*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday, 25 March 2014

MH 370 အိန္ဒိယသမုဒ္ဒရာမှာ ပျက်ကျခဲ့ကြောင်း မလေးဝန်ကြီးချုပ် ကြေညာ

ပျောက်ဆုံးနေတဲ့ မလေးရှား လေယာဉ် MH370 ဟာ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းမှာ ပျက်ကျ သွားတာကို ဒီ ကနေ့ လုပ်တဲ့ မလေးရှား ဝန်ကြီးချုပ် Datuk Seri Najib Tun Razak ရဲ့ သတင်းစာ ရှင်း လင်းပွဲမှာ အတည်ပြု ပြောကြား လိုက်ပါတယ်။ 

 ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ တွေ့ရတဲ့ မလေးရှား ဝန်ကြီးချုပ် 

Air Accidents Investigation Branch (AAIB) ဆိုတဲ့ ဗြိတိန် စုံစမ်းရေး သမားတွေရဲ့ အတည်ပြု ချက် အပေါ် အခြေခံပြီး အခုလို မလေးရှား ဝန်ကြီးချုပ်က သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြော သွားတာဖြစ် ပါတယ်။




မလေးရှား ဝန်ကြီးချုပ်က ပြောသွားရာမှာ Immarsat ကုမ္ပဏီက ညွှန်ပြချက်တွေ အရ လေယာဉ် ပျံသန်း သွားတဲ့ နောက်ဆုံး လမ်းကြောင်းကို အိန္ဒိယသမုဒ္ဒရာ တောင်ဘက် အခြမ်းမှာဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ပြီး မလေးရှား လေကြောင်းလိုင်းနဲ့ AAIB တို့ ပူးပေါင်းကာ လေယာဉ်ဟာ အဲဒီ လမ်းကြောင်းမှာ ပျံသန်းသွားခဲ့တယ်လို့ ကောက်ချက်ချခဲ့ကြတာပါ။ 
 
 လေယာဉ်ရဲ့ နောက်ဆုံး အနေအထား ဟာ သြစတြေးလျ နိုင်ငံ ပတ် ( Perth ) မြို့ရဲ့ အနောက်တောင် ဘက်၊ အိန္ဒိယ သမုဒ္ဒရာ အလယ်မှာ ရှိခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 
 
“အခု ဒီအချက်အလက် အသစ်တွေအရ အထူးကြေကွဲ ဝမ်းနည်းစွာနဲ့ ပြောရမယ်ဆိုရင် MH 370 လေယာဉ် ဟာ အိန္ဒိယ သမုဒ္ဒရာတောင်းပိုင်းမှာ အဆုံးသတ်သွားခဲ့ ပါပြီ” လို့ မလေးရှား ဝန်ကြီးချုပ် က သတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတာပါ။ 
 
သူက ဆက်ပြောတာမှာ နောက်ဆုံး တွေ့ရှိချက်တွေအပေါ် အခြေခံတဲ့ အသေးစိပ် အချက် အလက်တွေ ကို မနက်ဖြန် အင်္ဂါနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောသွားမှာဖြစ်တယ်လို့ မလေးရှား ဝန်ကြီးချုပ်က ဆိုပါတယ်။ 
 
ဝန်ကြီးချုပ် နာဂျစ်က ပြောတာမှာတော့ အစောဆုံး အခွင့်အလမ်းမှာ ရရှိတဲ့ သတင်းအချက်အလက် အသစ်တွေကို လေယာဉ်မိသားစုတွေနဲ့ ဒီစုံစမ်းရေးကို ဦးဆောင်တာဝန်ယူတဲ့ တာဝန်ခံ ၂ ဦးတို့ ကို လေးစားတဲ့ အနေနဲ့ ပွင့်လင်း မြင် သာစွာနဲ့ လေးလေးစားစား အခုလို သတင်းထုတ်ပြန်လိုက် တာဖြစ်တ ယ်လို့ ဆိုပါတယ်။ 
 
မတ်လ ၈ ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ် ကနေ တရုတ်နိုင်ငံ ပီကင်းမြို့ကို အသွား လူပေါင်း ၂၃၉ ဦး တင်ဆောင်ထားတဲ့ မလေးရှားလေယာဉ် ပျောက်ဆုံးပြီး ၁၇ ရက်ကျော်ကြာပြီးတဲ့အခါမှာ မလေးရှား ဝန်ကြီးချုပ်က အခုလို လေယာဉ်ဟာ ပျက်ကျသွား တာဖြစ်ပြီး ခရီးသည်အားလုံး အသက်ရှင် မယ်လို့ မမျှော်လင့်တဲ့အကြောင်း ထုတ်ပြန်လိုက် တာ ဖြစ်ပါတယ်။ 
 
အခုလို သတင်းထုတ်ပြန်လိုက်မှုကြောင့် MH 370 လေယာဉ် အမှုထမ်းတွေနဲ့ ခရီးသည် မိသားစုတွေက တော့ မျှော်လင့်ချက်တွေ အကုန်ပျက် သုံး သွားပြီး ငိုကြွေး ကုန်ကြပါပြီ။ 
 
မလေးရှားလေကြောင်းလိုင်း ကလည်း ခရီးသည် မိသားစုတွေကိုလည်း ဝမ်းနည်းကြောင်းပြော ကြားပြီး အတည်ပြုချက်ကို အကြောင်းကြားလိုက်ပြီလို့ သိရပါတယ်။ 



From...Search Myanmar 





 Flight MH370 ended in southern Indian Ocean, says Najib Razak

No comments:

Post a Comment