*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 April 2014

မွေးရက် ဂဏန်း နဲ့ စိတ်နေ သဘောထား ၊ ဘ၀ ကံကြမ္မာ



တကယ်လို့..သင်၏ ချစ်သူဟာ..လတွေ ရဲ့.            1st, 10th, 19th, 28th     မှာ
မွေးဖွား ခဲ့မယ် ဆိုရင်..   ==    သင်၏   ချစ်သူဟာ..       နံပါတ် (၁) သမား…
 

တကယ်လို့..သင်၏ ချစ်သူဟာ..လတွေရဲ့.            2nd, 11th, 20th, 29th     မှာ
မွေးဖွား ခဲ့မယ် ဆိုရင်..   ==    သင်၏   ချစ်သူဟာ..       နံပါတ် (၂) သမား…
 

တကယ်လို့..သင်၏ ချစ်သူဟာ..လတွေရဲ့.           3rd, 12th, 21st, 30th      မှာ
မွေးဖွား ခဲ့မယ် ဆိုရင်..   ==    သင်၏  ချစ်သူဟာ..        နံပါတ် (၃) သမား…



တကယ်လို့..မင်းဟာ..  လတွေရဲ့.                    4th, 13th, 22nd, 31st        မှာ
မွေးဖွား ခဲ့မယ်  ဆိုရင်.. ==     မင်းဟာ..                    နံပါတ် (၄) သမား…
 

တကယ်လို့..သင်၏ ချစ်သူဟာ..လတွေရဲ့.          5th, 14th, 23rd               မှာ
 မွေးဖွား ခဲ့မယ် ဆိုရင်.. ==     သင်၏  ချစ်သူဟာ..        နံပါတ် (၅) သမား…
 

တကယ်လို့..သင်၏ ချစ်သူဟာ..လတွေရဲ့.          6th, 15th, 24th                မှာ
 မွေးဖွား ခဲ့မယ်  ဆိုရင်.. ==     သင်၏  ချစ်သူဟာ..        နံပါတ် (၆) သမား…
 

တကယ်လို့.. မင်းဟာ..           လတွေရဲ့.          7th, 16th, 25th                မှာ
  မွေးဖွားခဲ့မယ်ဆိုရင်..  ==      မင်းဟာ..                      နံပါတ် (၇)  သမား…
 

တကယ်လို့.. သင်၏ ချစ်သူဟာ..လတွေရဲ့.         8th, 17th, 26th                 မှာ
 မွေးဖွားခဲ့မယ်ဆိုရင်..    ==     သင်၏   ချစ်သူဟာ..         နံပါတ် (၈) သမား…
 

တကယ်လို့..သင်၏   ချစ်သူဟာ..လတွေရဲ့.         9th, 18th, 27th                မှာ
 မွေးဖွားခဲ့မယ်ဆိုရင်..  ==       သင်၏    ချစ်သူဟာ..         နံပါတ် (၉) သမား…
 
ဒီနေရာမှာ သင်၏ ချစ်သူကို မင်းလို့ နာမ်စား သုံးကြပါစို့…….
**************************************************
 
နံပါတ် (၁)
မင်းဟာ..ပါးနပ်တယ်..စကားကို ရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ် ရွှင်တယ်..
ခေါင်းမာ တယ်. ရိုးသား တယ်.. တဖက်သား ကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတတ်တယ်..ဒေါသလွယ်တယ်..
ဖော်ရွှေတယ်..တာဝန်ယူလိုစိတ် ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..
လူတွေအားလုံး ရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို
မြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး. မိမိကိုယ် ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်..
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..
ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထပ် ဖြစ်ကြတာများပါတယ်..
အမြင်မတူတဲ့ သူတွေနဲ့ ပြဿနာ တက်ရတာကို နှစ်သက်တယ်..
အငြိုး အတေးကြီးပြီး..လက်စားချေတတ်ကြတယ်..အသုံးအဖြုန်းကြီး သူ တယောက်ဖြစ်ပေမယ့်.. မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်..
 

