*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 21 May 2014

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း

လူသားဟင်း ရောင်းချသည့် နိုင်ဂျီးရီးယား စားသောက်ဆိုင် အာဏာပိုင်တို့ ပိတ်သိမ်း 










နိုင်င်ဂျီးရီးယားနိုင်ငံ အနမ်ဘရာ ပြည်နယ် ရှိ စားသောက်ဆိုင် တစ်ခု တွင် လူသား ကင်များ၊ လူသားဖြင့် ပြုလုပ် ထားသည့် ဟင်းလျာ များ ရောင်းချနေသည် ကို စစ်ဆေး တွေ့ရှိ ခဲ့ရခြင်းကြောင့် အာဏာပိုင် များက ဆိုင်ကို ပိတ်သိမ်း လိုက်ကြောင်း Ibtime သတင်းတွင် ဖော်ပြထားသည်။ 

လျှို့ဝှက် သတင်းပေး ပြောကြားချက် အတိုင်း လိုက်လံ စုံစမ်းပြီးနောက် လူသားများ ရောင်းချနေ သည်ကို ရဲတပ်ဖွဲ့ဝင်များ က တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။


စားသောက်ဆိုင် ပိုင်ရှင်၊ အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦး တို့ကို ထိန်းသိမ်း လိုက်ပြီး လူခေါင်း နှစ်ခု ကိုလည်း နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့ဝင် များ ရှာတွေ့ခဲ့သည်။ သွေးများ ပေနေသည့် လူခေါင်း နှစ်ခု အပြင် AK-47 ချေမှုန်းရေး ရိုင်ဖယ်နှစ်ခု၊ အခြားသော လက်နက်များ၊ ကျည်ဆန် ဒါဇင်ပေါင်း များစွာနှင့် ဆဲလ်ဖုန်း များစွာ ကို အစိုးရ အရာရှိ များက သိမ်းဆည်း ရရှိခဲ့သည်။

“ဟိုတယ်တွင်း ကို ထူးထူးဆန်းဆန်း လူတွေ ဝင်ထွက်နေတာ ဟိုတယ် နားက ဈေးသွားတိုင်း ကျွန်တော်တွေ့ တယ်။ သူတို့တွေ က ညစ်ပတ်ပြီး ရိုင်းရိုင်း စိုင်းစိုင်းလည်း ပြုမူ တတ်ကြတယ်။ လူသား ရောင်းတာ ကို ရဲတပ်ဖွဲ့တွေ ရှာတွေ့သွားတာ ကျွန်တော်တော့ သိပ်မအံ့သြဘူး” ဟု ဒေသခံ တစ်ဦး ဖြစ်သူ အိုဆန်ဒီဖန်ဒါ က ပြောကြားသည်။ 

လူသား များဖြင့် ချက်ပြုတ် ထားသည့် ဟင်းလျာများ မှန်း မသိဘဲ စားသုံး မိခဲ့သည့် ခရစ်ယာန် သင်းအုပ် ဆရာ တစ်ဦးမှာ တုန်လှုပ် ချောက်ချား လျက်ရှိပြီး ရဲတပ်ဖွဲ့ဝင်များ ကို ကန့်ကွက် ပြောကြား လျက်ရှိသည်။

“ဒီနှစ် အစောပိုင်း က ဟိုတယ် ကို ကျွန်တော် သွားခဲ့တယ်။ အသား တစ်တုံး ကို ၂ ပေါင်ခွဲ ကျတယ် ဆိုတော့ ကျွန်တော် တော်တော် အံ့သြ သွားတယ်။ အဲဒါတွေ က လူသားနဲ့ လုပ်ထား တာ ဆိုတာ ကျွန်တော် မသိဘူး။ အဲဒီလို မျိုး အစား အသောက်တွေ ကို ကျွန်တော် ဈေးကြီးပေးပြီး စားမိခဲ့တယ်” ဟု အမည် မဖော်လိုသူ သင်းအုပ် ဆရာက ပြောကြားသည်။ 

လူသားစားသည့် သတင်း များ နိုင်ဂျီးရီးယားနိုင်ငံ ၌ တစ်ခါ တစ်ရံ ထွက်ပေါ်လာလေ့ ရှိသော်လည်း လူသားဖြင့် ချက်ပြုတ် စားသည့် အစားအသောက် များ ရောင်းချသည့် စားသောက်ဆိုင် သတင်းမှာ မူ ပထမဆုံး အကြိမ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ 


The Voice Journal

No comments:

Post a Comment