*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 13 May 2014

ကိုယ်ပိုင် Blog တစ်ခု ထောင်နည်း

 ရဲမင်းထွန်း-"တတ်သိသမျှ ပြန်လည်မျှဝေခြင်း"'s photo.

ဒီ Blog Site ဖွင့်နည်းလေး ကို နည်းပညာလေ့လာနေသော မသိသေးသော သူများအတွက် ရည်ရွယ်ရေး သားခြင်းဖြစ်ပါ တယ် ဗျ၊၊
ဆရာ့၊ဆရာ့ကြီးများ ကျော် ၍ ဖတ်သွားပေးပါ လို့ မေတ္တာ ရပ်ခံပါရစေ ၊၊

Blogspot ဖွင့်တော့ ဘာ အကျိုးထူးမှာလဲ လို့မေးစရာ ရှိပါတယ်၊၊ ကျွန်တော် တို့ မြန်မာနိုင်ငံ က နာမည် ကြီး နည်းပညာ Blogger များ ဟာ ဒီကနေ တက်သွားတဲ့ သူ အများအပြား ပါပဲဗျ၊၊ 

နာမည်ကြီး သတင်းဆိုဒ်၊ Sexy ဆိုဒ် အားလုံး နီးပါး ဒီကနေ Blogspot ကနေ ပြုလုပ် ပြီးPosts  တွေ ကို တင် ပါတယ်၊၊
ကိုယ်က တင်စရာ မရှိလဲ ကိုယ့်ရဲ့ မိသားစု ဓာတ်ပုံတွေ၊ အမှတ်တရ ရေးထားတဲ့ စာတွေ၊ ကဗျာတွေ ကိုတင်ပြီး သူငယ်ချင်းတွေ ကို ကြွားလို့ရတာပေါ့ဗျာ၊၊
 


ကိုယ်ရဲ့ ချစ်သူလေးနဲ့ ပုံလေးတွေ၊ ခံစားချက် ကဗျာလေးတွေ ကို အမှတ် တရတင်ထားလို့ ရပါတယ်ဗျ၊၊ OK တယ်နော် သူငယ်ချင်းတို့၊၊
 

Facebook မှာ တင်လို့ မရဘူးလား၊ တင်လို့ ရသားပဲ လို့ မေးစရာ ရှိပါတယ်ဗျ၊၊ တင်လို့ ရပါတယ်၊၊ ဒါပေမယ့် ကိုယ်သိစေချင်တဲ့ သူက Facebook မသုံးဘူး၊၊ Facebook သုံးဦးတော့ Friend မဖြစ်သေးရင် ရှာဖို့ လွယ်ကူမှာ မဟုတ်ပါဘူးဗျ၊
 

ဒီ Blogsite က link တစ်ခု ကို ပေးလိုက် တာနဲ့ Google ကနေ တိုက်ရိုက်တွေ့နိုင်တယ်၊၊
အထူး သဖြင့် အဝေးရောက်နေသော သူများ အမှတ်တရ တင်ထားပြီး ကိုယ့်မိသားစုကို ဒီ link လေးနဲ့ကြည့်ပေးပါ လို့ပြောလိုက်ရင် အိုကေမှာ စိုပြေပဲ၊၊
ကဲ နည်းပညာ တင်တင် ၊၊ မြန်မာသတင်း တင်တင်၊ တင်ချင်ရာတင်၊၊ အဆင်ပြေပါလိမ့် မယ် ၊၊


••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
 

ကဲ စမယ်ဗျာ၊၊
ကျွန်တော် အင်တာနက် ကို စပြီး သုံးတာ 2012 ခုနှစ် စက်တင်ဘာလ ကပါ၊၊ အဲဒီတုန်းက ဖုန်းတွေ ဝယ် ကြပြီး အင်တာနက် ချိတ်တာ ခေတ်ထနေတာပေါ့ဗျာ၊ ၊ဒီကောင် ကလဲ ဖုန်းဝယ်ပြီး နှစ်လ အကြာမှာ အင်တာနက် ချိတ်လိုက် တယ်၊၊ အဲဒီ အချိန်မှာ ကိုင်တာက Java ဖုန်း၊၊