မင်းသာ အမျိုးသား ဆိုရင်..အရမ်းနာမည်ကျော်မယ်..
ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ် ကို ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို
လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်..
ရပ်ကွက်ထဲမှ သည်.. ဟိုအပေါ် ပါလီမန်တွေထိ ကို မင်းက နေရာစုံ သွားနိုင်သူပါ.. ဘာဖြစ်လို့လဲ
ဆိုတော့..ကိစ္စတော်တော်များများ ကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..
ဒါပေမယ့်..မင့်ရဲ့ ဘ၀မှာ..တချို့လူတွေက မင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်
လုပ်တာမျိုး..ကြုံရတက်ပါတယ်… ဒါကလည်း မဆန်းပါဘူး…လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..
မင့်ရဲ့မိသားစုဘ၀က အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို ပိုင်ဆိုင်ပြီ..
ချစ်စဖွယ်သားသမီးတွေနဲ့ နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..
ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့ အကောင်းဆုံး အဖော်မွန် နံပါတ်တွေ ကတော့..     4, 6, 8
သင့်တင်တဲ့ သူတွေကတော့..     3, 5, 7…

 
နံပါတ်(၂)
မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..
ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာ လ နဲ့ တူလို့ပါ.. လ ကို လူတိုင်းက သဘောကျသလိုမျိုးပေါ့..
ပြီးတော့ မင်းဟာ..စိတ်ကူး အရမ်းယဉ်တတ် သူ တစ်ဦးလည်းဖြစ်တယ်…
မင်းဟာ ကိုယ့်ကိုယ် ကို ယုံကြည်မှု အလွန်နည်းတယ်..မင်းဘ၀မှာ ပြန်ပြီးသုံးသပ် သင့်စရာတွေချည်းပဲ…
မင်းဟာ ခန့်မှန်းရခက်တဲ့ သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့ အခြေအနေကို
လိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်..
တကိုယ်ကောင်း ဆန်ပြီ.. အနုပညာဘက် မှာ အား အတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ်တယ်. မင်းရဲ့အပြုအမှုတွေဟာ လ လို့ပဲ.. နေအလင်းရောင် ပျောက်မှ
လထွက်လာ သလိုမျိုး…. လူတွေ စိတ်ဓါတ်ကျနေတဲ့ အချိန်ဆိုရောက်လာပြီ..
သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲက ပျောက်ကွယ်သွားတက်တယ်..
 

မင်းဟာ.. ငြိမ်းချမ်းမှု ကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီ
ဖြစ်နိုင် သလို…ငြိမ်းချမ်းမှု ကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်း ဖြစ်နိုင်ပါတယ်
(ကျနော် ဆိုလိုတာက မင်းရဲ့ ပတ်ဝန်းကျင် ဆက်ဆံရေးပေါ် မှာပါ).
တကယ့်လို့များ..ဘုရား တရားကို နက်နက်ရှိုင်းရှိုင်း လုပ်မယ်ဆိုရင်…မင်းဟာ အောင်မြင်မယ့် သူ တစ်ဦးပါ…
 

အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီ ကိုပဲ ဦးတည်နေတာပါ..!
တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူ တစ်ဦးပါ.
မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ် မှာ ကျင်လည်မှုသူ တစ်ဦးပါ…
မင်းဟာ အချစ်ကို အရမ်းကြီး မယုံကြည်တတ်သူတစ်ဦးပါ..
မင်း လက်ထက်ပြီးတဲ့ အထိတောင် အဲဒီအတိုင်းပဲ
မင်းဟာ အချစ်အပေါ် သာမန်ပဲ ခံစားနေတက်သူတစ်ဦပါ..
မင်းဟာ မိန်းကလေး ဆိုရင်တော့..မိသားစု မှာ တာဝန်သိ အမျိုးသမီးတဦးဖြစ်နေပါလိမ့်မယ်..
မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့ မိသားစုမှာ
ခိုက်ရန်ဖြစ်တာတွေ..ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူ
ဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက.
မိသားစုကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ…
မင်းဟာ သိမ့်မွေ့တယ်..အမြင်ကျယ်တယ်..သူတပါးရဲ့ စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..
လူတွေနဲ့ လိုက်လျောညီထွေနေတတ်တဲ့ သူ တစ်ဦးပါ…
မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့        2, 5, 9
တခြား သူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ ခဲရင်းပါတယ်..!!!`

