*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Showing posts with label အတွေး အမြင် နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts
Showing posts with label အတွေး အမြင် နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts

Sunday, 1 February 2015

အဖေပြောသော ပုံပြင်

(ဒီပုံပြင်လေးကတော့ အဖေပြောပြတဲ့ ပုံပြင်လေးပါ။
ဝိသုဒ္ဓိမဂ်လာ အဆိုတခုကို အကြောင်းပြုပြီး ပြောပြတဲ့ ပုံတပုဒ်ဆိုပါတော့။
သိပြီးသားလည်း ဖြစ်ကြမှာပါ၊ ပုံ မပြောရတာကြာလို့ ပြောပြလိုက်ပါတယ်။
ဖတ်ကြည့်ကြပါဦး ရှင် … ။)
***
တခါက လုလင်တယောက်ဟာ ခရီးသွားရင်း မျက်စိလည်လမ်းမှားပြီး တောအုပ်တခုထဲ နယ်ကျွံရောက်ရှိသွားပါသတဲ့။ အဲဒီတောအုပ်ကတော့ ဘီလူးမကြီးတယောက် အပိုင်စားရထားတဲ့ တောအုပ်ကြီးပါပဲ။ ဘီလူးမကြီးဟာ ဒီတောအုပ်ထဲ ရောက်လာသမျှသူတွေကို ဖမ်းစားပိုင်ခွင့်ရှိတယ် ဆိုတော့ ခုလို နယ်ကျွံပြီး သူ့ပိုင်နက်ထဲ ရောက်လာတဲ့ ခရီးသွားလုလင်ဟာ ဘီလူးမကြီးရဲ့ အစာဖြစ်နေတော့တာပေါ့။


ဒါပေမဲ့ ဘီလူးမကြီးဟာ ဒီလုလင်ပျိုကို ကြည့်ပြီး ချစ်ကြိုက်မိတာနဲ့ သတ်မစားတော့ဘဲ သူ့ကိုယ်သူ နတ်သမီးတမျှ ချောမောလှပတဲ့ မိန်းကလေးငယ် တယောက်အဖြစ် ဖန်ဆင်းကာ လုလင်ပျိုရှိရာ သွားခဲ့တယ်။
ဒီနောက်တော့ နှစ်ဦးသား ချစ်ကျွမ်းဝင်သွားကြတယ် ဆိုပါတော့။ ဘီလူးမကြီးတဖြစ်လဲ ချောမောလှပတဲ့ မိန်းကလေးနဲ့တွေ့သွားတဲ့ လုလင်လည်း ကိုယ့်ရပ်ဌာနေကိုတောင် ပြန်ဖို့သတိမရဘဲ အဲဒီတောအုပ်ကြီးထဲက ကျောက်ဂူကြီး တခုထဲမှာပဲ ဘီလူးမကြီးနဲ့ ပေါင်းသင်းနေထိုင်နေကြတော့တယ်။ စားရေးသောက်ရေးကို ဘီလူးမကြီးက ရှာဖွေဖန်တီးပေးပြီး ကျောက်ဂူကြီးနဲ့ အနီးတ၀ိုက်လောက်သာ သွားလာဖို့လည်း သူ့ကို မှာကြားထားတယ်။
ဒီလိုနဲ့ နေလာရင်း တနေ့ နေ့လည်ခင်း ဘီလူးမကြီး မရှိစဉ်မှာ လုလင်ဟာ ကျောက်ဂူအနီးတ၀ိုက်သွားလာ နေတုန်း ၀ိဇ္ဖာဓိုရ် တဦးနဲ့တွေ့ပါလေရော။
ဘီလူးမကြီး ပိုင်နက် တောအုပ်မှန်း သိထားတဲ့ ၀ိဇ္ဖာဓိုရ်က လူသားယောက်ျားတယောက်ကို ခုလို တွေ့လိုက်ရလို့ အံ့သြတကြီး မေးပါတယ်။
“အသင် လုလင် … ဒီတောအုပ်ကြီးအတွင်း ဘာလာလုပ်နေပါသလဲ”
“ဒီတောအုပ်ကား ကျွန်ုပ်နှင့် ကျွန်ုပ်ဇနီးသည် နေထိုင်ရာ တောအုပ်ဖြစ်ပါတယ်၊ ညဆိုလျှင် ဟောဟိုက ကျောက်ဂူကြီးတွင်း အိပ်စက် နားနေကြပါတယ်” လို့ပြန်ဖြေတော့ … ၀ိဇ္ဖာဓိုရ်က သဘောပေါက်လိုက်ပါတယ်။ ဒီလူသားဟာဖြင့် ဘီလူးမကြီးရဲ့ လှည့်စားမှုကို ခံနေရပြီ၊ ငါ မပြောပြလို့ မဖြစ်တော့ဘူး လို့ ကြံတွေးပြီး … ခုလို ဆက်ပြောပါတယ်။
“အသင် လူသား … သင်မှားနေပြီ၊ ဒီတောအုပ်ကြီးဟာ အလွန်ကြောက်စရာကောင်းတဲ့ ဘီလူးမကြီးရဲ့ ပိုင်နက် ဖြစ်တယ်၊ ဒီတောအုပ်ထဲ ရောက်လာသမျှ သတ္တ၀ါတွေကို သူက ဖမ်းစားနိုင်ဖို့ နတ်မင်းကြီးတွေဆီက အခွင့် ရထားတယ်၊ ဒါကြောင့် သင်ပြောတဲ့ ဇနီးသည်ဆိုတာ ဘီလူးမကြီးသာလျှင် ဖြစ်ရမယ် … ဒီဘီလူးမကြီးဟာ သင်နဲ့ ပေါင်းသင်းရာက ငြီးငွေ့လာတဲ့အခါ သင့်ကို သတ်စားလိမ့်မှာ ဧကန်ပဲ … သင် အမြန်ဆုံးသာ လွတ်အောင်ပြေးပေးတော့”
“မဖြစ်နိုင်ပါဘူး ခင်ဗျာ … ကျွန်ုပ်ဇနီးသည်ဟာ အလွန်သိမ်မွေ့ ယဉ်ကျေးလိမ်မာတဲ့ မိန်းကလေးပါ … ဘီလူးမကြီး မဟုတ်ပါဘူး”
အဲဒီလို ၀ိဇ္ဖာဓိုရ်ပြောတဲ့ စကားကို မယုံကြည်တဲ့ လုလင်ဟာ နေမြဲတိုင်းသာ ဆက်လက်နေထိုင်ခဲ့ပါတယ်။
နောက်တကြိမ် ၀ိဇ္ဖာဓိုရ်လာခိုက် သူနဲ့ထပ်တွေ့ပြီး အကျိုးအကြောင်း ပြောပြန်တော့လည်း ဒီလုလင်ဟာ မယုံကြည်ဘဲ ရှိစမြဲပါပဲ။
တတိယအကြိမ်ထပ်မံဆုံတဲ့အခိုက်မှာ
တော့ ၀ိဇ္ဖာဓိုရ်က မဖြစ်ချေဘူး ဆိုပြီး
“ကဲ … အသင်လူသား … သင့်ကို ကျွန်ုပ်တခု အကြံပေးမယ် … ညဘက် သင့်ဇနီး အိပ်မောကျပြီ ဆိုတဲ့အချိန်ကျရင် ဟောဒီ မီးခတ်ကျောက်နဲ့ အလင်းရောင်ရအောင် ခတ်ပြီး သင့်ဇနီးကိုကြည့်ပေတော့၊ အိပ်မောကျနေတဲ့အချိန်ဆို သူ ဟန်ဆောင်လို့ မရဘူး၊ ဇာတိပြန်လိမ့်မယ်၊ အသင် ကြည့်ဖြစ်အောင်ကြည့်ပါလေ”
လို့ ထပ်မံတိုက်တွန်းတော့မှ လုလင်လည်း မီးခတ်ကျောက်လေး ဆောင်ပြီး အိပ်ရာဝင်သတဲ့။
ညဘက် တော်တော်လေး ညနက်တဲ့အချိန် သူ့ဇနီး အိပ်မောကျပြီဆိုတော့မှ အသာလေး ထပြီး မီးခတ်ကြည့်တော့ အလင်းရောင်အောက်မှာ အစွယ်ပြူးပြူး ဘီလူးမကြီးကို ကြောက်မက်ဖွယ် တွေ့လိုက်ရတယ်။
ဒီတော့မှ သူလည်း အရမ်းကို ထိတ်လန့်သွားပြီး ငါ ဆက်နေလို့တော့ဖြင့် မဖြစ်ချေဘူး၊ ခုချက်ချင်း ပြေးမှ တော်ရုံကျမယ် လို့ တွေးမိပြီး တချိုးတည်း ပြေးတော့တာပဲ။
ခဏအကြာ ဘီလူးမကြီး သိတော့ နောက်ကလိုက်တယ်၊ သူကလည်း ရှေ့ကနေ မရပ်မနားပြေးရင်း ဘီလူးမကြီးပိုင်တဲ့ တောအုပ်ကိုလွန်သွားတဲ့အခါမှာတော့ … ဘီလူးမကြီးရဲ့ ဘေးဒုက္ခအပေါင်းက လွတ်မြောက်ရာကို ရောက်ရှိသွားပါတယ်။ ဒီတော့မှ လာလမ်းကို ပြန်ကြည့်တော့ တဖက်တောအုပ်ထဲမှာ ဘီလူးမကြီးက သူ့ကို မျှော်ငေးရင်း ကျန်နေခဲ့ပါတော့သတဲ့။
***
ပုံပြင်လေးကတော့ ဒါပါပဲ။
တကယ်တော့ ဒီပုံပြင်လေးဟာ ၀ိသုဒ္ဓိမဂ်ထဲက ၀ိပဿနာ ဥာဏ်စဉ်တွေနဲ့ပတ်သက်ပြီး ဥပမာပေးထားတဲ့ ပုံပြင်လေးတပုဒ်ပါ။
ကိုယ့်ခန္ဓာဟာ ဒုက္ခမှန်း မသိသေးသမျှ ခင်တွယ်နေကြ စွဲလမ်းနေကြတယ်၊ တကယ်တမ်း ဒုက္ခအတိဆိုတာကို ဥာဏ်နဲ့ ရှုမြင်လိုက်တော့မှ ဒုက္ခချုပ်ငြိမ်းရာကို ရှာဖွေ အားထုတ် ရှုမှတ်ကြရင်း ဥာဏ်စဉ် အဆင့်ဆင့် တက်သွားပြီး နောက်ဆုံးမှာ (ဒုက္ခမှ လွတ်မြောက်ရာ) မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ဆိုက်ရောက်ရကြောင်းကို ဒီပုံပြင်လေးနဲ့ ဖော်ပြထားတာပါ။
***
ကျမတို့ဟာ သာမန်အားဖြင့် အကျိုးနဲ့အပြစ်ကို ခွဲခြားပြီး သိကြပါတယ်။ ဒါပေမဲ့ အပေါ်ယံလောက်သာ သိကြတာမို့ အပြစ်ရှိမှန်း သိရက်နဲ့ လုပ်နေမိသလို အကျိုးရှိမှန်းသိရက်နဲ့ မလုပ်မိတာတွေ ရှိပါတယ်။ ဥာဏ်နဲ့ တကယ်ကို သိတော့မှသာ … အပြစ်ရှိကြောင်း မကောင်းသောအကျင့်တွေကို စွန့်လွှတ်နိုင်ပြီး အကျိုးရှိရာရှိကြောင်း ကောင်းသော အလုပ်တွေကို ပြုလုပ်နိုင်ကြမယ်ဆိုတာ သေချာပါတယ်။
ဒါကြောင့် ကျမ အလွန်နှစ်သက်တဲ့ ၀ိသုဒ္ဓိမဂ်လာ အောက်ပါအဆိုကို ဝေငှ လိုက်ရပါတယ်ရှင်။
***
အပြစ်တစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ စွန့်လွှတ်ခြင်းငှာ မစွမ်းနိုင်။
အကျိုးတစုံတရာကို ဥာဏ်နဲ့ရှုမမြင်သေးသရွေ့ ရယူခြင်းငှာ မစွမ်းနိုင်။

