*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 23 October 2013

“မြို့နယ်တကာ့ ထိပ်ခေါင် ဗိုလ်တထောင်”

Photo: “မြို့နယ်တကာ့ထိပ်ခေါင်ဗိုလ်တထောင်”

မြို့နယ်တကာ့ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင်အတွင်းရှိမြို့နယ်(၁၄)မြို့နယ်မှာအမှတ်စဉ် (၁) တွင် ပါဝင်နေသည်။ မြို့နယ်အကျယ်အဝန်း ဝ ဒသမ ၉၂ မိုင်အတွင်း ရပ်ကွက် (၁ဝ) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ အရှေ့ဘက်မှာ သန်လျက်စွန်းလမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော်လမ်း၊ မြောက်ဘက်မှာ ပုဇွန်တောင်လမ်းနှင့် တောင်ဘက်မှာ ကမ်းနားလမ်းမကြီး (Strand) အတွင်းတည်ရှိနေသည်။

“တဖုဿနှင့် ဘလ္လိကညီနောင်တို့၏ မဇ္ဈိမဒေသမှ မြတ်ဘုရား”

ဂေါတမ၏ဆံတော်ရှစ်ဆူကို ပင့်ဆောင်လာကြပြီး ပေါက္ခရဝတီဆိပ်ကိုရောက်ရှိသီတင်းသုံးစဉ် ဥက္ကလာပမင်းကြီးက ဗိုလ်ခြေတစ်ထောင်ဖြင့်လာရောက်ကြိုဆိုပင့်ဆောင်ခဲ့တဲ့အတွက် ဗိုလ်တထောင်အမည်တွင်ခဲ့သည်လို့လည်းကောင်း၊ ရွှေတိဂုံစေတီကြီးတည်ရာ သိင်္ဂုတ္တရကုန်းမြတ်၏ အရှေ့တောင်ထောင့်စွန်းစွန်း၊ တာတစ်ထောင့်ခန့်အကွာတွင်တည်ထားလို့ တာတစ်ထောင်မှ ဗိုလ်တထောင်မည်သည်လို့လည်းကောင်း၊ နယ်ချဲ့တို့ကို စစ်အင်အားပြသရန်အတွက် စစ်သည်ရဲမက်များကို အကွပ်အကဲဗိုလ်တစ်ထောင်နှင့် တပ်စခန်းတည်ဆောက်ချရပ်ခဲ့သည့်ဒေသဖြစ်လို့ ဗိုလ်တထောင်ရပ် အမည်တွင်ခဲ့သလို မွန်ဘာသာကျိုက်ဒေးအပ်အရ အဘိုးအိုက ဆံတော် ခေတ္တစံပယ်ရန် တောင်းဆိုခဲ့သဖြင့် အဘိုးတောင်းကနေ ဗိုလ်တထောင်ဖြစ်လာသည် လို့လည်းကောင်း ယူဆချက် အထွေထွေရှိခဲ့သည်။၊ 

“ဗိုလ်တစ်ထောင်မြို့နယ်က ဧကရီကျွန်း”

ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ပေါင်းဆုံရာ မြစ်သုံးဆိုင်ထိပ်မှာ ကျွန်းဦးတည်ရာ သန်လျက်ခုံနှင့် မြို့တော်ရန်ကုန်ကို အနားကွပ်ပေးထားသည့်အစွန်းအငူဖြစ်သောကြောင့် အနွတ္တသညာပြုကာ သန်လျက်စွန်းလို့ ခေါ်တွင်သလို ဒီရေရောက်အရပ်တွင် ဓနိပင်၊ လမုပင်စသည့် ဒီရေရောက်တောအုပ်ကြီးဖြစ်၍ ဧကရီကျွန်း (Queen's Island) ဟုအမည်ရခဲ့ဖူးသည်။

