*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Showing posts with label အနုပညာ လောက နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts
Showing posts with label အနုပညာ လောက နှင့် သက်ဆိုင်သော ဗဟုသုတများ စုစည်းမှု. Show all posts
Saturday, 6 September 2014
ပဋိပက္ခ ပြေလည်စေလိုသူ နန်းခင်ဇေယျာ
လတ်တလော အများပြောနေကြတဲ့ မေမြတ်နိုး သရဖူ အကြောင်းနဲ့ ပတ်သက်ပြီး အလှမယ် နန်းခင်ဇေယျာ ဆီက အသံ ထွက်လာပါတယ်။
စနေ မနက် ၁းဝဝ နာရီ သူ့ဖေ့စ်ဘုတ်မှာ တင်လိုက်တာကို ကူးယူ ဖော်ပြလိုက်ပါတယ်။
နန်းခင် ခုရေးတဲ့ စာလေးက သိလွန်း တတ်လွန်းလို့ရေးထားတာ မဟုတ်ပါဘူးရှင်။ အားလုံး အတွက် စိတ်မကောင်းဖြစ်ရ လို့ ကာယကံရှင်တွေ ကိုလည်း အားပေးစကားလေးပြောချင်လို့ ရေးလိုက်တာပါ။
ခုဖြစ်ပေါ်နေတဲ့ ညီမလေး မေမြတ်နိုး သရဖူပြန်အပ်ရမယ့် ကိစ္စမှာ ဘယ်သူမှန် လို့ ဘယ်သူမှားတယ် ဆိုတာ နန်းခင် လည်း မသိပါဘူး။
မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင် ခဲ့ပြီး သရဖူ ရခဲ့တဲ့ အတွက် မြန်မာ ပရိသတ်နဲ့ အတူ ဝမ်းမြောက်ဂုဏ်ယူခဲ့ပါတယ်။ ဒီ့ အတွက် ကြိုးစား ခဲ့ကြတဲ့ ညီမလေး မေမြတ်နိုးရော အမ လှနုထွန်းရော ၂ ယောက်လုံး အတွက် မြန်မာ ပရိသတ်များနဲ့ အတူ ဝမ်းမြောက်ခဲ့ရတာပါ။
Thursday, 4 September 2014
Miss Asia Pacific World ပြိုင်ပွဲဆု အတွက် လိင်ကိစ္စဖြင့် အလဲအလှယ် လုပ်ရန် တာဝန်ရှိသူများ က တောင်းဆိုမှုများ ရှိခဲ့သည် ဟု ပါဝင်ယှဉ်ပြိုင်သူများ က ပြောခဲ့ကြောင်း ကိုရီးယား သတင်းစာ ရေးသား
May Myat Noe 3Sept
Miss Asia Pacific World အလှမယ် ပြိုင်ပွဲ ကျင်းပခြင်း သည် ယခုအခါ လေးနှစ်မြောက် ရှိခဲ့ပြီဖြစ်ပြီး အဆိုပါပြိုင်ပွဲ တွင် ဆုချိတ်နိုင်ရန် အတွက် လိင်ကိစ္စဖြင့် အလဲ အလှယ်လုပ်ရန် တာဝန်ရှိသူများ က တောင်းဆို မှုများ ရှိခဲ့ကြောင်း ပါဝင်ယှဉ်ပြိုင် သူ မိန်းကလေးအချို့ ၏ စွပ်စွဲ မှုများ ရှိခဲ့သည် ဟု The Kore Times သတင်းစာ တွင် ဖော်ပြထားသည်။
Monday, 1 September 2014
အမှတ် သည်းခြေ ကြီးတဲ့ အကယ်ဒမီ အေးအေးသင်းရဲ့ သေရာပါ ဒဏ်ရာတစ်ခု
01023
မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန် ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောက ရဲ့ အဝေးဆုံး မှာ ဇာတ်မြှုပ်နေထိုင်နေ တဲ့ ထပ်ဆင့် အကယ်ဒမီ အေးအေးသင်း တစ်ယောက် သေရာပါ ဒဏ်ရာ တစ်ခုကို ရင်မှာ ပိုက်ထွေးထားဆဲပါ။
ဘဝ ရဲ့နေဝင်ချိန်တွေ ကို အေးအေးသင်း တစ်ယောက် ဘယ်လိုဖြတ်သန်းနေ သလဲ။
၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေ မှာ ရုပ်ရှင်လောက ထဲ သရဖူဆောင်းနိုင် ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်း တစ်ယောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံမှာ ပါဝင်ခဲ့ လို့ စစ်အစိုးရရဲ့ ဒဏ်ခတ် မှုကို ခါးခါး သီးသီး ခံစားခဲ့ရပါတယ်။
 ပြည်သူ့ဘက်က ရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင် စစ်စစ် တစ်ယောက်ကို အနုပညာ လုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ် လို့ ကမာရွတ် မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။
Friday, 29 August 2014
ဆယ့်ကိုးနှစ် အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ
မော်ဒယ်အေးချမ်းမြတ်မိုး ကို ဓားဖြင့် ထိုးသတ်ခဲ့ သူမှာ ၎င်းနှင့် ထူးခြား သည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင် များက ပြောသည်။
သြဂုတ်လ ၂၅ ရက် ညနေ က အံ့ဖြိုးပိုင် ဆိုသော လူငယ် တစ်ဦးက အေးချမ်းမြတ်မိုး ၏ လည်ပင်းကို ဓားဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ် သည်။
 ပြစ်မှုကျူးးလွန်သည့် အသက်(၂၂)နှစ် အရွယ် အံ့ဖြိုးပိုင် ဆိုသူ ကို ညတွင်းချင်း ပင် ဖမ်းဆီး မိခဲ့ခြင်းဖြစ် သည်။
‘‘ကောင်လေး ကိုတော့ မိတယ်။ အစ်မ တို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွား တာ မြင်လိုက် တဲ့ ရပ်ကွက် တစ်ခုလုံး ကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ ၏ အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုး က ပြောသည်။
Friday, 22 August 2014
ကြယ်တွေစုံတဲ့ည... ဝေးသွားတဲ့အခါ
ရှေးမြန်မာတွေ လက်စွဲ သုံးနှုန်းခဲ့ကြတဲ့ ဝေါဟာရတွေ ထဲမှာ အင်မတန် ရင့်သီးပြီး နား မခံသာတဲ့ အမြင် ကတ်စရာ အသုံးအနှုန်း တစ်ခုရှိတယ်။ ‘‘ဖက်ခွက်စား’’တဲ့။ အနုပညာ အလုပ်နဲ့ အသက်မွေး ဝမ်းကျောင်း မှုပြု သူတွေကို ပေးထားတဲ့ နာမ်စား။ သိပ် မုန်းဖို့ကောင်းတာပဲ။ စဉ်းစားကြည့်ကြ ပါဦး လူတွေရဲ့ စိတ်နှလုံး ဟဒယ ကို ကြည်နူး ဆွတ်ပျံ့အောင် စွမ်းဆောင်နေတဲ့ သူတွေကို များ ပက်ပက် စက်စက် ဖက်ခွက်စားတဲ့။
