*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 16 April 2014

အမှိုက် နဲ့ အနံ့ဆိုးတွေ ပြည့်နေ တဲ့ မြို့ပြ လူနေမှု ဘဝ အပိုင်းအစများ


 
မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာကြား ရထား လမ်းတစ်လျှောက် ကို ဖြတ်လိုက် မည် ဆိုရုံဖြင့် ပင် အောင်မင်္ဂလာချောင်း ပတ်ဝန်းကျင် တစ်လျှောက် အနံ့ အသက်ဆိုးများ က ထိုအနီး တွင် အမြဲ တစေနေထိုင် သူ မဟုတ်လျှင် ယင်းကဲ့သို့ ပြင်းထန်သော အနံ့ အသက် ကို ခံနိုင်ဖို့ လွယ်ကူမည် မဟုတ်ပါ။


တစ်ရက် နှစ်ကြိမ် တက်လေ့ရှိ သည့် ဒီရေ နှင့် အတူ ချောင်းဘေး တစ်လျှောက် အဟောင်း ပစ္စည်းပုံ ၏ အနံ နှင့် ချောင်း တစ်လျှောက် မျောလာ သည့် အမှိုက်သရိုက် အနံ့တွေက မခံနိုင်လောက်အောင် ပြင်းထန် လွန်း လှသည် ဟုလည်း အဆိုပါ ချောင်း အနီး နှစ်လေးဆယ်ကျော်ကြာ နေထိုင် လာသည့် အသက် ၄ဝ ကျော် အမျိုးသမီးကြီး က ဆိုသည်။

၎င်းက “တာမွေမြို့ နယ် တစ်ခုလုံး က စွန့်ပစ် တဲ့ အမှိုက်တွေ အားလုံး ကို ဒီချောင်းထဲ ကိုပဲ လာလာ ပစ်နေ ကြတယ်။ ဒါကို သွားပြောပြလို့ လည်း မရဘူး။ ဒီအမှိုက်တွေ က များလာတဲ့ အခါမှာ ထွက်လာ တဲ့အနံ့ က ဆိုးတယ်။ အထူး သဖြင့် ၁၅ ရက် တစ်ခါဖြစ်တဲ့ ရေထရက်တွေ ဆို အနံ့တော်တော် ဆိုးတယ်” ဟု ပြော သည်။

ထိုနေရာ က တာမွေမြို့နယ် ကျောက်မြောင်း ၇ပ်ကွက် မြို့ပတ်လမ်း (မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာ အကြား) အနီး အောင်မင်္ဂလာချောင်း စီးဆင်းလျက် ရှိသည့် နေရာဖြစ်သည်။ သံတို သံစ၊ ပုလင်းခွံ အပါ အဝင် တိုလီမိုလီ အဟောင်းများ ဝယ်ယူသည့် ဆိုင်များ က ထိုချောင်း တစ်လျှောက်တွင် ဝယ်သူ ရောင်း သူ အသံတူလျက် ရှိနေသည်။

သို့သော် ထိုနေရာ က မြို့ပတ် ရထားနှင့် အဝေးပြေး ရထားများ နေ့တဓူဝ ဖြတ် သန်း သွားလာ လျှက်ရှိ သည့်နေရာ ဖြစ်သည်။

ရန်ကုန်မြို့ အပါအဝင် မြန်မာနိုင်ငံ အထင်ကရမြို့များ သို့ လာရောက် လည်ပတ်ကြ သည့် ကမ္ဘာလှည့် ခရီး သွားများ များပြားလာသည့် အလျောက် ရန်ကုန်မြို့ပတ် မီးရထား စီး နိုင်ငံခြားသားများ လည်း များပြားလာ သည်။ မြို့ပတ် ရထားကို အဆင့်မြှင့်တင်ပြီးနောက် အထူးမြို့ပတ် ရထားတွင် နေ့စဉ် စီးနင်းသူ ၃,ဝဝဝကျော် အထိ ရှိသည် ။

နေ့စဉ် ရိုးရိုးမြို့ပတ်ရထားစီး သိန်းချီ လျက် ရှိသည်။ မြို့ပတ် ရထာစီးသူများ ထဲတွင် နိုင်ငံခြား သား ဧည့်သည်များ လည်း ပါလာကြသည်။ ထို့ကြောင့် ရထားလမ်း တစ်လျှောက် အမြင်တင့်တယ် ရန် လို အပ်သည်။

ထိုမြို့ပတ် ရထားနှင့် အဝေးပြေး ရထားများ နေ့စဉ်ဖြတ်သန်း သွားလာနေသည့် အောင်မင်္ဂလာချောင်း တစ် လျှောက် ပတ်ဝန်းကျင် ညစ်ညမ်းး မှုနှင့် အနံ့ဆိုးများ ထွက်ပေါ်နေခြင်း က အများအမြင် မတင့်တယ် သည့် အပြင် ကျန်းမာရေး အရလည်း များစွာ ထိခိုက်နိုင်သည်။ 