 
နံပါတ် (၃)
နှလုံးသား မာကျောပြီ.. တကိုယ်ကောင်း ဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကို
ကိုင်းရှိုင်းတက်သူ တစ်ဦးပါ.. တိုးတက်မှုကို မြတ်နိုးတဲ့ သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကို
လျှော့ကျဖို့လိုလားပေမယ့်.. ပြဿနာတိုင်းက မင်းဆီကနေ ပဲ မြစ်ဖျားခံတတ်တာများပါတယ်..
မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ် မျက်နှာထားကို ပိုင်ဆိုင်သူ တစ်ဦးပါ..
ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေတာပေါ့..
မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်း
ပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်….
အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက် ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..
ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာ နှစ်သက်လို့ပဲ.. အဲလိုလည်း မင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့ သူတယောက်မဟုတ်ပါဘူး..
 

မင်းနဲ့ ဆက်ဆံဖို့ ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့
ပြိုင်ဘက်တယောက်လိုပဲ…
ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့ အပြုအမှုကို မင်းသဘောကျသွားပြီ ဆိုလည်း..
မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အရမ်း ကို ခိုင်မာနေတတ်ပါတယ်…
မင်းဟာ အမြဲလိုလို..သူတပါးဆီက လေးစားမှုကို ရရှိနေတတ်သူ တစ်ဦးပါ..
မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေက ကြာရှည်မခံပါဘူး..
ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင်တယောက်လိုပါပဲ..
သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..
 

 မင်းဟာ ပိုက်ဆံကို အနည်းငယ် ပို မက်မောတဲ့ အတွက်.. သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိ ကြိုးစားခြင်းတွေ  .ရုန်းကန်ခြင်းတွေနဲ့.. မင်းဟာ နပန်းလုံးနေရတတ်တယ်…
မင်းဟာ အမျိုးသား တစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ.. မိသားစုကို စောင့်ရှောက်တယ်..
သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့
အချိန် ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူ မပါပါ). ပြီးတော့
မင်းဟာ စံပြ တယောက်ဖြစ်နေပါလိမ့်မယ်.. တကယ်လို့..မင်းဟာ အမျိုးသမီးဆိုရင်လည်း.. အကျင့်စရိုက်ကောင်းတွေ.. ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေ နဲ့ ပြည့်နေမှာပါ..
 

မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံ စူးစိုက်လုပ်တက်သူ
ပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူ တစ်ဦးပါပဲ…
မင်းရဲ့ အကောင်းဆုံး အဖော်မွန် ကတော့…        6, 9.
သင့်တော်တဲ့ အဖော်မွန်ကတော့..            1, 3, 5          !!!

 
နံပါတ် (၄)
မင်းလည်းပဲ ခေါင်းအလွန်မာတဲ့ သူ တဦးပါပဲ.. အလုပ်ကို အရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာတော့ ကံမကောင်းတတ် ပါဘူး..
အေးဆေးနေတတ်တယ်..ကူညီတတ်သူဖြစ်ပေမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..
အမျိုးသား ဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကို စိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီ
အဝေးကို ပြေးသွားတက်ကြပါတယ်..
 

မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့….. အချိန်တိုင်း လိုလို မင်းဟာ အမျိုးသမီး မိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတတ် ပြီး..
အမျိုးသမီးငယ်တွေနဲ့ ပျော်ရွှင်ရတာ ကို နှစ်သက်သူ တစ်ဦးပါ..
မင်းသူငယ်ချင်းတွေ ဟာ မင်းရဲ့ အချိန်တွေ..ငွေတွေကို သုံးဖြုန်းပြီ.. အဝေးကို ပြေးသွားတတ် ကြပါတယ်..
အဲဒီ ခါကြရင်တော့..မင်းဟာ ခိုးကိုးရာ မဲ့နေပြီဆိုတာ..အသေအချာပါပဲ..အဲဒီအတွက်..
လုံးဝသတိပြုပါ.. မင်းရဲ့စိတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..
 