အဲဒီ အတွေးအခေါ်ကြီး ဟာ အင်မတန် အိုဟောင်းပြီး ဒိတ်အောက် သွားပြီ ဆိုတာ ဩဂုတ်လ ၁၄ ရက်နေ့ မှာ ကျင်းပတဲ့ အခမ်းအနား တစ်ခုက သက်သေပြခဲ့တယ်။ ချစ်ခြင်း အားဖြင့် (၁၀)နှစ်တဲ့။ လွန်ခဲ့တဲ့ ဆယ်နှစ် က ကွယ်လွန် သွားခဲ့တဲ့ တေးရေးဆရာ အဆိုတော် ကိုငှက်ကြီး ကို လွမ်းခြင်း အားဖြင့် ကျင်းပကြ တဲ့အခမ်းအနား။ 
လူတွေ ရဲ့နှလုံးသား ကို ဆယ်နှစ် ဆယ်မိုး တိုင်အောင် လွှမ်းမိုး ထားနိုင်သူ တစ်ယောက်ဟာ ဘယ်လိုလုပ် ဖက်ခွက်စားဖြစ်ရ မလဲ ဖြစ်ချင်းဖြစ် ရတနာသေတ္တာပဲ ဖြစ်ရတော့ မပေါ့။
Sunday, 6 July 2014
မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင် နဲ့ Play Boy
လူငယ်တွေ နားဆင်ဖို့ လတ်တလော ထွက်ရှိ ထားတဲ့ သီချင်းခွေတွေ -
ဂီတ အနုပညာ ဟာ ဟိုး ကမ္ဘာဦး အစ ကတည်းက လူသားတွေကြား မှာ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း အစ ရှိတဲ့ စိတ် ခံစားချက်တွေ ကို သံစဉ်တွေနဲ့ သီကျူးဖော်ပြဖို့ တည်ရှိ ခဲ့တဲ့အရာ တခုပါ။
ဂီတ ကို ခေတ် အဆက်ဆက် တူရိယာ ပစ္စည်း အမျိုးမျိုး၊ မတူညီ  ယဉ်ကျေးမှုတွေ၊ မတူညီ တဲ့ ဘာသာ စကားတွေ နဲ့ ပုံဖော် သီဆိုခဲ့ကြတာ ယနေ့ အထိတိုင်ပါပဲ ။ အိုင်တီ ပစ္စည်း အသစ် အဆန်းတွေ တမျိုးပြီး တမျိုး တီထွင် ထုတ်လုပ်နေတဲ့ အိုင်တီခေတ် လို့ ပြောလို့ ရတဲ့ ဒီနေ့ခေတ်ရေစီးကြောင်း ထဲ မှာတောင် ဂီတနဲ့ အနုပညာ ဟာ လူကြီး၊ လူငယ် ကျား၊ မ မရွေး ခံစား နားဆင် နေကြဆဲ အရာ တခုပါပဲ။
Tuesday, 3 June 2014
ချစ်စမ်းမောင်၊ မျိုးကြီး တို့ရဲ့ လှုံ့ဆော် တိုက်တွန်းမှု
IRON CROSS တေးဂီတ အဖွဲ့က ချစ်စမ်းမောင်၊ အဆိုတော် မျိုးကြီး တို့က   ပဋိပက္ခအတွင်း လိင် အကြမ်း ဖက်မှု ရပ်  ဆိုတဲ့ လှုံ့ဆော်မှု မှာ အခုလို ပါဝင်နေကြပါတယ်။
ရန်ကုန်မြို့ ဗြိတိသျှသံရုံး အွန်လိုင်း စာမျက်နှာ တခုက တင်လိုက်တဲ့ ဒီပုံတွေ ကို တနင်္လာနေ့ က စတင်ပြီး အွန်လိုင်း မှာ လက်ဆင့်ကမ်း ဖြန့်ဝေနေကြတာပါ။ တနင်္လာနေ့မတိုင်ခင် မှာတော့ အမျိုးသမီး တချို့ရဲ့ပုံ ၂ ပုံလည်း တက်လာ ပါတယ်။
တစ်ပုံက ကမ္ဘာကျော် မင်းသမီး အင်ဂျလီနာဂျိုလီ ကို တွေ့ရပါမယ်။ နောက်တစ်ပုံ ကတော့ မြန်မာပြည်က အမျိုးသမီး တို့ရဲ့ပုံပါ။
Friday, 7 February 2014
တရုတ်တန်း က စစ်ကိုင်းလမ်း
တရုတ်တန်းက စစ်ကိုင်းလမ်း
------------------
ရေးသားသူ- သီဟ
လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များက နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီးလွတ်ရုံလမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများကို ရှောင်တိမ်းရင်း ထိုင်စရာစားပွဲတစ်ခုရရန် မနည်းရှာရသည်။ ကျဉ်းကျဉ်းကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုးသမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံများဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေးရဲ့ညနေပိုင်းသည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးအခါသမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။
“ထိုးထွက်မယ့် မနက်နေရောင်ဖြာထွန်းရင် စစ်ကိုင်းလမ်းက စောင့်နေမယ်သူမှာလို့ ...” အစချီတဲ့ စတီရီယိုအဆိုကျော်ခိုင်ထူး၏ တေးသွားက ဟော်လိုဂစ်တာနှင့် လိုက်ဖက်ညီစွာ ပျံ့လွင့်လာကာ လေထုထဲရှိ အကင်ညှော်နံ့များနှင့် ရောထွေးသွားခဲ့သည်။ အဖြူရောင်အင်္ကျီလက်ရှည်နှင့် ပလေကပ်ပုဆိုးအစိမ်းရောင် အဆင်ရိုးရိုးကို ၀တ်ဆင်ထားသည့် လူတစ်ယောက်။ စားဝိုင်းသောက်ဝိုင်းတွေကြား ဂစ်တာကို အားရပါးရတီးခတ်ကာ လည်ပင်းကျောများထောင်သည်အထိ ခိုင်ထူး၏သီချင်းကို မာန်ပါပါတီးခတ်နေသည်။ သူ့သီချင်းသံကြောင့် စားသောက်နေသူများ အနှောင့်အယှက်ဖြစ်ပုံမရ။
သူကတော့ ရန်ကုန်ညတွေရဲ့ အဓိပတိ တရုတ်တန်း(၁၉ လမ်း)ရှိ စားသောက်ဆိုင်တန်းတွေကြား ၁၉ လမ်း ခိုင်ထူးဟု လူသိများသည့် ကိုထွန်းရွှေပင်ဖြစ်သည်။ ဆယ်စုနှစ် နှစ်ခုကျော်ကာလအထိ ၁၉ လမ်းတွင် ညစဉ်ညတိုင်း ဂစ်တာတစ်လက်ဖြင့် စားသောက်သူများအား လာရောက်ဖျော်ဖြေသူတစ်ဦး။ အဆိုတော်ခိုင်ထူးနှင့် ရုပ်ချင်းအနည်းငယ်ဆင်တူပြီး အားနှင့်မာန်နှင့် သီချင်းဆိုလိုက်လျှင် ခိုင်ထူး၏ ဆိုဟန်ဆိုပေါက်နှင့် ခပ်ဆင်ဆင်ပင်။