နယ်ချဲ့အင်္ဂလိပ်တွေက ရန်ကုန်မြို့ကို အလစ်အငိုက်မှာ ဝင်တိုက်သည့်အခါ တောအုပ်ထဲရှိ မျောက်တွေက အနှောင့်အယှက်ပြုခဲ့၍ မျောက်ကျွန်း (Monkey Point) ဟုခေါ်ခဲ့ကြတာဖြစ်သည်။ ထိုကြောင့် Monkey Point အမည်နှင့် ဓနိတောအမည်များပါ ဗိုလ်တထောင်မြို့နယ်မှာ အခုထိတည်ရှိနေဆဲဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်အတွင်းမှာ ရှေးဟောင်းသမိုင်းဝင် ဈေးနှစ်ဈေးရှိသည်။ ရန်ကုန်မြူနီစီပါယ်၏ ပထမဦးဆုံး ဈေးဖြစ်သည့် ဗိုလ်တထောင်ဈေးသည် စတင်ဖွင့်လှစ်ချိန်ကပင် စည်ကားမှုမရှိသောဈေးဖြစ်သည်။ Colonel Foule ၏သားဖြစ်သူ Edward Foule တည်ဆောက်ခဲ့သည့်သူဌေးဈေးကို အင်္ဂလိပ်ဘိုကလေး တည်ဆောက်ခဲ့လို့ ဘိုကလေးဈေးအမည်တွင်နေတာ မျက်မှောက်ကာလတိုင်ရှိနေပါသည်။

ဆူးလေဘုရားတည်ထားသည့် Sule Pagoda Road အမည်သည် ရန်ကုန်မြို့ကွက်တည်ခါစကပင် တည်ရှိခဲ့သော်လည်း၊ ဗိုလ်တထောင်ဘုရားတည်ရှိသည့်လမ်းသည် ကိုလိုနီခေတ်ကပင် Thompson Road အမည်တွင်ခဲ့ကာ၊ ၁၉၈၉ ခုနှစ်ရောက်သောအခါ ကိုလိုနီအမည်ကနေ ဗိုလ်တထောင်ဘုရားလမ်း အမည်သို့ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်မှာ ဗိုလ်မြတ်ထွန်းလမ်း Creek Street သည် ဗိုလ်တထောင်ချောင်းလက်တက်ကလေး စီးဝင်ခဲ့သည့်လမ်းဖြစ်ခဲ့သည်။ 

ဗိုလ်အောင်ကျော်လမ်းသည် ရန်ကုန်မြို့၏ ပထမဆုံးအရေးပိုင်ဖြစ်သူ Major T.Spark ကို အကြောင်းပြုပေးထားသည့် Spark လမ်းကနေပြောင်းလဲလာသောလမ်းအမည်ဖြစ်သည်။
ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းသည် ရန်ကုန်မြို့၏အရှေ့ဘက်နယ်နိမိတ်ဖြစ်ခဲ့စဉ်က အရှေ့လမ်း East Road အမည်ရခဲ့ရာမှ ဂျူးသူဌေးကြီး ဂျူဒါအီဇကယ် အမည်သို့ပြောင်းခဲ့သည်။ ယခုတော့ သိမ်ဖြူလမ်းဖြစ်သည်။

မေယုလမ်းအမည်သည် ဗိုလ်တထောင်မြို့နယ်အတွင်းမှာရှိသည်ဆိုသည်ကို သိသူနည်းလှသည်၊၊ Lord Mayo ကို အကြောင်းပြု ခေါ်ခဲ့သည့် Mayo Street  ကို စစ်ရေယာဉ်မေယုအား အမှတ်ရစေဖို့အတွက် ပြောင်းပေးထားခြင်းဖြစ်သည်။ အလားတူ Brooking Street ကို ဘိုကလေးဈေးလမ်းနှင့် Landsdown Road ကို ရာဇာဓိရာဇ်လမ်းလို့ အမည်ပြောင်းပေးထားခြင်းဖြစ်သည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်းစာ
 
 
မြို့နယ်တကာ့ ထိပ်ခေါင်ဖြစ်သည့် ဗိုလ်တထောင်မြို့နယ်ဟာ အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ် (၁၄) မြို့နယ် မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်၊ မြို့နယ်သည် အရှေ့ပိုင်းခရိုင် အတွင်းရှိမြို့နယ် (၁၄)မြို့နယ်မှာ အမှတ်စဉ် (၁) တွင် ပါဝင်နေသည်။
 
