*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 6 July 2014

၁၉၃၁ ခုနှစ် က ပို့လိုက်တဲ့ စာ (၈၃) နှစ်ကြာမှ ရောက်ရှိလာ



၁၉၃၁ ခုနှစ်၊ ဇွန်လ က ပို့လိုက် တဲ့ စာတစ်စောင် ဟာ (၈၃) နှစ်ကြာမှ ရောက်ရှိ လာခဲ့ပါ တယ်။ ကျောင်း ဆရာမ မာရီအမ် ဟာ သူ့ရဲ့ မိခင်ဖြစ်သူ ကို အသက် (၂၃) နှစ် အရွယ် က ပေးပို့ ခဲ့တဲ့ စာတစ်စောင် ဖြစ် ပြီး စာတိုက် မှာပဲ နှစ်ပေါင်း များစွာ ရှိနေ ခဲ့တာမို့ ဘယ်ကို မှ ရောက်သွားခြင်း မရှိပါဘူး။ 

လက်ရှိ အချိန် မှာပဲ သမီးဖြစ်သူရော၊ မိခင်ဖြ စ်သူပါ ကွယ်လွန် သွားကြပြီ ဖြစ်ပြီး စာနဲ့ ပတ်သက်တဲ့ အကြောင်း ကို သိခွင့် မရတာက ၀မ်းနည်း စရာ ဖြစ်ခဲ့ ပါ တယ်။ မက်ဆာချူးဆက် ပြည်နယ်၊ ပစ်ဖီးလ်မြို့ မှာရှိ တဲ့ စာတိုက် ၀န်ထမ်း တစ်ဦးဟာ ဒီ စာကိုတွေ့ ရှိပြီး တဲ့နောက် မူလ ပိုင်ရှင်ဖြစ်သူ ကို ပြန် လည် ပေးအပ် ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ 


အဲဒီ စာမှာ ကျောင်း ဆရာမ ဖြစ်တဲ့ သမီးဖြစ်သူ မာရီအမ် က မိခင်ဖြစ်သူ မက်မိုက်ကယ် ကို ရေးသားပေးပို့ ထားခြင်းဖြစ်ပြီး စုစုပေါင်း ကိုးမျက်နှာအထိ ပါဝင်ပါတယ်။

စာထဲမှာ သမီးဖြစ်သူ က စာ မရေးဖြစ်တာကြာပြီ ကို တောင်းပန် ပါကြောင်း၊ ရက်သတ္တပတ် တိုင်း စာလာ မယ့်ရက် ကို မျှော်လင့်နေသည် ကို သိရှိ ပါကြောင်း စသည်ဖြင့် ရေးသား ခဲ့ပေမယ့် မိခင်ဖြစ်သူ ထံ ရောက် သွားခြင်း မရှိပါဘူး။ 

 ဒီစာ ကို ပြန်လည်ပေးပို့ ရာမှာ သက်ဆိုင် သူ နှစ်ဦးစလုံး မရှိတော့ တာ မို့ မက်မိုက်ကယ် ရဲ့ တူမဖြစ်သူ အသက် (၆၉) နှစ် အရွယ် အန်မက် မိုက်ကယ် ကို ပေးခဲ့  ရပါတယ်။ ဒီ စာကိုတွေ့ရှိ ခဲ့တဲ့ စာတိုက် လုပ်သား ရိုဝဲလ် က ကျွန်တော်တွေ့ခဲ့ တဲ့ စာအိတ် က အရမ်း ကို ဟောင်းနွမ်းနေပါတယ်။ 

တံဆိပ်ခေါင်း ကလည်း နှစ်ဆင့် သာ တန်ဖိုး ရှိပါတယ်။ မြင် ကတည်းက ဟောင်းနွမ်းနေ တဲ့ စာ ဆိုတာ သိခဲ့ ပါတယ် လို့ ပြောကြား သွားခဲ့ပါတယ်။ ဒီစာ ကို ပြန်လည်ပေးရာ မှာ စာရေးသား ထားတဲ့ သူဟာ နာမည် အပြောင်း အလဲတွေ ပြုလုပ်ထား လို့ မနည်း ရှာဖွေ ခဲ့ရပေမယ့် မူလပိုင်ရှင်ဖြစ်တဲ့ စာရေးသား တဲ့ ဆွေမျိုးတွေ ဘက်က ဘာကြောင့် နောက်ကျ မှ ရောက်လာ သလဲဆို တာ ဖြေရှင်းပေးဖို့ ဆန္ဒရှိ နေကြ ပါတယ်။


Messenger
From...Search Myanmar

No comments:

Post a Comment