*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 21 October 2013

လက်ကိုင်ဖုန်းအစား လက်စွပ်ဖုန်း ဖြစ်လာတော့မလား

နည်းပညာ 

1044112_119129894924452_2138267883_n

ပုံမှာတွေ့ ရတဲ့ လက်စွပ်ကတော့ လက်ကိုင်ဖုန်း ၊ စမတ်ဖုန်း နေရာမှာ အစားထိုးလာနိုင်တော့မယ့် စမတ်လက်စွပ် ဖြစ်ပါသတဲ့။

Hybra ဆိုတဲ့ နည်းပညာ ကုမ္မဏီ တစ်ခုက နမူနာ တစ်ခု အနေနဲ့  တင်ပြလိုက်တဲ့ နည်းပညာ တစ်ခုလို့  သိရပါတယ်။





ဒီ စမတ်လက်စွပ် အမည်ကို #ORB Ring လို့ နာမည်ပေးထားပါတယ်။

ORB ဆိုတာက မိုဘိုင်းဆက်သွယ်ရေး ကိရိယာများကို ၀တ်ဆင်လို့ ရအောင် ပြုလုပ်ထားတဲ့ Wireless နည်းပညာ ဖြစ်ပါတယ်။

ဒီလက်စွပ်ကနေ ဖုန်းခေါ်လို့ ရနိုင်တယ်။ Message ပေးပို့ နိုင်တယ်။ တဖက်က ဖုန်းဝင်လာရင်လည်း စွပ်ထားတဲ့ လက်ချောင်းကို တုန်ခါမှုနဲ့  အသိပေးမှာ ဖြစ်ပါတယ်။ ဖုန်းလက်ခံ နားထောင်မယ် ဆိုရင် ပုံမှာ ပြထားတဲ့ အတိုင်း နားရွက်မှာ ချိတ်ပြီး အသုံးပြုရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လက်စွပ်ကနေ Alarm ပေးတာတို့  ၊ Event အသိပေးတာတို့ ကိုလည်း ပြုလုပ်နိုင်ပါမယ်။

နောက်ပြီး စမတ်လက်စွပ်လေးကို ယောင်ရမ်းပြီး ရေနဲ့ ထိမိရင်လည်း အဆင်ပြေစေဖို့ ရေစိုခံ ပြုလုပ်မယ်လို့ ဆိုထားပါတယ်။ လက်စွပ်အတွက် ဆိုဒ် အရွယ်အစား အနေနဲ့ လူတိုင်းဝတ်ဆင်လို့ ရအောင် အကြီးအသေး ချိန်ဆပြီး ထုတ်လုပ်မယ်လို့ သိရပါတယ်။

လောလောဆယ် နမူနာကနေ ပြည့်စုံတဲ့ အသွင်ကို ကူးပြောင်းဖို့  ကြိုးစားနေဆဲမို့  ဈေးကွက်ကို ချပြမဲ့ ရက်ကို အတိအကျ မကြေငြာသေးပါဘူး။

စမတ်ဖုန်း အပြင် စမတ်နာရီ ၊ စမတ်လက်စွပ် စသဖြင့် ထူးခြားနည်းပညာများ အနာဂတ်မှာ ကျယ်ပြန်လာတော့မှာကို လေ့လာမျှဝေလိုက်ရပါတယ်။
——
Ref:hybratech

Freddy ( MM Social Sky) 
From_MyanmarOnline News

No comments:

Post a Comment