*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 3 June 2014

အောင်မြင်ပြီး သူတို့ ပြန်လည် ကျရှုံး သည့် အကြောင်းများ


Untitled 

 အောင်မြင်ရန် နည်းလမ်းတွေ၊ လမ်းစဉ်တွေ ပဲ ရေးနေတာ ဒီတစ် ခါတော့ အောင်မြင်ပြီးတော့ ပြန်လည် ကျရှုံး ရတဲ့ အကြောင်း အရင်း ကိုလည်း မျှဝေ လိုပါတယ်။ ယခု စာက အသက်မွေး ဝမ်းကျောင်း ပညာရပ် တစ်ခု မှာ လုပ်ကိုင်ပြီး စွန့်ခွာ သွားသူ၊ အခြားသော အသက်မွေး ဝမ်းကျောင်း ပညာရပ် သို့ ကူးပြောင်း သွားသူ များ ရဲ့ အကြောင်းပြချက် များလည်း ဖြစ်ပါတယ်။

၁။ အရင်လိုပဲ ဆက်အောင်မြင်မယ်လို့ ထင်မြင်ခြင်း
****************************************
နေရာ တစ်ခု၊ ပန်းတိုင် တစ်ခု ကို ရရှိ ထားပြီးသူ၊ ရလဒ်ကောင်း တစ်ခု ကို ပိုင်ဆိုင်ပြီး သူဟာ အနာဂတ်မှာ ဆက်လက် အောင်မြင် မယ်လို့ ထင်တတ်ကြ ပါတယ်။ ဘာနဲ့ တူသလဲဆို. လောင်းကစားဝိုင်း မှာ ဆော့ တုန်း တစ်ပွဲ နိုင် သွားပြီးရင် နောက်ပွဲတွေလည်း ဆက်နိုင် မယ်လို့ ထင်မြင်တဲ့ ခံစားချက် ဖြစ်ပါတယ်။ 

ကံကြမ္မာ ဆိုတဲ့ အရာကို ယုံကြည်ခြင်း ကလည်း ကျရှုံးစေတဲ့ အကြောင်း အရင်း တစ်ခု ဖြစ်ပါတယ်။ တစ်နည်းပြော ရရင် မိမိကိုယ်ကို ယုံကြည်မှု လွန်ကဲခြင်း ဖြစ်ပါတယ်။
 


၂။ အသေးစိတ် လေ့လာမှု မရှိတော့ခြင်း

*******************************
အဆင့် ရာထူး တစ်ခုကို တက်သွားတဲ့ အခါ၊ သို့တည်း မဟုတ် အောင်မြင်မှု ရရှိ လို့ နောက်ထပ်  ခြေလှမ်း အသစ်ကို ရွှေ့လျားတဲ့ အခါ အများစု အားနည်း သွားတဲ့ အချက်က အသေးစိတ် စစ်ဆေး လေ့လာမှု မရှိတော့ခြင်း ဖြစ်ပါတယ်။ 

 အလုပ် များတယ်။ မအားဘူး ဆိုတဲ့ အကြောင်းပြချက် နဲ့ လိုအပ်တဲ့ အသေးစိတ် အချက်များကို လစ်လျူ ရှုပစ် လိုက်ခြင်း ကလည်း ကျရှုံးစေခြင်း ဖြစ်ပါတယ်။

၃။ မိမိ အားသာ ချက်နှင့် အားနည်း ချက် များကို မေ့လျာ့ခြင်း
*************************************************
အချို့က အားသာ ချက်ကို မှတ်မိတယ်။ အားနည်းချက် ကို မှတ် မထားဘူး။ အချို့က အားနည်းချက်တွေပဲ သိတယ်။ ကိုယ့် အားသာချက် ကို မဖော် ထုတ်တတ်ဘူး။ အချို့ကျတော့လည်း အားနည်း ချက်ကော၊ အားသာ ချက် ကော အားလုံး ကို မသိပဲ နေတတ်ကြ ပါတယ်။ 

ယင်း အချက်ဟာလည်း အသက်မွေး ဝမ်းကျောင်း ပညာ တစ်ခု၊ လမ်းကြောင်း တစ်ခု ကနေ ကျရှုံးစေတဲ့ အကြောင်း အချက် တစ်ခုပဲ ဖြစ်ပါတယ်။

၎။ ကွဲပြားခြားနားသော အိုင်ဒီယာ များ ကို လက်မခံတော့ခြင်း
***********************************************
အဆင့် ရာထူး တစ်ခု တက်သွား တဲ့ အခါ သို့တည်း မဟုတ် ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းတစ်ခု မှာ အောင်မြင် မှု တစ်ခု ရပြီးတဲ့ အခါ ပိုပြီး ကြီးလေးတဲ့ တာဝန် ယူခြင်း၊ လုပ်ငန်း အသစ် တိုးချဲ့ခြင်း တို့ ပြုလုပ်ကြပါတယ်။ 