မင်းဟာ ငယ်ရွယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတတ် ပါတယ်..
မင်းဘ၀မှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခု ရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေ အလုပ်ကို လုပ်နေရတာမျိုးပေါ့..
ဒါပေမယ့်..မင်းရဲ့ မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်..
အဓိက သတိထားရမယ့် လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့် သူတွေကိုပါပဲ..
 

ဒါကြောင့်..မင့်နဲ့ ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ.. အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်း၏နဲ့အနုပညာပိုင်းမှာထွန်းပေါက်နိုင်ပါတယ်..မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေး
ရိုးနည်းနည်း ဆန်ပြီ.. အစီအစဉ်တကျလုပ်ကိုင်တတ် သူတယောက်ဖြစ်တယ်…
မင်းရဲ့ အကောင်းဆုံးအဖော်မွန်တွေ ကတော့..            1, 8.

သင့်တော်တဲ့ သူတွေကတော့…                5, 6, 7
 
နံပါတ် (၅)
မင်းဟာ မင်း ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူ တစ်ဦးပါ..မင်းရဲ့ နှုတ်ထွက် စကားလေးနဲ့တင်..မင်းအလို ရှိရာ ကို ရနိုင်ပါတယ်..မင်းဟာ စီးပွားရေး အမြင်စူးရှသူ တစ်ဦးလည်း ဖြစ်တယ်..
ဒါပေမယ့်.. မင်းဟာ စနစ်ရှိလို့ တော့ မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တတ်သူပါ.
တကယ်လို့ စီးပွားရေးလုပ်ငန်း တခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မယ့်သူပါ..
ပြီးတော့ ဟာသဥာဏ် ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..
 

မိသားစုနဲ့ သူငယ်ချင်းတွေ အတွက် တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီး တစ်ဦးပါပဲ..
တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတတ် သူတစ်ဦးပါ… မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်.. ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ… မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ့် သူပါ..အဲဒီအတွက်..
သတိထားရမယ့် အချက်ကတော့
မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်…
 

မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..
ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့  မျက်နှာပိုင်ရှင်ပေါ့…
အတွေ့အကြုံ ကနေ မင်းဘ၀ကို တည်ဆောက် ရတဲ့သူဖြစ်ပြီ..အဲဒီ အတွေ့အကြုံတွေကပဲ..
မင်းရဲ့ အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့…
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့….               1, 2, 9. 

သင့်တော်တဲ့ သူကတော့.                    6, 8
 
နံပါတ် (၆)
အိုး… မင်း ပျော်ရွှင်ဖို့ အတွက်ပဲ မွေးဖွားလာတာ ပါလား..
မင်းဟာ တခြားလူရဲ့ ခံစားချက်ကို ဂရုမစိုက်တတ်သူ တစ်ဦးပေါ့..ဆိုလိုတာက
မင်း ဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့ သူပါ..
မင်းဟာ ပညာရေး..အလုပ်..စီမံခန့်ခွဲမှုမှာပဲဖြစ်ဖြစ်.. အောင်မြင်မှုသူတစ်ဦးပါ..
မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင့်စိတ်ထဲမှာ ကောင်းတယ်လို့ထင်တဲ့ လူတွေအပေါ်မှာသာ)…..
ရုပ်ရည် အရမ်းချော မောနေတတ်ပြီး.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေတတ် ပါတယ်..
 

ကံကြမ္မာကောင်းတွေ ဟာ မင်းနဲ့ အတူလာတယ် လို့ ပြောလို့ ရနိုင်ပါတယ်..
မင်းရဲ့ စိတ်ထားနဲ့ ခန္ဓာဟာ အချစ်ကိစ္စတွေမှာ လှိုက်လှိုက် လှဲလှဲရှိလှပါတယ်..
တခြား နံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာ ကို ခံရတတ် ပါတယ်…ဒါပေမယ့်..
မင်းဟာ အမျိုးသား ဆိုရင်တော့.. လက်ထပ် တဲ့ အချိန်အထိ မိန်းကလေးငယ်များနဲ့
ရင်းရင်းနှီးနှီးနေရတာကို နှစ်သက်တဲ့သူတဦးပါ..
အမျိုးသမီး သာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု..ဒါမှမဟုတ် လက်ထက်တာကို
စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..
 

