*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 28 September 2013

ဆော့ဖ်ဝဲ များကို တရားဝင် ဝယ်ယူ အသုံးပြု မှု တွင်ကျယ်စေရန် မှာ ဈေးနှုန်း အဓိကကျ

                                  

 

 ကွန်ပျူတာ ဆော့ဖ်ဝဲ များအား တရားဝင် ဝယ်ယူ အသုံပြုမှု တွင်ကျယ် ရန်အတွက် ဈေးနှုန်း မှာ အဓိက ကျ ကြောင်း နည်းပညာ ကျွမ်းကျင်သူ အချို့ က ဆိုသည် ။  

ပြည်တွင်း တွင် လက်ရှိ အသုံးပြု နေသည့် ဆော့ဖ်ဝဲ များမှာ တရားဝင် လိုင်စင်ဖြင့် ဝယ်ယူ ထားမှု နည်း ပါးပြီး ခိုး ကူး ပုံစံဖြင့်သာ ဝယ်ယူ အသုံးပြုနေကြ ခြင်းဖြစ်သည်။


”လိုင်စင် နဲ့ တရားဝင် မဟုတ်မှန်း သိပေမယ့် ကော်ပီ ဆော့ဖ်ဝဲက ဈေး သက်သာ တယ်လေ” ဟု ဆော့ဖ် ဝဲရေး  သား သည့် ကိုပြည့်က ဆိုသည်။
 


ထို့အပြင် တရားဝင် လိုင်စင်ဖြင့် ဆော့ဖ်ဝဲ ရောင်းချပေးမည့် အရောင်း ဆိုင်များ မရှိခြင်းကြောင့်လည်း အသုံးပြု သူ မရှိခြင်းဖြစ်ကြောင်း သိရသည်။
 
ပြည်တွင်း ကုမ္ပဏီ လုပ်ငန်းများ နှင့်နိုင်ငံခြား ကုမ္ပဏီများကမူ ဆော့ဖ်ဝဲ များအား တရားဝင် လိုင်စင်ဗားရှင်း ဝယ်ယူကြသော်လည်း ထိုင်းနိုင်ငံမှ ဝယ် ယူ အသုံးပြုနေ ကြခြင်းဖြစ်သည်။
 

”လိုင်စင် ဗားရှင်း သုံးဖို့ မတွင် ကျယ်ဘူး ဆိုတာ ကလည်း လွယ်လွယ် ကူကူ ဝယ်လို့ မရတာ လည်းပါ မှာပေါ့”ဟု Yangon Heartz Media Group မှ ကိုဇော်ဇော် မျိုးလွင် က ပြောသည်။
 

လက်ရှိတွင် မြန်မာနိုင်ငံ သို့ မိုက် ခရိုဆော့ဖ်က ၄င်း၏ဆော့ဖ်ဝဲများ တရားဝင် လိုင်စင်ဖြင့် ရောင်းချ ရန် ပြုလုပ် မည်ဖြစ်ပြီး ယင်း အတွက် ပြည်တွင်း Knowledge Centricity ကုမ္ပဏီနှင့် တွဲဖက် လုပ်ကိုင် မည်ဟု သိရသည်။
တစ်ဆင့် ပြန်လည်ရောင်းချမည့် Resellerများအတွက် ဆော့ဖ်ဝဲ Solution ထောက်ပံ့ပေးမှုများ လုပ်ဆောင် နိုင်ရန်ကို လည်း ပြုလုပ်မည် ဖြစ်သည်။

 ဈေးနှုန်းများ အနေဖြင့် ကျောင်း သား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ အတွက် ညှိနှိုင်းရောင်းချရန် စီစဉ်မည်ဟု Knowledge Centricity ၏ စီအီးအိုဒေါက်တာ ထွန်းသူရသက် က ပြောသည်။
 

ဆော့ဖ်ဝဲအား လိုင်စင်ဖြင့် ဝယ် ယူအသုံးပြုမှုတွင် စီးပွားရေး လုပ်ငန်း သုံး ဆော့ဖ်ဝဲ များနှင့် ကွန်ပျူတာ လည်ပတ် စနစ် ဝင်းဒိုး (OS) တို့သာ ရှိ နေကြောင်း သိရသည်
 
  နည်းပညာ သတင်း

သုတလင်း                    Popular News မှကူးယူဖေါ်ပြသည်..

No comments:

Post a Comment