Thursday, 18 September 2014

သင့်ဘေးက သူငယ်ချင်းတွေ ဟာ စစ်မှန် တဲ့ သူငယ်ချင်း ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက် (၈) ချက်



သင့်ဘေးက သူငယ်ချင်းတွေ ဟာ စစ်မှန် တဲ့ သူငယ်ချင်း ဟုတ်မဟုတ် ခွဲခြားနိုင်တဲ့ အချက် (၈) ချက် သင့်မှာ သူငယ်ချင်း တွေ အများကြီး ရှိတယ် ဆိုပါစို့။ သူတို့ အားလုံးဟာ သင့်ရဲ့ သူငယ်ချင်း အစစ် အမှန်တွေ ဖြစ်ရဲ့လား။ ဟုတ်ရဲ့လား။ သင် ဒုက္ခရောက်တဲ့ အချိန်၊ သင်ပြသနာ တစ်ခုခု ကြုံရတဲ့အချိန် သင့်ဘေး မှာ သူတို့ရှိနေသေး ရဲ့လား။ ဒါမှ မဟုတ် စိတ်တူ ကိုယ်တူဖြစ်ရဲ့လားဆိုတာ ဒီအချက် ကလေးတွေနဲ့ ခွဲခြားကြည့်ရအောင်။

၁။သင်ခေါ်တဲ့ အခါ သူတို့ ဘယ်တော့ မှ မငြင်းတတ်ဘူး။
ညဘက်အပြင်ထွက်လည်တဲ့ အခါ၊ ဒါမှ မဟုတ် နေ့ခင်းဘက် ရှော့ပင် သွားတဲ့အခါ ဘယ်အချိန် သူတို့ကို ခေါ်လိုက် ခေါ်လိုက် အကြောင်းပြပြီး ငြင်းလိုက်တာမျိုး မရှိဘူး။ သင့် အတွက် သူတို့ အမြဲရှိပေးတယ်။


Wednesday, 17 September 2014

အခွင့်အလမ်း များပေါ်နေချိန် တွင် မြန်မာလူငယ်တို့ အိပ်မက်များကို အကောင်အထည်ဖော်ရန် ဦးဖိလစ်မောင် တိုက်တွန်း

အမေရိကန်တွင် ရွှေ့ပြောင်းလုပ်သား ဘဝမှ လုပ်ငန်းရှင်ကြီး ဖြစ်လာသူ ဦးဖိလစ်မောင်နှင့် တွေ့ဆုံခြင်း
လွန်ခဲ့သည့်အနှစ် ၂၀ ကျော်က အမေရိကန်နိုင်ငံ သို့ ရွှေ့ပြောင်း လုပ်သား အဖြစ် ရောက်ခဲ့သော မြန်မာ လူငယ်တစ်ဦး မှာ ယခုအခါ အမေရိကန်နိုင်ငံတွင် အောင်မြင်သော စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ဖြစ်နေပါပြီ။

သူ့ အမည်က ဦးဖိလစ်မောင်။ အမေရိကန်ရောက်စ တွင် ဆူရှီဆိုင် တစ်ဆိုင်၌ ဝန်ထမ်း အဖြစ် လုပ်ကိုင်ရင်း အလုပ်ကြိုးစား ကာ ပိုက်ဆံစုခဲ့သည်။ စုထားသည့်ပိုက်ဆံများဖြင့် ၁၉၉၈ တွင် ကိုယ်ပိုင်ဆူရှီဆိုင်ဖွင့်လာနိုင်ခဲ့ပြီးနောက် သူ့ဆိုင်များ အောင်မြင်ခဲ့သည်။

၂၀၁၂ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ ကျဆင်း၍ ကုမ္ပဏီ အများအပြား ဝန်ထမ်းလျှော့ချ နေချိန်တွင် သူ့ကုမ္ပဏီ မှာ အောင်မြင်ဆဲဖြစ်သည်။ ထို့ကြောင့် အမေရိကန် သမ္မတ အိုဘားမား ကပင် ခေါ်ယူတွေ့ဆုံခဲ့သည်။

Sunday, 14 September 2014

လူ့အရင်း အမြစ် ကို သုံးစွဲခြင်း




မိမိတို့ မတိုးတက်ခြင်း မှာ (၁) သယံဇာတ ကို မသုံးစွဲ တတ်ခြင်း၊ (၂) လူ့အရင်း အမြစ်ကို မစီမံ တတ်ခြင်း နဲ့ (၃) စနစ် မကျခြင်းလို့ ပြောလို့ ရတယ်။ ဒီမှာ လူ့အရင်း အမြစ်နဲ့ပတ်သက်ပြီး ပြော လိုတယ်။

လူဆိုတာ အမြင်ကျယ် သလောက် လုပ်လို့ ရတယ်။ သုံးတတ် သလောက် အသုံး ဝင်တယ်။ လူ့အရင်း အမြစ် ကို အံဝင် ခွင်ကျ သုံး တတ်ရင် အကျိုး အင်မတန် များတယ်။ လူ့အရင်း အမြစ် ကို မသုံးတတ်ရင် ပဋိပက္ခ ဖြစ်ပွား တတ်တယ်။

အသင်း အဖွဲ့ ထူထောင်ခြင်း ဆိုတာ ပညာရှင် များကို နဖားကြိုး တပ်ပြီး ခိုင်းစေဖို့ မဟုတ်ဘူး။ အစိုးရ တစ်ရပ် ထားရှိခြင်း မှာလည်း ပဲ ပြည်သူ့ စွမ်းအား ကို ထိန်းချုပ်ပြီး မိမိ ကိုယ်ကျိုး အတွက် အသုံးချဖို့ မဟုတ်ဘူး။ 


Monday, 1 September 2014

မတော်လို့ ညံ့တာ မဟုတ်ပါဘူး

မတော်လို့ ညံ့တာ မဟုတ်ပါဘူး  










တစ်ချို့ က တကယ်ကြိုးစား ကြတယ်။ သို့သော် သူတို့၏ ဘဝပေး ကုသိုလ်ကံကြောင့် အောင်မြင်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်မလာ ကြပါဘူး။ သူတို့ ထိပ်ဆုံး သို့ မရောက်ခဲ့ပေမယ့် အလယ်အလတ် မကအောင် ရောက် ရှိ ခဲ့ကြတယ်။

သူတို့ဟာ မကြိုးစား လို့ ညံ့တာ မဟုတ်ဘူး။ သူတို့ဟာ မတော်လို့ ညံ့နေတာ လည်း မဟုတ်ဘူး။ ထို သူတို့ ရဲ့ အားနည်းချက်တွေ ကို ဖေးမ ကူညီ ရိုင်းပင် ဆွဲတင် ပေးပါ။ သူတို့ဟာ ညံ့ဖျင်းသူတွေ လို့ သတ်မှတ် ခံထား ရတဲ့ အတွက်ကြောင့် ဘေးဖယ်ခြင်း ကို ခံနေရတယ်။


လုပ်ချင်တာ လုပ်ခွင့် ရှိသော တိုင်းပြည်

လုပ်ချင်တာလုပ်ခွင့် ရှိသော တိုင်းပြည် 








ထို တိုင်းပြည် သည် လုပ်ချင်တာ လုပ်ခွင့် ရှိသော တိုင်းပြည်ဖြစ်သည်။ 

ထို တိုင်းပြည် တွင် ရှိသော သူ များသည် ကိုယ်လုပ်ချင် သည် များကို လွတ်လပ်စွာ လုပ်ခွင့်ရှိကြသည်။ 

ဆန္ဒပြ ချင်သူက ဆန္ဒပြခွင့် ရှိ သည်။ ဖမ်းချင် သူက ဖမ်းချင် သလို ဖမ်းခွင့် ရှိသည်။ ကျူးကျော် သူက ကျူးကျော် ချင် သလို ကျူးကျော်ခွင့်ရှိသည်။ မြေ သိမ်းချင်သူက သိမ်းချင်သလို သိမ်း ခွင့်ရှိသည်။ သစ်ပင် စိုက် သူက စိုက်ချင် သလို စိုက်ခွင့် ရှိသည်။ သစ်ပင်ခုတ် သူက သစ်တောပြုန်းတီးသည် အထိ ခုတ်ခွင့် ရှိသည်။