အင်တာနက် ချိတ်ပြီး သုံးမရ လို့ လျှောက်ပြီး ဖုန်း ကို မွှေပစ် လိုက်တာ Sim-Card lock ကျသွား တယ်၊၊ငွေ သုံးသောင်း ကုန်သွားတယ်၊၊ Java နဲ့ သုံး မရဘူးဆိုတာကို၊၊ မသိခဲ့ဘူး၊၊ ဒီလောက်ထိ အ တဲ့ကောင်။

အင်တာနက် သုံးလို့ ရအောင် ဆိုပြီး LG ဖုန်း တစ်လုံးဝယ် လိုက်တယ်ဗျာ၊၊ တစ်လပဲ ဖုန်းက သုံးရ တယ်၊၊ Firmware လစ်သွားတယ်၊၊ အင်တာနက်မှာ တစ်နေကုန်၊ တစ်ညလုံး ဆက်တိုက် ဆက်တိုက် မွှေပစ် လိုက်တာ လစ်သွားတာပဲ၊၊ ခု ဘာမှ လုပ်မရဘူး၊ ၊ဆေးရုံပေါင်း တော်တော် စုံနေပြီဗျ၊၊ ရန်ကုန်၊ မန္တလေး ထိ၊၊ မရတော့ဘူး၊၊

ခု ကိုင်နေတာ ကလဲ အပေါစား၊၊ Samsung Ace S5830ပါ၊ ခုမှ ကျွန်တော် စိတ်ကြိုက် အမွှေခံ တယ်ဗျာ၊၊
ဒါက စကားချပ်၊၊ တင်ပြမယ့် အကြောင်းအရာ နဲ့တော့ မဆိုင်ပါဘူး၊၊ ဒါပေမယ့် ကျွန်တော် နည်းပညာ အကိုကြီးတွေ ကို လေ့လာ အားကျခဲ့တယ်၊ ၊မောင်(စွယ်စုံကျမ်း) ၊မောင်ပေါက်၊ ဝင်းကမ္ဘာကျော်၊၊ အစုံပါပဲ၊၊ 

သူတို့ နည်းပညာတွေ ကို ဝေမျှနေတာ ဘယ်ဆိုဒ်ကလဲ၊၊ ဘယ်လိုရေး တာလဲ၊၊ သိချင် လာတယ်၊၊ အင်တာနက် မှာ လိုက်ရှာတယ်၊၊ စူးစမ်းလေ့လာ တယ်၊၊ ဒီလိုနဲ့ ခု Blog Site တစ်ခု ကို အဆင့် မမီတောင် ရွက်ကြမ်းရေကျို အဆင့်လောက်တော့ ဖွင့်လာနိုင်ပြီဗျ၊၊

ဒါ ကိုယ့် လိုပဲ ဒီလို ဖွင့်ချင်တဲ့ သူတွေကို ထပ်ပြီးဝေမျှ ချင်တယ်၊၊ ဘယ်လို လုပ်ရမလဲ၊၊ ကိုယ်က ဘာ နာမည် မှ ရှိတာ မဟုတ်ဘူး၊၊ ကိုယ်ပြော လိုက်ရင်ကော ဒီကောင် အလကားကောင်ပါကွာ ဆိုပြီး အပြော ခံနေ ရဦး မှာ၊၊

တစ်ချို့ ဆိုဒ်တွေ မှာ Blogspot ဖွင့်နည်းတွေ ရှိချင်လဲ ရှိမယ်၊၊ မရှိချင်လဲ မရှိဘူး၊၊
ဒီ ဟာက သူငယ်ချင်း တို့အတွက် အဖိုးတန်မယ့် နည်းပညာ တစ်ခု လို့ ကျွန်တော် ယူဆပါတယ်ဗျ၊၊
ဒီလိုနဲ့ ဘယ်လို မျှဝေရမှန်း မသိတော့ Facebook ဖွင့်ပြီး၊ သူငယ်ချင်းတွေ ရှာတယ်၊၊ဟော ခုတွေ့ပြီဗျာ။ 

ကျွန်တော်နဲ့ ဝါသနာတူ facebook သူငယ်ချင်းတွေ၊ ၊သူတို့နဲ့ ဆက်သွယ်တယ်၊၊ Page တစ်ခုထောင်ပြီး ဖုန်း နည်းပညာ မျှဝေမယ် ဆိုပြီး တိုင်ပင်တယ်၊၊ ခု အားလုံး ok သွားတယ်၊၊ ကျွန်တော့် Page မှာ Admin တွေ က ကျွန်တော့် ထက်တော်တယ်ဗျ၊၊ Goodတယ်၊၊ အဖိုးတန်တဲ့ Adminတွေပါပဲဗျ၊၊ 

