*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 April 2014

သင်္ကြန်တွင်း အစားအစာများ ပိုမိုဈေးတင်ကာ ရောင်းချ

vendor-2




သင်္ကြန်တွင်း အစား အစာများရောင်းချမှု သည် ယခင်နေ့များ ထက် ပိုမိုဈေးတင် ကာရောင်းချကြသည် ဟု မဏ္ဍာပ်များ တွင် ဈေးရောင်း ချနေသည့် ဈေးသည် များက မဇ္စျိမသို့ပြောသည်။


"သင်္ကြန်အတွင်း မှာတော့ ဈေးရောင်း တာက အရင်နေ့တွေ ထက်တော့ ဈေးပို တင်ပြီးရောင်းရ တာပါပဲ။ "ဟု မင်္ဂလာဦး မုတ်ဆိတ် ဆိတ်ကင် ဆိုင်မှ ပြောသည်။

သင်္ကြန်အတွင်း ၌ ဈေးရောင်းချသည့် သူများသည် ရောင်းချကြ မည့် ကုန်ပစ္စည်းများ ကို ၀ယ်ယူကြ ရာတွင် သင်္ကြန်ရက် အတွင်း ၀ယ်ယူကြ ရခြင်းကြောင့် ပိုမိုဈေးပေးကာ ၀ယ်ယူကြရခြင်းဖြစ်သည်။ 

ယင်းကဲ့သို့ ၀ယ်ယူ ကြရခြင်းကြောင့် စားသုံးသူ ပြည်သူများ ထံသို့ ပြန်လည် ရောင်းချရာတွင်လည်း ၄င်းတို့ အနေဖြင့် ပိုမိုဈေးတင် ကာ ရောင်းချ ကြရသည်။

သင်္ကြန်ရက်များ တွင် ဆိတ်အသားကင် တစ်ချောင်း လျှင် နှစ်ရာကျပ် ထိ တိုးမြင့်ရောင်းချခြင်းဖြစ်သည်။ အဆိုပါ ရက်များ မဟုတ်သည့် ပုံမှန်ရက် များတွင် တခြားရောင်းကုန် ပစ္စည်းများသည် လည်း သင်္ကြန်တွင်း ၌ နှစ်ဆ၊ သုံးဆ တက်ကာ ပိုမိုရောင်းချကြသော်လည်း လာရောက် ၀ယ်ယူကြသူ များကြောင့် တစ်နေ့  အတွင်း ရောင်းကုန် များ ပြတ်လပ်သည် အထိရှိခဲ့သည်။


vendor-1 

From...  မဇ္စျိမသတင်းအဖွဲ့ 





No comments:

Post a Comment