ငတ်သေ သူများ ငတ်သေခွင့် ရှိ သလို၊ ချမ်းသာ သူများ စိတ်ကြိုက် ချမ်းသာခွင့် ရှိသည်။ တော်လှန်ချင်သူ က လက်နှင့် တော်လှန်ခွင့် ရှိသလို၊ သေနတ်ရှိ သူ များကလည်း ရှိသော သေနတ်နှင့် စိတ်ကြိုက် ပစ်ခွင့် ရှိသည်။ 

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုး လာလို့ သာသနာတောင် မှေးမှိန် သွားနိုင်တယ်

ယနေ့ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး မှာ ယခုလို ဘိုးတော်တွေ က သူတို့ ဆယ်မှ ရတယ် ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာ ကို ဝမ်းသာ စရာထက် တိုင်းပြည် မှာ ဒီခေါင်းလောင်း ဆယ်တာကို အကြောင်း ပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေ ကို ယုံကြည်မှု အားတွေ များလာကြပြီး နေရာတိုင်း နဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။

 တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီး လို့ နေကြ ပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာ နဲ့ ခေတ်မီ Floating Crane နဲ့ မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေ အပေါ်ရောက်နိုင်တာမျိုးပါ။


နောက်ပြီး နဂါးတွေ က ခေါင်းလောင်း ကို ဆီမီး ပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်း ပါပဲ၊ ဘုရား က ဘုရား ပဲ။ ခေါင်းလောင်း ဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်း လုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြ တာမို့ ခေါင်းလောင်း ဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ် အသား Symbol တွေပဲ ဖြစ်ပါတယ်။

လှတာမက်လို့ ညစာ ခက်ရပြီ



တိုင်းရေးပြည်ရေး ၊ခေါင်းလောင်း အရေး ၊နဂါးရေးတွေနဲ့ရှုပ်ယှက် ခတ်နေ တဲ့ ချာရာဏသီမြန်မာ ပြည်ကြီးမှာ သိုးသိုး သံ့သံ့လေး တွေကြားနေရတာ ကတော့ အလှ မယ်လေးတွေရဲ့သရဖူဇာတ် လမ်း တွေပါပဲ။

အလှမယ်တွေ နဲ့ သူတို့ ရဲ့ အဖွဲ့အစည်းတွေအကြား သရ ဖူတွေ သိမ်းလိုက် အပြိုင်အဆိုင် ပြန်ရှင်းကြနဲ့ ပြဿနာတွေ တိုးတိုး ကျိတ်ကျိတ်ဖြစ်နေတာ ကတော့ ကြာပါပြီ။ မနေ့ည ကတော့ အထင်ကရ ထုတ်ပြန် ချက်တွေနဲ့ ကြားလိုက် ရတာက = အိုပါးတို့ဌာနေတောင် ကိုရီးယားပြည်ကြီး မှာ မယ်ဘွဲ့ယူထားတဲ့ အလှ မယ်လေး ရဲ့သရဖူ ကို ကိုရီးယား အဖွဲ့က ပြန်သိမ်း လိုက်တယ် ဆိုတယ်။ ဘာတွေဖြစ်ကြ သတုံးပေါ့ မေးကြ မြန်းကြပါဦးပေါ့။

 တကယ်တော့ မယ်တွေမှာ ဆု အသိမ်း ခံရတာ မဆန်းပါဘူး တဲ့။ ၁၉၈၃ ခုနှစ်လောက်မယ် အမေရိက ဆုကို ရခဲ့တဲ့ ဗာနက် ဆာဝီလျံ ဆိုရင်လည်း အဲဒီလို သရဖူဆု သိမ်းခံရတယ်။ မယ် ရပြီးမှ သူ့ရဲ့ကိုယ်လုံး တီးပုံတွေရိုက်ထား တာပေါ်သွားလို့ပါ။


Sunday, 31 August 2014

ကျွန်တော် ရေလောင်းဖြစ်ခဲ့သော အဆိပ်တစ်ပင် အကြောင်း….(ဟာဂျူလီ-ကသာ)

10626600_683851945036991_6859074815271391014_n

ဝန်ထမ်းတော်တော် များများ က ကျွန်တော့် ကို ကလောင် သရမ်းသူ ဆတ်ဆတ်ထိ မခံသူ လူဆိုး တစ်ယောက် လို မြင်နေကြပါတယ်၊ တကယ်တမ်းပြော ရရင် ၀န်ထမ်းတွေ နဲ့ ပတ်သက်ရင် ကျွန်တော် အတော်ကြီး ချင့်ချိန် လေ့ရှိပါတယ်၊ 

သူတို့ရဲ့ ဖြေရှင်း ရမယ့် အချိန်တွေ ငွေတွေ လုပ်သက်တွေ ကို စာနာပြီး ကိုယ့်ဆီရောက် လာတဲ့ တိုင်တဲ့ တောတဲ့ သူတွေ ကို အတတ်နိုင်ဆုံး နှစ်ဦး နှစ်ဖက် ပြေလှယ်အောင် ဖြေလျှော့ ပေးလေ့ရှိပါတယ်၊ 
လုံးဝ ညှိမရတဲ့ ဖြစ်စဉ်တွေ ၀န်ထမ်း ဘက်က မောက်မာ လွန်းတာတွေ ဗိုလ်ကျ လွန်းတာတွေ ဖြစ်လာမှ သာ ရေးသင့် သားသင့် တာကို အွန်လိုင်းပေါ် (ဒါမှ မဟုတ်) စာမျက်နှာတွေပေါ် တင်လေ့ရှိပါတယ်၊ 

ဘာကြောင့် ဒါတွေကို ဒီလောက် ငဲ့ညှာ နေရတာလဲ ဆိုရင် အချက်(၂)ချက် ရှိပါတယ်၊ 
(၁)က ၀န်ထမ်းတွေ ရဲ့ စားဝတ်နေရေး မပြည့်စုံ မှု 
(၂) ၀န်ထမ်း တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဂုဏ်သိက္ခာ ထိခိုက် သွားမယ့် မိခင် ဌာန တွေကြောင့်ပါ၊ 


Wednesday, 27 August 2014

မိန်းကလေး များ ဆေးခတ်ပြီး လိင် အစော်ကား မခံရအောင် ဘယ်လို ကာကွယ်မလဲ

 

အဲဒီလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက် သင့်တယ် ဆိုတာ ရေးပြ မှ ဆေးကြော်ညာ မဖြစ်မှာပါ ။

(Date Rape Drugs သတိ လစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါး များ ထဲမှာ ရေးထား တာတွေဖြစ်ပါတယ်။)
 

ကိုယ်နဲ့ မသိသူများ မှ တိုက်ကျွေး တဲ့ ဖျော်ရည်၊ သောက်ရေ စတဲ့ အရည်တွေ မသောက်ပါနဲ့။ 

အအေး သံဗူးတွေ ကို ကိုယ်တိုင် ဖွင့်ပြီး သောက်ပါ။ 

ကိုယ်ပိုင် သောက်ေ ရနဲ့ အအေးဗူးတွေ ကို ကိုယ်နဲ့ မကွာထားပြီး၊ အိမ်သာ သွားရင်လဲ ယူသွားပါ။ 

အအေးနဲ့ရေ ကို တခြားသူနဲ့ မျှဝေ မသောက်ပါနဲ့။

Saturday, 23 August 2014

တန်‌ဖိုး ဟူသည်‌.....


Win Thu's photo. 

အလုပ်‌ရုံ တစ်‌ခုထဲမှာ။ အ‌ဖေနှင့်‌ သမီး‌ပြောကြ‌သော စကားများဖြစ်‌သည်‌။
အ‌ဖေဖြစ်‌သူ က လက်‌ထဲမှာ အရာဝတ္ထု တစ်‌ခုကို ဆုတ်‌ကိုင်‌ပြီး သမီးဖြစ်‌သူ ကို‌ပြောတယ်‌။


အ‌ဖေ....သမီး အ‌ဖေ့ လက်‌နဲ့ ဆုတ်‌ကိုင်‌ထားတဲ့ အရာက ဘာလဲသိလား...?
သမီး.....မသိဘူး အ‌ဖေ..။။


အ‌ဖေ...သိချင်‌လားသမီး....။။
သမီး....သိချင်‌တာ‌ပေါ့ အ‌ဖေ...။
 

အ‌ဖေ....အဲလိုဆို ရင်‌ ထိုင်‌ ထ ၅ ‌ခေါက်‌လုပ်‌...။
သမီး...ထိုင်‌ထလုပ်‌သည်‌။ ပြီးဆက်‌‌ပြောတယ်‌။ ပြ‌တော့ အ‌ဖေ သမီး ထိုင်‌ထ လုပ်‌ပြီးပြီ။


သီတဂူ ဆရာတော် နိုင်ငံတကာ ဘာသာရေး လွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့ အား ပြောင်မြောက် ပြတ်သားသော စကားမိန့်

 သီတဂူဆရာတော် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင်
အဖွဲ့အား ပြောင်မြောက် ပြတ်သားသောစကားမိန့် ။
==================================================
အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့သည် ၂၁-၈-
၂၀၁၄ ခု၊ ယနေ့ နံက်(၀၉း၀၀)နာရီတွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ သီတဂူ
ဆရာတော်ကြီးအား လာရောက်တွေ့ဆုံသည့်ပွဲမှာ သီတဂူဆရာတော်ကြီးပြောလိုက်
သည့် စကားများ

လူကြီးမင်းများခင်ဗျား၊
ကောင်းသောနံနက်ခင်းပါ။
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်က ရင်းနှီးစွာ ကြိုဆိုပါတယ်။
တွေ့ဆုံခွင့်၊ စကားပြောဆိုဆွေးနွေးခွင့်ရလို့ ၀မ်းသာပါတယ်။

