*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 18 August 2014

မျက်စိပြောင်းပြန်

Photo: မျက်စိပြောင်းပြန် 

ကျွန်မက အတွေးသမား၊ ကြားလည်းတွေး၊ မြင်လည်းတွေးနဲ့။ တချို့အတွေးတွေက ခေါင်းထဲက ထွက်သွားပြီလို့ ထင်နေတာ မထွက်ပါဘဲလား။

အကြောင်းတိုက်ဆိုင်တဲ့ အခါမှာ ပြန်ပြန်ပေါ်လာတတ် ပါတယ်။ ဥပမာ ဆိုပါတော့လေ။ မနေ့တစ်နေ့က ကလေးဧည့်သည်တွေ လာတော့ ကာတွန်းကားဖွင့်ပြ လိုက်ပါတယ်။ လူကြီးအချင်းချင်း စကားပြောရင်းက
မြင်လိုက်တဲ့ အကွက်တစ်ကွက်မှာ မြေခွေးက အကောင် ကလေးနှစ်ကောင် နောက်ကို လိုက်နေပါတယ်။ သူက ကောက်ကောက် ကျစ်ကျစ်နဲ့ နောက်
ကလိုက်ပြီး ချောင်းလိုက်တာ။ တကတဲမှပဲ အားလွန်ပြီး မျက်စိတစ်စုံလုံး ပြုတ်ကျတာနဲ့ ပြန်ထည့်ရ
တယ်။ အဲဒီမြင်ကွင်းကလေးကြောင့် ကလေးတွေက် တခစ်ခစ်နဲ့ရယ်ကြ ပါတယ်။

ကျွန်မစိတ်ထဲမှာ ဘယ်အခါတုန်းက ရောက်နေမှန်းမသိတဲ့ အမေ ပြောခဲ့တဲ့ သူတို့ခေတ် လူရွှင်တော်ပြက်လုံးတစ်ခုကို သတိရလိုက်ပါတယ်။ အမေ
က လွန်ခဲ့တဲ့ ကိုးနှစ်က ဆုံးတာပါ။ အခုရှိရင် အသက်ကိုးဆယ်။ ခန့်မှန်းကြည့်ပေါ့လေ။ ပြက်လုံးရဲ့သက် တမ်းကို။ ပြက်လုံးက ဒီလိုပါတဲ့။ လူရွှင်တော်တစ်ယောက်က ပြောပါတယ်။ ငါလေ ဟိုကောင်မလေးကို
မျက်စိကျပြီး စိုက်ကြည့်လိုက်တာ မျက်စိတစ်စုံလုံးမြေပေါ်ရောက်မှ ပြန်ကောက်ထည့်ရတယ်ကွာ။

ထည့်လိုက်တော့လည်း မမြင်မစမ်းနဲ့ ပြောင်းပြန်ဖြစ်နေလေတော့ ငါ့မှာ အပြင်ကို မမြင်ရဘဲ အတွင်းကိုပြန်မြင်ပြီး အမယ်လေးကွာ ဗိုက်ထဲကအီးအီးတွေကြောင့် အော့လိုက်အန်လိုက်ရတာ လွန်ပါ
ရောတဲ့။

တွေးနေတာကြာပြီ။ အဲသည်လို မျက်စိပြောင်းပြန်ကိစ္စကို တွေးနေတာကြာပြီ။ တချို့လူတွေက လူလူချင်းဆက်ဆံတဲ့နေရာမှာ မိမိရဲ့ပတ်ဝန်းကျင်ကို ရှုမြင်တဲ့နေရာမှာ မျက်စိတွေက တယ်ပြီးပြောင်း
ပြန်ဖြစ်တတ်သကိုး။ လှပတာ သပ်ရပ်တာ ကောင်းမြတ်တာ ဘာမှမမြင်ဘဲ ဗိုက်ထဲက အီးအီးတွေမြင်
တယ်လို့ဆိုတဲ့ လူရွှင်တော်ကြီးရဲ့စကားလို မကောင်းတာကိုပဲ ရှုမြင်တတ်ပါတယ်။

အဲဒီတော့လည်း နှလုံး မသာယာဘူးပေါ့။နှလုံးမသာယာတော့လည်း နှုတ်ထွက်တွေက မသာယာဘူးပေါ့။ အဲသည်လိုဖြစ်နေမှတော့ သူလည်း ဘယ်မှာစိတ်ချမ်းသာပါ့မလဲ။ သူ့မှာ အဲသည်လိုဖြစ်
နေတော့ စိတ်ရွှင်လန်းတက်ြွကစွာနဲ့ လုပ်ရမယ့် အလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။ ဘယ်သူရှုံး
သလဲ။ ပထမဆုံး သူရှုံးတာပါပဲ။ နောက်ဆုံးထိ နံပတ် ထိုးလိုက်ပါ။ သူပဲရှုံးပါတယ်။