ကိုယ့်မှာ နည်းနည်းတောင် ရှက်မိတယ်၊၊ သိသ၍ တတ်သ၍ပေါ့ ဆိုပြီး အားတင်းပြီး ခု Page မှာ နည်း ပညာတွေ မျှဝေပေးနေကြဆဲ ပါဗျ၊၊

စကားလေရှည်နေတာ နဲ့ လိုရင်းရောက် မှာ မဟုတ်တော့ဘူး၊၊ စမယ်ဗျာ....

Blogspot ဖွင့်နည်း
***************

ရဲမင်းထွန်း-"တတ်သိသမျှ ပြန်လည်မျှဝေခြင်း"'s photo.


အဆင့်(၁)၊၊ ၊၊ 
 ကိုယ့်လုပ်မယ့် Gmail ကို ကိုယ့်ရဲ့ ဖုန်းထဲမှာ Sign in ဝင်ထားပေးပါ၊၊ ပြီးရင် Blogger Apk ကို download ဆွဲ ပြီး install လုပ်ပေးပါ၊၊ ရှိပြီးသား ဆိုရင်လဲ install လုပ်ထားပါဗျ၊၊ install လုပ်ပြီးပြီ ဆိုလျှင် Blogger icon လေးကို တစ်ချက်နှိပ်ပေးပါ၊၊ ခဏစောင့်ပါ၊၊

 ရဲမင်းထွန်း-"တတ်သိသမျှ ပြန်လည်မျှဝေခြင်း"'s photo.

အဆင့်(၂)၊၊ ၊၊
မိမိတို့ Blog ပြုလုပ် ချင်သော Gmail Account ကိုရွေးပါ၊၊ မရှိသေးလျင် Add Account ကို နှိပ်ပြီး Sign up/Sign in လုပ်ပေးပါ၊ ၊ရွေးချယ်ပြီး လျင် ခဏစောင့်ပေး ပါဗျ၊၊

အဆင့်(၃)၊၊ ၊၊
Access Request တောင်းလျင် Allow ကိုနှိပ်ပေးပါ၊၊ ဆက်တိုက် ဆက်တိုက်ပေါ်လာ၇င် လဲ Allow ကို ဆက်နှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပါ၊၊

အဆင့်(၄)၊၊ ၊၊
မိမိ Gmail Account နှင့် Blogger တို့ ဆက်သွယ်နေသည့် အချိန်တွင် ခဏစောင့်ပေးပါ၊၊

အဆင့်(၅)၊၊ ၊၊
သင့်ရဲ့ Accountက Blogspot မဖွင့် ရသေးကြောင်း No Blog Found ဆိုပြီးပြနေပါ လိမ့်မယ်၊၊ Blog ဖွင့်မည် ဆိုလျင် Create Blog ကိုနှိပ်ပါ၊၊ မဖွင့်တော့ဘူး ဆိုလျင် Switch Account ကိုနှိပ်ပေးပါ၊၊ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၆)၊၊ ၊၊
ဖုန်းရဲ့ ထိပ် ဘေးနား က အဝိုင်းလေး လည်နေမည်၊၊ လိုင်းမကောင်းလျင် လဲ ပေါ်လာသည့် စာကို နှိပ်ပြီး အဝိုင်းလေး လည်အောင်ပြုလုပ်ပေးပါ၊၊

အဆင့်(၇)၊၊ ၊၊
ဒီ အဆင့်ရောက်ပြီ ဆိုရင် Google မှာ ကိုယ် လုပ်မယ့် Blog ရဲ့ Gmail Account နဲ့ Signin ဝင်ပေးပါ၊၊
ဥပမာ... yemintun@gmail.com
 