ဘာသာတရားစတင်ပေါ်ပေါက်
--------------------------------------
ယနေ့ကမ္ဘာပေါ်မှာ လူသားတို့ကိုးကွယ်ရာ အဓိကကျသောဘာသာကြီး(၆)ခု ရှိကြပါ
တယ်။ ကမ္ဘာဦးလူသားတွေ မြေကြီးပေါ်ရောက်လာတဲ့အချိန်ကစပြီး လူသားတို့သည် 
ကြောက်စိတ်ကိုအခြေခံ၍ နေကိုကိုးကွယ်ခြင်း၊ လကိုကိုးကွယ်ခြင်း၊ နတ်အမျိုးမျိုးကို
ကိုးကွယ်ခြင်းတို့ ရှိခဲ့ကြပါတယ်။ အဲဒါကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီ
ခေတ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ Religionတွေကို ကြောက်စိတ်က စတယ်လို့ ပညာရှိအများစု
တို့က ဆိုကြပါတယ်။ အကြောက်တရားတွေမှ သက်သာရာရစေဖို့ ကိုးကွယ်မှုဆိုင်ရာ အယူအဆတွေ စတင်ခဲ့ကြတာလို့ ဗုဒ္ဓကလည်း အတိအလင်း ပြောထားပါတယ်။ ဒါဆို
ရင် ဘာသာတရားတိုင်းဟာ လူသားတွေရဲ့ရင်ထဲက အကြောက်တရားတွေကို 
သက်သာရာ ရစေဖို့နဲ့ ဖြစ်နိုင်ရင် အကြောက်တရားတွေကို လုံးဝဖယ်ရှားပေးဖို့ 
တာဝန်ရှိပါတယ်။

ဘာသာတရားတိုင်းနှင့် အတူလက်တွဲနိုင်တဲ့ ဗုဒ္ဓဘာသာ
---------------------------------------------------------------------
ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကြောက်စရာကောင်းတဲ့ ဘာသာတရားတချို့နဲ့ ကြောက်
စရာ ကောင်းတဲ့ ဘာသာဝင်တချို့ ပေါ်ပေါက်လာတာဟာ အလွန်ပဲ ၀မ်းနည်းစရာ
ကောင်းပါတယ်။ Primitive Religionတွေရဲ့ နောက်မှာတော့ ဟိန္ဒူဘာသာ ပေါ်ပေါက်
လာပါတယ်။ ဟိန္ဒူဘာသာ ထွန်းကားတဲ့ နယ်မြေမှာ ဂျိန်းဘာသာရယ်လို့ ပေါ်ပေါက်
လာပြန်တယ်။ ဂျိန်းဘာသာ ပေါ်ပေါက်လာပြီးသည့်နောက် အနှစ်လေးဆယ်လောက်
အကြာမှာ ဗုဒ္ဓဘာသာ ပေါ်ပေါက်ခဲ့ပြန်ပါတယ်။ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာနှင့် ဂျိန်း
ဘာသာဝင်တို့ရဲ့ နယ်မြေမှာပေါ်ပေါက်ခဲ့ပြီး ဟိန္ဒူဘာသာဝင်တွေ ဂျိန်းဘာသာဝင်တွေ
နှင့် နှစ်ပေါင်းများစွာ အတူတကွငြိမ်းချမ်းစွာယှဉ်တွဲ နေထိုင်လာခဲ့ကြပါတယ်။ ဂျိန်း၊ 
ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဝင်တို့ရဲ့သမိုင်းမှာ အချင်းချင်းသွေးထွက်သံယို တိုက်ခိုက်သတ်ဖြတ်
နှိပ်စက်တဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ဘူးတယ်ရယ်လို့ မရှိခဲ့ဖူးပါဘူး။ ဟိန္ဒူဘာသာဝင်တို့က 
ဗုဒ္ဓဟာ ဗိဿနိုးဝင်စားတဲ့သူလို့ ဆိုတာတောင်မှ ပြန်လှန်တိုက်ခိုက်ခြင်း ပဋ္ဋိပက္ခမျိုး မရှိ
ခဲ့ပါဘူး။ ဟောပြောရေးသားတုန့်ပြန်ချေပတာလောက်ပဲ ရှိခဲ့ပါတယ်။

လွတ်လပ်ခွင့်အပြည့်ရှိသော ဘာသာ
----------------------------------------------
ဗုဒ္ဓ၏နောက် အနှစ်ခြောက်ရာကျော်ကြာတော့ Jesus Christ ပေါ်ပေါက်လာပါခဲ့
တယ်။ Jesus Christ ဟောပြတဲ့ ပညတ်တော်(၁၀)ပါးမှာ ဗုဒ္ဓဟောပြသောသီလတရား 
ဗြဟ္မစရိယတရားတွေနှင့် ထပ်တူညီမျှတဲ့ အချက်တွေ များစွာတွေ့ရပါတယ်။ ခရစ်ယာန်
သာသနာပြုတို့ အရှေ့အာရှဘက်ကို ၀င်ရောက်လာကြတော့ ဟိန္ဒူဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံများဖြစ်ကြတဲ့ အိန္ဒိယ၊ သီဟိုဠ်၊ ဗမာ၊ ထိုင်း၊ ကိုးရီးယား၊ 
ဂျပန် စတဲ့ နိုင်ငံတွေမှာ ၀င်ရောက်ပြီး ခရစ်ယာန်သာသနာကို ဖြန့်ချီခဲ့ကြပါတယ်။ အဲဒီခရစ်ယာန်သာသနာပြုတွေနှင့် သူတို့ရောက်ရာတိုင်းပြည်အသီးသီးက ဗုဒ္ဓဘာသာ
ဝင်တွေ ဟိန္ဒူ ဘာသာဝင်တွေဟာ အချင်းချင်း ချစ်ခင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်း၍ 
နေထိုင်ခဲ့ကြပါတယ်။ ပဋိပက္ခရယ်လို့ မရှိခဲ့ကြပါဘူး။ အဲဒါဘာကြောင့်လည်းဆိုတော့ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ၊ ခရစ်ယာန်ဘာသာဝင်တွေဟာ သူတို့သက်ဆိုင်
ရာ ဘာသာတရား အသီးသီးမှာ ဟောထားတဲ့ သီလ(morality)၊ မေတ္တာ (loving-
kindness)၊ ကရုဏာ(compassion)ဆိုတဲ့ common-platformပေါ်မှာ အတူတကွ 
လက်တွဲ လျှောက်လှမ်းနေကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။

မေတ္တာနှင့်ကရုဏာကို အခြေခံသောဘာသာရေးမှာ ပဋိပက္ခကင်းပြီးတော့ ကျန်းမာရေး 
ပညာရေး အစရှိတဲ့ လူမှုရေးအကျိုးစီးပွားတွေကိုသာ ဆောင်ရွက်ကြတာဖြစ်ပါတယ်။ ခရစ်ယာန်တွေ ဗုဒ္ဓဘာသာထဲ ကူးပြောင်းဝင်ရောက်ကြတာတွေ အတိတ်မှာရော 
ပစ္စုပ္ပန်မှာပါ အများကြီးရှိပါတယ်။ ဗုဒ္ဓဘာသာဝင်တွေက အတင်းအကြပ်နှိပ်စက်လို့ ၀င်လာကြတာမျိုး မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တွေ ခရစ်ယာန်ဘာသာထဲ ကူးပြောင်း
ဝင်ရောက်ကြတာလည်း ကျွန်ုပ်တို့မြန်မာနိုင်ငံထဲမှာ အများအပြားပဲ ရှိပါတယ်။ ခရစ်ယာန်တွေကခြိမ်းခြောက်လို့ ၀င်ရောက်ကြတာမဟုတ်ပါဘူး။ သူတို့ဆန္ဒနဲ့ သူတို့ ၀င်ရောက်ကြတာဖြစ်ပါတယ်။ မည်သည့်ဘာသာမဆိုလွတ်လပ်စွာ ယုံကြည် 
ကိုးကွယ်ခွင့် freedom of worship, freedom of belief ဆိုတာရှိပါတယ်။

ကမ္ဘာ့ကြောက်စရာကောင်းသော ဘာသာတရားတစ်ခု ရှိနေ
-------------------------------------------------------------------------
Aggressiveness and extremism ၀ါဒဟာ ဘာသာရေးမှာရော နိုင်ငံရေးမှာပါ ပဋိပက္ခ
ဖြစ်ခြင်းရဲ့ အစလို့ အားလုံးသတိပြုကြရမှာ ဖြစ်ပါတယ်။ ဒီကနေ့ အီရတ်မှာ အစ္စလာမ်း
မစ် အစွန်းရောက်တွေက ရှေးဟောင်း Zoroastrianism ဘာသာဝင်တွေကို သေနတ်
နှင့်ချိန်ပြီးတော့ သူတို့ဘာသာထဲ အတင်းအကျပ် ၀င်ခိုင်းနေပါတယ်။ အစၥလာမ္ဘာသာ
ထဲ မပြောင်းရင် သတ်မယ်လို့ ခြိမ်းခြောက်နေပါတယ်။ အာဖရိကမှာတော့ အစ္စလာမ်
ဘာသာဝင် အမျိုးသမီးတစ်ယောက် ခရစ်ယာန်ဘာသာထဲ ၀င်ခဲ့ရောက်လို့ သေဒဏ်
ပေးခံရတဲ့ သတင်းကိုလည်း ကြားရပါတယ်။ ဒါကြောင့် ဒို့အရှေ့အာရှကအင်အားချိနဲ့
တဲ့ ဗုဒ္ဓဘာသာဝင်နိုင်ငံလေးတွေဟာ ယနေ့အရှိန်အဟုန်နဲ့ ကြီးမား ကျယ်ပြန့်လာတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓါးအောက် ကျရောက်ရမှာကို ကြောက်ရွံ့ စိုးရိမ် နေကြ
ပါတယ်။ အနှစ်လေးဆယ်ကြာခရူးဆိတ် ဘာသာရေး စစ်ပွဲကြီးကို ကြည့်ပါ။ ကမ္ဘာ့
သမိုင်းမှာ မှတ်တမ်းတင်ရတဲ့ စစ်ပွဲကြီးတစ်ခုပါ။