ခိုင်ထူး၏ နာမည်ကြီးသီချင်းများဖြစ်သည့် ရွှေလည်တိုင်၊ စစ်ကိုင်းလမ်း၊ သိလား၊ အဉ္ဇလီ အစရှိသည့်သီချင်းများကို အဆိုများသလို ကိုယ်တိုင်ကလည်း ခိုင်ထူးကို အသည်းစွဲ ကြိုက်နှစ်သက်သူတစ်ဦးဟု ၀န်ခံသည်။ ၁၉၈၈ ခုနှစ်ပတ်ဝန်းကျင်ကာလများဆီက မိသားစုစားဝတ်နေရေးကြောင့် တတ်ထားသည့်ဂစ်တာပညာဖြင့် အသက်မွေးမည်ဟု စဉ်းစားရင်း ၁၉ လမ်းတွင် လာရောက်ဖျော်ဖြေခဲ့ရာ ယနေ့တိုင်ပင်ဖြစ်သည်။ 
“ကျွန်တော်စဆိုဖြစ်တော့ သူငယ်ချင်းတစ်ယောက်က အကြံပေးတာနဲ့ ဗိုလ်ချုပ်ဈေးမှာစဆိုတယ်။ ဆိုခါစကတော့ နည်းနည်းအခက်အခဲရှိတယ်။ နောက်ပိုင်းတော့ အဆင်ပြေသွားပါတယ်”ဟု ၁၉ လမ်း ခိုင်ထူးခေါ် ကိုထွန်းရွှေကပြောသည်။
ဒီအလုပ်ကြောင့် သူ့တွင် သိမ်ငယ်စိတ်လုံးဝမရှိဟုလည်း အခိုင်အမာပြောသည်။ နေ့စဉ် ညနေ ၆ နာရီစွန်းစွန်းအချိန်များတွင် ၁၉ လမ်း၏ ညများနှင့်အတူ စီးမျောရန် ရောက်ရှိလာခဲ့ကာ ည ၁၀ နာရီကျော်ကျော်ခန့်မှ ပြန်လေ့ရှိသည်။
စားသောက်ဝိုင်းများက ဖိတ်ခေါ်လျှင် လာရောက်သီဆိုတတ်သလို သူစိတ်ပါလျှင်လည်း စားသောက်ဝိုင်း တစ်ခုခုနားတွင် ဆိုနေလေ့ရှိ၏။ ဘယ်ရွေ့ဘယ်မျှရစေဟု သဘောမထားဘဲ စေတနာကြေးဖြင့် သီဆိုတတ်သည့် သူက အသံအဆင်မပြေလျှင် အဲဒီညအတွက် ဆက်မဆိုဟု ပြောသည်။
“ပရိသတ်ကို မလိမ်ချင်ဘူး။ အသံက ဆိုလို့အဆင်မပြေတော့ရင် အဲဒီညလှည့်ပြန်သွားတာပဲ”ဟု ၎င်းကပြောသည်။ နာမည်ကြီးအဆိုတော်တစ်ဦးမဟုတ်သော်လည်း အသံကိုအားပြု၍ ၀မ်းကျောင်းနေသူတစ်ဦးဖြစ်ဖြင့် အသံနှင့်ပတ်သက်၍ ဂရုတစိုက်ထားပုံကိုလည်း “အသံပျက်စေမယ့် အရက်တို့ ဘီယာတို့ လုံးဝမသောက်တော့ဘူး။ ငယ်ငယ်တုန်းကတော့ ဆိုးခဲ့၊ မိုက်ခဲ့တာတော့ ရှိတာပေါ့။ ဒါပေမဲ့ အခုတော့ ဒါတွေ ဘာမှမလုပ်တော့ဘူး။ အစားအစာကိုလည်း ဂရုစိုက်တယ်။ အသံကို ထိခိုက်စေမယ့်ဟာကိုရှောင်တယ်”ဟု သူကပြောသည်။
ညစဉ်သီချင်းဆိုနေရသူတစ်ဦးဖြစ်သဖြင့် အသံမ၀င်စေရန် သံပရာသီးကိုလည်း တစ်နေ့လျှင် နှစ်လုံး၊ သုံးလုံးခန့် စားထားရသေးသည်။ သီချင်းစဆိုစဉ်အချိန်များက ၀ိုင်းများထံမှ စေတနာကြေးအနေဖြင့် တစ်ညလျှင် လေးရာ့ငါးဆယ် ငါးရာခန့်သာ ရရှိခဲ့သော်လည်း ယခုအခါ တစ်ညလျှင် နှစ်သောင်းခွဲ သုံးသောင်းအထိရတတ်ပြီး တစ်ခါတစ်ရံ ငါးသောင်းအထိပင် ရလေ့ရှိသည်။
သူလာဆိုနေသဖြင့် စားသောက်သူများနှင့် ဆိုင်ကို အနှောင့်အယှက်မဖြစ်ကြောင်း ၁၉ လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်မှ မန်နေဂျာကပြောသည်။ သူ့အနေဖြင့် စားသောက်သူများကို အနှောင့်အယှက် ဖြစ်စေလောက်သည့်အပြုအမူမျိုး ဘယ်သောအခါမှမလုပ်ဟုဆိုသည်။
“ကျွန်တော်ဝိုင်းတစ်ဝိုင်းနားမှာဆိုရင် နှစ်ပုဒ်အများဆုံးပဲဆိုတယ်။ နောက်ပြီး ကျွန်တော်က အော်ချင်ရာအော်တာလည်းမဟုတ်တော့ စားသောက်သူတွေ အနှောင့်အယှက်မဖြစ်ပါဘူး”ဟု သူကပြောသည်။
စားသောက်ဝိုင်းများတွင် လူစုံလာရောက်လေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် နိုင်ငံခြားသုံးငွေကြေးများလည်း ရတတ်သည်ဟု သူကဆိုသည်။ ခိုင်ထူးသီချင်းများကို အဆိုများသော်လည်း တစ်ခါတစ်ရံ ဖိုးချို၊ စိုးလွင်လွင်၊ ထူးအိမ်သင်၊ စိုင်းထီးဆိုင်တို့၏သီချင်းများလည်း ဆိုတတ်သည်ဟုဆိုသည်။
“ပရိသတ်တောင်းဆိုရင် တောင်းဆိုသလိုပေါ့။ ဆိုပေးရတာတွေလည်း ရှိတယ်။ ကိုယ်တိုင်ကတော့ ခိုင်ထူးသီချင်းပဲ အဆိုများပါတယ်”ဟု သီချင်းများကို နုတ်စ်ဖြင့်တီးခတ်ခြင်းမဟုတ်ဘဲ အကြားဖြင့် ပြန်လည်တီးခတ်တတ်သည့် သူကဆိုသည်။
ခိုင်ထူး၊ စိုးလွင်လွင်၊ ဖိုးချိုတို့၏ သီချင်းများကို အဆိုများသူ ကြိုက်နှစ်သက်သူက ယနေ့ခေတ်ပေါ်သီချင်းများ မရဟုဆိုသည်။ သို့သော် မည်မျှပင်စိမ်းသည့်သီချင်းဖြစ်ပါစေ။ ဆယ့်ငါးမိနစ်ခန့် နားထောင်လိုက်လျှင် ပြန်တီးနိုင်သည်ဟုဆိုသည်။
“နုတ်စ်သမားမဟုတ်ပေမယ့် Earining သမားလည်း သူ့အားသာချက်နဲ့ သူပေါ့ဗျာ”ဟု (၁၃)နှစ်သားအရွယ်ကပင် ဂစ်တာတီးတတ်ခဲ့သည့် ကိုထွန်းရွှေကဆိုသည်။ ညစဉ် သီချင်းတွေနှင့်ဖျော်ဖြေနေသူက သီချင်းသီဆိုဖျော်ဖြေခွင့်မရတော့လျှင် အိမ်ဆိုင်လေးဖွင့်ကာ ဘ၀ကိုဖြတ်သန်းသွားမည်ဟု ရှေ့ရေးအတွက် သူ့အတွေးကိုပြောပြသည်။
သို့သော် ၁၉ လမ်းသည် သူ၏အသွေးအသားထဲတွင် ခိုင်မြဲစွာတွယ်ကပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ လက်ရှိအလုပ်ကို သူတန်ဖိုးအလွန်ထားပြီး သေလျှင်ပင်လျှင် ၁၉ လမ်းတွင် သေချင်သည်ဟု သူကဆိုသည်။
“ကျွန်တော် ဒီ ၁၉ လမ်းမှာ သီချင်းဆိုရင်းနဲ့ပဲ သေသွားချင်ပါတယ်။ ရွှေမန်းတင်မောင်လိုပေါ့။ ဖျော်ဖြေနေရင်း သေသွားတာမျိုး”ဟု သူကပြောသည်။
“အသည်းရင်လှိုင်းခတ်သံ အတူဆုံချိန်အပြုံးတွေ နှုတ်ဆက်မယ်လေ တို့ဘ၀အတွက် ခဏတာ ဒီအချိန်လေးအတွင်းမှာ အချစ်ခွန်အား ရင်ဆိုင်ထား ....”
