*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 April 2014

သိပ် မကြောက်ရ ပါဘူး ဆိုပေမယ့် ကြောက်နေရ တဲ့ “ရေကျောက်”


ရံဖန် ရံခါတော့လည်း လူက ဝေါဟာရ ရဲ့စေရာ လိုက်ကြရပြန်တယ်။ Big Pox မရှိပေမယ့် Small Pox ကို ကျောက်ရောဂါ ခေါ်ကြပြီး Chickenpox ကျပြန်တော့ ကြက်ကျောက် လို့ မခေါ်ဘဲ ရေကျောက် တဲ့။


 ပြောချင် တာက ဘာသာဗေဒ အကြောင်း မဟုတ်ပါဘူး။ အဲဒီ ရေကျောက် အကြောင်းပါ။ ဖွံ့ဖြိုးဆဲ တိုင်းပြည် ပီသစွာ ဒီရောဂါက လူထုထဲမှာ ဖြစ်လေ့ဖြစ်ထ ရှိနေတဲ့ ရောဂါ တခု ဖြစ်နေဆဲမို့ပါ။ ဖွံ့ဖြိုးဆဲ ဆိုတဲ့ ကာလ ကလည်း ရာ စုနှစ်နဲ့ချီလေ သလားတော့ မသိဘူး ပေါ့လေ။ 


ခုလိုနွေဦးပေါက် ရင် ကလေး အမေတွေ ကြုံနေကျပြဿနာပေါ့။ အခယူ ဆေးခန်း ဆရာဝန်တွေလည်း စိတ်သက် သာစွာ ဝင်ငွေရွှင် တဲ့ရောဂါပေါ့ ။ သွေးလွန် တုပ်ကွေးတို့ လို အရမ်းကာရော ထိတ်လန့်ဖို့ သိပ် မလိုတာကြောင့်ပါ။ ဒါပေမယ့် လည်း သတိလက်လွတ် မဖြစ်ရမယ့် အကြောင်းတွေ ကလည်း ရှိနေသေးပြန် ပါတယ်။


ရေကျောက် (chickenpox) ဆိုတာ

ဗိုင်းရပ်စ်ပိုး တမျိုး (varicella-zoster)ကြောင့် ဖြစ်တဲ့ ရောဂါ ပါပဲ။ ယားယံ တဲ့ ရေကြည် ဖုလေးတွေ တကိုယ် လုံး ပေါ်တဲ့ရောဂါပေါ့။ ကူးစက်ဖို့ သိပ်လွယ် ကူလျင်မြန်ပါတယ် (အထူးသဖြင့် ရောဂါ မဖြစ်ဖူး သူတွေနဲ့ ကာကွယ် ဆေး ထိုး မထားသူတွေမှာပေါ့)။


သာမန်ကျောက်ရောဂါ ကာကွယ်ဆေး မပေါ်မီ ကဆို အရွယ်ရောက် သူတိုင်း လိုလို ပိုပြီးတွေ့ကြုံကြရပေ မယ့် ကျောက်ရောဂါ ကာကွယ်ဆေး ပေါ်ပြီးနောက် မှာတော့ ဖြစ်တဲ့သူဦးရေ နည်းလာခဲ့တယ် လို့ ဆိုပါ တယ်။ 

များသော အားဖြင့် ဒီရောဂါကသိပ်ပြင်းထန်တာ မဟုတ်ပေမယ့် အချို့မှာ တော့ နောက်ဆက် တွဲ ပြဿ နာတွေကြောင့် စိုးရိမ် ရတာမျိုးရှိပါတယ်။


ဘယ်သူတွေမှာ ဖြစ်နိုင်ခြေ ပိုများသလဲ

ရေကျောက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ် က သိပ် ကူးစက် ပြန့်ပွားလွယ် ပါတယ်။ ရောဂါဖြစ်နေသူ နဲ့ တိုက် ရိုက် ထိတွေ့ရင် ဒါမှ မဟုတ် နှာချေချောင်းဆိုး တဲ့ အထဲမှာပါလာ တဲ့ အမှုန် အမွှားလေးတွေ ရှူရှိုက်မိ ရင် ကိုပဲ ကူးစက်တာပါ။

