*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 22 February 2014

Joe Satriani { 3 }

Joe Satriani
 

G3 - Joe Satriani - Crystal Planet (05.08.2012, Crocus City Hall, Mosco )

 


အရှေ့ အလယ်ပိုင်း ပွဲများမှာ သူဟာ Blue-Style များကို ထဲ့သွင်းတီးပြတဲ့ အခါမှာ သူ့ရဲ့ Metal ကို သဘောကျနှစ်သက်သူများက သူ့ကိုဒေါသဖြစ်ကြပါသေးတယ် တစ်ကယ်တော့ သူဟာ စွယ်စုံရ ဂီတ ပညာရှင်ဖြစ် တာကိုပြသတာဘဲဖြစ်ပါတယ်။ သူဟာ အခြားသော အဆိုတော်များရဲ့ Album များမှာလဲ တီးပေးခဲ့ပါသေးတယ် ။ ဒီ Album ကတော့ Alice Cooper’ရဲ့ Hey Stoopid, ဖြစ်ပါတယ်။


 

Alice Cooper - Hey stoopid HQ
Strange Beautiful Music ကို 2002 မှာထုတ်ဝေခဲ့ တာဖြစ်ပါတယ်။

Is There Love in Space ကို 2004 မှာထုပ်ဝေပါတယ်။

 
 
ဒီနောက်ပိုင်း မှာတော့ သူ့ကို Grammy Awards ဆု ၁၄ ခု အတွက် သတ်မှတ်ခြင်းကို ခံရပါတယ် ။ဒီ ဆုကို ရဖူးသူခြား တစ်ယောက် မှ မရှိသေးပါဘူး။ သူဟာ Peavey က ထုတ်လုပ်တဲ့ JSX  amplifiers ကိုလဲကြော်ငြာပေးသူဖြစ်ပါတယ်။ သူဟာ 2001 ခုနှစ်ထဲ စတင်အသုံးပြုလာတာဖြစ်ပြီး ဒိ့ မတိုင်မှီ ကတော့ Marshall amplifiers ကိုသာ သုံးစွဲခဲ့တာဖြစ်ပါတယ်။ 

ဂစ်တာ Effect နဲ့ပတ် သက်ပြီးသူ သုံးခဲ့တာတွေ ကတော့ Vox Wah, Dunlop Cry Baby, နှင့် Digitech ကထုတ် တဲ့ Whammy တို့  အပြင် အခြားသော အမျိုး အစားများကိုလဲ သုံးပါတယ်။ Planet Waves  ကုမ္ပဏီ နှင့်လဲ သူ့ရဲ့ လက်မှတ်ကို ဂစ်တာမှာ ထဲ့ပေးဘို့ စာချုပ် ချုပ်ခဲ့ပါတယ်။ သူဟာ Mini Colossal ခေါ်တဲ့ A အဆင့်ရှိ  5 Watt amplifiers  များထုပ်လု ပ်ရာမှာ supervise လုပ်ခဲ့ပါတယ်။

 ပြီး ခဲ့တဲ့ ဆယ်စုနှစ် နှစ်စုလောက်ထဲက သူဟာ ပြိုင်စံရှားသူ အဖြစ် ချီးကျူးထောပနာပြုတာကို ခံခဲ့ ရသူပါ။ နည်းစနစ်ပေါင်းများစွာ ကိုလဲ တည်ထွင်ခဲ့သူ လဲဖြစ်ပါတယ်။ သူဟာ Pitch Axis Theory ကို ကျွမ်း ကျင် သူအဖြစ်လဲ ထင်ရှားသူဖြစ်ပါတယ်။ Pitch Axis Theory ကို စာဖတ်သူများသိစေလိုတဲ့ အတွက် YouTube ကနေ Video လေးကူးထဲ့ပေးထား ပါတယ်။

 




  သူဟာ Harmonics, Legato Picking, နှင့် Two Handed Tapping.နည်းပညာများ ရဲ့ ဆရာကြီး တစ်ယောက်ဖြစ်ပါတယ်။ ဒီအကြောင်းများ ကို Kiwipedia မှာ သွားရောက်လေ့လာကြပါ  ။ သင် သိ လိုသော စလုံးများပေါ်မှာ ပွိုင့်တာ တင်ပြီး နှိပ်ပါ Kiwipedia စာမျက်နှာကိုရောက်အောင် Link ချိပ် ထားပေးပါတယ်။ သူဟာ ဘယ်လောက်ဘဲ ကမ္ဘာကျော်နေပါစေ ယနေ့တိုင် ဂစ်တာ တီး သင်ပေးနေ ဆဲဖြစ်ပါတယ်။ 

2006 ခုနှစ်မှာတော့ ဘာ အကျိုးအမြတ် ကိုမှမကောက်ခံတဲ့ Little Kids Rock အဖွဲ့ကို တည်ထောင်ခဲ့ ပါတယ်။ ဒီအဖွဲ့ကို တူရီယာများ အပါဝင် ဂီတသင်ခန်းစာများကို ထောက်ပံ့ပေးခဲ့ပါတယ် ။ ဒီအတွက် အခမဲ့ သင်တန်းကျောင်းများ ကို တည်ထောင်ပေးထားပါတယ်။

Satriani.com   ကိုသွားရောက်ကြည့်နိုင်အောင် Link ချိပ်ထားပေးပါတယ်။ သူရဲ့ ထွက်ရှိ သမျှစီးရီး များ ကို အောက်မှာဖေါ်ပြပေးထားပါတယ်။ YouTube မှာသွားရောက် ရှာဖွေကြပါ။



1989     "Always With Me, Always With You"    Surfing with the Alien                    
1990     "The Crush of Love"                          
1991     Flying in a Blue Dream                       
1993     The Extremist                               
1994     "Speed of Light   
1995     "All Alone"   
1997     "(You're) My World"   
1998     "Summer Song" (Live)   
1999     "A Train of Angels"   
2001     "Until We Say Goodbye"   
2002     "Always With Me, Always With You" (Live)   
2003     "Starry Night"   
2006     Super Colossal   
2008     "Always With Me,Always With You" Satriani   Live!


From... http://the100guitarists.blogspot.com
 

No comments:

Post a Comment