ကြင်နာတတ် သူတွေပဲ မင့်ဘ၀ထဲ ကို ၀င်လာပါလိမ့်မယ်..
ယေဘုယျ အားဖြင့်တော့.. မင်းဟာ အိမ်ရဲ့ ဆည်းလည်းလေး ပါပဲ…
စာနာတတ်သူ…နှစ်သိမ့် မှုပေးနိုင်သူ.မျှတသူ..အိမ်ထောင်မှုနိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူ တစ်ဦးပါပဲ…ကုန်ကုန်ပြောရရင်.. မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာ
ဒဏ်ချက်တွေကို ကုစားပေးနိုင်သူ တယောက်ပါပဲ…
မင်းရဲ့အကောင်းဆုံး အဖော်မွန်တွေကတော့..               1, 6, and 9.
သင့်လျော်တဲ့ သူတွေကတော့..                    4, 5

 
နံပါတ် (၇)
မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီ တယောက်ပါ.. မိမိကိုယ့်ကို
ယုံကြည် တတ် တယ်..ပျော်ပျော်ရွှင်ရွှင်နေတက်ပြီ..ပညာရေးမှာ ထူးချွန်သူ တစ်ဦးပါ..
ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင် နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..
မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသ စိတ်ပါပဲ..
အမျိုးသမီး ဆိုရင်တော့. အထက်က အချက်တွေနဲ့ မင်းဟာ အောင်မြင်နိုင်ပါတယ်..
မင်းဟာ..မင်းမိဘ အတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူ လည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစု ကို အရမ်းတန်းဖိုး ထားတက်တာပါ)
 

အရွယ်ရလာတာနဲ့ အမျှ မင်းရဲ့ အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..
အမျိုးသား တစ်ဦးသားဆိုရင်တော့ အမျိုးသမီးထုကြားမှာ
ရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူတစ်ဦးလည်းဖြစ်နေပါတယ်..
နံပါတ် (၇) သမားအများစု ဟာ သူတို့ရဲ့ အိမ်ထောင်သည် ဘ၀မှာ အဆင်မပြေကြတာ များပါတယ်..
အနည်း စုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ကို တည်ဆောက်နိုင်ကြတာပါ….
မင်းရဲ့ဘ၀မှာ အရာအားလုံးရှိနေပေမယ့်..
အလိုမကျမှုတွေ..စိုးရိမ်ကြောင့် ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော..
ဒါကလည်း..ဘုရားသခင် က မင်းကို အရာအားလုံး မျှတအောင် ပေးထားတဲ့ သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ ၁၀၀လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး မသာယာတာ မျိုးတွေ့ရတတ်ပါတယ်.. ဒါကြောင့်..
ကြင်ဖော်ကို စောင့်စားနေတာထက်.. ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစောစီးစီး
ရှာထားသင့်ပါတယ်…အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကို
အထီးကျန်စွာ ဖြတ်သန်းသွားရမှာ
အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီး
သေချာဂရုစိုက်အလေးထားသင့်ပါတယ်..
 

မင်းဟာ အံဖွယ်ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သော
ပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ
ဒီကမ္ဘာလောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့ အကောင်းဆုံးအဖော်မွန်တွေကတော့..             2. 

သင့်တော်တဲ့အဖော်မွန်ကတော့..                    1,4
 
နံပါတ် (၈)
မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်း လွန်းပါတယ်. ဘာကြောင့် ဆိုတာ. ဘယ်သူမှ မင်းကို
နားလည်နိုင် မှာ မဟုတ်ပါဘူး.. သူတပါး ကို အပြစ်ပြောရာမှာ မင်းဟာ
တဖက်ကမ်း ခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲနုံချာနိုင်ပါတယ်..
အခြေအနေက မပေးဘူး ဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ် ရနိုင်ပါတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေက
မင်းဘ၀ထဲမှာ မကြာခဏဖြစ်နေမယ့်အရာတွေပါ..
 