ရောဂါဖြစ်ပြီး သူနဲ့ ကာကွယ်ဆေး ထိုးထားသူ တွေကတော့ ရောဂါ ထပ်မဖြစ်တော့ပါဘူး။



ဘယ်လို လက္ခဏာတွေ ခံစားရ သလဲ

ရေကျောက်ရောဂါ ဖြစ်ရင် ၅ ရက် ကနေ ၁၀ ရက်လောက် အထိ ကြာမြင့် တတ်ပါတယ်။ အဓိက လက္ခဏာ ကတော့ ကျောက် အဖုလေးတွေ ပေါ်တာ ဖြစ်ပေမယ့် အဲဒီ အဖုတွေ မပေါ်ခင် ၁ ရက် ၂ ရက် ကြိုပြီး ဖြစ် တတ်တာတွေ က ဖျားမယ်၊ ခံတွင်းပျက် မယ်၊ ခေါင်းကိုက်မယ်၊ နုံးချည့်ပြီး နေလို့ မကောင်း ဘူးဖြစ်မယ် ဆိုတာတွေပေါ့။

အဖု ကလေးတွေ က များသော အားဖြင့် အဆင့် ၃ ဆင့် ကျော်ဖြတ် တာတွေ့ရပါမယ်။ ပန်းရောင် ဒါမှ မဟုတ် အနီရောင်ကြွတက်ပြီး ရက် အနည်းငယ်မှာ ပေါက်ထွက်တာ၊ အရည်ပြည့်နေ တဲ့ အိတ် ကလေး တွေဖြစ်ပြီး တရက်လောက် မှာပေါက်သွားတာ၊ အနာ ဖေးက ပေါက်သွားတဲ့ အဖုလေးတွေပေါ်မှာ ကျန် နေပြီး ရက် အတန်ကြာမှ အနာကျက်သွား တတ်တာ တွေပေါ့။ 


ကလေးတွေ မှာ အသက် ငယ်ရင် ခံစားရတာ သက်သာ တတ်ပါတယ်။ အချို့ မှာတော့ ဒီအဖုတွေ က တကိုယ် လုံး ပျံ့နှံ့ပြီး လည်ချောင်း၊ မျက်လုံး၊ ဆီး လမ်းကြောင်း၊ အမျိုးသမီးလိင် အင်္ဂါတွေ အထိပါ ရောက် ရှိ သွားတတ်ပါတယ်။

- တကယ်လို့  အဖုလေးတွေ  မျက်လုံးတွေ မှာ ပေါ်လာရင်

- အဖုလေးတွေ က အရမ်း နီပြောင်တင်းပြီး ပူလာရင်

- နှလုံးခုန်မြန်တာ၊ ကယောင် ကတမ်း ဖြစ်တာ၊ အသက်ရှူ ရ ခက်တာ၊ကတုန်ကယင် ဖြစ်တာ၊ ချောင်းတွေ ဆိုး လာတာ၊ ဇက်ခိုင်လာတာတွေပါ  တွဲပြီးဖြစ်လာခဲ့ရင်

- ကိုယ်ခံ အားချို့တဲ့  ရောဂါရှိနေသူ  သို့မဟုတ် ၆ လထက် ငယ်တဲ့ ကလေး ဖြစ်ရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပြသဖို့လိုအပ်တာ အမြဲသတိရှိ ထားစေချင်ပါတယ်။
 

 


 - 


နောက်ဆက်တွဲပြဿနာတွေ

ရေကျောက်ရောဂါ က သူ့ချည်း ဆိုရင် ပြင်းထန် လေ့ မရှိပေမယ့် နောက်ဆက်တွဲ ပြဿနာတွေက တော့  အသက်အန္တရာယ် အထိ  ဖြစ်စေပါတယ်။ နောက်ဆက်တွဲတွေ ကို ကြည့်ရင်-

- အရေပြား၊ အရိုး၊ အဆစ်တွေကို ဘက်တီးရီး ယားပိုးတွေ

- အဆုတ်ရောင်  နမိုးနီးယား ရောဂါ

- ဦးနှောက်ရောင်ရောဂါ

- ပိုးက  ထွက်တဲ့  အဆိပ်အ တောက်တွေကြောင့်  သွေး လန့်ခြင်း စတဲ့ရောဂါတွေ ပါပဲ။

အထူး သဖြင့် ဒီလိုနောက်ဆက်တွဲရောဂါ ဖြစ် နိုင်ခြေ အများဆုံး သူတွေက မိခင်မှာ ရေကျောက် ရောဂါ တခါမှ မဖြစ်ဖူးသေး တဲ့ မွေးကင်းစ နဲ့ တနှစ် အောက် ကလေးတွေ၊ အသက်ကြီးသူတွေ၊ ရေကျောက်

