*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 16 May 2014

ဘုန်းကံ ဘာကြောင့် နိမ့်သလဲ


199-225x145

လူတွေ ငယ်စဉ် သိတတ်သော အရွယ်မှ စ၍ ယခုအရွယ် အထိ ဘုန်းကံ ဟူသော စကားကို ကြားသိခဲ့ ရဖူး မှာပါ၊ ဘုန်း နှင့် ကံ သည် အတူတူ ပင်ဖြစ်ပါ သလား၊ ဘုန်းကံ နိမ့်ခြင်း မြင့်ခြင်း ဟူ၍ ရှိပါသလား ဆိုသော အတွေး တစ်ချို့ ရှိတတ်ပါတယ်။ 

တံတားအောက် ကြိုးတန်းအောက် ညစ်ညမ်းနိမ့်ပါး သည့် အောက်သို့ ၀င်ခြင်း တို့ကြောင့် ဘုန်းနိမ့် တတ် သည် ဟူသော အတွေး များလည်းတွေးတတ် ပါတယ်။


ကဲ…ဘုန်းကံ ကိစ္စကို အရင်ပြောကြည့်ကြမယ်။  မြန်မာလို ဘုန်းကံ-ဟူ၍ တွဲခေါ်သည့် အားလျော်စွာ ပါဠိ ဘာသာ အားဖြင့် ပုည ကမ္မ-ဖြစ်၍ ပြုလုပ်သော ကုသိုလ်ကောင်းမှုကို ဘုန်းကံဟု ခေါ်ပါသည်။


 ရှေးပညာ ရှိတွေက ”ကုသိုလ် ဖုန်း ကံ သင့်ဆီပြန်သော် မကြံ လည်းပြီး ကြံလည်းပြီး၏” လို့ အဆို ရှိခဲ့ ကြတယ်။ 

ဒါကြောင့် ဘုန်းကံ ဆိုတာ ပုည သဒ္ဒါ မှသက်ဆင်း လာတာ သေချာပါတယ်။ နောက် သတ္တာနံ ခန္ဓသန္တာနံ ပုဏာတိ သောဓေတီတိ ပုဏံ-ဟု ပရိတ် ဋီကာက ဆိုထားပြန်ပါတယ်။သတ္တ၀ါ တို့၏ ခန္ဓာအစဉ်ကို သုတ် သင် တတ်၍ ပုဏ၊ ပုည ဟုဆို သဖြင့် ပုည ဟုခေါ် ဆိုသောကောင်းမှု ကုသိုလ်ကံ အကျိုးပေး ၍ ကောင်း ကျိုး ချမ်းသာများ ဖြစ်ပေါ်နေခြင်း ကိုပင် ဘုန်းကံ ဘုန်းရှိသည်၊ ဘုန်းကြီး သည်ဟု အဆိုပြုကြတာ ပါ။

တနေ့က စာရေး သူကိုဆေးရုံ ကိစ္စ အားလုံးကို လိုက်လံကူညီပေးခဲ့ တဲ့ ဗုဒ္ဓဘာသာ ဆရာမ အိမ် သို့သွား ရာမှာ သူတို့ အိမ်ရှေ့မှာ အဝတ်လှမ်း တဲ့ ကြိုးအောက် ကနေ သွားခဲ့ရတယ်။ပြောချင်သော် လည်းပြောခွင့် မကြုံ ခဲ့ပေ။

 နောက်တနေ့ အတူတူ သွားတဲ့ သူငယ်ချင်း တပါးခွေးကိုက်ခံ ရတော့ သူမ တွေးမိတာ က မနေ့တုန်းက ကြိုးတန်းအောက် ဝင်မိလို့ ပါတဲ့။ သူပြောချင် တာက ကြိုးတန်းအောက် ဝင်မိလို့သာဘုန်းနိမ့်ပြီးခွေး ကိုက် ခံရသည် ဆိုသည့်သဘောပေါ့။ 

တကယ်တော့ ဘုန်းကံ ဆိုတာ မိမိပြုလုပ်သော ကုသိုလ် အကျိုးပေးခြင်း သာ ဖြစ်တာမို့  လမ်း တံတားအောက် ၀င်ခြင်း၊ အိမ်အောက်ထပ် မှာ နေခြင်း၊ မြေအောက်မြေတွင်း မှရေ စသည်တို့ကို
သုံးဆောင်ခြင်းကြောင့် နိမ့်ခြင်း၊ ပျက်ပြားခြင်းဖြစ်နိုင် စရာ မရှိပါ။ 


သို့သော် ကုသိုလ် ကံ ပုည တို့ အကျိုးပေးရာ မျက်မှောက်ကောင်းမှု၊ မကောင်းမှုများ၌ လည်း အနည်း အများ အမှီပြုသေး သဖြင့် ရှေး ကုသိုလ် ကံကောင်း၍ အကျိုးပေးချင်သော် လည်း မိမိက မကောင်း မှု ဒုစရိုက် များကို ပြုလုပ်နေလျှင် အကျိုးပေး ဖွံ့ဖြိုးလိမ့်မည် မဟုတ်ပါ။ ထို အရာကိုသာ ဘုန်းနိမ့်သည်ဟု ဆိုလိုက ဆိုနိုင်ပါသည်။

ယခုခေတ် လမ်းများ အထက်၌ တံတားများ ရှိ၍ ထို လမ်းများ၌ သွားလာ ၍ ဘုန်းနိမ့်ကြရမည် ဆိုလျှင် အိမ်မှ ဘယ်မျှ မထွက်ဘဲ နေရတော့ မလို ဖြစ်နေပါသည်၊ 

ထို အယူစွဲကို ဖျောက်ပယ် ဖို့လိုပါတယ်။ ဆရာတော် အရှင်မြတ် ဦးဇနကာဘိဝံသ မိန့် ခဲ့ဖူးတဲ့ စကားလေး ကို သတိ ရမိတယ်၊ ဘာတဲ့… “ဘုန်းကံ ဆိုတာ ရှေး က ပါခဲ့ပေမယ့် ယခု ဘ၀ ကြိုးစားမှု့ ကလဲ ရှိရ တယ်၊ စင်စစ်တော့… ကံ ဆိုတာရေလာ မြောင်းပေး လုပ်မှ လည်း ကောင်းကျိုး ရှိရာ ကောင်းကျိုးလာပြီး
မကောင်းမှု့ ရှိရာ မကောင်းကျိုး လာမှာပဲ”တဲ့ သိပ်ကောင်းပါတယ်။ 


ဒါကြောင့်မို့  ဘာကြောင့်ဘုန်းနိမ့် တာလဲ ဆိုတာကို ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပေတော့…။

ဓမ္မစမ်းရေ
From...Search Myanmar
 

No comments:

Post a Comment