မွတ်စလင်နိုင်ငံထူထောင်ဖို့ ကမ္ဘာအနှံ့အပြား တိုက်ခိုက်နေ
------------------------------------------------------------------------
အေဒီ-(၁၃ရာစု)နှစ်လောက်က တူရကီမှအိန္ဒိယပြည်ကြီးကို ဖြတ်သန်းချီတက်လာတဲ့ မွတ်စလင်စစ်တပ်ကြီးဟာ ပါလခေါ်တဲ့ ဗုဒ္ဓဘာသာနိုင်ငံကြီးတစ်ခုလုံးကို တိုက်ခိုက်
ဖျက်ဆီး၍ အတင်း အကျပ် အစ္စလာမ်းမစ်နိုင်ငံအဖြစ် ပြောင်းခဲ့တဲ့ သမိုင်းတစ်ခုရှိခဲ့
ပါတယ်။ ဗုဒ္ဓဘာသာမင်းဆက်ပေါင်း ၁၂-ဆက် မျှအုပ်ချုပ်ခဲ့တဲ့ ပါလဗုဒ္ဓဘာသာ
နိုင်ငံတော်ကြီးဟာ ဒီကနေ့ ကမ္ဘာကျော်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပါပဲ။ ဖိလစ်ပိုင် နိုင်ငံ
တောင်ပိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ အနှစ်
နှစ်ဆယ်လောက် ကြာခဲ့ပါတယ်။ ဒီကနေ့ မွတ်စလင် Muslim State ထူထောင်လိုက်
ပါပြီ။ ထိုင်းနိုင်ငံ တောင်ပိုင်းမှာလည်း အစ္စလာမ်ဘာသာဝင်တွေ ဒီကနေ့ လက်နက်
ကိုင်တိုက်ခိုက် နေကြပါပြီ။ မူစလင် နိုင်ငံထူထောင်ရေးပါပဲ။ ဘာသာရေးကို သန့်သန့်
ရှင်းရှင်း၊ လူတို့ရဲ့အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ စိတ်ထားဖြူစင်ရေးနဲ့ လူမှုရေး 
ကောင်းရာကောင်းကျိုးတွေအတွက်သာ အသုံးပြုရမှာ ဖြစ်ပေမယ့် ဒီကနေ့ အစ္စလာမ်
ဘာသာဝင်တွေရဲ့ လောကမှာ ဘာသာရေးစစ်ပွဲဆင်နွှဲပြီးတော့ အစ္စလာမ်းမစ်နိုင်ငံ
ထူထောင်ဖို့ လုပ်နေကြတာဟာ အလွန်ပဲစိတ်ပျက်ဝမ်းနည်းဖွယ်ရာ ကောင်းပါတယ်။

ဘင်္ဂလားတွေကို မြန်မာပြည်ထဲသွင်းခဲ့သူ
----------------------------------------------------
ကျွန်ုပ်တို့ မြန်မာနိင်ငံဟာ ၁၉၄၈-ခုနှစ်က အင်္ဂလိပ်လက်အောက်က လွတ်မြောက်ခဲ့
ပါတယ်။ အင်္ဂလိပ်က ကျွန်ုပ်တို့နိုင်ငံကို အနှစ်တစ်ရာနီးပါးအုပ်ချုပ်ခဲ့တယ်။ အဲဒီအင်္ဂလိပ်
တွေက မြန်မာနိုင်ငံမှာ ကားလမ်း ရထားလမ်းဖောက်ခြင်းစတဲ့ အလုပ်တွေအတွက် အလုပ်သမားတွေကိုအိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်ကနေပြီးစည်းမဲ့ကမ်းမဲ့ဥပဒေကင်းမဲ့စွာ
နဲ့ မြောက်များစွာ တင်သွင်းခဲ့တယ်။ အမေရိကန်တွေ United Statesကို ထူထောင်
ခဲ့စဉ်တုန်းက အာဖရိကကလူမည်းတွေကို ကျေးကျွန်အဖြစ် ခေါ်သွင်းခဲ့ကြသလိုပါပဲ။ 
ပြီးတော့ အင်္ဂလိပ်ရဲ့ အုပ်ချုပ်မှုစနစ်ဟာ မြန်မာနိုင်ငံ အနာဂတ်ဆိုးကျိုးကို များစွာဖြစ်စေ
ခဲ့တဲ့ အချက်တစ်ခု ရှိပါသေးတယ်။ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာအတွင်းမှာ ဗမာ့
တပ်မတော်ရယ်လို့ ဗမာတွေကို စစ်တပ်ဖွဲ့၍ အုပ်ချုပ်ခဲ့တာမရှိပါဘူး။ ဒါပေမယ့် အံ့သြ
စရာ ကောင်းတာက ကရင်တပ်မတော် ကချင်တပ်မတော် ချင်းတပ်မတော် ကယား
တပ်မတော်တွေရယ်လို့ ခရစ်ယာန်ဘာသာဝင်အများစုဖြစ်ကြတဲ့ တိုင်းရင်းသားတွေကို စစ်တပ်ဖွဲ့ပြီး ဒို့ဗမာနိုင်ငံကို အုပ်ချုပ်ခဲ့ကြတယ်။

အင်္ဂလိပ်တွေထားခဲ့ ဆိုးမွေ
----------------------------------
အင်္ဂလိပ်အစိုးရအင်္ဂလန်ပြန်သွားတဲ့အခါမှာ သူတို့ဖွဲ့ထားခဲ့တဲ့ ကရင်တပ်တွေ ကချင်
တပ်တွေ ကယားတပ်တွေ အားလုံးသူပုန်ထပြီး ဗမာအစိုးရကို တော်လှန်ကြတော့တာ
ပါပဲ။ အဲဒီပြဿ     နာတွေကို ဒီကနေ့တိုင် ဒို့နိုင်ငံမှာဖြေရှင်းလို့ မရသေးပါဘူး။ အဲဒါဟာ
လွတ်မြောက်ပြီးစ ဒို့လို ကိုလိုနီနိုင်ငံလေးများရဲ့ ခံစားရစမြဲဖြစ်တဲ့ ဒုက္ခတွေပါပဲ။ နောက်
တစ်ခုရှိသေးတယ်၊ ရခိုင်ပြည်နယ်တစ်ခွင်မှာ အင်္ဂလိပ်အုပ်ချုပ်ခဲ့တဲ့ အနှစ်တစ်ရာနီးပါးမျှ
ကာလပတ်လုံး ဥပေဒမဲ့ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့ ဘင်္ဂါလီတွေဟာ (၁၉၄၈-၄၉) ခုနှစ်
များမှာ မူဂျာဟစ်အမည်နဲ့ သူပုန်ထပြီးတော့ ပြည်နယ်တောင်းခဲ့ကြတယ်။ Musulim 
State ထူထောင်ဖို့ ကြိုးစားခဲ့ကြတယ်။ အဲဒီအစ္စလာမ်းမစ် မူဂျာဟစ်သူပုန်တွေကို ဗမာ့တပ်မတော်ဟာ အကြိတ်အနယ် တိုက်ခိုက်ခဲ့ရဖူးပါတယ်။ ဒီကနေ့တော့ သူတို့ဟာ ဘင်္ဂါလီလို့လည်းမပြောဘူး။ မူဂျာဟစ်လို့လည်း မပြောဘူး။ ရိုဟင်ဂျာလို့ ကြေညာ
ပြီးတော့ သူတို့ကိုယ်တိုင် သူတို့အိမ်တွေကို မီးရှို့ပြီးတော့ သူပုန်ထဖို့၊ သီးခြားနယ်မြေ
တောင်းဖို့ ကြိုးစားနေကြပါတယ်။

ကမ္ဘာကြီးနဲ့ မီဒီယာများကို ကြီးစိုးလာတဲ့ အစ္စလာမ်
--------------------------------------------------------------
ဒို့တတွေက ကမ္ဘာမှာဒုတိယအင်အားအကြီးမားဆုံး ငွေကြေးအကြွယ်ဝဆုံး ဖြစ်တဲ့ 
အစ္စလာမ်ကမ္ဘာကို မပြိုင်နိုင်ကြဘူး၊ မယှဉ်နိုင်ကြဘူး။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တွေ
ထဲမှာတောင် အစ္စလာမ်းမစ်နိုင်ငံတွေက ဒုတိယနေရာအများဆုံးမှာ ရောက်နေကြပြီ။ မီဒီယာလောကမှာလည်း Money Powerနဲ့ မီဒီယာတွေအပေါ်မှာ လွှမ်းမိုးလို့နေပါပြီ။ 
Money Powerအားကောင်းတဲ့ အစ္စလာမ်တွေက ကမ္ဘာမှာ ရေဒီယို တယ်လီဗေးရှင်းနဲ့ ဂျာနယ် တော်တော် များများကို ဆုပ်ကိုင်ထားပြီး ဖြစ်နေပါတယ်။ အဲဒီလို သြဇာအာဏာ
ကြီးမားတဲ့ မီဒီယာလောကကို ဒို့ဆင်းရဲတဲ့ဗမာနိုင်ငံလေးဟာ ထိုးဖောက်နိုင်ခြင်းမရှိလို့ ဗမာကပြောသမျှ ကမ္ဘာကမယုံဘူး။ အစ္စလာမ်ကပြောလိုက်ရင် တစ်ကမ္ဘာလုံး တအုန်း
အုန်းဖြစ်နေကြတယ်။ ဒို့နိုင်ငံတော်ရဲ့ ဂုဏ်သတင်းဟာ ကမ္ဘာမှာ မကောင်းဘဲဖြစ်
နေတာဟာ အစ္စလာမ်မီဒီယာတွေရဲ့ သြဇာအာဏာကြောင့်ပဲဖြစ်တယ်။

ဒါကြောင့် ဒို့ကတော့ မြတ်ဗုဒ္ဓဆုံးမတဲ့အတိုင်း favour နှင့် fear အစွန်းနှစ်ဘက်က လွတ်အောင်ရှောင်ပြီး ဒို့တိုင်းပြည်နဲ့ဒို့လူမျိုးကို ဓမ္မဓိဌာန်ကျကျ စောင့်ရှောက် ကာကွယ်
သွားမည် ဖြစ်ကြောင်းပြောကြားလိုပါတယ်။