လူတွေကိုတွေ့ပြီး စိတ်မချမ်းသာတဲ့ အမြင်တွေကို မြင်နေတာဟာ မေတ္တာစိတ်မဟုတ်ပါဘူး။ မေတ္တာစိတ်ထားဖို့ ဆိုတာကလည်း တကယ်တော့
မလွယ်လှပါဘူး။ လူတိုင်းမှာ သူ့နည်းနဲ့သူ မကောင်း တာကလေးတွေ ချို့ယွင်းတာကလေးတွေက ရှိနေတတ်တာကိုး။ ဒါဖြင့် ဘယ်လိုလုပ်ရမလဲ။ ယော
ဆရာတော်ကြီးရဲ့ တရားတော်ထဲက တစ်ကွက်ကလေးကို တင်ပြလိုပါတယ်။

လူတွေကို မေတ္တာထားနိုင်ဖို့ ပံ့သကူကောက်တဲ့နည်းကို သုံးရမယ်တဲ့။ ဟိုရှေးရှေးတုန်းက သူတော်ကောင်းကြီးတွေက လူတွေ မလိုချင်လို့ စွန့်ပစ်
ထားတဲ့ ပစ္စည်းတွေထဲက ဆက်လက်အသုံးပြုလို့ရ နိုင်တဲ့ အဝတ်စကလေးတွေကို ရှာဖွေစပ်ဟပ်ပြီး
ဝတ်ဆင်ကြပါတယ်။ အလိုနည်းတဲ့ သူတော်ကောင်း များမှာသာ လုပ်နိုင်တဲ့အလုပ်ဖြစ်ပါတယ်။

ပံ့သကူကောက်တော့ စောင်ကြီးတစ်ထည်လုံး တွေ့ပေမယ့် သုံးလို့ရတာက တစ်ထွာလောက် ဖြစ်ချင်ဖြစ်မယ်။ အင်္ကျီစုတ်ကလေး တစ်စပေမယ့် အတော်ခိုင်ခံ့နေတာလည်း တွေ့ချင်တွေ့မယ်။ 
အဲသည်တော့ ပံ့သကူကောက်တဲ့သူဟာ တစ်ထည်လုံး ဖြစ်ပြီး ဒီလောက်စုတ်ရမလားလို့ သူမစဉ်းစားပါဘူး။ စဉ်းစားတာက ဘယ်အပိုင်းဟာ သုံးလို့ရမလဲဆိုတာ
ပဲ ဖြစ်ပါတယ်။

လူအချင်းချင်းပေါင်းတော့လည်း ဒီလိုပဲပေါ့။ မကောင်းတဲ့အကွက်ကိုကြည့်လို့ကတော့ စောင်တစ် ထည်တောင် ကမှာမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို 
မှန်မှန်ကန်ကန် ဆင်ခြင်ရင်တောင်မှ အဲသည်လိုပဲ မကောင်းတာတွေ များမှာပါ။ သူတစ်ပါးကိုလည်း မကောင်းတဲ့အကွက်မကြည့်ဘဲ ကောင်းတာကိုသာ
ကြည့်။ တစ်ထွာရရ၊ တစ်မိုက်ရရ၊ ရသမျှလေးတွေကို အကွက်ပေါ်အောင် စပ်လိုက်ရင် အလွန်လှပတဲ့
ရက်ထည်တစ်ခု သန့်စင်မွန်မြတ်တဲ့ ပံ့သကူဝတ်ရုံတစ်ခု ပေါ်ထွန်းလာနိုင်ပါတယ်။

အဲဒါကြောင့် မျက်စိပြောင်းပြန်အဖြစ်မခံဘဲ ပံ့သကူကောက်သလို ကောက်ရစေတော့ ကောင်း တာမွန်တာကလေးတွေကိုသာ ကြည့်ရှုဆင်ခြင်ပြီး
မြင်တတ် စုတတ်ရင် လှပတဲ့ဘဝရက်ထည် အကြီး ကြီးရမှာနော။ သတိကလေးထားပြီး ကြည့်တတ်ဖို့သာ လိုပါတယ်။

ဒေါက်တာမတင်ဝင်း
(ပညာရေးတက္ကသိုလ်)

