*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 July 2014

မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင် နဲ့ Play Boy



လူငယ်တွေ နားဆင်ဖို့ လတ်တလော ထွက်ရှိ ထားတဲ့ သီချင်းခွေတွေ -

ဂီတ အနုပညာ ဟာ ဟိုး ကမ္ဘာဦး အစ ကတည်းက လူသားတွေကြား မှာ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း အစ ရှိတဲ့ စိတ် ခံစားချက်တွေ ကို သံစဉ်တွေနဲ့ သီကျူးဖော်ပြဖို့ တည်ရှိ ခဲ့တဲ့အရာ တခုပါ။

ဂီတ ကို ခေတ် အဆက်ဆက် တူရိယာ ပစ္စည်း အမျိုးမျိုး၊ မတူညီ  ယဉ်ကျေးမှုတွေ၊ မတူညီ တဲ့ ဘာသာ စကားတွေ နဲ့ ပုံဖော် သီဆိုခဲ့ကြတာ ယနေ့ အထိတိုင်ပါပဲ ။ အိုင်တီ ပစ္စည်း အသစ် အဆန်းတွေ တမျိုးပြီး တမျိုး တီထွင် ထုတ်လုပ်နေတဲ့ အိုင်တီခေတ် လို့ ပြောလို့ ရတဲ့ ဒီနေ့ခေတ်ရေစီးကြောင်း ထဲ မှာတောင် ဂီတနဲ့ အနုပညာ ဟာ လူကြီး၊ လူငယ် ကျား၊ မ မရွေး ခံစား နားဆင် နေကြဆဲ အရာ တခုပါပဲ။



နေ့စဉ် လှုပ်ရှား ရုန်းကန်နေကြ ရတဲ့ လူမှု ဘဝတွေ ထဲမှာ ဂီတ ဟာ လူ စိတ်ကို ထူးခြားကောင်းမွန် တဲ့ ခံစားမှု အမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်။

ဂီတကြောင့် လူတွေရဲ့ စိတ်တွေ က ပိုမိုနူးညံ့ လာနိုင် သလို ဂီတကြောင့်ပဲ လူတို့ ရဲ့စိတ်ဟာ မာကြော ခက်ထန် အားမာန်ပြည့် လာနိုင်ပါတယ်။

ဒါကြောင့် မို့လို့ပဲ လူသားတွေ ဟာ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အစ ရှိတဲ့ မတူညီ တဲ့ စိတ်ခံစား ချက် အပေါ် မူတည်ပြီး ကိုယ်နှစ်သက် ရာ ဂီတ အမျိုးအစား၊ သီချင်းမျိုးစုံ ကို ခံစားနား ဆင်လေ့ရှိကြ ပါတယ်။

ဒီနေ့ခေတ် လို အဆိုတော်တွေပေါ တဲ့ အချိန်မှာ ကိုယ်ဘာ သီချင်းနားထောင် မလဲဆိုတာ ရွေးချယ် စရာ ပေါလာ သလို အင်တာနက် ကနေလည်း လွယ်လွယ် ကူကူ ဒေါင်းလုတ် ဆွဲပြီး နားထောင်နိုင် တာကြောင့် ခုခေတ် လူငယ်တွေကြား မှာ သီချင်း နားထောင်တယ် ဆိုတာ အထူးထွေပြောစရာ ကိစ္စတခု မဟုတ်တော့ ပါဘူး။ ကိုယ်ကြိုက်နှစ်ရာ ကိုယ့် ခံစားချက် နဲ့ ကိုက်တဲ့ သီချင်းကို လူငယ်တိုင်း နီးပါး နားထောင် လာကြပါတယ်။

ဒါပေမယ့် အဆိုတော်တွေ ဘက် ကလည်း ကိုယ့် သီချင်း အခွေတခွေ ဖြစ်လာဖို့ ကို လူအင်အား ၊ ငွေအင် အားနဲ့ အချိန်တွေ ရင်းနှီးပြီး အားအင်  စိုက်ထုတ် ကြိုးစားပြီး မှ အခွေ ထုတ်တာမို့ ကိုယ်နှစ် သက်တဲ့ အဆိုတော်တွေ ရဲ့ သီချင်းခွေ ဆိုရင် မူရင်းခွေ ကို ဝယ်ယူ  အားပေးသင့်တယ်လို့ အကြံပြုချင် ပါတယ်။

သီချင်းခွေတွေ ရဲ့ ဈေးနှုန်း ကလည်း ကျပ်နှစ်ထောင်ကျော် ဝန်းကျင်ပဲ ရှိတာ မို့ ဈေး မများလွန်း ဘဲ လူငယ် တိုင်း လက်လှမ်း မီ ဝယ်ယူနိုင်  အနေ အထားပါပဲ။