လူကြီးမင်းများခင်ဗျား ------------

နိဂုံးချုပ်အားဖြင့် ပြောကြားလိုတာကတော့ ကျွန်ုပ်တို့ မြန်မာနိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီ
ဘ၀နဲ့ နှစ်ပေါင်းတစ်ရာနီးပါးနေခဲ့ကြရတဲ့ အတွက်ကြောင့်လည်းကောင်း၊ လွတ်လပ်ရေး
ရပြီးတဲ့အခါမှာလည်း နှစ်ပေါင်းခြောက်ဆယ်နီးပါး ပြည်တွင်းမှာ လူမျိုးရေးစစ်ပွဲတွေ 
ဖြစ်ပွားခဲ့ရတဲ့အတွက်ကြောင့်လည်းကောင်း ကျွန်ုပ်တို့မြန်မာနိုင်ငံဟာ အခက်အခဲ
ပေါင်းများစွာနဲ့ ကြုံတွေ့နေကြရပါတယ်။ ဤအခက်အခဲများကို ကူညီဖြေရှင်းပေးမည်
ဟု ပြည်ပအဖွဲ့အစည်း အကူအညီတွေလာကြသော်လည်း ပြဿ      နာတွေ ပြေလည်
မသွားဘဲ ပိုမိုခက်ခဲအောင် လုပ်သွားခဲ့ကြတာတွေ ရံခါမှာတွေ့ရပါတယ်။

သို့ဖြစ်ခြင်းကြောင့် ကျွန်ုပ် ဒီနေ့ပြောကြားလိုသည်မှာ ထိုအခက်အခဲပြဿ      နာများ
ကို ခင်ဗျားတို့တတ်နိုင်သည့်ဘက်က ၀ိုင်းဝန်းဖြေရှင်းပေးကြပါလို့ ကျွန်ုပ် မေတ္တာ
ရပ်ခံလိုပါတယ်။

နောက်တစ်ခုပြောချင်တာက - လူမျိုးရေးစစ်ပွဲတွေ ချုပ်ငြိမ်းသွားစေဖို့ ကျွန်ုပ်တို့အစိုးရ
က စားပွဲဝိုင်းမှာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်
နေတဲ့အချိန်မှာ နိုင်ငံရေး အစွန်း ရောက်နှင့် ဘာသာရေးအစွန်းရောက်တချို့က 
ဘာသာရေးပဋိပက္ခများဖြစ်အောင် လှုံ့ဆော်ဖန်တီး နေကြတာကိုလည်း တွေ့နေကြ
ရပါတယ်။ ဤပဋိပက္ခများကို ငြိမ်းချမ်းသွားအောင်ဝိုင်းဝန်း ဖြေရှင်းပေးကြဖို့ မေတ္တာ
ရပ်ခံပါတယ်။ ငြိမ်းချမ်းအောင် ဖြေရှင်းပေးရာမှာ နည်းစနစ်ဟာ အလွန် အရေးကြီး
ပါတယ်။ ဖြေရှင်းရင်း ဖြေရှင်းရင်းဖြင့် ပို၍ပို၍ ရှုတ်ထွေးမသွားအောင် သတိပြုကြဖို့ 
လိုပါတယ်။ ကျွန်ုပ်တို့ကလည်း ဗုဒ္ဓဘာသာဗမာပီပီ မြတ်ဗုဒ္ဓရဲ့အဆုံးအမအတိုင်း 
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ သူတပါးအကျိုး ဆောင်ရွက်ခြင်း၊ ကိုယ်ကျိုးစီးပွား
စွန့်လွတ်ခြင်း၊ ကျိုးကြောင်းဆင်ခြင် သုံးသပ်ခြင်းဆိုတဲ့ ခန္တီ မေတ္တာ သတိ ပညာ 
ကြီးကြီးထား၍ ဤဘာသာရေး ပြဿ      နာများကို အကြမ်းဖက်ခြင်း လုံးဝကင်းလျှက် 
ဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။
အားလုံး ငြိမ်းချမ်းသာယာရှိကြပါစေ။

ဒေါက်တာအရှင်ဉာဏိဿရ      ( Ph.D,D.Litt )
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
စစ်ကိုင်း၊ မြန်မာ
www.thesitagu.org

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား

အပြည်ပြည် ဆိုင်ရာ ဘာသာရေး လွတ်လပ်ခွင့် အမေရိကန်ကော်မရှင် အဖွဲ့ သည် ၂၁-၈- ၂၀၁၄ ခု ၊  နံနက်(၀၉း၀၀) နာရီ တွင် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် ၌ သီတဂူ ဆရာတော်ကြီး အား လာရောက်တွေ့ ဆုံ သည့် ပွဲမှာ သီတဂူ ဆရာတော်ကြီးပြောလိုက်သည့် စကားများ.........

လူကြီးမင်းများ ခင်ဗျား၊
ကောင်းသော နံနက်ခင်းပါ။
သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်က ရင်းနှီး စွာ ကြိုဆို ပါတယ်။
တွေ့ဆုံခွင့်၊ စကားပြော ဆိုဆွေးနွေးခွင့် ရလို့ ၀မ်းသာပါတယ်။

ဘာသာ တရား စတင်ပေါ်ပေါက်
*************************
ယနေ့ ကမ္ဘာပေါ် မှာ လူသားတို့ ကိုးကွယ်ရာ အဓိက ကျသော ဘာသာကြီး (၆) ခု ရှိကြပါ တယ်။ ကမ္ဘာဦး လူသားတွေ မြေကြီးပေါ်ရောက် လာတဲ့ အချိန်က စပြီး လူသား တို့သည် ကြောက်စိတ် ကို အခြေခံ ၍ နေ ကို ကိုးကွယ်ခြင်း၊ လ ကိုကိုးကွယ်ခြင်း၊ နတ် အမျိုးမျိုးကို ကိုးကွယ်ခြင်း တို့ ရှိခဲ့ကြပါတယ်။ 

အဲဒါ ကို Primitive Religion လို့ခေါ်ပါတယ်။ အဲဒီ ခေတ်မှာ ဖြစ်ပေါ် လာခဲ့တဲ့ Religionတွေ ကို ကြောက် စိတ်က စတယ် လို့ ပညာရှိ အများစု တို့က ဆိုကြ ပါတယ်။ အကြောက် တရားတွေ မှ သက်သာရာ ရစေဖို့ ကိုးကွယ်မှု ဆိုင်ရာ အယူ အဆတွေ စတင် ခဲ့ကြတာ လို့ ဗုဒ္ဓ ကလည်း အတိအလင်း ပြောထားပါတယ်။ 

Friday, 22 August 2014

စာရင်း မှ လွတ်မြောက်ခြင်း ထက် ဆင်းရဲတွင်း မှ လွတ်မြောက် ချင်သည်

မြန်မာနိုင်ငံ ကို ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ အဖြစ် မှ လွတ်မြောက်ရေး ပထမ အကြိမ်အစည်း အဝေးကို ၂၀၁၄ ခုနှစ် ဇူလိုင် ၂၂ ရက် က နေပြည်တော် ၌ ကျင်းပခဲ့ ကြောင်း သိရ သဖြင့် မြန်မာနိုင်ငံ အနေဖြင့် ဖွံ့ဖြိုးမှု အနည်း ဆုံး နိုင်ငံ များ LDCs (Least Deve-loped Countries) စာရင်း မှ အ မှန်တကယ် လွတ်မြောက်ချိန် တန် ပြီလား ဟု စဉ်းစား ပါသည်။

LDCs စာရင်း ကို ကမ္ဘာ့ကုလသမဂ္ဂ က ၁၉၇၁ ခုနှစ်၊ နိုဝင် ဘာလ ၁၈ ရက် တွင် အဖွဲ့ဝင် ၂၅ နိုင်ငံဖြင့် စတင် သတ်မှတ် ခဲ့ရာ မြန်မာနိုင်ငံ အနေဖြင့် ၁၉၈၇ ခုနှစ် တွင် စာရင်းဝင်နိုင်ငံ အဖြစ် ပါဝင် ခဲ့သည်။ 

LDCs စာရင်း ကို ဖွံ့ဖြိုးမှု မူဝါဒကောင်စီ CDP ၏ ထောက် ခံ မှုဖြင့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ ECOSOC က သုံးနှစ် တစ်ကြိမ် ဆန်းစစ် ၍ ကုလ သမဂ္ဂအထွေထွေ ညီလာခံသို့ တင်ပြရသည် ဟု သိရ ပါသည်။ 

Monday, 18 August 2014

မျက်စိပြောင်းပြန်

Photo: မျက်စိပြောင်းပြန် 

ကျွန်မက အတွေးသမား၊ ကြားလည်းတွေး၊ မြင်လည်းတွေးနဲ့။ တချို့အတွေးတွေက ခေါင်းထဲက ထွက်သွားပြီလို့ ထင်နေတာ မထွက်ပါဘဲလား။

အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပြန်ပြန်ပေါ်လာတတ် ပါတယ်။ ဥပမာ ဆိုပါတော့လေ။ မနေ့တစ်နေ့က ကလေးဧည့်သည်တွေ လာတော့ ကာတွန်းကားဖွင့်ပြ လိုက်ပါတယ်။ လူကြီးအချင်းချင်း စကားပြောရင်းက
မြင်လိုက်တဲ့ အကွက်တစ်ကွက်မှာ မြေခွေးက အကောင် ကလေးနှစ်ကောင် နောက်ကို လိုက်နေပါတယ်။ သူက ကောက်ကောက် ကျစ်ကျစ်နဲ့ နောက်
ကလိုက်ပြီး ချောင်းလိုက်တာ။ တကတဲမှပဲ အားလွန်ပြီး မျက်စိတစ်စုံလုံး ပြုတ်ကျတာနဲ့ ပြန်ထည့်ရ
တယ်။ အဲဒီမြင်ကွင်းကလေးကြောင့် ကလေးတွေက် တခစ်ခစ်နဲ့ရယ်ကြ ပါတယ်။