ကျွန်မက အတွေးသ မား၊ ကြားလည်းတွေး၊ မြင်လည်းတွေး နဲ့။ တချို့ အတွေးတွေ က ခေါင်းထဲက ထွက် သွား ပြီ လို့ ထင်နေတာ မထွက်ပါဘဲလား။

အကြောင်း တိုက်ဆိုင်တဲ့ အခါ မှာ ပြန်ပြန်ပေါ်လာ တတ် ပါတယ်။ ဥပမာ.. ဆိုပါတော့လေ။ မနေ့ တစ်နေ့က ကလေး ဧည့်သည်တွေ လာတော့ ကာတွန်း ကားဖွင့်ပြ လိုက်ပါတယ်။ 
 
လူကြီး အချင်းချင်း စကားပြော ရင်းက မြင်လိုက်တဲ့ အကွက် တစ်ကွက်မှာ မြေခွေးက အကောင် ကလေးနှစ်ကောင် နောက်ကို လိုက်နေပါတယ်။ သူက ကောက်ကောက် ကျစ်ကျစ်နဲ့ နောက် က လိုက် ပြီး ချောင်းလိုက်တာ။ တကတဲ မှပဲ အားလွန်ပြီး မျက်စိ တစ်စုံ လုံး ပြုတ်ကျ တာနဲ့ ပြန်ထည့်ရ
တယ်။ အဲဒီမြင်ကွင်း ကလေးကြောင့် ကလေးတွေက တခစ်ခစ်နဲ့ ရယ်ကြ ပါတယ်။


ကျွန်မ စိတ်ထဲမှာ ဘယ်အခါတုန်း က ရောက်နေမှန်း မသိတဲ့ အမေ ပြောခဲ့တဲ့ သူတို့ခေတ် လူရွှင်တော်ပြက် လုံး တစ်ခုကို သတိရ လိုက်ပါတယ်။ အမေ က လွန်ခဲ့တဲ့ ကိုးနှစ်က ဆုံးတာပါ။ အခုရှိရင် အသက်ကိုးဆယ် ။ ခန့် မှန်းကြည့်ပေါ့လေ။ ပြက်လုံးရဲ့သက် တမ်းကို။ ပြက်လုံးက ဒီလိုပါတဲ့။ 
 
လူရွှင်တော် တစ်ယောက် က ပြောပါတယ်။ ငါလေ ဟိုကောင်မလေး ကို မျက်စိ ကျပြီး စိုက်ကြည့် လိုက်တာ မျက်စိ တစ်စုံ လုံးမြေပေါ်ရောက် မှ ပြန်ကောက် ထည့်ရတယ်ကွာ။

ထည့်လိုက်တော့လည်း မမြင် မစမ်းနဲ့ ပြောင်းပြန်ဖြစ်နေလေတော့ ငါ့မှာ အပြင်ကို မမြင်ရဘဲ အတွင်း ကိုပြန်မြင်ပြီး အမယ်လေးကွာ ဗိုက်ထဲက အီးအီးတွေကြောင့် အော့လိုက် အန်လိုက် ရတာ လွန်ပါရော တဲ့  တွေးနေတာကြာပြီ။ 
 
 အဲသည်လို မျက်စိပြောင်းပြန် ကိစ္စကို တွေးနေတာကြာပြီ။ တချို့လူတွေ က လူလူချင်း ဆက်ဆံ တဲ့နေရာ မှာ မိမိရဲ့ပတ်ဝန်းကျင် ကို ရှုမြင်တဲ့နေရာ မှာ မျက်စိတွေ က တယ်ပြီးပြောင်းပြန်ဖြစ် တတ်သကိုး ။ လှပတာ သပ်ရပ်တာ ကောင်းမြတ်တာ ဘာမှ မမြင်ဘဲ ဗိုက်ထဲ က အီးအီးတွေမြင် တယ်လို့ ဆိုတဲ့ လူရွှင်တော်ကြီး ရဲ့စကားလို မကောင်းတာ ကိုပဲ ရှုမြင်တတ်ပါတယ်။

အဲဒီတော့ လည်း နှလုံး မသာယာ ဘူးပေါ့ ။နှလုံး မသာယာတော့ လည်း နှုတ်ထွက်တွေ က မသာယာ ဘူးပေါ့။ အဲသည် လိုဖြစ်နေမှတော့ သူလည်း ဘယ်မှာ စိတ်ချမ်းသာ ပါ့မလဲ။ သူ့မှာ အဲသည် လိုဖြစ်နေတော့ စိတ် ရွှင်လန်း တက်ြွကစွာနဲ့ လုပ်ရမယ့် အလုပ်တွေကို မလုပ်နိုင်တော့ပါဘူး။ ဘယ်သူရှုံး
သလဲ။ ပထမဆုံး သူရှုံး တာပါပဲ။ နောက်ဆုံးထိ နံပတ် ထိုးလိုက်ပါ။ သူပဲရှုံးပါတယ်။