ညဥ့်က တဖြည်းဖြည်းရင့်လာခဲ့လေပြီ။ စားသောက်ဝိုင်းများလည်း ကျဲပါးလာခဲ့လေပြီ။ သီချင်းကိုချစ်တဲ့ ခွန်အားတွေနဲ့ ၁၉ လမ်း ခိုင်ထူးရဲ့ တေးသံသည်လည်း မကြာမီ တစ်ညတာအတွက် နှုတ်ဆက်တော့မည်ဖြစ်သည်။
“ကျွန်တော်သေရင်လည်း ၁၉ လမ်းမှာပဲ သေချင်ပါတယ်”ဆိုတဲ့ သူ့ရဲ့စကားသံကတော့ ၁၉ လမ်းကို မည်သည့်အခါမှ နှုတ်ဆက်သွားမည်မဟုတ်ဟု အသေအချာပြောဆိုနေသလိုပင်။
ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)
လမ်းထဲသို့ ချိုးဝင်လိုက်သည်နှင့် အကင်ညှော်နံ့များ က နှာသီးဝကိုလာရောက်ကျီစယ်သည်။ ကားတစ်စီး လွတ်ရုံ လမ်းလေးထဲ ခင်းကျင်းထားသည့် စားပွဲဝိုင်းများ ကို ရှောင်တိမ်းရင်း ထိုင် စရာစားပွဲတစ်ခု ရရန် မနည်းရှာရသည်။ 
ကျဉ်းကျဉ်း ကျပ်ကျပ် လူရှုပ်ရှုပ်နှင့် ညအလှကပင် လမ်းရဲ့ယဉ်ကျေးမှု တစ်ခု ဖြစ်သည်။ အမျိုးသား၊ အမျိုး သမီး ကြီးကြီးငယ်ငယ်များ၊ ဖြူနီပြာဝါရောင်စုံ များဖြင့် တန်ဆာဆင်ထားသည့် ဒီလမ်းလေး ရဲ့ညနေပိုင်း သည် အမြဲတစေ ရှုပ်ထွေးစည်ကားနေတတ်ပြီး ယခုကဲ့သို့ တရုတ်နှစ်သစ်ကူးအခါသမယတွင် ပိုလို့ပင် စည်ကားနေသေးတော့သည်။
Sunday, 19 January 2014
Ghost Rider နဲ့ အမှတ် တစ်မဲ့လေးများ ။
ကျွန်တော်နဲ.အဆိုတော် မျိုးကြီး အရင် တုန်းကတော်တော် ခင်ပါသည်။ အခုတော့တော်တော် ကို အလှမ်းဝေးသွားတော့ ကိုယ်ဟာ ကိုယ်တောင် တကယ်မှ ဟုတ်ရဲ့လား သံသယဖြစ်မိပါသည်။
အင်း ဟုတ်ပါတယ်၊ သူ ငယ်ငယ် တုန်းကလေ၊ သူ အသက်၂၀ လောက် က ဖြစ်မည်ထင်သည်။
အဲဒီ တုန်းက သူက Lead ဂစ်တာ သမား၊ ငယ်သေး သည်။ Ghost Rider မှာ Lead တီးခတ် သူ ဖြစ်သည်။
သူတို့တီးရင် ကျွန်တော် က လိုက်အားပေးခဲ့ သည်၊ အရမ်း Performance ကောင်းသူဖြစ်သည်၊
သူတို့ ၃ယောက် (မျိုးမျိုး၊ မျိုးကြီး၊ ထွန်းထွန်း) ဆံပင် အရှည်ကြီးတွေ ကို ခါခါ ပြီး ဆိုတီး ကြရင် ဖြင့်
ပရိတ်သတ်တွေ အုန်းအုန်းကြွက်ကြွက် ဖြစ်ရသည်။
မုတ်ဆိတ်ရိတ် တဲ့ စက်ကလေး ကို ခေါင်းချွတ်ပြီး အဲ့ဒီ စက်နဲ့ Electric ဂစ်တာ ကိုမွှေ့ တီးတာ ကို မမေ့။ 
Friday, 17 January 2014
ဂီတ သမားကြီး ၏ ငြိမ်းချမ်းရေး အိပ်မက်
Photo: ဂီတသမားကြီး၏ ငြိမ်းချမ်းရေးအိပ်မက်
--------------
ရေးသားသူ- ဥက္ကာကိုကို
ငြိမ်းချမ်းရေးသည်သာပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့်ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင်တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။
“နေ၀င်ညကိုကူးဖြတ်ပြီးမှ ရောင်နီလာမယ့် နေ့သစ်ကိုရောက်မယ်...ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်မယ်မဟုတ်လား ...သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီအား တင်းရှေ့ဆက်လှမ်း...”
နံနက်ခင်းနေရောင်နုနုအောက်မှာ ပျံ့လွင့်လာသည့်ဂီတ။ သီဆိုသူနှင့် တီးခတ်သူတို့က တက်ကြွစွာဟန်ပန်အပြည့်။ ခွန်အားဖြည့်မိငယ်။ မတ်တတ်ရပ်တီးခတ်နေသည့် ဂစ်တာသမားတို့နောက်မှာ ၆၇ နှစ်အရွယ် အဖွဲ့ခေါင်းဆောင်က ဘေ့စ်ဂစ်တာကို အားမာန်အပြည့်တီးခတ်လျက်ရှိသည်။ သူက လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်တေးဂီတအဖွဲ့ကို ဦးဆောင်နေသည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)ပင်။
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းက ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည်ဆိုင်ရှေ့မှာ ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့က သာကေတမြို့နယ် စုရန်ပြေအခမဲ့ဆေးကုခန်းအတွက် ရန်ပုံငွေရှာဖွေပေးနေခြင်းဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံပုံစံ ကပ်ခွာလေးနှစ်ခုကို ဘေ့စ်ဂစ်တာတွင်ကပ်လျက် သက္ကလပ်ဦးထုပ်ဟောင်းလေးကိုဆောင်းကာ မျက်မှန်ဝိုင်းအနက်တပ်ဆင်ထားသည့် ကိုရဲလွင်က “အသက်ကြီးလာတော့ အရင်ကအကြောင်းတွေမေ့နေပြီ”ဟုဆိုသည်။ သို့သော် ဂစ်တာကြိုးများပေါ်ပြေးလွှားနေသည့် သူ၏ပိန်ရှုံ့ရှုံ့လက်ချောင်းသွယ်များက ဂီတလက်ကွက်တွေကို ဘယ်တော့မှမမေ့။
အဖွဲ့သားများသီဆိုဖျော်ဖြေပြီး မကြာမီတွင် ကိုရဲလွင်၏လက်တွဲဖော်မိတ်ဆွေကြီး တေးရေးဆရာကိုနေ၀င်း ရောက်လာသည်။ ကိုနေ၀င်းက သူရေးစပ်ထားသည့် ခွန်အားဖြည့်မိငယ်သီချင်းကို စတင်သီဆိုလိုက်သည်။ ကိုနေ၀င်းနောက်တွင်ထိုင်လျက် ဘေ့စ်ဂစ်တာတီးခတ်နေသည့် ကိုရဲလွင်က အားမာန်တက်ကြွစွာဖြင့် သီချင်းကိုလိုက်ဆိုသည်။
“ဒီရေလှိုင်းတွေ တရိပ်ရိပ်တက်တော့ ပင်လယ်ပြင်ဟာလှုပ်ခတ်ရစမြဲလေ...အန္တရာယ်ဓားတွေ အထပ်ထပ်ရှေ့က ကာရံကွယ်၍ တားဆီးနေပါစေ...ဉာဏ်မြေကတုတ်မှာ စွမ်းအားသတ္တိ တမန်တော်ဟာ သတိတရားပဲ မမေ့နဲ့ဦး...”
