*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 29 September 2013

စိတ်ညစ်နေချိန် မှာ Shopping ထွက် တာ အကောင်းဆုံး ပါပဲ လို့ ယူဆသူလေး ခင်ဝင့်ဝါ



လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။

အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေ လည်း ဖြေပေး တယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။

အရင်အေဂျင်စီ နဲ့ ပြဿနာ တက်တယ်ဆို တာက။

သြော် ဟုတ်ကဲ့။ အဲဒီ ကိစ္စက အဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ ။Supranational Organization မှာ က အေဂျင်စီ တစ်ခုခုနဲ့ စာချုပ် ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့ အနေနဲ့က Miss နဲ့ Model နဲ့မ တူဘူး ဆိုတာကို ပြောပြချင်တာ။ 


သူတို့ စာချုပ် ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ် ချုပ်ထားတာ မရှိ ရဘူး။ ရှိ ခဲ့ရင် လည်း ဖျက်ပေးရမယ် ဆိုတဲ့ အချက် ပါ တယ်။ အဲဒါကြောင့် မို့လို့ ပါ။ Miss Supranational ရ ကတည်းက သူတို့နဲ့ ချုပ်ရတာ။



ညီမလေးဘက် ကရော ထိခိုက် နစ်နာမှုတွေ ရှိလား။

မရှိပါဘူး အစ်မ။

လျော်ကြေး က ညီမလေး ကိုယ်တိုင်လျော် ရတာလား။

ဟိုဘက် အေဂျင်စီက လျော်ပေး တာလား။

ကိုယ့်ဟာကိုယ် လျော်ရတာပါ အစ်မ။

အခုလတ်တလောမှာ ၀တ်ဖြစ်နေတာ က။

မြန်မာဝတ်စုံလေးတွေလည်း အရမ်းကြိုက် နေတယ်။ ပြီးတော့ ပေါ့ပေါ့ပါးပါး ဂါဝန်အရှည် လေးတွေ ၀တ်ဖြစ်နေပါတယ်။

ညီမလေး အသားအရောင်နဲ့ လိုက်ဖက် တဲ့ Colour တွေက။

အနီ၊ အ၀ါ၊ ပန်းရောင်၊ အဖြူတို့နဲ့လိုက် မယ်ထင်တယ်။

ညီမလေးရဲ့ မိသားစုကရော Fashion နဲ့ ပတ်သက်ပြီး ဘယ်လိုအကြံပေးလဲ။

အတိုတွေ၊ အပြတ်တွေတော့ မ၀တ်ခိုင်း ဘူး။ အကြံပေးတာထက်ကို သင့်တော်တာပဲ ၀တ်ခိုင်းပါတယ်။

Fashion ပစ္စည်းထဲမှာ စုဆောင်းဖြစ်တာ က။

Accessories တွေတော့ မကြိုက်ပေမဲ့ ၀ယ်စုဖြစ်တယ်။ တစ်ချို့ဆို ညီမကို Accessories မကြိုက်ဘူးလားတဲ့။ ဓာတ်ပုံရိုက်ရင် မ၀တ်လို့။ မကြိုက်တာထက် ၀တ်လေ့ဝတ်ထ မရှိတာပေါ့။ စုရတာတော့ ၀ါသနာပါတယ်။

သူငယ်ချင်းတွေနဲ့ရော Fashion အကြောင်း နှီးနှောဖလှယ်တာမျိုးရှိလား။

Fashion နဲ့ပတ်သက်ပြီး လိုက်တယ်။ မလိုက်ဘူးဆိုတာတော့ တစ်ယောက်နဲ့ တစ် ယောက် ဝေဖန် အကြံပေး ကြတယ်။ အသစ်ထွက် တဲ့ ဒီဇိုင်းတွေအကြောင်းကို ဖလှယ်တာမျိုးရှိ တယ်။
အပြင် သွားတဲ့ အခါမှာ ဘယ်လို ပုံစံကို ၀တ်ဖြစ်လဲ။
အရင် ကတော့ လွတ်လွတ် လပ်လပ် ပေါ့ ပေါ့ပါးပါး ကြိုက်တယ်။ အခု က မြန်မာဝတ်စုံ တွေ ၀တ်ဖြစ်နေ တယ်။ ချုပ်တာထက် Ready Made ၀ယ်တာ များတယ်။

Shopping ထွက်တဲ့အခါ အသွားဖြစ်ဆုံး နေရာက။

Taw Win နဲ့ Junction Square ပေါ့။

ဝယ်ဖြစ်တဲ့ ဆိုင်တွေက။

တစ်နေရာ၊ တစ်သမတ်တည်းတော့ မရှိ ဘူး။ တကယ်လို့ ညီမသဘောကျ ရင် ၀ယ်တယ်။ မြန်မာ ၀တ်စုံ ဆိုင်တွေဆို လည်း အများကြီး ရှိ တယ်။ မြန်မာ ၀တ်စုံမှာ စီးကွင့်လေးတွေ ထိုး ထားရင် အရမ်း သဘော ကျတယ်။ ညီမ ၀ယ်နေ ကျ ဆိုင်မှာ ဆို တစ်ဆိုင်လုံး က ပစ္စည်းတွေကို ၀ယ်ချင်တယ်။ ဖိနပ်နဲ့ Accessories တွေပေါ့။