အောက်က Password နေရာ မှာ ကိုယ့် Account ရဲ့ Password ကို ထည့်ပါ၊၊ထည့်ပြီးလျင် အပြာရောင်နှင့် Signin ကိုနှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၈)၊၊ ၊၊
ဒီ အဆင့်ရောက်လာပြီ ဆိုလျင် အရေးကြီး လာပါပြီ၊ ၊သေချာ ဂရုစိုက်ပေးပါ၊၊ ပုံမှာပြထားတဲ့ အတိုင်း New Blog ကို နှိပ်ပေးပါ၊၊ ပြီးလျင် ခဏစောင့်ပေးပါ၊၊

အဆင့်(၉)၊၊ ၊၊
ဒီအဆင့် မှာ ဂရုစိုက် ရမှာက ဖုန်းစာမျက်နှာ ရဲ့အလယ်မှာ ဇယားကွက်ပေါ် လာမှာ ပါဗျ၊၊ ဘာမှ မမြင်ရ သလို ရှုပ်ထွေးနေပါ လိမ့်မယ်၊၊ ဒါပေမယ့် ဖုန်းရဲ့ Screen ကြီးရင်တော့ မြင်ရ ပါလိမ့်မယ်၊၊မြင်တော့မြင် ရတယ် အပြည့် အစုံ မမြင် ရတာကိုပြောတာပါ၊၊

ကျွန်တော့် ဖုန်းက Screen သေးတော့ မမြင် ရဘူးဗျ၊၊ ဇယားကွက် ကို ဘာမှ မမြင်ရလို့ ရှုပ်ထွေးနေရင် ဖုန်းကို လက်လေး နဲ့ အသာလေး မြင်ကွင်း ကို ချုံ့ပေးပါဗျ၊၊ ဇယားကွက် ကို သေချာ မြင်ရအောင်လို့ပါဗျ၊၊

အဆင့်(၁၀)၊၊ ၊၊
ဇယား ကွက်ကို ပုံမှာပြထား တဲ့ အတိုင်း ပီပီပြင်ပြင်မြင်ရပြီ ဆိုရင် ရှင်းရှင်း လင်းလင်း တွေ့လာ ရပါမယ် ဗျ၊၊

အဆင့်(၁၁)၊၊ ၊၊
ဇယား ထိပ်က Blog List အောက်က Title နေရာ မှာ ကိုယ်ရေး ချင်တဲ့ Blog နာမည် ကို ရေးပေးပါ၊၊
ဥပမာ...... ကျွန်တော် ဆိုရင် ရဲမင်းထွန်း (နည်းပညာ) လို့ ရေးလိုက်တယ်... နာမည် တူတွေ ရှိမှာ စိုးလို့ သေချာ ရေးပေးပါ၊၊


ပြီးရင်အောက်က Address နေရာ မှာ အရေးကြီး ပါတယ်၊၊ဒီနေရာ မှာ တိုင်ပတ်နေတတ် ပါတယ်၊၊ ဂရုစိုက်ပါ၊၊
 

ကိုယ့် Blog နာမည် ရဲ့ လိပ်စာကို ရေးပေးပါ၊ ၊ဘေးနား က ခဲတံ နဲ့အောက်က စာသားတွေ က သင်ရေးနေ စဉ်မှာ မှားတယ်/မှန်တယ် ဆိုတာကို ပြနေပါလိမ့်မယ်၊၊
 

Blog Address ကိုလဲ သူများတွေနဲ့ မတူအောင်ရေးပေးပါ၊
ဥပမာ.... ကျွန်တော် ဆိုရင် yemintunလို့ရေးချင် တယ်၊ မရဘူး၊၊ yemintunနောက် က salin လေးထည့် လိုက်မှ မှန်လာတယ်၊၊
 

ဒီလို ပုံစံပေါ့
yemintunsalin.blogspot.com     .blogspot.com ကသူ ကပေးပြီးသား၊၊ ကိုယ်ရိုက် စရာ မလိုဘူး၊၊ ကိုယ်က ရှေ့က နာမည်လေး ကို ရိုက်ပေးရမှာဗျ၊၊ အဓိက ကတော့ သူများနဲ့ မတူနိုင်မယ့် နာမည်ကို ရိုက်ပေးပါဗျ...
 

