*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 25 September 2013

လောင်းကစားဒိုင်ဖမ်းမိတဲ့ စင်္ကာပူကို နိုင်ငံတကာရဲတပ်ဖွဲ့ ချီးကျူး


(၂၀၁၀ ဇူလိုင်လ စင်္ကာပူမှာ ဖမ်းမိတဲ့ လောင်းကစားလုပ်ငန်းသုံး ပစ္စည်းပစ္စယနဲ့ငွေကြေးများ။ ကမ္ဘာ့ဖလားကာလအတွင်း အာရှဒေသ တရားမ၀င် ဘောလုံးပွဲလောင်းမှု တိုက်ဖျက်ရေးကာလအတွင်း ဖမ်းဆီးရာက သိမ်းလိုက်တာတွေပါ။ ဓာတ်ပုံ - Reuters)

ဒေါ်လာသန်းပေါင်းများစွာလည်ပတ်စီးဆင်းနေမယ်လို့ ယူဆရတဲ့ ကမ္ဘာ့အကြီးဆုံး ဘောလုံးလောင်းကစား လုပ်ငန်းကို နောက်ကွယ်က ကြိုးကိုင်နေသူ အဖမ်းခံရပါပြီ တဲ့။

အဖမ်းခံရသူဟာ စင်္ကာပူ နိုင်ငံသား Tan Seet Eng ဖြစ်ပါလိမ့်မယ်။ ဖမ်းလိုက်တဲ့ စင်္ကာပူထောက်လှမ်းရေး အဖွဲ့တွေကို လည်း နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပို က ဒီကနေ့ ချီးကျူးလိုက်ပါတယ်။

အဖမ်းခံခဲ့ရတာကတော့ စုစုပေါင်း ၁၄ ဦး ဖြစ်တယ်။ အမျိုးသား ၁၂၊ အမျိုးသမီး ၂။ မနေ့က စင်္ကာပူပြည်ထဲရေး ဌာနအဆိုအရ ... ဖမ်းထားသူများထဲက ၉ ယောက်ကို အာမခံနဲ့ လွှတ်လိုက်ပြီ၊ ၅ ယောက် ကိုတော့ ဆက်ပြီး မေးမြန်းစစ်ဆေးနေဆဲ ပါပဲ တဲ့။

ဥပဒေ အရ ဆိုရင် သူတို့ ၅ ယောက်ကို ၁၆ ရက်ကြာ ထိန်းသိမ်းထားနိုင်တယ်လို့ ဆိုတယ်။

ဖေဖော်ဝါရီလ ထုတ်ပြန်ချက် တစ်စောင်အရ ဆိုရင် စင်္ကာပူအခြေစိုက် လောင်းကစားလုပ်ငန်းကြီးက ကိုင်ထားတာ ဥရောပတိုက် တခုတည်းမှာတင် ဘောလုံးပွဲပေါင်း အနည်းဆုံး ၃၈၀ ရှိနေတယ် ဆိုပဲ။ ယူရို ၈ သန်းလောက်တော့ အနည်းဆုံး ရသွားခဲ့ပါတယ် တဲ့။
ကမ္ဘာလွှမ်းပတ် ဆက်နွယ်နေတဲ့လောင်းကစားကွန်ရက် ဆိုတော့ ရတဲ့ အမြတ်အစွန်းက အတော်လေး များတယ်လို့ ဆိုနိုင်ပါတယ်၊ အင်း... သူတို့ကို အလိုရှိတဲ့ နိုင်ငံတကာရဲအဖွဲ့လည်း များပါတယ်။

ကမ္ဘာ့ဖလား၊ ဥရောပဖလား စတဲ့ ပွဲစဉ်များနဲ့ ပတ်သက်ပြီး အာရှ အာဖရိက လက်တင် အမေရိကဒေသ လောင်းကစား မှုလုပ်ငန်း ထိစပ်နေတာ ပွဲစဉ်ပေါင်း သုံးရာ လောက် ရှိနိုင်မယ်လို့ သံသယ ရှိနေကြ တာပါ။

သြစတေးလျ၊ အယ်လ်ဆယ်ဗေဒေါ နိုင်ငံတို့မှာလည်း လောင်းကစား လုပ်ငန်းရှင်တွေရော ပါဝင် ပတ်သက် တဲ့ အားကစားသမား တချို့ကိုပါ ထိန်းသိမ်းလိုက်ပါပြီ တဲ့။

အပြည့်အစုံကို ဧရာဝတီ ပင်မစာမျက်နှာက သတင်းတပုဒ် Interpol Laud Singapore’s Capture of Football Match-Fixing Mastermind http://www.irrawaddy.org/archives/44577 မှာ ဖတ်နိုင်ပါပြီ။
ဧရာဝတီblog
From...Facebook

No comments:

Post a Comment