အလုပ်သမား တစ်ယောက် အလုပ်လုပ် ချိန်ဇယား မလေးရှား အစိုးရ ၏ တရားဝင် သတ်မှတ်ပြဌာန်း ထားခြင်း.....
မလေးရှား ရှိ အလုပ်သမား တစ်ယောက် ၏ အခြေခံ လစာ ရင်းဂစ် (၉၀၀) နှင့် အလုပ်သမား တစ်ယောက် ရဲ့ အကျိုး ခံစားခွင့်တွေ ရှိတဲ့အပြင် လုပ်အားခ ဈေးနှုန်းတွေ ကို မလေးရှား အစိုးရမှ တရား ၀င် သတ်မှတ် ထားပြီ မလေးရှားအလုပ်သမားဥပဒေတွင် နိုင်ငံသားနှင့် နိုင်ငံခြားသားအလုပ်သမားတွေမှာ အကျိုးခံစားခွင့် အတူတူပင် ဖြစ်သည်။
မလေးရှား အလုပ် သမားဥပဒေ တရားဝင် ပြဌာန်းချက် တွင် တနေ့ အလုပ်လုပ်ချိန် ၈ နာရီ ရှိပြီ ၁ ရက် လျှင် လုပ်အားခ ရင်းဂစ် ၄၀ သတ်မှတ် ထားပြီ ၁ နာရီ ကို ရင်းဂစ် ၅ ဈေးနှုန်းဖြင့် သတ်မှတ်ပေးတဲ့ အပြင် တနေ့တာ သတ်မှတ် ထားတဲ့ အလုပ်ချိန် ၈ နာရီ အထက် ရှိခဲ့ လျှင် Overtime ဆင်းခဲ့ ပါက ၁ နာရီကို ရင်းဂစ် ၇.၅၀ တစ်ဆ ခွဲနှုန်းဖြင့် သတ်မှတ် ထားခဲ့သည်။
အများပြည်သူ အားလပ်ရက် တရားဝင် အလုပ် ပိတ်ရက်ဖြစ် တဲ့ စနေ-တနင်္ဂနွေ နေ့ရက်တွေမှာ အလုပ် လုပ်ခဲ့ ပါက နှစ်ဆ နှုန်းဖြင့် ၁ နာရီ ကို ရင်းဂစ် ၁၀ ဈေးနှုန်း သတ်မှတ် ထားပြီ အစိုးရ ရဲ့ တရားဝင် ပိတ် ရက်တွေ မှာ ပိတ်ရက် ထပ်နေ ပါက ၃ ဆနှုန်းဖြင့် ၁ နာရီ ကို ရင်းဂစ် ၁၅ ဈေးနှုန်းဖြင့် သတ်မှတ်ပေး ထားခဲ့သည်။
အလုပ်သမား တယောက် ၏ အလုပ်လုပ် ချိန်မှာ တပတ် လျှင် ၄၈ နာရီ အထိ ရှိပြီ တစ်လ လျှင် ၁၀၄ နာရီ အထိ နိုင်ငံတကာ စံချိန်နဲ့ အညီ မလေးရှား အစိုးရမှ တရားဝင် သတ်မှတ်ပြဌာန်း ထားသည်။
အလုပ် သမား အားလပ် ရက်များနှင့် ဆေးနားခွင့်- အလုပ်မှ ခွင့်ယူမှု- ဆေးရုံတက်ခွင့် တို့ကို အစိုးရမှ တရားဝင် သတ်မှတ် ထားပေးခြင်း...
(၁) အလုပ်သမား တယောက်မှာ အလုပ်သက် တမ်း ၂ နှစ်အောက် ရှိသူများကို တစ်နှစ်လျှင် တရားဝင် အားလပ် ရက် ၁၁ ရက် ရှိပြီ တရားဝင် ခွင့်ယူမှု ၈ ရက်နှင့် ဆေးနားခွင့် ၁၄ ရက် ရှိတဲ့ အပြင် ဆေး ရုံရောက် ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင်သတ် မှတ်ပေးထား သည်။
(၂) အလုပ် သမား တစ်ယောက် မှာ အလုပ် သက်တမ်း ၂ နှစ် အထက် ရှိသူများ ကို တစ်နှစ်လျှင် တရား ၀င် အားလပ်ရက် ၁၁ ရက် ရှိပြီး တရားဝင် ခွင့်ယူမှု ၁၂ ရက်နှင့် ဆေးနားခွင့် ၁၈ ရက် ရှိတဲ့ အပြင် ဆေးရုံ တက်ရောက် ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင်သတ်မှတ်ပေးထားသည်။
(၃) အလုပ် သမားတစ်ယောက် မှာ အလုပ် သက်တမ်း ၅ နှစ်ရှိသူများ ကို တစ်နှစ်လျှင် တရားဝင် အား လပ်ရက် ၁၁ ရက် ရှိပြီ တရားဝင် ခွင့်ယူမှု ၁၆ ရက်နှင့် ဆေးနားခွင့် ၂၂ ရက်ရှိ တဲ့ အပြင် ဆေးရုံ တက်ရောက် ကုသခွင့် ရက်ပေါင်း ၆၀ တရားဝင် သတ်မှတ်ပေးထားသည်။
အလုပ်သမားများ အနေဖြင့် အလုပ်ရှင် က လစာ ထုတ်ပေးတဲ့ အခါမှာ လစာပိုင်း စလစ်တွေ ကို မပျောက် မဖျက် သိမ်းဆည်း ထားရန် အလုပ် သမားများ က အလုပ်ရှင် သို့ မဟုတ် အေဂျင်စီတွေ မှာ နှစ်ဦး သဘောတူ စာချုပ် စာတမ်း တွေကို စာချုပ် မိတ္တူ ၁ စုံ သိမ်းဆည်း ထားကြရန်နှင့် အလုပ်သမား ကို ခန့် အပ်တဲ့ KDN ကော်လင်း စာရွက်တွေကို တစ်ပါတည်း သိမ်းဆည်း ထားဖို့ လိုအပ်ပါသည်။
မိမိ ၏ အလုပ်သမား အခွင့်အရေး အကျိုး ခံစားခွင့် ရရှိ လိုပါက မြန်မာရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး စင်တာ (MMRC) မှ ကူညီဆောင်ရွက်ပေးနေ ပါသည်။
မှတ်ချက်- ရုံးသွား ရုံးပြန် လမ်းခရီး ကုန်ကျ စရိတ် အလုပ်သမားများ သာ ကျခံရန်ဖြစ်သည်။
MMRC-ရုံး-ဆက်သွယ်ရန်-လိပ်စာ။
Wisma, 10 -5, Jalan USJ 9/5T, 47620 Subang Jaya. (ရဲစခန်း မျက်နှာချင်းဆိုင်) ဥက္ကဌ ကိုလတ် ဖုန်းပါတ်-၀၁၆ ၃၂၁၀ ၉၆၆ - အထွေထွေ အတွင်းရေးမှူး ကိုရန်နိုင်ထွန်း ဖုန်းနံပါတ်-၀၁၂ ၆၈၈ ၄၃၇၇
မူရင်းသတင်း - Thuriya
https://www.facebook.com/1374489779468995/photos/a.1432393743678598.1073741828.1374489779468995/1441875959397043/?type=1&theater
No comments:
Post a Comment