Blog ပုံစံကိုတော့ သူပေးထား တဲ့ Simple ကိုပဲ ထားပေးပါဗျ၊၊ ပြီးသွားရင် အောက်က Create Blog ကိုနှိပ်ပေးလိုက်ပါဗျ၊၊

အဆင့်(၁၂)၊၊ ၊၊
Create Blog ကိုနှိပ်ပြီး သွားရင် ဇယား ထိပ်မှာ အဝါရောင်လေး နဲ့ Create Blog ဆိုပြီး ပြနေ ပါလိမ့် မယ်ဗျ၊၊ ဒါ ကိုယ့်ရဲ့Blog ကို တင်ပေးနေတာပါဗျ၊၊ ခဏစောင့်ပေးပါ
 

ပြီးသွားပြီ ဆိုရင် စောစောက New Blog နေရာလေး မှာ ကိုယ့်ရဲ့ Blog နာမည်လေး ပေါ်လာ ပါလိမ့် မယ်နော်၊၊ ဒါဆိုရင် သင်ဟာ Blogspot ကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ ပါပြီဗျ၊၊

 ••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••••
 

  ok၊၊  ပြီးသွားပြီ ဆိုတော့ ဖုန်းရဲ့ Home Key ကိုနှိပ်ပြီးထွက်ပေးလိုက် ပါဗျ၊၊
သင် လုပ်ထားတဲ့ Blogspot အောင်မြင်လား၊ မအောင်မြင်ဘူးလား သိချင်ရင် စောစောက ထည့်ထားခဲ့ လိပ်စာ အတိုင်း google မှာ ရှာနိုင်ပါတယ်ဗျ၊၊ No Posts ဆိုပြီး ပြနေပါ လိမ့်မယ်နော်၊၊


ပြီးရင် ဖုန်းကို Restart ချလိုက်ပါ၊၊ Power ပြန်တက် လာရင် Blogger icon ထဲဝင်ပါ၊၊ ကိုယ်Blog လုပ်ထား တဲ့ Account ကို နှိပ်ပေးပါ၊၊ ခဏစောင့်ပေးပါ၊၊ အပေါ်ထိပ် မှာ Blog နာမည်ပေါ်လာပြီး စာရေး ချင်တယ် ဆိုရင် ခဲတံနေရာလေး ကို နှိပ်ပေးပါ၊၊
 

Tittle နေရာမှာ ကိုယ် တင်မယ့် ခေါင်းစဉ် ကို ရေးပါ၊၊
အောက်က စာကိုယ်နေရာမှာ ကိုယ်ရေးချင်သော အကြောင်း အရာများကို ရေးသားပေးပါ၊၊
ပြီးလျင် ဘေးက Done ကိုနှိပ်ပေးပါ၊၊
 

အောက်နား က level နေရာ တွင် သတင်း တင်တာ ဆိုင် သတင်း၊၊ photo တင်တာ ဆိုရင် photo၊ နည်းပညာ ဆိုရင် နည်းပညာ၊၊ Apk ဆိုရင် Apk ဆိုပြီး စသဖြင့် ရေးပေးပါ၊၊
 

ပြီးလျင် အပေါ်ထပ် နားတွင် ရှိသော စက္ကူ စွန်ပုံစံ လေး ကို နှိပ်ပေးလိုက်ပါ၊ ၊နှိပ်လိုက် တာနဲ့ ကိုယ့်ဖုန်းရဲ့ Noti မှာ မြားလေးနဲ့ Pulishing ဆိုပြီး တက်သွား ပါလိမ့်ဗျ၊၊ လိုင်းမကောင်းရင်တော့ Network Error လို့ပြပါ လိမ့်မယ်၊၊

Post တင်ပြီးပြီ ဆိုရင် Post Pulish ဆိုပြီး ပြနေပါ လိမ့်မယ်ဗျ၊၊ လိုင်းမကောင်းလို့ တင်မရရင် Network Error ပြနေရင် Blog ထဲပြန် ဝင်ပြီး ထပ်တင်ပေးပါဗျ၊၊

OKသွားပါပြီ။ Blog ဖွင့်နည်းတင် မဟုတ်ဘဲ Post တင်နည်း ပါပြောပြ လိုက်ပါတယ် ၊၊
ကဲ သူငယ်ချင်းများ၊ ၊ကျေနပ်ကြပါရဲ့နော်၊၊ ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီးရေးပေးထား ပါတယ်ဗျ၊၊
သူငယ်ချင်း တို့က ကျွန်တော့်ကို တစ်ခု ကူညီပေးပါဗျ၊၊
 