ဖိနပ် နဲ့ အိတ် ဆိုရင်။

ဖိနပ် က ပေါ့ပေါ့ပါးပါး Slipper တွေ စီး ဖြစ်တယ်။ ဒါပေမဲ့ ကိုယ်က အမြဲတမ်းဒေါက်နဲ့ ထိတွေ့ခဲ့တဲ့ သူ ဆိုတော့ ဒေါက်တွေ အမြဲဝယ် ဖြစ်တယ်။ လှတာ ကို ဦးစားပေး ၀ယ်တယ်။ ကိုယ့် အတွက်လည်း သက်သောင့်သက်သာ ဖြစ်ပြီး လိုက်မယ်ဆို ၀ယ်ဖြစ်တယ်။ အိတ်ကို တော့ အကြီးကြီးတွေ ကြိုက်တယ်။

Shopping ထွက်ရတာရော သဘောကျ လား။

သဘောကျတယ်။ တစ်ခါတလေ တစ်နေ ကုန် Shopping ထွက်တယ်။ Shopping ထွက်ရင် စိတ်သက်သာရပြီး ပျော်တယ်။ ညောင်း လာရင် မုန့်ဆိုင်ထိုင်တယ်။ ပြီးရင် ပြန်ပတ် တယ်။ စိတ်ညစ်ရင် Shopping ထွက်တာ အကောင်းဆုံးပေါ့။
ှ့
Shopping ကိုရော ဘယ်သူနဲ့ အများဆုံး သွားဖြစ်လဲ။

အစ်မရယ်၊ အမေရယ်၊ အဒေါ်ရယ် အမြဲ ပါတယ်။ သူငယ်ချင်းတွေနဲ့က အရင်ကပေါ့။ အခု သိပ်မသွားဖြစ်တော့ဘူး။

Shopping ထွက်တဲ့အခါ ၀တ်ဖြစ်တာ က။

စကတ်နဲ့ ဘောင်းဘီတိုလေးတွေ ၀တ်ဖြစ် တယ်။ အရမ်းကြီး လူမြင်မကောင်းတာမျိုး မဟုတ်ဘဲ Free Style လေးတွေပေါ့။

Shopping ထွက်တာမျိုး မဟုတ်ဘဲ Online ကနေမှာတာမျိုးရောရှိလား။

တစ်ခါပဲ။ အိတ်လေးတွေ သဘောကျလို့ ၀ယ်ဖူးတယ်။

ကိုယ့်ဝင်ငွေနဲ့ ကိုယ်ဝယ်ဖူးတဲ့ အသုံးအ ဆောင်ပစ္စည်းလေးရှိရင်။

Accessories တွေပါ။

ကျောင်းတစ်ဖက်၊ အနုပညာအလုပ်တစ် ဖက်နဲ့ဆိုတော့ မပင်ပန်းဘူးလား။

အဲလိုတော့ မခံစားပါဘူး။ တစ်ခါတလေ ကျရင်တော့ အရမ်းပင်ပန်းတယ်။ အိပ်ချိန်လည်း အရမ်းနည်း တယ်။ မနက် ဆို ကျူရှင်လဲ ရှိတယ်။ ပြီးရင် တောက်လျှောက် ရှုတင်တွေ ဆက်တိုက် ပဲ။ ဒါပေမဲ့ ၀ါသနာ ပါတဲ့ အလုပ်ဖြစ်နေတဲ့ အ တွက် သိပ်တော့ မညည်းဖြစ်ဘူး။

M Plaza Shopping Journal မှာ Cover ရိုက်ရတဲ့ ခံစားချက်လေး။

M Plaza Shopping Journal ပါဝင် ရိုက်ကူးခွင့်ရတဲ့အတွက် အရမ်းဝမ်းသာမိပါ တယ်။

ညီမရဲ့ ပရိသတ်တွေကိုရော ဘာပြောချင် သေးလဲ။

ညီမကို အားပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ်၊ အားမပေးတဲ့ ပရိသတ်ပဲဖြစ်ဖြစ် အားလုံးကို အရမ်းကျေးဇူး တင် ပါတယ်။ အရမ်းလည်း ချစ် ပါတယ်။ ရှေ့ဆက်ပြီး အနုပညာ လုပ်ငန်းတွေ လုပ်ဆောင် သွားပါမယ်။ အားပေးပါဦးလို့။ ချစ် ခင် ပါဦးလို့။ ပရိသတ်ကြီး စိတ်မပျက်အောင် လဲ အစွမ်း ကုန်ကြိုးစား သွားပါ့မယ်လို့။ ပရိသတ်ကြီး အလုပ် အကိုင်တွေ အဆင်ပြေပြီး ပျော်ရွှင်ပါစေ လို့။


အမ်ဘုံဆူးခက်
ဓာတ်ပုံ - Studio Saw
မိတ်ကပ် - မထက်(Pop Soul)
Dress - Vogue
Shoe - Lily


**********************
M Plaza Shopping Journal (Vol 1, No 16 ) 
From...Myanmar Forward

No comments:

Post a Comment