 မြို့နယ်အကျယ်အဝန်း ဝ ဒသမ ၉၂ မိုင်အတွင်း ရပ်ကွက် (၁ဝ) ရပ်ကွက်ဖြင့် ဖွဲ့စည်းထား သည်။ အရှေ့ဘက်မှာ သန်လျက်စွန်းလမ်း၊ အနောက်ဘက်မှာ ဗိုလ်အောင်ကျော် လမ်း၊ မြောက် ဘက်မှာ ပုဇွန်တောင်လမ်းနှင့် တောင်ဘက်မှာ ကမ်းနားလမ်း မကြီး (Strand) အတွင်းတည် ရှိနေသည်။
 
“တဖုဿနှင့် ဘလ္လိကညီနောင်တို့၏ မဇ္ဈိမဒေသမှ မြတ်ဘုရား”

ဂေါတမ၏ဆံတော်ရှစ်ဆူကို ပင့်ဆောင်လာကြပြီး ပေါက္ခရဝတီဆိပ်ကိုရောက်ရှိသီတင်းသုံးစဉ် ဥက္ကလာပ မင်းကြီးက ဗိုလ်ခြေတစ်ထောင်ဖြင့်လာရောက်ကြိုဆိုပင့်ဆောင်ခဲ့တဲ့အတွက် ဗိုလ်တထောင် အမည် တွင်ခဲ့ သည်လို့လည်းကောင်း၊ ရွှေတိဂုံစေတီကြီးတည်ရာ သိင်္ဂုတ္တရကုန်းမြတ်၏ အရှေ့တောင်ထောင့် စွန်းစွန်း၊ တာတစ်ထောင့်ခန့် အကွာတွင် တည်ထားလို့ တာတစ်ထောင်မှ ဗိုလ်တထောင်မည်သည်လို့လည်းကောင်း၊ နယ်ချဲ့တို့ကို စစ်အင်အားပြသရန်အတွက် စစ်သည်ရဲမက်များကို အကွပ်အကဲ ဗိုလ်တစ်ထောင်နှင့် တပ်စခန်းတည်ဆောက်ချရပ်ခဲ့သည့်ဒေသဖြစ်လို့ ဗိုလ်တထောင်ရပ် အမည်တွင်ခဲ့သလို မွန်ဘာသာကျိုက်ဒေးအပ်အရ အဘိုးအိုက ဆံတော် ခေတ္တစံပယ်ရန် တောင်းဆိုခဲ့သဖြင့် အဘိုးတောင်းကနေ ဗိုလ်တထောင်ဖြစ်လာသည် လို့လည်းကောင်း ယူဆချက် အထွေထွေရှိခဲ့သည်။၊

“ဗိုလ်တစ်ထောင်မြို့နယ်က ဧကရီကျွန်း”

ရန်ကုန်မြစ်(ခ)လှိုင်မြစ်၊ ပဲခူးမြစ်နှင့် ပုဇွန်တောင်ချောင်းတို့ပေါင်းဆုံရာ မြစ်သုံးဆိုင်ထိပ်မှာ ကျွန်းဦးတည်ရာ သန်လျက်ခုံနှင့် မြို့တော်ရန်ကုန်ကို အနားကွပ်ပေးထား သည့်အစွန်း အငူဖြစ်သောကြောင့် အနွတ္တသညာပြုကာ သန်လျက်စွန်းလို့ ခေါ်တွင်သလို ဒီရေရောက် အရပ်တွင် ဓနိပင်၊ လမုပင်စသည့် ဒီရေရောက်တောအုပ်ကြီးဖြစ်၍ ဧကရီကျွန်း (Queen's Island) ဟုအမည်ရခဲ့ဖူးသည်။

နယ်ချဲ့အင်္ဂလိပ်တွေက ရန်ကုန်မြို့ကို အလစ်အငိုက်မှာ ဝင်တိုက်သည့် အခါ တောအုပ် ထဲရှိ မျောက်တွေက အနှောင့်အယှက်ပြုခဲ့၍ မျောက်ကျွန်း (Monkey Point) ဟုခေါ်ခဲ့ကြ တာဖြစ်သည်။ ထိုကြောင့် Monkey Point အမည်နှင့် ဓနိတောအမည်များပါ ဗိုလ်တထောင်မြို့ နယ်မှာ အခုထိတည်ရှိနေဆဲဖြစ်သည်။

