*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 6 November 2013

ဂျပန်နိုင်ငံမှ အမျိုးသမီး ဆာမူရိုင်း



အမှန်တော့ သူ့ကို ဆာမူရိုင်းလို့ မခေါ်ပါဘူး။ ဂျပန်လို Onna-bugeisha လို့ပဲခေါ်ပါတယ်။ ဆာမူရိုင်း အဆင့်အတန်းဝင် သူရဲခေါင်း ဖြစ်ပါတယ်။

ဆာမူရိုင်းဆိုတာကလည်း လူမျိုးစု မဟုတ်ပါဘူး။ ဂျပန်နိုင်ငံရဲ့  အထက်တန်း စားလွှာကို အကာအကွယ်ပေးတဲ့ စစ်သည်အဖွဲ့အစည်း တစ်ခုအဖြစ် လက်ခံထားကြခြင်း ဖြစ်ပါတယ်။ စက်မှုမထွန်းကားမှီ ကာလက ဆာမူရိုင်း ဟာ ဂျပန်နိုင်ငံရဲ့  စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး တို့ မှာ အကြီးမားဆုံး ကဏ္ဍ တစ်ခုကနေ ပါဝင်ခဲ့ပါတယ်။...


အမျိုးသမီးများအနေနဲ့ လက်နက်ပေါင်းစုံ ကိုင်တွယ် တတ်ရေး လေ့ ကျင့်သင်ကြားခြင်းဖြင့် အရည်အချင်း ပြည့်ဝရင် Onna-bugeisha (အွန်နာ ဘက်ဂျီရှာ) လို့ အသိအမှတ်ပြုခံရတဲံ အမျိုးသမီး သူရဲခေါင်း အဖြစ် အသတ်မှတ်ခံရပါတယ်။

အေဒီ ၂၀၀ ကာလက ကိုရီးယားကို သိမ်းပိုက်တုန်းက ဂျပန်တို့ သွေး မြေ မကျအောင် Onna bugeisha တစ်ဦးဖြစ်တဲ့ အမျိုး သမီး Empress Jingu က ဦးဆောင်ပါတယ်။ စစ်ရေးတင် မက၊ နိုင်ငံရေးနဲ့ စီးပွားရေးတွေမှာပါ လွမ်းမိုးပြီး ဂျပန်မှာ သြဇာကြီး တဲ့ ခေါင်းဆောင် တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

အမျိုးသား တိုက်ခိုက်ရေးသမား နည်းပါးမှုကို ဖြေရှင်းဖို့အတွက် ဆာမူရိုင်း တို့ဟာ အမျိုးသမီးများ လေ့ကျင့်သင်ကြားပေးရင် Onna Bugeisha လို့ခေါ်တဲ့ အမျိုးသမီး သူရဲကောင်း လူတန်းစား တစ်ခု ပေါ်ပေါက် လာခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
--
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

http://www.yoyarlay.com/international-news/asia/38499-japan-samurine-girl 


 

No comments:

Post a Comment