 ရော ဂါ မဖြစ်ဖူးသေးတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကိုယ် ခံအားချို့တဲ့နေတဲ့ ကင်ဆာရောဂါသည်၊ အိပ်ခ်ျအိုင်ဗီ ရောဂါ သည်တွေ တခြား နာတာရှည်ရောဂါ တခုခု အတွက် ဆေးတွေသောက်သုံးနေကြ ရသူတွေပဲ ဖြစ် ပါတယ်။

ရေကျောက်ရောဂါ မဖြစ်ဖူးသေး တဲ့ ကိုယ်ဝန် ဆောင်မှာ ရောဂါဖြစ် လာရင် အထူး သတိပြုဖို့ လိုအပ် တာ မမေ့ပါနဲ့။



အိမ်မှာစောင့်ရှောက်နိုင်တဲ့ နည်းလမ်း

မိသားစုဝင် တယောက်ယောက် ရေကျောက် ရောဂါဖြစ်ရင် နောက်ဆက် တွဲရောဂါတွေ မဝင် ရောက်ရင် အိမ်မှာပဲ ပြုစုစောင့်ရှောက်နိုင် ပါတယ်။ အဓိကအားဖြင့် “မကုတ်ပါစေနဲ့” အဖုလေးတွေက ယားယံ တတ်တော့ ကုတ် ခြစ်မိတတ်ကြပါတယ်။ 


အဲဒီ အခါ အနာကျက် ဖို့ ကြာမြင့် သလို ရောဂါပိုး ထပ်ပြီး ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့်မကုတ် ခြစ် မိအောင် သတိပေးပါ။ အိပ်ချိန်တွေ မှာ ယောင် ပြီး  မကုတ်မိအောင်  လက်အိပ် စွပ် ပေးထားတာ၊ လက်သည်းတွေ ညှပ်ပေးထားတာက အဆင်ပြေပါ တယ်။


အယားအယံနဲ့ တခြားဝေဒနာတွေ သက်သာဖို့

ရေကျောက် ဖုလေးတွေက ယားယံ တတ်သလို တခြားယှဉ်တွဲနေတဲ့  ဖျားတာ၊  ခေါင်းကိုက်တာ၊ နုံးချည့် တာတွေ ကိုလည်း သက်သာအောင် ပြုစုပေး လို့ ရပါတယ်။ ရေအေးနဲ့ မုန့်ဖုတ်ဆော်ဒါ စပ်ပြီး ရေချိုးပေးပါ၊ ယားတဲ့နေရာတွေကို မယ်ဖင် ကယ်လို၊ ကာလာဒရိုင်လို လိမ်းဆေး တို့ပေး ပါ၊ 


ပါးစပ် ထဲမှာ အဖု အနာတွေ ရှိတတ်လို့ အစာ ပျော့ပျော့ အရမ်း မပူစပ်တာ ကျွေးပါ၊ ပါရာစီ တမောလ်လို အနာအကျင် သက်သာ စေတဲ့ ဆေးတွေ၊ ဘာမီတွန်နဲ့ အလားတူ အယားအယံ ပျောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားသလို တိုက်ကျွေးနိုင်ပါတယ်။


ကာကွယ်ဖို့ 

ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေ လို ကာကွယ်ဆေး အလွယ် တကူ ရဖို့ မဖြစ်နိုင်တာ မို့ တကိုယ်ရေ သန့်ရှင်းရေး အထူး သဖြင့် မကြာ ခဏ လက်ဆေး တဲ့ အလေ့ အကျင့် လုပ်ပေးပါ၊ ရောဂါဖြစ် တဲ့ လူနာကို ခွဲထားပေးပါ၊ စနစ်တကျ နှာချေချောင်းဆိုးအောင် ညွှန်ပြ ပေးပါ၊


 ရောဂါဖြစ်နေတဲ့  ကလေးကို  ကျောင်း မလွှတ် ဖို့၊  ကျောင်းမှာ  ရေကျောက်ရောဂါ သံသယဖြစ်ဖွယ် ကလေးရှိရင် ကျောင်းကနေ အိမ်ပြန်လွှတ်ပေးဖို့  စတဲ့  နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အရမ်းမကြောက်ဖို့၊ မကြောက်မနေဖို့ ရေကျောက်ရောဂါအတွက်  သိအပ် တာလေးတွေ  ဝေမျှပေး လိုက်ပါတယ်။

မစိုးရိမ်ပါနဲ့ ...။

ဒါပေမယ့် ..ဂရုစိုက်...။

 

From...ဧရာဝတီ



.

No comments:

Post a Comment