ထိုနေ့သည် မကြာမီက ကွယ်လွန်သွားခဲ့သည့် မဇ္ဈိမလှိုင်းဂီတအဖွဲ့မှ ဂီတမှူးဇော်မျိုးထွဋ်၏ ရက်လည်နေ့လည်းဖြစ်သည်။ ခင်မောင်တိုးကွယ်လွန်သည်မှာလည်း နှစ်နှစ်ကျော်ခဲ့ပြီ။ လူစုံတက်စုံမပါဝင်တော့သည့် သူတို့အဖွဲ့လေးသည် ဂီတကို ဖန်တီးသီဆိုတီးခတ်နေရင်း လွမ်းရိပ်များသမ်းလျက်။ ဆိုင်အတွင်းမှ နားထောင်အားပေးသူတို့လည်း ငြိမ်သက်တိတ်ဆိတ်လျက်။
ကိုရဲလွင်ကို ၁၉၄၇ ခုနှစ်၊ ဒီဇင်ဘာတွင် အဖစက်ရှင်တရားသူကြီးဦးမောင်မောင်(၁)၊ အမိဒေါ်ကြိုင်တို့မှ ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မင်းဘူး၊ သုံးဆယ်၊ မိတ္ထီလာ၊ မေမြို့၊ တောင်ကြီး၊ မော်လမြိုင်တို့တွင် အခြေခံပညာကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ရသည်။
မောင်နှမဆယ်ဦးရှိပြီး ခရစ်ယာန်မိသားစုဖြစ်သည့်အတွက် ဘုရားကျောင်းတွင် သီချင်းများသီဆိုရင်း ဂီတဗီဇအစပျိုးခဲ့ရာမှ ရှစ်တန်းနှစ်အရောက်တွင် ၁၅ ကျပ်တန် ဂစ်တာလေးတစ်လုံးကိုပိုင်ဆိုင်ခဲ့သည်။ အစ်ကိုဖြစ်သူက အဘိုးကြီးအိုခါးကုန်းကုန်းသီချင်းကို စသင်ပေးခဲ့သည်။ ထိုစဉ်က အသက်(၁၃)နှစ်အရွယ် မော်လမြိုင်မြို့တွင် နေထိုင်စဉ်ဖြစ်သည်။ ကိုးတန်းနှင့် ဆယ်တန်းကို ရန်ကုန်မြို့တွင်သင်ကြားခဲ့ပြီး ဆယ်တန်းတွင် ငါးနှစ်ကြာခဲ့သည်။ ကိုးတန်းနှစ်တွင် အလုံ အ.ထ.က (၄)၌ ကိုရဲလွင်၏ အတန်းဖော်များမှာ ခင်ဝမ်းနှင့် ကျော်ဟိန်းတို့ဖြစ်ကြသည်။ သီချင်းစာအုပ်များဖတ်၍ လက်စမ်းပျိုးတီးခတ်စကာလပင်ဖြစ်သည်။ ကျောင်းသားလေးကိုရဲလွင်သည် ကျောင်းသားပွဲတော်တစ်ခုတွင် ကျော်ဟိန်းကသီဆို၍ သူက ဂစ်တာတီးပေးခဲ့ဖူးသည်။
အသက် (၁၇) နှစ်၊ (၁၈) နှစ်ဝန်းကျင်တွင် ဇာတ်အဖွဲ့တချို့နှင့်လိုက်၍ ဂစ်တာတီးခဲ့သေးသည်။ မြန်မာ့အသံတီးဝိုင်းတချို့တွင်လည်း သွားရောက်တီးခတ်ခဲ့သည်။
ထို့နောက် ၁၉၆၈ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ်သို့ ကိုရဲလွင်ရောက်လာခဲ့ပြီး တတိယနှစ်အထိသာ ကျောင်းတက်ခဲ့သည်။ ကျောင်းပြင်ပရောက်သွားသော်လည်း ကျောင်းကိုတော့ အမြဲရောက်ဖြစ်ဆဲပင်။ ၁၉၇၄ ခုနှစ်တွင် E-Machine တီးဝိုင်းအဖွဲ့၌ တီးခတ်ချိန်တွင် ကိုရဲလွင်မှာ ဘေ့စ်ဂစ်တာသမားတစ်ဦးဖြစ်နေခဲ့ပါပြီ။ သီချင်းကိုတီးခတ်သီဆို၍ တိတ်ခွေနှင့်အသံသွင်းကာ လိုက်ဖြန့်ခဲ့ကြပြီး ဈေးကွက်သဘောတော့မဟုတ်ခဲ့ပေ။
အင်းစိန်၊ ကြို့ကုန်းရှိ အိမ်မည်းကြီးတစ်လုံးတွင် ခင်မောင်တိုး၊ ကိုနေ၀င်း၊ ကိုမောင်မောင် (အဉ္စလီ)တို့နှင့်အတူ နေထိုင်ရင်း ပြဿနာအုပ်စုဟု အမည်ခံခဲ့သည်။ မာလာဆောင်၊ ဂျီဟောလ်၊ သဇင်ဆောင်တို့ရှေ့၌ ညသန်းခေါင်ကျော် နှင်းစက်များအောက် ကိုရဲလွင်တို့အုပ်စုလေး၏ ဂစ်တာတေးသံများ ပျံ့လွင့်ခဲ့သည်။ ကိုနေ၀င်းရေးသားသည့် “အားလုံးကို ကျော်ဖြတ်ရမယ်”သီချင်းလေးကို အမြဲသီဆိုကြရင်း သူတို့အတွက် အားအင်ပြည့်ခဲ့သည်။
လိစ္ဆ၀ီများတေးဂီတအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ကိုမောင်မောင်၏ အကြံပြုချက်အရ မဇ္ဈိမလှိုင်းတေးဂီတအဖွဲ့ကို ၁၉၈၂ ဒီဇင်ဘာတွင် ပြောင်းလဲဖွဲ့စည်းခဲ့သည်။ မဇ္ဈိမလှိုင်းသည် ၁၉၈၅ ခုနှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့တွင် မဟာဆန်သူတေးစီးရီးကိုထုတ်လိုက်ပြီး တစ်နိုင်ငံလုံး ဟိုးဟိုးကျော်သွားခဲ့သည်။ အချစ်စစ်ဆိုတာ၊ ဒဏ္ဍာရီ၊ ဆည်းလည်းလှိုက်သံ၊ ပြန်မလှည့်တော့ဘူး၊ လွန်ခဲ့သောနေ့သီချင်းများ လူငယ်တို့ပါးစပ်ဖျား ရေပန်းစားသွားသည်။
မှတ်မှတ်ရရ မဆလခေတ်တွင် ကိုရဲလွင်တို့ E-Machine အဖွဲ့ အင်းလျားလိတ်ဟိုတယ်၌ ဖျော်ဖြေတီးခတ်ခဲ့ဖူးသည်။ ထိုပွဲတွင် ဧည့်သည်အဆိုတော်က စိုင်းထီးဆိုင်ဖြစ်ပြီး သီချင်းတီးခတ်သီဆိုနေချိန်တွင် မဆလပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ စင်ပေါ်တက်လာပြီး ဥက္ကဋ္ဌက ဂစ်တာတီးခတ်နေသူများကို ထိုးကြိတ်ခြင်း၊ ဒရမ်များကိုဖျက်ဆီးခြင်းများပြုလုပ်ကာ သောင်းကျန်းခဲ့ကြသဖြင့် ပွဲပျက်ခဲ့ရသည်။ အာဏာရှင်ခေတ်ဖြစ်သောကြောင့် အာဏာရှင်တို့ ထင်တိုင်းကြဲမှုကိုခံခဲ့ကြရသည်။ “ဦးနေ၀င်းပေါ့”ဟု ကိုရဲလွင်က ခပ်တိုတိုပင်ပြောသည်။
ထိုစဉ်က ကိုရဲလွင်တို့စင်ပေါ်တွင် တီးခတ်သီဆိုနေသည့်သီချင်းမှာ "Killing Me Softly with His Song" (သူ့သီချင်းနဲ့ငါ့ကို ဖြည်းဖြည်းချင်းသတ်နေတယ်)ဖြစ်သည်။
ကိုရဲလွင်က နိုင်ငံရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သူဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တစ်ဦးဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီစာစောင်များ အိတ်ထဲပါလာသဖြင့် မေမြို့တွင် ခြောက်ရက်ခန့် ဖမ်းဆီးခံခဲ့ရသေးသည်။ ခင်မောင်တိုးနှင့် တီးဝိုင်းမန်နေဂျာ ကိုတင့်အောင်တို့နှင့်အတူ အင်းစိန်ထောင်သို့ ပို့ခံရသည်။ စစ်ဆေးမေးမြန်းပြီး ပြန်လွှတ်လိုက်သည့်နောက်ပိုင်းတွင် ကိုရဲလွင်က အင်န်အယ်လ်ဒီပါတီမှ ထွက်လိုက်ပြီး နေအိမ်မှာပင် ဂစ်တာသင်တန်းပေးနေခဲ့သည်။ စီးပွားဖြစ်မဟုတ်ဘဲ မတတ်နိုင်သူများကို အခမဲ့သင်ကြားပေးခဲ့သည်။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ကိုရဲလွင်မှာ ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရသည်။ သံဃာတော်များ၏ ငြိမ်းချမ်းစွာလမ်းလျှောက်ပွဲတွင် ပူးပေါင်းပါဝင်ခဲ့ပြီး စက်တင်ဘာ ၂၇ ရက်တွင် ဆူးလေမီးပွိုင့်၌ ငြိမ်းချမ်းစွာထိုင်လျက် မေတ္တာပို့နေသည့် ပြည်သူလူထုကို စစ်အစိုးရက ပစ်ခတ်ရိုက်နှက်ဖမ်းဆီးရာတွင် ကိုရဲလွင်မှာ လုံးဝထွက်မပြေးဘဲ ထိုင်လျက်ပင် မေတ္တာပို့နေခဲ့သည်။