ကျွန်မစိတ်ထဲမှာ ဘယ်အခါတုန်းက ရောက်နေမှန်းမသိတဲ့ အမေ ပြောခဲ့တဲ့ သူတို့ခေတ် လူရွှင်တော်ပြက်လုံးတစ်ခုကို သတိရလိုက်ပါတယ်။ အမေ
က လွန်ခဲ့တဲ့ ကိုးနှစ်က ဆုံးတာပါ။ အခုရှိရင် အသက်ကိုးဆယ်။ ခန့်မှန်းကြည့်ပေါ့လေ။ ပြက်လုံးရဲ့သက် တမ်းကို။ ပြက်လုံးက ဒီလိုပါတဲ့။ လူရွှင်တော်တစ်ယောက်က ပြောပါတယ်။ ငါလေ ဟိုကောင်မလေးကို
မျက်စိကျပြီး စိုက်ကြည့်လိုက်တာ မျက်စိတစ်စုံလုံးမြေပေါ်ရောက်မှ ပြန်ကောက်ထည့်ရတယ်ကွာ။

ထည့်လိုက်တော့လည်း မမြင်မစမ်းနဲ့ ပြောင်းပြန်ဖြစ်နေလေတော့ ငါ့မှာ အပြင်ကို မမြင်ရဘဲ အတွင်းကိုပြန်မြင်ပြီး အမယ်လေးကွာ ဗိုက်ထဲကအီးအီးတွေကြောင့် အော့လိုက်အန်လိုက်ရတာ လွန်ပါ
ရောတဲ့။

တွေးနေတာကြာပြီ။ အဲသည်လို မျက်စိပြောင်းပြန်ကိစ္စကို တွေးနေတာကြာပြီ။ တချို့လူတွေက လူလူချင်းဆက်ဆံတဲ့နေရာမှာ မိမိရဲ့ပတ်ဝန်းကျင်ကို ရှုမြင်တဲ့နေရာမှာ မျက်စိတွေက တယ်ပြီးပြောင်း
ပြန်ဖြစ်တတ်သကိုး။ လှပတာ သပ်ရပ်တာ ကောင်းမြတ်တာ ဘာမှမမြင်ဘဲ ဗိုက်ထဲက အီးအီးတွေမြင်
တယ်လို့ဆိုတဲ့ လူရွှင်တော်ကြီးရဲ့စကားလို မကောင်းတာကိုပဲ ရှုမြင်တတ်ပါတယ်။

အဲဒီတော့လည်း နှလုံး မသာယာဘူးပေါ့။နှလုံးမသာယာတော့လည်း နှုတ်ထွက်တွေက မသာယာဘူးပေါ့။ အဲသည်လိုဖြစ်နေမှတော့ သူလည်း ဘယ်မှာစိတ်ချမ်းသာပါ့မလဲ။ သူ့မှာ အဲသည်လိုဖြစ်
နေတော့ စိတ်ရွှင်လန်းတက်ြွကစွာနဲ့ လုပ်ရမယ့် အလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။ ဘယ်သူရှုံး
သလဲ။ ပထမဆုံး သူရှုံးတာပါပဲ။ နောက်ဆုံးထိ နံပတ် ထိုးလိုက်ပါ။ သူပဲရှုံးပါတယ်။

လူတွေကိုတွေ့ပြီး စိတ်မချမ်းသာတဲ့ အမြင်တွေကို မြင်နေတာဟာ မေတ္တာစိတ်မဟုတ်ပါဘူး။ မေတ္တာစိတ်ထားဖို့ ဆိုတာကလည်း တကယ်တော့
မလွယ်လှပါဘူး။ လူတိုင်းမှာ သူ့နည်းနဲ့သူ မကောင်း တာကလေးတွေ ချို့ယွင်းတာကလေးတွေက ရှိနေတတ်တာကိုး။ ဒါဖြင့် ဘယ်လိုလုပ်ရမလဲ။ ယော
ဆရာတော်ကြီးရဲ့ တရားတော်ထဲက တစ်ကွက်ကလေးကို တင်ပြလိုပါတယ်။

လူတွေကို မေတ္တာထားနိုင်ဖို့ ပံ့သကူကောက်တဲ့နည်းကို သုံးရမယ်တဲ့။ ဟိုရှေးရှေးတုန်းက သူတော်ကောင်းကြီးတွေက လူတွေ မလိုချင်လို့ စွန့်ပစ်
ထားတဲ့ ပစ္စည်းတွေထဲက ဆက်လက်အသုံးပြုလို့ရ နိုင်တဲ့ အဝတ်စကလေးတွေကို ရှာဖွေစပ်ဟပ်ပြီး
ဝတ်ဆင်ကြပါတယ်။ အလိုနည်းတဲ့ သူတော်ကောင်း များမှာသာ လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။

ပံ့သကူကောက်တော့ စောင်ကြီးတစ်ထည်လုံး တွေ့ပေမယ့် သုံးလို့ရတာက တစ်ထွာလောက် ဖြစ်ချင်ဖြစ်မယ်။ အင်္ကျီစုတ်ကလေး တစ်စပေမယ့် အတော်ခိုင်ခံ့နေတာလည်း တွေ့ချင်တွေ့မယ်။ 
အဲသည်တော့ ပံ့သကူကောက်တဲ့သူဟာ တစ်ထည်လုံး ဖြစ်ပြီး ဒီလောက်စုတ်ရမလားလို့ သူမစဉ်းစားပါဘူး။ စဉ်းစားတာက ဘယ်အပိုင်းဟာ သုံးလို့ရမလဲဆိုတာ
ပဲ ဖြစ်ပါတယ်။

လူအချင်းချင်းပေါင်းတော့လည်း ဒီလိုပဲပေါ့။ မကောင်းတဲ့အကွက်ကိုကြည့်လို့ကတော့ စောင်တစ် ထည်တောင် ကမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို 
မှန်မှန်ကန်ကန် ဆင်ခြင်ရင်တောင်မှ အဲသည်လိုပဲ မကောင်းတာတွေ များမှာပါ။ သူတစ်ပါးကိုလည်း မကောင်းတဲ့အကွက်မကြည့်ဘဲ ကောင်းတာကိုသာ
ကြည့်။ တစ်ထွာရရ၊ တစ်မိုက်ရရ၊ ရသမျှလေးတွေကို အကွက်ပေါ်အောင် စပ်လိုက်ရင် အလွန်လှပတဲ့
ရက်ထည်တစ်ခု သန့်စင်မွန်မြတ်တဲ့ ပံ့သကူဝတ်ရုံတစ်ခု ပေါ်ထွန်းလာနိုင်ပါတယ်။

အဲဒါကြောင့် မျက်စိပြောင်းပြန်အဖြစ်မခံဘဲ ပံ့သကူကောက်သလို ကောက်ရစေတော့ ကောင်း တာမွန်တာကလေးတွေကိုသာ ကြည့်ရှုဆင်ခြင်ပြီး
မြင်တတ် စုတတ်ရင် လှပတဲ့ဘဝရက်ထည် အကြီး ကြီးရမှာနော။ သတိကလေးထားပြီး ကြည့်တတ်ဖို့သာ လိုပါတယ်။

ဒေါက်တာမတင်ဝင်း
(ပညာရေးတက္ကသိုလ်)

ကျွန်မက အတွေးသ မား၊ ကြားလည်းတွေး၊ မြင်လည်းတွေး နဲ့။ တချို့ အတွေးတွေ က ခေါင်းထဲက ထွက် သွား ပြီ လို့ ထင်နေတာ မထွက်ပါဘဲလား။

အကြောင်း တိုက်ဆိုင်တဲ့ အခါ မှာ ပြန်ပြန်ပေါ်လာ တတ် ပါတယ်။ ဥပမာ.. ဆိုပါတော့လေ။ မနေ့ တစ်နေ့က ကလေး ဧည့်သည်တွေ လာတော့ ကာတွန်း ကားဖွင့်ပြ လိုက်ပါတယ်။ 
 
လူကြီး အချင်းချင်း စကားပြော ရင်းက မြင်လိုက်တဲ့ အကွက် တစ်ကွက်မှာ မြေခွေးက အကောင် ကလေးနှစ်ကောင် နောက်ကို လိုက်နေပါတယ်။ သူက ကောက်ကောက် ကျစ်ကျစ်နဲ့ နောက် က လိုက် ပြီး ချောင်းလိုက်တာ။ တကတဲ မှပဲ အားလွန်ပြီး မျက်စိ တစ်စုံ လုံး ပြုတ်ကျ တာနဲ့ ပြန်ထည့်ရ
တယ်။ အဲဒီမြင်ကွင်း ကလေးကြောင့် ကလေးတွေက တခစ်ခစ်နဲ့ ရယ်ကြ ပါတယ်။

လောဘ တက်ကြပါ




တရုတ်ပြည် ရဲ့ထိပ်တန်းခေါင်း
ဆောင်ကြီး များထဲက တစ်ဦး အပါ အ၀င်ဖြစ်တဲ့“တိန့်ရှောင်ဖိန်” က “ကြီးပွား ချမ်းသာ တယ်ဆိုတာ မင်္ဂလာ တစ်ပါး ပါပဲ။ လူတိုင်းကြီးပွား ချမ်းသာကြ ရင်ကောင်းတယ်” လို့ပြောခဲ့ဖူး တယ်။ သူက တိုင်းပြည် တစ်ပြည် မှာကြီးပွား ချမ်းသာ တဲ့လူတွေ (သူဌေးတွေ) များလာ ရင်ကောင်းတယ်။ အဲဒီ တိုင်းပြည်ဟာ လည်း ကြီးပွား ချမ်းသာလာမှာ အမှန်ပဲတဲ့။

ကြီးပွား ချမ်းသာ ဖို့ဆိုတာ သမာသမတ်ကျတဲ့ ကြိုးစား အားထုတ်မှု များ ကနေမြစ်ဖျား ခံလာတာဖြစ် ပါတယ်။ နယ်ပယ် အသီးသီးမှာ ကြီးပွား ချမ်းသာချင်စိတ် ရှိတဲ့၊ အဲဒီ စိတ်မျိုးပေါ်ပေါက်လာအောင် စေ့ဆော် မှုတွေ ရှိတဲ့ အခြေအနေတွေ များလာခဲ့ရင် တိုးတက်မှု ရှိလာမှာသေချာပါတယ်။
 