တစ်ဖန်ချောင်း ထဲသို့ အမှိုက်စွန့်ပစ်ခြင်း၊ အဟောင်း ဆိုင်များက စွန့်ပစ်သည့် ပစ္စည်း များကြောင့် လေထု ညစ်ညမ်း မှု ဖြစ်စေရုံသာ မက ရေထု ကိုပါ ညစ်ညမ်းစေ သည့် အတွက် ရပ်ကွက်နေပြည်သူများ မှာ အသက်ရှူ လမ်းကြောင်း ဆိုင်ရာရောဂါ၊ အရေပြား ဆိုင်ရာ ရောဂါ တို့ ဖြစ်ပွားစေနိုင်ကြောင်း စိမ်းလန်း အမိမြေ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့မှသဘာဝ ပတ်ဝန်းကျင် စီမံခန့်ခွဲရေး ဆိုင်ရာ ကျွမ်းကျင် သူ ဒေါက် တာ ကျော် ငြိမ်းအောင် က ဆိုသည်။

ထိုသို့ လေထုနှင့် ရေထု ညစ်ညမ်းမှု အန္တရာယ် ကို ကာကွယ်ရန်နှင့် ပတ်ဝန်းကျင် သန့်ရှင်းစေရန် ရပ်ကွက် နေပြည်သူနှင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ တို့ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်။ သို့သော် ရပ်ကွက်နေ ပြည်သူ အချို့ကပါ အောင်မင်္ဂလာချောင်းထဲ သို့ နေ့စဉ် စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်နေ ကြသည် ဟု ရပ်ကွက်နေ သူ အချို့က ဆိုသည်။

 ထို့ပြင် အောင်မင်္ဂလာချောင်း ဝန်းကျင် တစ်လျှောက် အထူးသဖြင့် မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာ အကြား တွင် သံတိုသံစ၊ ပုလင်းခွံ အပါအဝင် တိုလီမိုလီ အဟောင်းများ ဝယ်ယူစုဆောင်းသည့် အဟောင်း ဆိုင်များကြောင့်လည်း ထိုချောင်းတစ်လျှောက် ပိုပြီး ညစ်ညမ်းစေသည်။ ထိုဆိုင်များ က ပစ္စည်းများ ဝယ်ယူ စုဆောင်းထားပြီး လှိုင်သာယာ စက်မှုဇုန်၊ မှော်ဘီစက်မှုဇုန် သို့ မပို့မီ ထိုနေရာတွင် တစ်ပတ် ခန့် စခန်းရပ် စတည်းချကြသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာ ဌာန၊ လမ်းတံတားမှ ဌာနစုမှုး ဦးနေခြည်ဦး က “ချောင်းထဲ က အမှိုက်တွေ ကို ဖေဖော်ဝါရီ ၁ ရက်က စပြီး long-hand နည်း နဲ့ တစ်နှစ် တစ်ခေါက် လောက် ဆယ်သွားနေပါတယ်။ ဆယ်ထားတဲ့ အမှိုက်တွေကို အရင်ဆုံး ချောင်းဘေးမှာ ခဏပုံ ထားတယ်။ အဲဒီ အမှိုက်တွေ ခြောက်သွားတဲ့ အခါကျမှ ချိုင့်တွေ၊ လမ်း အပေါက် ဖြစ်တဲ့နေရာတွေကို သွားဖာတယ်။ 

ရပ် ကွက်နေ လူထုအတွက် သန့်ရှင်းမှု ရှိဖို့နဲ့ အနံ့ အသက် မရှိအောင် အတတ်နိုင် ဆုံးတော့ ဆောင် ရွက်ပေးနေ တာ ပါပဲ။ ဒါပေမဲ့ ကျွန်တော် တို့ တစ်စုတစ်ဖွဲ့ တည်း လုပ်နေလို့တော့ မရဘူး။ အရှေ့က ဘယ်လောက် လုပ်လုပ် အနောက်က အမှိုက်ပြန် စွန့်ပစ်ရင် ဘာမှ မထူးဘူးပေါ့။ ရပ်ကွက်နေ လူထုဘက် ကလည်း ချောင်း၊ မြောင်းထဲမှာ အမှိုက် မပစ်ဖို့ လိုတယ်” ဟု ဆိုသည်။

အရှည်ပေ ၂,၄ဝဝ၊ အကျယ် ၂၄ ပေ ရှိသည့် အောင်မင်္ဂလာချောင်း အတွင်း၌ အမှိုက်ထုပ် များနှင့် ညစ်ညမ်း မည်းညစ်သောရေများ က အနံ့ တလူလူ ထွက်လျက် ရှိသည်။ ယင်းချောင်း သည် ယုဇန ပလာဇာ အနောက် ဘက်မှ စတင်ပြီး ပုသိမ်ညွန့် ရပ်ကွက် ကြက်ဘဲဈေးတွင် အဆုံးသက်ကာ ငမိုးရိပ်ချောင်း ထဲသို့ စီးဝင်နေ သည်။ 

 ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ က စွန့်ပစ်ထားသော အမှိုက်များ ကို နွေရာသီ ကာလ များတွင် တစ်နှစ် တစ်ကြိမ် ရှင်းလင်းသည် ဟု လည်း အင်ဂျင်နီယာဌာန၊ လမ်းတံတားမှ ဌာနစုမှူး ကဆိုသည်။

စွန့်ပစ်ထား သည့် အမှိုက်များ ကို အင်ဂျင်နီယာ ဌာန လမ်းနှင့် တံတားက တစ်နှစ်မှ တစ်ကြိမ်သာ သန့်ရှင်း ရေး လုပ်သောစနစ် သည် တကယ်တမ်း ရပ်ကွက်နေ ပြည်သူများ အတွက် လုံလောက်သော သန့်ရှင်းမှု ရောပေးနိုင် မလား၊ တစ်နှစ် တစ်ကြိမ်သာ သန့်ရှင်းရေး လုပ်ရုံနှင့် အနံ့ဆိုး သံသရာ ကရော ပျောက်နိုင် မှာ လားဆိုသည်က တွေးစရာ တစ်ခု ဖြစ်နေတော့သည်။

ယခုလို ခြောက်သွေ့သည့် ရာသီတွင် ချောင်း တစ်လျှောက် အနံ့အသက်ဆိုး များက စိုစွတ်သည့် မိုးရာသီ လောက် မထွက်သော် လည်း ယင်၊ ခြင်နှင့် ကြွက်များ ၏ အန္တရာယ်များ ကလည်းတစ်ဖုံ ဒုက္ခပေးကြပြန် သည်ဟု လည်း ရပ်ကွက်နေသူ တို့က ဆိုသည်။

အနံ့ဆိုး တလူလူ ထွက်နေ သည့် ချောင်းကမ်းပါး တစ်လျှောက် အမှိုက် များက ရန်ကုန်မြို့ပြ စနစ်ကို အရုပ် ဆိုး အကျည်းတန် စေခဲ့သည်။ ချောင်းနံဘေး အနံ့ဆိုး၊ အမှိုက် သရိုက်များ အပြင် ပစ္စည်းဟောင်းရောင်း ဝယ်များ ၏ စုပုံထားသည့် အဟောင်း ပစ္စည်း စုကြီးက အနံ့ဆိုး ကို ပိုတိုးစေ ခဲ့သည်။
ရောင်းဝယ်ဖောက်ကားနေကြသူ များနှင့် အနေကြာ သူများခမြာ လေထု၊ ရေထု ညစ်ညမ်းမှု ကို ခံစားနေရ သည်မှာ နှစ်ကာလ ရှည်ကြာနေပြီ ဖြစ်သည်။

အကျဉ်းတန် အရုပ်ဆိုးပြီး ညစ်ညမ်းနေသော ပတ်ဝန်းကျင်ကို သန့်ရှင်း သပ်ရပ်ပြီး အနံ့အသက် ကောင်း
 အောင် လုပ်ဆောင်ပေး ရန် တာဝန်ရှိသူများ ကို တိုက်တွန်း လိုပါသည်။ ရပ်ကွက်နေ ပြည်သူများကလည်း အမှိုက်စွန့်ပစ်မှု စနစ်တကျ လွှင့်ကြဖို့လည်း မေတ္တာရပ်ခံလိုပါသည်။

အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာတော့ ချောင်း၊ မြောင်းများ အတွင်း လှေများ ၊ မော် တော် များဖြင့် မြို့တွင်းရေလမ်း ခရီးတစ်ခု အဖြစ် အသုံးပြု ထားသည် ကို တွေ့ရပါသည်။ ထိုသို့ပင် အောင် မင်္ဂလာ ချောင်း အကျယ်လောက်ကို ပင် ရေလမ်း ခရီးအဖြစ် အသုံးပြုထားပါသည်။ ထိုသည်က ကောင်း သော အတုယူစရာ ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့ပြ ၏ မီးရထား လမ်းဘေး အောင်မင်္ဂလာချောင်း ၏ အရုပ်ဆိုး အကျဉ်းတန်နေသော မြင် ကွင်းလေး ကို အနံ့အသက် ကင်းကင်း သန့်ရှင်း သပ်ရပ် လှပစွာ စီးဆင်းနေ လျှင် ဘယ်လောက်ကောင်း လိုက် မလဲဟူသော ကရုဏာ အတွေးဖြင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါသနာ ပါသူ တစ်ဦးအနေ ဖြင့် ဆန္ဒပြုလိုက် ရပါသည်။


Written by  လပြည့်ဝန်း
From... mizzima




No comments:

Post a Comment