ယင်းသို့ ပြုလုပ်တဲ့ အခါ လူအများ ရဲ့ ထင်မြင် ယူဆချက် အကြံပေးချက် များကို လက်ခံ နိုင်ရ ပါမယ်။ ကိုယ့်ကို အမြဲ Yes လို့ ဖြေနေတဲ့ လူတွေနဲ့သာ အမြဲ ဝန်းရံ ထားစေချင် ရင် ကျရှုံးမှု ဆိုတာကို လှမ်းခေါ် နေသလို ပါပဲ။

၅။ သကြား တစ်မျိုးသာ အချိုဓာတ် ရှိသည်ဟု ထင်ခြင်း
*******************************************
ခေါင်းစဉ်ကြောင့် စဉ်းစား သွားကြမယ် ထင်ပါတယ်။ အနောက်တိုင်း စကားပုံ တစ်ခု ရှိပါတယ်။ လှေကား အပေါ် တက်နေတုန်း မိမိ အောက်က လူတွေကို အောက်ငုံ့ နှုတ်ဆက် ရယ်ပြ ပါတဲ့။ အကြောင်း ကတော့ အကြောင်း အမျိုး မျိုးကြောင့် သူတို့ဟာ မိမိထက် အမြင့် ကို ရောက်သွားနိုင် တဲ့ အတွက် မိမိသာ ပြုံးပြ မထား ခဲ့ရင် ကိုယ့်ကိုယ် ပြုံးပြတော့ မှာ မဟုတ် ပါဘူး။ 

ဆိုလိုရင်းက ဒီလိုပါ။ မိမိဟာ အောင်မြင်မှု အတွက် ကြိုးပမ်း နေတုန်း အထက်က လူကြီးတွေ အရာရှိတွေ ကို ပြုံးပြ ကူညီ၊ ချည်းကပ် နေတတ်ပြီး မိမိ အောက်က လူတွေကို ပြုံးပြ၊ ကူညီပေး ဖို့တော့ မေ့နေကြ ပါတယ်။ 

မထင်မှတ် တဲ့ ကံကြမ္မာကြောင့် သို့မဟုတ် မိမိ ရဲ့ အားနည်း ချက် ကြောင့် တစ်ချိန်ချိန်မှာ နောက်ကျ ကျန်ခဲ့ နိုင်ပြီး ကိုယ့်အောက်က လူတွေကို ကူညီ မထား ခဲ့ရင် ကောင်းကောင်း မဆက်ဆံ ထားခဲ့ရင် သူတို့ လည်း ကိုယ့်ကို လှည့်တောင် ကြည့်တော့ မှာ မဟုတ် ပါဘူး။

၆။ မိမိ ကျွမ်းကျင် သည့် နယ်ပယ်မှ ကျော်လွန် ၍ လုပ်ဆောင်ခြင်း
***************************************************
ကိုယ် ကျွမ်းကျင် တဲ့ အသက်မွေး ဝမ်းကျောင်း ပညာ မဟုတ်ပဲ ငွေအရင်း ရှိလို့ သို့တည်း မဟုတ် စိတ်ဝင် စား လို့ ပါ ဆိုပြီး အခြား လုပ်ငန်း နယ်ပယ် တစ်ခုကို ဝင်တာဟာ လည်း မှားယွင်းပါတယ်။ အဲ့ဒီလို ဝင်တာ က မမှားယွင်းပါဘူး။ အကယ်၍ သေချာ ပြင်ဆင်ထားခြင်း မရှိ။ တကယ်လည်း မတတ်မြောက် ပဲနဲ့ လောဘ နဲ့ ဂုဏ်ပကာသန ကို ရှေ့တန်း တင်လို့ သွားမိမယ် ဆိုရင် ကျရှုံးမှာပဲ ဖြစ်ပါတယ်။


၇။ စွန့်စား လွန်းခြင်း
******************
ဘုရင့်နောင် ဖောင်ဖျက် ထုံး နှလုံး မူလို့ ကြိုးစား ရမယ် ဆိုတာ မှန်ပါတယ်။ သို့ပေမယ့် သဘာဝ နည်း လမ်း ကျကျ တွက်ချက် လို့ ကိုယ့် ရဲ့ အောင်မြင် နိုင်ချေ က ၅၀ ရာခိုင်နှုန်းတောင် မရှိဘူး ဆိုရင် မစွန့် စားသင့် ပါဘူး။ 

ကိုယ်ပိုင်လုပ်ငန်း တစ်ခု ဖြစ်တယ်ဆိုရင် ငွေ အရင်းအနှီး အကုန် ထည့်လိုက်မယ်။ ကုမ္ပဏီ ဝန်ထမ်း ဖြစ်နေ ရင် ဒီ့ထက် ကြီးတဲ့ တာဝန်ကို ယူပြ လိုက်မယ် ဆိုတာမျိုး တို့က သာမန် ထက် လွန်ကဲ တဲ့ စွန့်စားမှု ဖြစ်ပြီး ကျရှုံးစေမယ့် အကြောင်းများ ထဲက တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Forbes

အောင်ခမ်း (ရိုးရာလေး)

ရိုးရာလေး

No comments:

Post a Comment