ဒီတပတ် မှာတော့ ဂီတနဲ့ မစိမ်းတဲ့ လူငယ်တွေ အတွက် ဒီလို မိုးအေးအေး ရာသီဥတု နဲ့ ကိုက်ညီမယ့် Ear phone လေး တပ် သီချင်း အသစ်လေးတွေ နားဆင်ပြီး ငြိမ့်နိုင်ဖို့ လတ်တလော ထွက်ရှိ ထားတဲ့ တေးစီးရီး အသစ်တွေ အကြောင်း ကို မိတ်ဆက်ပြောပြချင် ပါတယ်။

သီချင်း ချစ်သူ လူငယ်တွေ အိမ်မှာ ပဲဖြစ်ဖြစ်၊ ကျောင်းသွား အလုပ်သွားတဲ့ အခါ ကားပေါ်၊ ရထားပေါ်မှာ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စမတ်ဖုန်း၊ ဒါမှမဟုတ် Tablet၊ mp3၊ mp4၊ CD player အစ ရှိတဲ့ device အမျိုးမျိုးနဲ့ ကိုယ်ကြိုက်နှစ် သက်တဲ့ အဆိုတော်တွေ ရဲ့ သီချင်း ကို ထည့်သွင်း နားဆင်နိုင်ဖို့ အတွက် လမ်းညွှန်ပေး လိုက်ပါတယ်။

လတ်တလော မှာ ထွက်ရှိ ထားတဲ့ လူကြိုက် များတဲ့ သီချင်းခွေတွေ အကြောင်း ပြောရမယ် ဆိုရင် သိပ် မကြာခင် က ထွက်ရှိ ထားတဲ့ ချမ်းချမ်း ရဲ့ အိပ်မက်၊ သားသား ရဲ့ မောင့်ချစ်သူ (Return)၊ စန္ဒီမြင့်လွင် ရဲ့ ကလီယိုပါထရာ၊ လွှမ်းပိုင် ရဲ့ ဂီတစာဆို လွှမ်းပိုင်၊ အေသင်ချိုဆွေ ရဲ့ Play Boy နဲ့ ဇွန်လ ၂၉ ရက်နေ့က မှ လောလော လတ်လတ် ထွက်ရှိ ထားတဲ့ မိစန္ဒီရဲ့ ပစ်တိုင်းထောင် အခွေ တို့ကို မိတ်ဆက်ပေးချင် ပါတယ်။ 




 


ချမ်းချမ်း ရဲ့ “အိပ်မက်”သီချင်းခွေ က ဒီလို မိုးအေးအေး ရာသီဥတု မှာ လွမ်းလွမ်းဆွေးဆွေး နဲ့ ခံစား လိုသူတွေ အတွက် ချမ်းချမ်း ရဲ့ အလွမ်း ဓာတ်ခံ အပြည့် အဆွေး သီချင်းလေးတွေ ကို ရွေးပြီး နားဆင်နိုင် သလို အမြူး သီချင်းတွေ လည်း ပါဝင် တာမို့ မိုးအေးအေး မှာ အမြဲကွေးနေရ လို့ ပျင်းနေ ရတယ် ဆိုရင် လည်း ဒီလို အမြူး သီချင်းလေးတွေ ကို ရွှေးချယ် နားဆင် ခံစား နားဆင်နိုင် ပါသေးတယ်။

အဆိုတော် ချမ်းချမ်း ဟာ လူငယ် ပရိသတ်တွေ ထက် လူလတ်ပိုင်း အများစု နဲ့ လူကြီး ပိုင်းတွေ အကြိုက် များ တဲ့ အဆိုတော် တဦးပါ။

ချမ်းချမ်း ရဲ့ “တကယ်ဆိုရင် အချစ်ပဲ လိုတယ်” နဲ့ “သိပ်ချစ် တယ် အရမ်း မုန်းတယ်” ဆိုတဲ့ သီချင်းခွေတွေ က ချမ်းချမ်းရဲ့ အောင်မြင်မှု မှတ်တိုင်တွေ ပါပဲ။


Pop သီချင်း ချိုချို နဲ့ R&B music ကို ကြိုက် တဲ့ လူငယ်တွေ အတွက် သားသား ရဲ့ မောင့် ချစ်သူ (Return) အခွေ ဟာ သီချင်း ပုံစံမြူးမြူးလေးတွေ၊ ဟာသ ပုံစံလေးတွေ အစ ရှိတဲ့ သီချင်း အမျိုးအစားစုံ ပါဝင်ပြီး မောင့် ချစ်သူ သီချင်း ဟာ လူကြီး လူငယ်ကြား မှာ တခါက ပေါက်ခဲ့တဲ့ သီချင်း တပုဒ်ဖြစ် တာကြောင့် အခု အသစ် ထွက်လာ တဲ့ မောင့်ချစ်သူ (Return) ကိုလည်း သားသား ရဲ့ ပရိသတ်ကြီး က ကြိုက်ကြ မှာ အသေချာ ပါပဲ။

အဆိုတော် သားသား ကတော့ ရဲရင့်အောင် နဲ့ နှစ်ယောက်တွဲ အခွေ အမုန်း ဒိုင်ယာရီ မှာ လူငယ် ပရိသတ်တွေ အသိ မှတ်ပြု ခံထားရတဲ့ အဆိုတော်ပါ။ 