စစ်ကြောရေးစခန်းရောက်သည့်အခါ အာဏာပိုင်များက အင်န်အယ်လ်ဒီ၊ ၈၈ မျိုးဆက် ကျောင်းသားများနှင့် မပတ်သက်ပါက ပြန်လွှတ်ပေးမည်ဟုပြောခဲ့သော်လည်း ကိုရဲလွင်က ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် သံဃာတော်များနှင့် ကျောင်းသားများကို ထောက်ခံကြောင်း ရဲဝံ့စွာဖြေလိုက်သည့်အတွက် ပြန်လွှတ်သည့်အထဲမပါဝင်ဘဲ ဆက်လက်ဖမ်းဆီးခံခဲ့ရသည်။
“ကိုယ့်ကိုရိုက်ဖို့ပြေးလာတဲ့လူနှစ်ယောက်ကို မေတ္တာထိုင်ပို့နေခဲ့တယ်။ ကိုယ့်အနားရောက်တော့ ကိုယ့်ကိုမရိုက်ဘဲဖြတ်သွားပြီး ပြေးနေတဲ့လူတွေနောက်ကို ဆက်လိုက်သွားတယ်။ အဲဒီနေ့က ဆူးလေလမ်းအလယ်မျဉ်းကြားမှာ ထိုင်ခဲ့တာ။ ဂျပန်သတင်းထောက် သေတဲ့နေ့လေ”ဟု ကိုရဲလွင်ကပြောပြသည်။
ထိုဖြစ်စဉ်အပြီးတွင် ၈၈ မျိုးဆက် ဂီတပညာရှင်များက “အနုပညာရှင်တွေဆိုတာ ဘုရင်အတွက်မဟုတ်ဘူး။ အမှန်တရားအတွက်၊ ပြည်သူအတွက်ပဲဖြစ်တယ်ဆိုတာ ဂီတသူရဲကောင်း ကိုရဲလွင်က ရဲဝံ့စွာရပ်တည်ပြခဲ့ပြီဖြစ်ပါတယ်”ဟူ၍ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ထောင်မှပြန်လွတ်လာသည့်အခါ ကိုရဲလွင်သည် ကိုနေ၀င်း၊ ကိုသားထွေးတို့နှင့်အတူ လက်တွဲ၍ Vertical Vibration တီးဝိုင်းကို တည်ထောင်ခဲ့သေးသည်။ ထို့နောက် ၂၀၁၁ ခုနှစ်အတွင်း ဒလမြို့နယ်အတွင်း ရေရှားပါးမှုများကြုံတွေ့နေချိန်တွင် ပန်းရဲ့လမ်းဂီတအဖွဲ့ စတင်ပေါ်ပေါက်လာခဲ့သည်ဟု အဖွဲ့ဝင်ကိုသားထွေးကဆိုသည်။
လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း လူမှုကွန်ရက်အဖွဲ့ကို ကိုရဲလွင်ဦးဆောင်၍ ၂၀၁၁ ခုနှစ် မေလအတွင်း ဖွဲ့စည်းခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပညာရေးကွန်ရက်၊ ကျန်းမာရေးကွန်ရက်တို့ကို လမ်းဘေးတွင် သီချင်းများလိုက်လံသီဆို၍ ရန်ပုံငွေများရှာဖွေပေးခဲ့သည်။ ကချင်စစ်ဘေးသင့် ဒေသခံပြည်သူများအတွက်လည်း ရန်ပုံငွေများ ရှာဖွေလှူဒါန်းခဲ့ကြသည်။
“ကျွန်တော်တို့လက်နဲ့လှူတာက သိန်းတစ်ထောင်ကျော်ပါပြီ။ ပညာရေး၊ ကျန်းမာရေးကွန်ရက်တွေကို ရန်ပုံငွေရှာပေးခဲ့တာတွေနဲ့ပေါင်းရင် သိန်းပေါင်းသုံးထောင်ကျော်ရှိပါပြီ”ဟု ကိုသားထွေးကပြောသည်။
ကိုရဲလွင်ဦးဆောင်သည့် ပန်းရဲ့လမ်းအဖွဲ့သည် နိုင်ငံရေးသီချင်းများ၊ မဇ္ဈိမလှိုင်း၏နာမည်ကျော်တေးသီချင်းများကို လိုက်လံသီဆိုနေကြဆဲဖြစ်သည်။ “ဖိနှိပ်ပိတ်ဆို့မှုတွေကို ဂီတကရေလည်တွန်းနေရတယ်”ဟု ကိုရဲလွင်ကဆိုသည်။
အင်းလျားလိတ်တွင် အာဏာရှင်ဦးနေ၀င်း စင်ပေါ်တက်သောင်းကျန်းသည့်ဖြစ်စဉ်အပြင် ကိုရဲလွင်အတွက် မှတ်မှတ်ရရှိခဲ့သည့် အဖြစ်အပျက်တစ်ခုရှိသေးသည်။ ထိုစဉ်က E-Machine အဖွဲ့နှင့် ပျဉ်းမနားမြို့ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲသို့ သွားရောက်ဖျော်ဖြေစဉ်ဖြစ်သည်။ တာဝန်ရှိသူများက သူတို့အဖွဲ့ကို မြန်မာ့ရိုးရာပုဆိုးနှင့် တိုက်ပုံဝတ်ဆင်တီးခတ်သီဆိုရမည်ဟု လာပြောကြသည်။
ထိုမျှပင်မကသေးဘဲ တစ်ဖွဲ့လုံးတွင် ဆံပင်အရှည်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်အရှည်နှင့်ဖြစ်သော ကိုရဲလွင်ကို ဆံပင်ညှပ်ရမည်ဟု ခိုင်းစေလာခဲ့သည်။ ထိုအခါ ကိုရဲလွင်က လက်မခံဘဲ ဆံပင်ကိုသျှောင်ထုံးထုံး၍ ဖျော်ဖြေခဲ့သည်။
“ဘာလို့လဲလို့မေးတော့ ယဉ်ကျေးမှုအရတဲ့။ ဒါဆို ဆံပင်ကို မြန်မာလိုပဲထားမယ်။ ဘိုကေတော့မညှပ်နိုင်ဘူးဆိုပြီး သျှောင်ထုံးထုံးလိုက်တယ်။ ဖျော်ဖြေတဲ့နေ့ကျ သွားနေတဲ့ကားပေါ်မှာ မတ်တတ်ရပ်တီးရင်းနဲ့ သျှောင်ထုံးက ခဏခဏပြေကုန်တယ်။ လူငယ်ပရိသတ်ကကြည့်ပြီး သဘောတွေကျနေကြတယ်”ဟု ကိုရဲလွင်က ရယ်လျက်ပြောပြသည်။
သူရေးစပ်ခဲ့သည့် ပန်းခရမ်းပြာသီချင်းသည် ၈၈ ခုနှစ်ဝန်းကျင်တွင် အလွန်ရေပန်းစားခဲ့သည်။ ကိုရဲလွင်သည် တေးသီချင်းများစွာကို ရေးစပ်သီကုံးခဲ့ပြီး ယခုခေတ်တိုင် လူငယ်ဂီတသမားတို့၏ လေးစားဖွယ်ပုဂ္ဂိုလ်တစ်ဦးအဖြစ် တည်ရှိနေဆဲဖြစ်သည်။ နဒီမင်္ဂလာနှင့် သဇင်ညသီချင်းတို့မှာလည်း နိုင်ငံကျော်လူကြိုက်များခဲ့သည့် တေးသီချင်းများပင်ဖြစ်သည်။
သူသည် ငြိမ်းချမ်းရေးကို မက်မောသည်။ ဘာသာရေးကို ကိုင်းရှိုင်းသည်။ ကံ ကံ၏အကျိုးကို ယုံကြည်သူတစ်ဦးဖြစ်သည်။ ငြိမ်းချမ်းရေးအတွက် လူထုနှင့်ပူးပေါင်းရင်း ကိုယ့်ကိုယ်ကိုယ် ကျစ်လျစ်ခိုင်မာလာစေရန် တည်ဆောက်လျက်ရှိသည်။ မေတ္တာဘာဝနာအားထုတ်ရင်း သည်းခံစိတ်ကိုမွေးမြူနေသည်။ မေတ္တာတိုးပွားလာလေ သည်းခံမှုအားပိုကောင်းလာလေဟု သူကခံယူထားသည်။ ခရစ်ယာန်မိသားစုမှ ဆင်းသက်လာသည့် ကိုရဲလွင်သည် နောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်လာခဲ့ပါသည်။
