*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 13 April 2014

ကမ္ဘာ့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တန်း များ

ကမ္ဘာ့ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တန်းများ

၁။ အန်နာပူရနာ (နီပေါ)
အန်နာပူရနာ တောင်ဟာ ကမ္ဘာပေါ်မှာ ဒသမမြောက် အမြင့်ဆုံးနဲ့  အန္တရာယ် အကြီးမား ဆုံး တောင် တစ်ခု ဖြစ်ပါတယ်။

နီပေါနိုင်ငံ မြောက်အလယ်ပိုင်း မှာ ရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေ မှာ တည်ရှိပါတယ်။ အမြင့်ပေ ၈ဝ၉၁ မီတာ (၂၆၅၄၅ ပေ) ရှိပါတယ်။ ဒီတောင် ကို တက်ရောက်မယ် ဆိုရင် သေဆုံးမှုနှုန်း ၄၁ ရာခိုင်နှုန်း ရှိပြီး ကမ္ဘာပေါ်မှာ အကျွမ်းကျင်ဆုံး တောင်တက် သမားတွေတောင် မမျှော်မှန်းနိုင် တဲ့ အခက် အခဲတွေနဲ့ ရင်ဆိုင် ရတတ်ပါတယ်။ 


အန်နာပူရနာ ဆိုတဲ့ အဓိပ္ပာယ်ကတော့ သက္ကတ ဘာသာဖြစ်ပြီး အဓိပ္ပာယ် ကတော့ ကောက်သစ်ပေါ်ချိန် နတ်ဘုရားမ ဖြစ်ပါတယ်။ ဒီတောင် ကို တက်ချင်ရင်တော့ သတိကြီးကြီး ထားရမှာ ဖြစ်ပါတယ်။


၂။ နန်ဂါပါဘတ် (ပါကစ္စတန်)
နန်ဂါပါဘတ် တောင်ဟာ ပါကစ္စတန်နိုင်ငံမှာ ဒုတိယ အမြင့်မားဆုံး တောင်ဖြစ်ပြီး ကမ္ဘာပေါ်မှာ နဝမမြောက် အမြင့်ဆုံး ဖြစ်ပါတယ်။ ပါကစ္စတန် မြောက်ပိုင်းမှာရှိတဲ့ ဟိမဝန္တာ တောင်တန်းတွေမှာ တည်ရှိ ပါတယ်။ 

အမြင့်ပေ ၈၁၂၆ မီတာ တည်ရှိပြီး လူသတ်တောင် သို့မဟုတ် သရဲတောင် လို့လည်း ခေါ်ဝေါ်ကြပါတယ်။ ကမ္ဘာပေါ်မှာ ကြောက်မက်ဖွယ်ရာ အကောင်းဆုံး တောင်တွေထဲက တစ်ခုဖြစ်ပြီး ထိခိုက်သေဆုံးမှု မှတ်တမ်း တွေ အများအပြား ရှိခဲ့ပါတယ်။

 သေဆုံးမှုနှုန်း ၁ဝဝ မှာ ၅ ဒသမ ၅ ဦး ရှိနေပါတယ်။ ရေခဲ နံရံတွေဟာ ကြည့်ရှု လို့ ကောင်းပေ မယ့် တောင်တက် သမားတွေ အတွက် မလွယ် ကူပါဘူး။ မတ်စောက်တဲ့ ဆင်ခြေလျှော တွေ နဲ့ ရေခဲတောင်တွေ တည် ရှိပါတယ်။


၃။ ကေတူး (ပါကစ္စတန်)
ကေတူးတောင်ဟာ ပါကစ္စတန်နိုင်ငံ မှာ အမြင့်မားဆုံး ဖြစ်ပြီး ကမ္ဘာပေါ် မှာ နောက်ထပ် ကြောက်မက် ဖွယ်ရာ အကောင်းဆုံး တောင်တစ်လုံး လည်း ဖြစ်ပါတယ်။ 

အမြင့် ၂၈၂၅၁ ပေ ရှိပါတယ်။ ရုတ်တရက် ပြောင်းလဲ တတ်တဲ့ ရာသီဥတု၊ အဆိုး ရွားဆုံး နှင်းကျတဲ့ အခြေအနေတွေ နဲ့ ပြင်းထန်တဲ့ မုန်တိုင်းတွေ ကြုံတွေ့ရ နိုင်ပါတယ်။ 

ဒါကြောင့်လည်း ကေတူးတောင်ဟာ တောင်တက်သမားတွေ အတွက် အန္တရာယ်ရှိပြီး စိန်ခေါ် မှု ပြင်းထန် တဲ့ တောင်တစ်လုံး လို့ ဆိုရမှာပါ။ သေဆုံးမှုနှုန်း ၂၃ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး ဒီတောင်ကို  တက်ရောက် တဲ့ လူလေးဦး မှာ တစ်ဦး သေဆုံးတယ် လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ 

From...Myawady

 

No comments:

Post a Comment