ဗိုလ်တထောင်မြို့နယ် အတွင်းမှာ ရှေးဟောင်းသမိုင်းဝင် ဈေးနှစ်ဈေးရှိသည်။ ရန်ကုန်မြူနီစီပါယ်၏ ပထမဦးဆုံး ဈေးဖြစ်သည့် ဗိုလ်တထောင်ဈေးသည် စတင်ဖွင့်လှစ် ချိန်ကပင် စည်ကားမှုမရှိသောဈေးဖြစ် သည်။ Colonel Foule ၏သားဖြစ်သူ Edward Foule တည်ဆောက်ခဲ့သည့် သူဌေးဈေးကို အင်္ဂလိပ်ဘိုကလေး တည်ဆောက်ခဲ့လို့ ဘိုကလေးဈေး အမည်တွင်နေတာ မျက်မှောက်ကာလတိုင်ရှိနေပါ သည်။

ဆူးလေဘုရားတည်ထားသည့် Sule Pagoda Road အမည်သည် ရန်ကုန်မြို့ကွက်တည် ခါစကပင် တည်ရှိခဲ့သော်လည်း၊ ဗိုလ်တထောင်ဘုရားတည်ရှိသည့်လမ်းသည် ကိုလိုနီခေတ် ကပင် Thompson Road အမည်တွင်ခဲ့ကာ၊ ၁၉၈၉ ခုနှစ်ရောက်သောအခါ ကိုလိုနီအမည်ကနေ ဗိုလ်တထောင်ဘုရားလမ်း အမည်သို့ ပြောင်းပေးခဲ့ခြင်းဖြစ်သည်။


ဗိုလ်တထောင်မြို့နယ်မှာ ဗိုလ်မြတ်ထွန်းလမ်း Creek Street သည် ဗိုလ်တထောင်ချောင်း လက်တက် ကလေး စီးဝင်ခဲ့သည့်လမ်းဖြစ်ခဲ့သည်။

ဗိုလ်အောင်ကျော်လမ်းသည် ရန်ကုန်မြို့၏ ပထမဆုံးအရေးပိုင်ဖြစ်သူ Major T.Spark ကို အကြောင်းပြုပေးထားသည့် Spark လမ်းကနေပြောင်းလဲလာသောလမ်းအမည်ဖြစ်သည်။

ဗိုလ်တထောင်မြို့နယ်ရှိ သိမ်ဖြူလမ်းသည် ရန်ကုန်မြို့၏အရှေ့ဘက်နယ်နိမိတ်ဖြစ်ခဲ့စဉ်က အရှေ့လမ်း East Road အမည်ရခဲ့ရာမှ ဂျူးသူဌေးကြီး ဂျူဒါအီဇကယ် အမည်သို့ပြောင်းခဲ့သည်။ ယခုတော့ သိမ်ဖြူလမ်းဖြစ်သည်။

မေယုလမ်းအမည်သည် ဗိုလ်တထောင်မြို့နယ် အတွင်းမှာရှိသည်ဆိုသည်ကို သိသူနည်းလှ သည်၊၊ Lord Mayo ကို အကြောင်းပြု ခေါ်ခဲ့သည့် Mayo Street ကို စစ်ရေယာဉ်မေယုအား အမှတ်ရစေဖို့အတွက် ပြောင်းပေးထားခြင်းဖြစ်သည်။ အလားတူ Brooking Street ကို ဘိုကလေးဈေး လမ်းနှင့် Landsdown Road ကို ရာဇာဓိရာဇ်လမ်းလို့ အမည်ပြောင်းပေး ထားခြင်းဖြစ်သည်။

Ref: မောင်မြတ်မွန်(ဆူးလေ)၊ မြို့တော်သတင်းစာ
ရှားရှားပါးပါးဗဟုသုတများ

No comments:

Post a Comment