စန္ဒီမြင့်လွင် ရဲ့ “ကလီယိုပါထရာ”အခွေ ကတော့ Hip Hop ကိုကြိုက်တဲ့ လူငယ်တွေ၊ အထူး သဖြင့် Rapping တွေ နားထောင် ရတာကြိုက် တဲ့ လူငယ်တွေ အတွက် New taste တွေပေးနိုင် မယ့် အခွေ တခွေပါပဲ။

ရှေ့မှာ ပေါက် ထားတဲ့ စန္ဒီမြင့်လွင် ရဲ့ “ဆေးရောင် လှလှခြယ်ရအောင်” အခွေနဲ့ “ရှော့ခ်” သီချင်းခွေ တို့ ထက် ကောင်း မကောင်း ဆိုတာကို ဒီးဒီ ရဲ့ ပရိတ်သတ်တွေ ကပဲ နားထောင်ကြည့်ပြီး ဆုံးဖြတ်စေချင် ပါတယ်။ 




 


ဂီတ စာဆိုလွှမ်းပိုင် ရဲ့ အခွေ ကိုတော့ လူငယ်တွေ ကို အထူး တလည် မိတ်ဆက် စရာ မလိုလောက်ဘူး ထင် ပါတယ်။ ဒီ အခွေက မထွက်ခင် သီချင်းခွေ နာမည်က ဖေ့စ်ဘွတ်ပေါ် မှာ လူပြော သူပြော နည်းနည်း လှုပ်လှုပ် ခတ်ခတ် ရှိခဲ့ပေမယ့် အခွေထွက် လာတဲ့အခါ တခွေလုံး လုံးဝထင် မထားတဲ့ အမိုက်စား သီချင်း စာသားတွေ နဲ့ Hip Hop ကို ရူးသွပ်တဲ့ လူငယ်တွေ အတွက်လည်း သီချင်း အလန်းစားတွေ ပါဝင် တာကြောင့် Facebook တခု လုံး လူငယ်တွေ ရဲ့ status တွေမှာ လွှမ်းပိုင် ရဲ့ သီချင်း စာသားတွေ ရေးသား ပျံ့နှံ့တဲ့ အထိပါပဲ။ 





အသက် ငယ်ငယ် နဲ့ အောင်မြင်မှု တနေရာ ရထားတဲ့ “ပေါက်တဲ့အိုး” နဲ့ “အနီးဆုံး လူ နမ်းမှာ လား”ဆိုတဲ့ အဆိုတော် အေသင်ချိုဆွေ ကတော့ ဒီတခါ ခပ်ဟော့ဟော့ ပုံစံနဲ့ ဆေးပြင်းလိပ်
ကြီး ကို ပါးစပ် မှာခဲထား တဲ့ ကာဗာပုံ နဲ့အတူ “Play Boy” ဆိုပြီး အခွေထွက် ရှိလာပါတယ်။

ဒီ အခွေမှာ အေသင်ချိုဆွေ သီဆိုထား တဲ့ သီချင်းတော်တော် များများက လူငယ်တွေ အကြိုက်နဲ့ တထပ် တည်း ကျ မကျ ကိုတော့ လူငယ် ပရိသတ်ကြီး ကပဲ နားဆင် ဆုံးဖြတ်ပေးစေချင် ပါတယ်။




 


နောက်ဆုံး မိတ်ဆက်ပေးချင် တဲ့ အခွေ ကတော့ ....

လောလော လတ်လတ် ဖေ့စ်ဘွတ် မှာ ဂီတ အပေါ် သူငယ်ငယ် ကတည်းက ဘယ်လောက် အထိ ရူးသွပ် ခဲ့တယ်၊ အဆိုတော် တယောက်ဖြစ် လာဖို့ ဘယ်လိုကြိုးစား ရုန်းကန် ခဲ့တယ် ဆိုတာကို Documentary တခု အနေနဲ့ ရိုက်ကူး တင်ပြထားပြီး လူငယ်တွေ ကြားမှာ အထူး သဖြင့် မိန်းကလေး လူငယ်တွေကြားမှာ “ရေခဲရိုက် အပြုံး”ဆိုတဲ့ MTV နဲ့ ပေါက်ထား တဲ့ အဆိုတော် မိစန္ဒီရဲ့ “ပစ်တိုင်းထောင်” သီချင်းခွေ ပဲဖြစ် ပါတယ်။

မိစန္ဒီ ဟာ ဆိုရင် သူ့ရဲ့ ပထမ အခွေ “မိုနိုပိုလီ” မှာ ကတည်းက လူငယ် ပရိသတ် အခိုင် အမာ ရထားတာမို့ ဒီ “ပစ်တိုင်းထောင်” အခွေလေး ဟာလည်း ပထမ အခွေတုန်း ကလို လူငယ်တွေ ရဲ့ ခံစားချက်၊ အကြိုက်နဲ့ တထပ်တည်း ကျမလား ဆိုတာ ကိုတော့...။



ဧရာဝတီ 
From...Myanmar Online News
 

No comments:

Post a Comment