ဒီ နည်းလေးကို ကိုယ် သိသလို ကိုယ်ရဲ့ သူငယ်ချင်းတွေ လဲ သိအောင် Share လုပ်ပေးစေချင် ပါတယ်ဗျ၊၊
ကျွန်တော်တောင် နည်းပညာတွေ သိစေချင်လို့ Page မှာကော၊ Timeline မှာကော၊ Group တွေမှာကော အကုန်လုံး Share လုပ်ပေးပါတယ် ၊၊

သူငယ်ချင်း တို့လည်း ကျွန်တော့် ကို Share လုပ်ပေးခြင်းဖြင့် ကူညီပေးပါ၊၊ ရည်ရွယ်ချက်က အခြား သူတွေကော သိစေချင်တဲ့ ရည်ရွယ်ချက် တစ်ခုတည်းပါ၊၊

ကိုယ် သိသလို သူများသိအောင် ဖြန်ဝေပေးပါ လို့ တောင်းဆို ချင်ပါတယ်ဗျ၊၊
ကျေးဇူးတင်ပါတယ်နော်၊၊


အောက်မှာ ပုံတွေကို လဲ ပြထားပေးပါတယ်၊၊ ပုံကြည့်ပြီး လုပ်တော့ ပိုပြီး အဆင်ပြေ တာပေါ့ဗျာ၊၊
အခက် အခဲတစ်စုံ တစ်ရာတွေ့ခဲ့ ရင် Comment Boxမှာ အော်ခဲ့ပါ၊၊ ကျွန်တော် အတတ်နိုင် ဆုံးကြိုး စားပြီး ဖြေပေး ပါ့မယ်ဗျ၊၊

Blog လုပ်မယ် ဆိုတော့ Blogger Apk မရှိသေး ရင် ဒီ link မှ ဒေါင်းပါဗျ၊၊

https://www.dropbox.com/s/4g6us5lh2x9u6ge/blogger%20Post%20by%20Yemintun.pdf

အဆင်ပြေပါစေဗျာ
  Post by ရဲမင်းထွန်း
ရဲမင်းထွန်း-"တတ်သိသမျှ ပြန်လည်မျှဝေခြင်း"'
 
 

13 comments:

  1. အကိုရေ အရမ်းကျေးဇူးတင်တယ်ဗျား....ကျွန်တော် ပြန်လည်မျှဝေဖို့ ကူးသွားပြီးဗျို့...

    ReplyDelete
  2. အကိုရေ ပုံတွေဘယ်လို တင်ရမလဲမသိလို့ ပုံတင်နည်လေး တင်ပေးပါဦး

    ReplyDelete
  3. hi''ကိုကိုရေ ကျေးဇူးပါ

    ReplyDelete
  4. please' ဆရာ blogger' app' က dow' မရဘူး ကူညီပါအုံး

    ReplyDelete
  5. အကိုရေ ဘယ်လိုလုပ်ရမလဲ

    ReplyDelete
  6. အစ်ကိုရေ ကျေးဇူးပါပဲ နော်

    ReplyDelete
  7. New Blogဆိုတဲ့နေရာမှာဆတ်ပီးလုပ်လို့မရတော့ဘူးဗျာ
    ကူညီပါအုံး

    ReplyDelete
  8. hi ကျေးဇူးအကို

    ReplyDelete
  9. အကိုရေး ပုံတစ်ဆင့်စာတဆင့် ဘယ်လိုတင်ရလည်းအကိုပြောပြပါလား

    ReplyDelete
  10. စမ်းတော့မစမ်းကြည့်ရသေးဘူး အကို
    စိတ်ဝင်စားလို့ စမ်းကြည့်မယ်
    ကျေးဇူးတင်ပါတယ်ဗျ

    ReplyDelete
  11. မင်္ဂလာအစ်ကိုခင်ဗျာ ဘလော့တစ်ခုမှာ ဗုဒ္ဓပုံတော်ထည့်တဲ့နည်းလေး စာဖြင့်သော်လည်ကောင်း
    ပုံဖြင့်သော်လည်ကောင်း သင်ပြပေးပါအုံလာအစ်ကိုခင်ဗျာ

    ReplyDelete
  12. Thank ပြည့်ုံသွားတယ် ကျန်းမာပါစေဗျာ

    ReplyDelete