ်ကွက်တွင် နေထိုင်သော အသက် ၁၇ နှစ် အရွယ် အမျိုးသမီးငယ်ကို ဇန်နဝါရီ လ ၂၄ ရက်နေ့ က ၎င်းနှင့် ရင်းနှီးသော မသဲသဲ ဆိုသူ က အထည်ချုပ် စက်ရုံတွင် လစာကောင်းဖြင့် အလုပ် ရမည်ဟုဆိုကာ ဗိုလ်တထောင်မြို့နယ်၊ ၅၂ လမ်းအောက် ဘလောက် ရှိ တိုက်ခန်း တစ်ခု၏ ငါးလွှာ တိုက် ခန်း သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် တိုက်ခန်း တွင်း ပိတ်လှောင် ကာ ပြည့်တန်ဆာ အဖြစ် စေ ခိုင်းခံ ရကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။
 


ယင်းသို့ စေခိုင်း ခံရစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ၎င်းကို စတင်ခေါ် ဆောင်သူ မသဲသဲမှာ ဒဂုံ ဆိပ်ကမ်း မြို့နယ် (၇၈) ရပ်ကွက် တွင်နေသူ ၎င်း၏ ညီမ ဝမ်းကွဲ တော်စပ် သူ အသက် ၁၇ နှစ် အရွယ် မိန်းကလေး ကို ပြည့်တန်ဆာ အဖြစ် စေခိုင်းရန် ခေါ်ဆောင်လာ ခဲ့သော်လည်း ယင်း ညီမ ဝမ်းကွဲ မှာ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ က အရေးပေါ် လှေကား ထွက်ပေါက် မှ ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
 

“တိုက်ခန်း ထဲမှာ တံခါးပိတ်ပြီး ထားတဲ့ အမျိုးသမီး ၁၀ ဦးလောက် ရှိတယ်။ သူတို့ကို လည်း စစ်ဆေးနေ ပါ တယ်။ ကားနဲ့ ဖုန်းဆက်တဲ့ နေရာတွေကို လိုက်ပို့ပြီး ပြည့်တန်ဆာ လုပ်ကိုင်နေတယ် လို့ ကနဦး စစ်ဆေး ချက်တွေ အရ သိရတယ်” ဟု ဒဂုံမြို့သစ် ဆိပ်ကမ်း မြို့မ ရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ရှင်း လင်း ပြောကြား သည်။
 

ဇန်နဝါရီလ၂၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၁၇ ရက်အထိ ၂၃ ရက်ကြာ ပျောက်ဆုံးခဲ့သော အမျိုးသမီး ငယ် မှာ ပြည့်တန်ဆာအဖြစ် စေခိုင်းခံရပြီး နေအိမ်သို့ ပြန်လာစဉ် ၎င်း၏ မိခင်ဖြစ်သူက သမီးဖြစ်သူကို တိုက်ခန်း အတွင်း ချုပ်နှောင်ကာ ပြည့်တန်ဆာအဖြစ် စေခိုင်းခဲ့သူ ခြောက်ဦးကို လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် မြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။
 

ငါးလွှာ တိုက်ခန်းအတွင်း အမျိုးသမီး များကို ပိတ်လှောင်ကာ ပြည့်တန်ဆာ အဖြစ် စေခိုင်းသည်ဟု တိုင်ကြား ခံရသော အသက် ၄၄ နှစ် အရွယ် ဦးကျော်စိုးဝင်းနှင့် ဇနီးဖြစ်သူ အန်တီကြူ (ခ) မေသင်းကြူ (ခ) ဒေါ်ကြူ တို့ကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းမိခဲ့ပြီး ကျန်လေးဦးကို စုံစမ်းရှာဖွေလျက် ရှိကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့မရဲစခန်းထံမှ သိရှိရသည်။
 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉
The Voice Weekly

No comments:

Post a Comment