ဒီပြဿနာတွေ ကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါ လိမ့်မယ်.. ဒါပေမယ့် မင်းဟာ
ဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါ လိမ့်မယ်.
မင်းဟာ တရားမျှတမှု အတွက် တိုက်ပွဲဝင်ရဲတဲ့ သူတစ်ဦးပါ..ဒါပေမယ့်
အဲဒီ တိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.
ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ
နေတက်ပြီး.. ဘ၀ကိုလည်း..အထီးကျန်စွာ
ဖြတ်သန်းနေရမယ့် သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..
 

မင်း အိမ်ထောင်ကျတဲ့ အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ် အရွယ်မှာ ပဲ ဖြစ်ပွားတတ်ပါတယ်)
မင့်ရဲ့ကံကြမ္မာဆိုး အနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်..
မင်းဟာ မမျှော်လင့်တဲ့ အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..
ဥပမာ..( အမှုအခင်းများ..အဆိပ်ရှိသတ္တ၀ါများ..မတော်တဆ ထိခိုက်မှုများနဲံ ကြုံတွေနိုင်ပါတယ်)
သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့ သူ..လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလ နဲ့ပြည့်စုံသူ. တစ်ယောက်ပါ..
 

အဲဒါတွေက ပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
မင်းဟာ မိသားစုရဲ့ အဓိက အစိတ်အပိုင်းတခုပါ..
အားကိုးရဆုံးသူ တစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာ တစ်ဦးလည်းဖြစ်နေပြန်ရော့…
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့..                   1, 4, and 8.
သင့်တော်တဲ့ အဖော်မွန်ကတော့                 5

 
နံပါတ် (၉)
မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဇာတ မဖြစ်ဆုံး လူသားတစ်ဦးပေါ့..
မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူ တစ်ဦးပါ..
ရည်မှန်းချက်ကြီးမား သူတဦးလည်းဖြစ်ပြန်ရော့..
မင်းဟာ အလုပ်ကို အရမ်းကြိုးစား လုပ်ကိုင်ရမှာဖြစ်ပြီ.. အောင်မြင်မှုကိုလည်း
ခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..
သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့
လုံးပန်းနေရတတ် ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.
ရုန်းရင်းဆန်ခတ် မှုတွေနဲ့ ပြည့်နှက်နေပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကို
ရရှိတဲ့ အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..
 

မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစား ခံရဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်နေပါလိမ့်မယ်..
စိန်ခေါ်မှုတွေ ကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူ
တစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့ ကလေးတယောက်ပါ..
မိဘက မကြာခဏရိုက်နက် ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူ တစ်ဦးပေါ့..
မင့် ဘ၀ဟာ ဒဏ်ရာ အနာတ၇တွေနဲ့ ပြည့်နက်နေ သလိုပါပဲ..
ဒါပေမယ့်..အရွယ်ရောက်လာတဲ့ အခါမှာတော့..
မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်း ပီသစွာ နေထိုင်ပြန်ရော့..
 

ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး.. မင်းဟာ
ဆောက်လုပ်ရေး အလုပ်..ဘဏ် အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့
လူတွေ က မင့်ကို ယုံကြည့်ကြလို့ပါပဲ..
မင့်ရဲ့ မိသားစု ဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်
မင့် ကလေးတွေ အတွက်တော့ စိုးရိမ်ရပါလိမ့်မယ်..
မင်းဟာလူလူချင်း စာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်

ခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ…
မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်
အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူ တစ်ဦးပါ…
မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေ မှာ လူတိုင်း အတွက် စံပြတယောက်ပါ..
မင့်ရဲ့ အကောင်းဆုံး အဖော်မွန်ကတော့..                    3, 5, 6, and 9.
သင့်တော်တဲ့ အဖော်မွန် ကတော့                  2



2014 အထူးဟောကိန်း ဗေဒင်



 April 20, 2014
 Posted by
From...Search Myanmar


No comments:

Post a Comment