လူတွေ ကိုတွေ့ပြီး စိတ် မချမ်းသာတဲ့ အမြင်တွေ ကို မြင်နေတာ ဟာ မေတ္တာစိတ်မဟုတ်ပါဘူး။ မေတ္တာ စိတ် ထားဖို့ ဆိုတာ ကလည်း တကယ်တော့ မလွယ်လှ ပါဘူး။ လူတိုင်းမှာ သူ့နည်းနဲ့ သူ မကောင်း တာကလေးတွေ ချို့ယွင်း တာကလေးတွေ က ရှိနေတတ်တာကိုး။ ဒါဖြင့် ဘယ်လို လုပ်ရမလဲ။ ယော
ဆရာတော်ကြီး ရဲ့ တရားတော် ထဲက တစ်ကွက် ကလေးကို တင်ပြလိုပါတယ်။

လူတွေ ကို မေတ္တာထားနိုင် ဖို့ ပံ့သကူကောက်တဲ့နည်း ကို သုံးရမယ်တဲ့။ ဟိုရှေးရှေးတုန်း က သူတော်ကောင်းကြီးတွေ က လူတွေ မလိုချင် လို့ စွန့်ပစ် ထားတဲ့ ပစ္စည်းတွေထဲ က ဆက်လက် အသုံးပြု လို့ရ နိုင်တဲ့ အဝတ်စ ကလေးတွေ ကို ရှာဖွေ စပ်ဟပ်ပြီး ဝတ်ဆင်ကြပါ တယ်။ အလိုနည်းတဲ့ သူတော်ကောင်း များ မှာသာ လုပ်နိုင်တဲ့ အလုပ်ဖြစ်ပါတယ်။

ပံ့သကူကောက်တော့ စောင်ကြီး တစ်ထည်လုံး တွေ့ပေမယ့် သုံးလို့ ရတာက တစ်ထွာလောက် ဖြစ် ချင်ဖြစ်မယ်။ အင်္ကျီ  စုတ်ကလေး တစ်စပေမယ့် အတော် ခိုင်ခံ့နေတာလည်း တွေ့ချင်တွေ့မယ်။
အဲသည်တော့ ပံ့သကူကောက်တဲ့ သူဟာ တစ်ထည် လုံး ဖြစ်ပြီး ဒီလောက် စုတ်ရ မလားလို့ သူမစဉ်းစား ပါဘူး။ စဉ်းစား တာက ဘယ် အပိုင်းဟာ သုံးလို့ ရမလဲဆိုတာ ပဲ ဖြစ်ပါတယ်။

လူ အချင်းချင်းပေါင်းတော့ လည်း ဒီလို ပဲပေါ့။ မကောင်းတဲ့ အကွက်ကိုကြည့်လို့ ကတော့ စောင်တစ် ထည်တောင် ကမှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ် ကို မှန်မှန် ကန်ကန် ဆင်ခြင် ရင်တောင်မှ အဲသည်လိုပဲ မကောင်း တာတွေ များမှာပါ။ 
 
သူတစ်ပါး ကိုလည်း မကောင်းတဲ့ အကွက် မကြည့်ဘဲ ကောင်းတာ ကိုသာ ကြည့်။ တစ်ထွာ ရရ၊ တစ်မိုက် ရရ ၊ ရ သမျှလေးတွေ ကို အကွက်ပေါ်အောင် စပ်လိုက်ရင် အလွန်လှပတဲ့ ရက်ထည် တစ်ခု သန့် စင် မွန်မြတ် တဲ့ ပံ့သကူ ဝတ်ရုံတစ်ခု ပေါ်ထွန်းလာနိုင်ပါတယ်။

အဲဒါကြောင့် မျက်စိပြောင်းပြန် အဖြစ် မခံဘဲ ပံ့သကူကောက် သလို ကောက် ရစေတော့ ကောင်း တာမွန် တာ ကလေးတွေ ကိုသာ ကြည့်ရှု ဆင်ခြင်ပြီး မြင်တတ် စုတတ်ရင် လှပတဲ့ ဘဝ ရက်ထည် အကြီး ကြီးရ မှာနော ။ သတိ ကလေးထားပြီး ကြည့်တတ် ဖို့သာ လိုပါတယ်။

 
ဒေါက်တာမတင်ဝင်း
(ပညာရေးတက္ကသိုလ်)
 From...Manawmaya Journal
 

No comments:

Post a Comment