နိုင်ငံရေးသမားတစ်ဦးအနေနှင့် ရပ်တည်မည်မဟုတ်သော်လည်း နိုင်ငံရေးတွင်လိုအပ်လာပါက ၀ိုင်းဝန်းကူညီရန် အသင့်ရှိကြောင်း ဗီအိုအေနှင့်အင်တာဗျူးတစ်ခုတွင် ဖြေကြားဖူးသည်။ အခြေခံဥပဒေပြင်ဆင်ရန်လည်း သူကလိုလားသည်။ “အခြေခံဥပဒေပြင်ဆင်မှပဲဖြစ်မယ်။ ဒါက ပိတ်ဆို့သူတွေအပေါ် မူတည်တယ်။ ပြည်သူတွေကတော့ ပြင်ဖို့ပဲတောင်းဆိုလို့ရတာ”ဟု သူကပြောသည်။
ပန်းရဲ့လမ်းကိုတည်ထောင်၍ ငြိမ်းချမ်းရေးကို သီချင်းများဖြင့် ဖော်ဆောင်နေပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဂုဏ်ထူးဆောင်အသင်းသားတစ်ဦးလည်းဖြစ်သည့် ကိုရဲလွင်ကို ပြည်ပရောက်မြန်မာမိသားစုများ၏ ပြည်သူ့ဂုဏ်ရည်အသင်းက ပြည်သူ့ဂုဏ်ရည်အထူးဆုရှင်အဖြစ် ချီးမြှင့်ခဲ့သည်။
ငြိမ်းချမ်းရေးသည်သာပဓာနဟုခံယူထားသည့် ဂီတသမားကြီး၏ ရှည်လျားသည့်ဆံပင်နှင့် မုတ်ဆိတ်တို့မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ်အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင်တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။
“ကမ္ဘာတစ်ခုလုံး မငြိမ်းချမ်းပါဘူး။ ဒါပေမဲ့ ကိုယ့်တိုင်းပြည်က ငြိမ်းချမ်းနေတယ်ဆိုရင် ဂုဏ်ယူစရာပါ”ဟု ငြိမ်းချမ်းရေးဂီတသမားကြီးကဆိုပါသည်။
နေရောင်ခြည်သည် တဖြည်းဖြည်းမြင့်တက်လာခဲ့သည်။ ရန်ကုန်တိရစ္ဆာန်ရုံဘေးရှိ Morning Star လက်ဖက်ရည်ဆိုင်ရှေ့တွင် “ခွန်အားဖြည့်မိငယ်”သီချင်းကို
ရေးသားသူကိုနေ၀င်းက ဆက်လက်သီဆိုနေသည်။ သူ၏နောက်တွင် သက္ကလပ်ဦးထုပ်ဟောင်းလေးကိုဆောင်းကာ မျက်မှန်ဝိုင်းအနက်တပ်ဆင်ထားသည့် ဘေ့စ်ဂစ်တာသမားကြီးကိုရဲလွင် (မဇ္ဈိမလှိုင်း)က အားမာန်အပြည့်ဖြင့်တီးခတ်ပေးရင်း သီချင်းတွင်မျောပါစီးဆင်းနေသည်။
“အရှုံးမပေးနဲ့...မိငယ်ရေ ...ရဲရင့်မှ ကျော်ဖြတ်လှမ်း... အများအကျိုးအတွက် တာဝန်ထမ်းရွက်တဲ့အခါ ...တကယ် ကိုယ်ကျိုးစွန့်နိုင်မှ”
ဆောင်းနံနက်ခင်းက တည်ငြိမ်ငြိမ်းချမ်းလျက်။
ဓာတ်ပုံ- နစ်ကီ
ဓာတ်ပုံ- နစ်ကီ
ငြိမ်းချမ်းရေး သည်သာ ပဓာန ဟုခံယူထားသည့် ဂီတ သမားကြီး၏ ရှည်လျားသည့် ဆံပင်နှင့် မုတ်ဆိတ်တို့ မှာ ဖြူဆွတ်လျက်ရှိနေပါပြီ။ သူသည် သူတတ်ကျွမ်းသည့်ဂီတပညာဖြင့် ပြည်သူလူထုကို အလုပ် အကျွေးပြုနေဆဲဖြစ်ပါသည်။ နိုင်ငံအတွက် ပေးဆပ်နေဆဲဖြစ်ပါသည်။ စစ်ဘေးဒုက္ခသည်များအတွက် လမ်းတကာ၊ လက်ဖက်ရည်ဆိုင် တကာပတ်၍ တီးခတ်ဖျော်ဖြေကာ ပိုက်ဆံရှာပေးနေဆဲဖြစ်ပါသည်။
“နေ၀င်ညကိုကူးဖြတ်ပြီးမှ ရောင်နီလာမယ့် နေ့သစ်ကိုရောက်မယ်...ယုံကြည်ခြင်းနဲ့ ကြိုးစားထားမှ တစ်ချိန်မှာ အောင်မြင်လွတ်မြောက်မယ် မဟုတ်လား ...သံသရာလမ်းဟာ မချောမွေ့တတ်တော့ တာဝန်ကိုယ်စီအား တင်းရှေ့ဆက်လှမ်း...”
နံနက်ခင်းနေရောင်နုနုအောက်မှာ ပျံ့လွင့်လာသည့်ဂီတ။ သီဆိုသူနှင့် တီးခတ်သူတို့က တက်ကြွစွာဟန်ပန် အပြည့်။ ခွန်အားဖြည့်မိငယ်။ မတ်တတ်ရပ်တီးခတ်နေသည့် ဂစ်တာသမားတို့နောက်မှာ ၆၇ နှစ်အရွယ် အဖွဲ့ခေါင်းဆောင်က ဘေ့စ်ဂစ်တာကို အားမာန်အပြည့်တီးခတ်လျက်ရှိသည်။ သူက လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း လူမှုကွန်ရက်တေးဂီတအဖွဲ့ကို ဦးဆောင်နေသည့် ကိုရဲလွင်(မဇ္ဈိမလှိုင်း)ပင်။
Tuesday, 7 January 2014
မဇ္ဈိမလှိုင်း ဂီတမှူး အကယ်ဒမီ ဇော်မျိုးထွဋ် ကားမောင်းရင်း နှလုံးသွေးကြောပိတ်ကာ ကွယ်လွန်
  မြန်မာနိုင်ငံ တေးဂီတလောကတွင် ထင်ရှားသည့် မဇ္ဈိမလှိုင်း တေးဂီတ အဖွဲ့၏ ဂီတမှူုး အကယ်ဒမီ ဇော်မျိုးထွဋ် အသက်(၅၄) နှစ်သည် ဇန်န၀ါရီလ ၅ ရက် ၈နာရီ ၅၀ မိနစ်ခန့်က ရန်ကုန်မြို့တွင် ကားမောင်းရင်း ရုတ်တရက် ကွယ်လွန်သွားခဲ့သည်ဟု သူ၏ သားဖြစ်သူ ကိုလမင်းထွဋ်က မဇ္ဈိမ ကို ပြော သည်။
“အဖေက နှလုံးသွေးကြောပိတ်ပြီး ဆုံးသွားတာပါ။ အရင်တုန်းလည်း ဒီလိုမျိုး တစ်ခါမှ မဖြစ်ဖူး ဘူး။ဖြစ်ခဲ့ လို့ရှိရင် ကြိုတင် ဆေးကုသလို့ ရတာပေါ့။ ရပ်ကွက် ထဲမှာပဲ ကားမောင်းရင်း အမေနဲ့ အတူတူ မုန့်သွားဝယ်တာ။ ရုတ်တ ရက်မောတယ်ဆိုပြီး ကားကိုလမ်းဘေးထိုးရပ်လိုက်တာ။ အဲဒီမှာ တစ်ခါတည်းအသက်ပါ ပါသွားတာပါ” ဟုပြောသည်။
အကယ်ဒမီ ၃ ဆုရှင် ဂီတမှူး ဦးဇော်မျိုးထွဋ် ကွယ်လွန်
“ရင်ခွဲရုံမှာ ခွဲလိုက်တော့ အဲဒီ ရောဂါတွေ ဘာမှ မရှိဘူး။ နှလုံးမှာ သွားပိတ်နေတာ။ ချက်ချင်းကြီး ဆေးရုံ သွားတာ။ ကားပေါ်မှာတင် သေတယ်” လို့ ပြောပါတယ်။
အကယ်ဒမီ ဦးဇော်မျိုးထွဋ်ဟာ နာမည်ကျော် တေးရေးနဲ့ တေးဆို တဦးဖြစ်တဲ့ စန္ဒယားလှထွဋ်ရဲ့ သား တယောက် ဖြစ်ပါတယ်။
သူဟာ အနောက်တိုင်း တူရိယာ အမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့ အပြင် မဇ္စျှိမလှိုင်းရဲ့ လိဒ်ဂီတာ သမားတဦးအဖြစ် လူသိများကြပါတယ်။
Sunday, 1 December 2013
ခင်မောင်တိုး အသုံး အဆောင် များကိုရောင်း ၍ ကချင် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် လှူဒါန်းမည်
34xcas 