ဒီနေရာမှာ ကဏ္ဍစုံဖြစ်တဲ့ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတွေမှာ အတော မသတ်နိုင် တဲ့လေ့လာ စူးစမ်းမှုတွေ၊ ကြိုးပမ်း အားထုတ်မှုတွေနဲ့ မဆုတ် မနစ်တဲ့ လုံ့လ၀ီရိယတွေ လိုအပ်ပါလိမ့် မယ်။
 

Sunday, 17 August 2014

အမှန်တွေကြီးပဲ




တရုတ် သိုင်းကားတွေမရှိရင် ဘယ်တော့မှ မသိနိုင်မယ့် အချက်တွေ ကတော့

မင်းသားရဲ့ မိဘ ဖြစ်ရတဲ့ သူတွေဟာ ကံမကောင်း တတ်ကြပါဘူး။ မင်းသား ငယ်စဉ်ဘ၀မှာ ရန်သူတွေ သတ်တာ ခံရပြီး မင်းသား က မိဘမဲ့ ဖြစ်သွားလေ့ ရှိပါတယ်။

 ဒဏ်ရာ ရပြီး သေလုမျောပါးဖြစ်နေတဲ့ လူတွေဟာ အသက်ကိုရ အောင် ရှုပြီး သူ့ကိုဘယ်သူ သတ်သလဲ ဆိုတာ ဖော်ထုတ်ဖို့ စကားအနည်း ငယ်ပြောပြီးမှ (သေကြောင်းပြ တဲ့ အနေနဲ့) ခေါင်းကစောင်းကျ သွား ပါတယ်။


 သိုင်းပညာရှင်တွေ ဟာ ခေါင်မိုးတွေ သစ်ပင်တွေပေါ် မှာ အဝေးကြီး ကို ချွေး လုံးဝ မထွက်ဘဲ ပျံနိုင် ပါတယ်။ ဒါပေမယ့် တခြားမြို့တွေရွာတွေကို ခရီးထွက်တဲ့ အခါတွေမှာတော့ လမ်းလျှောက်ပြီး (ဒါမှမဟုတ်) မြင်းစီးပြီး သွားကြရ ရှာပါတယ်။


လူငယ်ခြောက်ဆယ် ရာခိုင်နှုန်း အလုပ်လက်မဲ့ပြဿနာ ရင်ဆိုင်ရမှု သမ္မတထံ စာပို

00928

သြဂုတ် ၁၀ရက်က ပြုလုပ်သော ရန်ကုန် လူငယ်ပွဲတော် သို့ တက်ရောက်လာသည့် လူငယ်များ (ဓာတ်ပုံ−ကျော်ဇင်သန်း)

မြန်မာနိုင်ငံ ရှိ အသက် (၁၆)နှစ်မှ (၃၅) နှစ်ကြား လူငယ် ခြောက်ဆယ်ရာခိုင်နှုန်း သည် အ လုပ် လက်မဲ့ဖြစ်နေကြောင်း ပြုစု ထားသည့် စစ်တမ်း ကို သမ္မတ ထံ ပေးပို့ထားသည် ဟု မြန်မာနိုင်ငံ လူ ငယ်များ အစည်း အရုံးမှ သတင်းရ ရှိသည်။

ရန်ကုန်မြို့ပေါ်နေ လူငယ် များနှင့် ဧရာဝတီတိုင်းဒေသကြီး ရှိ လူငယ်နှစ်ထောင် ကို  မေးမြန်း ထားခြင်းဖြစ် ပြီးလူငယ် ဆယ်ဦး လျှင် ခြောက်ဦးမှာ အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေ ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းကို နိုင်ငံတော် သမ္မ တ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များ၊ ဥပဒေပြုရေး မဏ္ဍိုင်မှ လွှတ် တော် ကိုယ်စားလှယ်များ၊ ဒေါ် အောင်ဆန်းစုကြည်နှင့် အခြားပ ညာရှင် အဖွဲ့အစည်းများ ထံပေးပို့ ထားကြောင်း မြန်မာနိုင်ငံ လူငယ် များအစည်းအရုံး ဥက္ကဋ္ဌ  ကိုဇွဲရန် နိုင်ကပြောသည်။

တစ်ကျော့ပြန် အသံတိတ်ရန်သူ



အာရှတိုက် သည် ငလျင် အချိန်မရွေး လှုပ်ခတ်နိုင်သော ဒေသဖြစ်ပြီး ပြတ်ရွေ့ကြောကြီး များပေါ် တည်ရှိနေ သည်။  မြန်မာနိုင်ငံ ၌ ယခုနှစ်ဆန်းပိုင်း မှ စတင်ကာ ခပ်စိပ်စိပ် လှုပ်ခတ် လာသော မြေငလျင် များက ရန်ကုန်မြို့တော် အပါအဝင် လူနေ ထူထပ်သော မြို့ကြီး များနှင့် အထပ်မြင့်တိုက် များတွင် နေထိုင် သူများကို ခြောက်လှန့် လာနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ တွင် ရခိုင် ငလျင်ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင်ငလျင်ကြောနှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ အဓိက ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ်အဖြစ် အပျက်အစီး ဆုံးရှုံးမှု များပြားသည့်နေရာ မှာ စစ်ကိုင်းငလျင်ကြောပင် ဖြစ်ကြောင်း ဘူမိဗေဒ ပညာရှင် များက သတိပေး ပြောကြားသည်။

Saturday, 16 August 2014

အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေး များ ဖတ်ပေးပါရန်)

Nay Myo Tun's photo.
Nay Myo Tun's photo.
 
 
 
 
 
Nay Myo Tun added 2 new photos.

မြ၀တီ အမျိုးကောင်းသမီး များသို့ အင်တာနက် မင်းသမီး မဖြစ်ရအောင် ကာကွယ်ဆေး ဆိုတဲ့ Mg Mandalay’s facebook ရဲ့ ရေးသား တင်ပြချက် ကို ဒီ တပတ်ရဲ့ ရွေးချယ်မှု ကဏ္ဍ ကနေ ပြန် လည် ဖော်ပြပေး လိုက် ပါတယ်။


အခုခေတ် မှာ လူတိုင်း နဲ့ ရင်းနှီး ကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက် ရဲ့ ကောင်းကျိုး တွေ ကတော့ ဖော်ပြ လို့ မကုန် နှိုင်အောင် များ တာကို တွေ့ရပါတယ်။ အင်တာနက် နည်း ပညာ တိုးတက် လာတာနဲ့ အမျှ ဘေး ထွက် ဆိုးကျိုးတွေ လဲ မခွဲမခွာ တွဲပါ လာတာ ကိုလဲ မြင်နေရပြန် ပါတယ်။ 

ကျွန်တော် နဲ့ အဆင့် အလှမ်း ကွာနေတဲ့ spyware, mailware, virus စတာတွေ ကို မပြော လိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့် ၀င်နေ တဲ့ အကြောင်း အရာက အမျိုးကောင်း သမီး တွေရဲ့ ဘာညာ ကိစ္စ ဓါတ်ပုံ/ ဗီဒီယို များစွာ ကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ် မှာ စေတနာ ကြီးမားစွာ နဲ့ ဝေငှ (share) အလုပ် ခံနေရတဲ့ ကိစ္စပါ။ 


၂၀၀၈ ပြင်ဆင်ရေး မှ အလုံးစုံ ပျက်သုဉ်းရေး သို့


ယနေ့ သြဂုတ်လ ၁၅ ရက်နေ့ တွင် မြန်မာနိုင်ငံ ၌ ကွန်မြူနစ် ၀ါဒ အသက်ဝင်ခဲ့သည် မှာ ၇၅ နှစ် တင်း တင်း ပြည့်မြောက် ခဲ့ပြီ ဖြစ်ပါသည်။ 

လွန်ခဲ့သော နှစ်ပေါင်း ၇၅ နှစ်၊ ၁၉၃၉ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် ရန်ကုန်မြို့ အရှေ့ပိုင်း ရပ်၊ ၄၈ လမ်း နေအိမ် တစ်လုံးတွင် မက်စ်ဝါဒ ယုံကြည် သူ မြန်မာလူငယ် တစ်စု က ကွန်မြူနစ် ပါတီကို စတင် ဖွဲ့စည်း ခဲ့ပါသည်။

 ပါတီ စတင်ထူထောင် သူများ မှာ သခင်စိုး (လူထုခေါင်းဆောင်)၊ ရဲဘော်ဂိုရှယ် (စည်းရုံးရေးမှူးနှင့် လျှို့ဝှက် လုပ်ငန်း)၊ သခင်ဗဟိန်း (ကျောင်းသား စည်းရုံးရေး)၊  သခင်လှဖေ (ဘဏ္ဍာရေးမှူး) ၊ ရဲဘော်နတ်  (စာကြည့်တိုက်မှူး)နှင့် သခင်အောင်ဆန်း (အထွေထွေ အတွင်းရေးမှူး) တို့ဖြစ်ကြပါသည်။
 

ယခုသော် အခြေအနေ များ ပြောင်းပြန် ကွာခြား ခဲ့ပြီး မက်စ် ၀ါဒသည် မြန်မာနိုင်ငံ တွင် ရေပန်း မစားတော့ ပါ။ သို့သော် တစ်ချိန် က မက်စ် ၀ါဒီ အဖြစ် ပြင်းထန်စွာ ယုံကြည် ခဲ့ကြသော ကွန်မြူနစ် အိုကြီးများ ၏ နေ၀င် ချိန်တွင်တော့ နောင်တ တရားတို့နှင့် ရောပြွမ်းနေသော အတွေး အမြင်များကို ရရှိခဲ့ပါသည်။ စာဖတ်သူများ ဝေဖန် ဆန်းစစ်နိုင်ရန် မေးမြန်း တင်ပြလိုက်ရပါသည်။