
ရွှေအရောင်းအ၀ယ်ပြုလုပ်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
လတ်တလော ကမ္ဘာ့ရွှေဈေးကွက် တွင် ဈေးကျနေ သဖြင့် ရွှေဝယ် စုသူများ ယခုနှစ် အတွင်း ဝယ်ယူ စုဆောင်းခြင်း မပြုသင့်ကြောင်း ရွှေလုပ်ငန်းရှင် များက ပြောသည်။
ပြီးခဲ့သည့် မတ်လလယ် မှ စကာ ကမ္ဘာ့ရွှေဈေး ကျနေသည့် အတွက် ၂၀၁၃ ဒီဇင်ဘာ ၃၁ ရက်တွင်ဖြစ် ခဲ့သော တစ်အောင်စ လျှင် ၁,၁၈၄ ဒေါ်လာ အထိ ရောက်ရှိ သွားနိုင်ကြောင်း စီးပွားရေး ခန့်မှန်းချက် များ တွင် လည်း ရေးသားဖော်ပြထားသည်။
‘‘လောလောဆယ် မှာ ကမ္ဘာ့ဈေး က အကျပိုင်း ထဲမှာ ပဲဖြစ်နေတော့ မြန်မာ့ ရွှေဈေး ကလည်း အကျ ဘက်ဖြစ်နေတာပေါ့။ ဈေးတွေ ကတော့ အကျ ဘက်မှာပဲ ဦးတည်နေ လို့ ဆက်ကျနိုင်သေးတယ်’’ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များ အသင်းမှ ဦးဝင်းမြင့်က ပြောသည်။
ထို့ကြောင့် ပြီးခဲ့သည့် နှစ်ကုန် ကတည်းက ဈေးအကျရောက် ရှိ၍ ဝယ်ယူ စုဆောင်းထား သူများ အရှုံးဖြင့် သာ ရင်ဆိုင်နေကြရသည်။
ရွှေဈေးနှုန်း များ ဆက်တိုက် ကျဆင်းနေချိန် တွင် ဝယ်ယူသူများ မရှိဘဲ ပြန်ထုတ် သူများသော ဈေးကွက် တစ်ခု အဖြစ်ရှိနေကြောင်း အပိုင်းဈေးကွက် မှ ကုန်သည် များ က ဆိုသည်။
ကမ္ဘာ့ ရွှေဈေးနှုန်း တစ်အောင်စ လျှင် ၁,၂၅၀ ဒေါ်လာ အောက်ကျဆင်း ပါက ဝယ်ယူရန် မသင့်ဟု ဈေး ကွက် ကျွမ်းကျင်သူများ က ဆိုထား ချိန်တွင်တစ်အောင်စလျှင်၁,၂၄၄ ဒေါ်လာထိ ဈေးနှုန်း များကျဆင်း သွားပြီဖြစ်သည်။
ကမ္ဘာ့ဈေးပေါ်တွင် မူတည်၍ ဈေးနှုန်းပြောင်းလဲ မှုဖြစ်နေသော ပြည်တွင်းရွှေဈေးနှုန်း များမှာ အခေါက်ရွှေ တစ်ကျပ်သား လျှင် ၆၄၇,၀၀၀ ကျပ် အထိ ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်သည်။
ရွှေဆိုင် များတွင်လည်း အပိုင်းနှင့် ဖျက်စဈေးကွက် တို့တွင် ဝယ်လို အားများ ကျဆင်းနေပြီး အထည်ဈေး ကွက် များတွင် သာ ဝယ်လို အားကောင်းနေကြောင်း ရွှေဆိုင် လုပ်ငန်းရှင်များက ဆို သည်။
No.389 Sunday, May 25, 2014
From...7daydaily.com
No comments:
Post a Comment