 အစိုးရနှင့်ကေအိုင်အေ တပ်များ တိုက်ပွဲဖြစ်ပွားခဲ့သည့် ကချင်ပြည်နယ် မန်စီမြို့အနီးနမ့်လင်းပါရွာမှ စစ်ဘေးရှောင် ပြည်သူများအတွက် ကွယ်လွန်သူ တေးရေး၊ တေးဆို ခင်မောင်တိုး၏ အသုံးအဆောင် ပစ္စည်းများကို ရောင်းချ၍ ရန်ပုံငွေရှာဖွေသွားမည်ဟု အဖြူရောင်တွဲလက်များအဖွဲ့မှ သိရသည်။
အဆိုပါ ရန်ပုံငွေပွဲကို နိုဝင်ဘာလ ၂၉ ရက်နေ့ ရွှေရှမ်းကန်စားသောက်ဆိုင်၌ ညနေ ၄ နာရီမှ ၆ နာရီအထိ ကျင်းပ သွားမည် ဖြစ်ပြီး Wheel Band နှင့်အတူ အဆိုတော် ခိုင်ထူး၊ ရင်ဂို၊ ဂျေမောင်မောင်၊ ကိုနေ၀င်း၊ ကိုရဲလွင်၊ ရိမ်းမိုး၊ ကော်နီ အစရှိသူတို့က သီဆိုဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရှိရသည်။
Saturday, 30 November 2013
၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ
(၁၅-နိုဝင်ဘာ-၂၀၁၃ တွင် ကွယ်လွန်ခြင်း တစ်နှစ်ပြည့်သည့် ဂီတပညာရှင် ခင်မောင်တိုး အမှတ်တရ မိုးမခ အစီအစဉ် – ၄)
 ခင်မောင်တိုး (၁၉၅၀-၂၀၁၂) - ဓာတ်ပုံမျှဝေသူ – လင်းထွေးသော်
ခင်မောင်တိုး အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ် ကို နောက်ထပ် ကဗျာ အပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ သီချင်းလေး တပုဒ် နဲ့ ဆက်ချင်ပါတယ်။ ခင်မောင်တိုး နဲ့ သူ့ ရဲ့ မိတ်ဆွေ အရင်း သူငယ်ချင်း နှစ်ယောက် တို့ ပေါင်းစု တဲ့ အနုပညာ အလုပ် လို့ ဆိုနိုင်ပါတယ်။ 
Thursday, 28 November 2013
သီချင်း ဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များ
သီချင်းဆိုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ
၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။
၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။
၃။ ကိုယ်ခံအား ကောင်းစေခြင်း။ 
၎။ အသက်ရှုအား ကောင်းစေခြင်း၊ အဆုတ်ကျန်းမာစေခြင်း။ 
၅။ ကိုယ်ရော စိတ်ပါ စည်းချက်မှန်မှန် လှုပ်ရှားတတ်စေခြင်း။
၆။ သင်ယူလေ့လာမှု အားကောင်းစေခြင်း (အထူးသဖြင့် ကလေးများ)။
၇။ မှတ်ဥာဏ်များ ပိုမိုကောင်းမွန်ခြင်း။
၈။ လူမှုဆက်ဆံရေး တိုးတက်စေခြင်း။
၉။ ကိုယ်စိတ်ချမ်းသာခြင်း။
၁၀။ တက်ကြွလန်းဆန်းစေခြင်း။ 
--
Ref: medicfacts
အောင်ခမ်း ( ရိုးရာလေး )
http://www.yoyarlay.com/health/therapy/38940-singing-health-benefit
.
၁။ စိတ်ဓာတ်ကျဆင်းစေသော သောကများ လျော့ချပေးခြင်း။
...
၂။ သွေးဖိအား လျော့ချပေးခြင်း (သွေးတိုး ရောဂါဖြစ်နိုင်ချေ ကျဆင်းခြင်း)။
၃။ ကိုယ်ခံအား ကောင်းစေခြင်း။ 
Wednesday, 20 November 2013
၁၀တန်းတောင် မအောင်သေးဘဲ ရည်းစားထားရင် စာမေးပွဲကျသွားမှာပေါ့လို့ဆိုတဲ့ ရွှေမှုန်ရတီ
အောင်မြင်မှုကို အချိန်တိုလေး အတွင်းမှာရရှိခဲ့သလို ရိုက်ခဲ့တဲ့ဇာတ်ကားတွေကလည်း ပရိသတ်အတွက် သို့လော သို့လောအတွေးတွေပေးခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ ရွှေမှုန်ရတီပါပဲ။ သူမဟာ ၁၀ တန်းဖြေ ဖို့အတွက်ပြင်ဆင်နေတဲ့ ကျောင်းသူလေးပါ။ ဒါပေမဲ့ သူမရိုက်တဲ့ ဇာတ်ကားတွေကို ကြည့်လိုက်ရင်တော့ သူမဟာ ဒီအရွယ်ဟုတ်ပါ့မလားလို့ ထင်ရလောက်အောင်ကိုသရုပ်ဆောင်စွမ်းရည် မြင့်မားသူပါ။ 
Thursday, 14 November 2013
အနုပညာရှင် များ ပရိသတ် ကို အကြွေး မဆပ်ရသေးပါ
ဘယ်နိုင်ငံတွင်မှ မရှိသေးသည့် ကမ္ဘာကိုပင် တင်ပို့နိုင်သည့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းပေါင်းများ စွာ က မြန်မာ အနုပညာဖန်တီးသူတို့၏ လက်တစ်ကမ်းတွင် ရှိနေပါသည်။ 
လွန်ခဲ့သည့်တစ်နှစ်ခွဲက ဆင်ဆာ ကန့်သတ်ချက် ဖြေလျှော့ပေးပြီးသည့်နောက် သမိုင်းနှင့်ချီသော မြန်မာပြည် တွင်း ဖြစ်ရပ်မှန် ဇာတ်လမ်း များစွာက သူတို့ကို ကိုင်တွယ်ဖန်တီးမည့်သူများအား အသင့်စောင့်ကြိုနေသော် လည်း မြန်မာ့ရုပ်ရှင်ကမူ အများကြိုက်ဖန်တီးမှု ၀င်္ကပါထဲမှ ရုန်းမထွက်နိုင်သေးပါ။
Sunday, 29 September 2013
စိတ်ညစ်နေချိန် မှာ Shopping ထွက် တာ အကောင်းဆုံး ပါပဲ လို့ ယူဆသူလေး ခင်ဝင့်ဝါ
လတ်တလော အနုပညာလှုပ်ရှားမှုအ ကြောင်း။
အခု ညီမ မဂ်္ဂဇင်းနဲ့ ဂျာနယ် Cover တွေအတွက် ဓာတ်ပုံရိုက်ပေးနေပါတယ်။ ပြီးတော့ အင်တာဗျူးတွေ လည်း ဖြေပေး တယ်။ ပြီးရင် ၂၀၁၄ ပြက်္ခဒိန်ရိုက် ဖို့ရှိတယ်။ တိုင်းရင်းဆေး ကြော်ငြာတစ်ခု ရိုက်ဖို့ရှိတယ်။
အရင်အေဂျင်စီ နဲ့ ပြဿနာ တက်တယ်ဆို တာက။
သြော် ဟုတ်ကဲ့။ အဲဒီ ကိစ္စက အဆင်ပြေ ပါတယ်။ အခု အေးအေးဆေးဆေးပြီးသွားပါ ပြီ ။Supranational Organization မှာ က အေဂျင်စီ တစ်ခုခုနဲ့ စာချုပ် ချုပ်ထားတာ မရှိရ ဘူး။ ရှိခဲ့ရင် လည်း ဖြတ်ပေးရမယ်။ ပြိုင်ပွဲစည်း ကမ်းမို့လို့ပါ။ သူတို့ အနေနဲ့က Miss နဲ့ Model နဲ့မ တူဘူး ဆိုတာကို ပြောပြချင်တာ။ 
သူတို့ စာချုပ် ကလည်း Miss International တွေကို အေဂျင်စီ၊ အေးဂျန့်တွေ၊ Organization တွေနဲ့ စာချုပ် ချုပ်ထားတာ မရှိ ရဘူး။ ရှိ ခဲ့ရင် လည်း ဖျက်ပေးရမယ် ဆိုတဲ့ အချက် ပါ တယ်။ အဲဒါကြောင့် မို့လို့ ပါ။ Miss Supranational ရ ကတည်းက သူတို့နဲ့ ချုပ်ရတာ။