*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 7 June 2014

လူမှုကွန်ရက် ကို အသုံးပြုပြီး ပြည့်တန်ဆာ ဈေးကွက် ရှာဖွေမှု အွန်လိုင်းပေါ်မှာ ကျယ်ပြန့်လာ












 လူမှု ကွန်ရက် စာမျက်နှာ များကို အသုံးချပြီး အွန်လိုင်းပေါ် တွင် ပြည့်တန်ဆာဈေးကွက် ရှာဖွေမှု ကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် လာသည်ကို တွေ့ရသည်။ 

Facebook စာမျက်နှာ များပေါ် တွင် လိင် ၀န်ဆောင်မှု၊ လိင် ဖျော်ဖြေရေး ဆိုသောခေါင်းစဉ် များ အောက် မှနေပြီး လူမှု ကွန်ရက် စာမျက် နှာပေါ် တွင် ဈေးကွက် ရှာဖွေမှုများ လုပ်ဆောင်နေကြောင်း ရန်ကုန် အခြေ စိုက် ဘလော့ဂါ တစ်ဦး ဖြစ်သော ကိုမောင်မျိုး က News Watch ဂျာနယ်သို့ ပြောသည်။



''အခုနောက်ပိုင်း အတော်လေး များ လာပါတယ်။ လိင် နဲ့ ပတ်သက် တဲ့ ခေါင်းစဉ် တွေကို တပ်ပြီးတော့ ပုံစံ အမျိုးးမျိုးး နဲ့ အွန်လိုင်းပေါ် မှာ တင်လာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိ တာကတော့ အရင် အစော ပိုင်း ကာလက ဒီ စာမျက်နှာတွေ မှာ အလုပ် လုပ်ကြတဲ့ မိန်းကလေးတွေ ရဲ့ ဓာတ်ပုံ ကို တင်တယ် ။ ပြီးတော့ နံပါတ် ပါပေးတယ်။ နောက်ပိုင်းမှာတော့ သူတို့ ဘယ်လိုပြဿနာတွေ တက်လဲ မသိဘူး။ ဓာတ်ပုံတွေ ပဲ ပေးတယ်။ ဖုန်းနံပါတ်တွေ ကိုတော့ Message Box ကပဲ ပေးတယ် လို့ သိရတယ်''ဟု ၎င်းကပြောသည်။

အဆိုပါ လိင်ဖျော်ဖြေရေး၊ လိင် ၀န်ဆောင် မှု အစရှိသည့် စာမျက်နှာ များ ပေါ်မှ ဖုန်းနံပါတ်တောင်းယူပြီး ဆက်သွယ်ခဲ့ သည့် မန္တလေးမြို့နေ ကိုသော်တာ က ''မန္တလေးက လူတွေ အတွက် ဘာညာ ဆိုပြီး ရှယ် လာတော့ ကျွန်တော် လည်း ဆက်ကြည့် လိုက်တယ်။ တကယ် ဖုန်းကိုင် ပါတယ်။ ပြီးတော့ ၀န်ဆောင်ခ ကလည်း သူတို့ တင်ထားတဲ့ အတိုင်းနဲ့ အိုကေ သွားတယ်''ဟု ၎င်း ကပြောသည်။

ယခု ကဲ့သို့ လူမှု ကွန်ရက် စာမျက်နှာ များပေါ်တွင် အမျိုး သမီးငယ်လေးများ ၏ ဓာတ်ပုံနှင့် တကွ လိင် ၀န်ဆောင် မှု ဟု ခေါင်းစဉ် တပ်ထားခြင်း မှာ အတု အယောင် ဓာတ်ပုံများ လည်းပါ ရှိကြောင်း ရန်ကုန်နေ မသီတာ က ပြောသည်။

''တကယ်တော့ ပြောသာပြောနေ တာပါ။ အချို့ပုံတွေ ဆို အတု အယောင် တွေပါ။ ကျွန်မ အစ်မ တစ်ယောက် ရဲ့ သူငယ်ချင်း တစ်ယောက်ပုံ ကို ဘယ်ကနေ ဘယ်လို ယူပြီး တင်လိုက် လဲ မသိပါဘူး။ အဲဒီ ကိစ္စကို ကျွန်မ တို့တော့ ဆိုင်ရာကနေ ရှင်းမယ် ဆိုပြီး message box က ပြောတော့ မှဖြုတ်ပေး လိုက် တယ်လေ။ အချို့ ကိစ္စတွေက လုပ်တဲ့ လူတွေ ကိုယ်တိုင်က ယုတ်မာကြ တာတွေ လည်း ရှိပါတယ်''ဟု သူမက ပြောသည်။

“လိင် ဖျော်ဖြေရေး”ဆိုသော စာမျက်နှာ တွင် ရန်ကုန်မြို့ ၏ မည်သည့် နေရာတွင် လိင်ဖျော်ဖြေရေး နေရာ များရှိ သည် ကို တည်နေရာနှင့် အတိ အကျရေး သားထားသည်ကို လည်း တွေ့ရသည်။

မြန်မာနိုင်ငံ မှာ တရားဝင် ပြည်တန်ဆာ လုပ်ငန်းကို ခွင့်ပြု ထားခြင်း မရှိသည့် အတွက် ယခုကဲ့သို့ အွန်လိုင်းပေါ် တွင် လိင် ၀န်ဆောင်မှု ကျယ်ပြန့်အောင် ဖန်တီးနေခြင်း သည် တစ်နည်းအားဖြင့် ဆွယ်သည့် အဓိပ္ပာယ် သက်ရောက် သဖြင့် ဥပဒေ အရ အရေးယူ ခံရနိုင်ကြောင်း တရား လွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောသည်။

“'ဒီကိစ္စ ကို အစိုးရ က တရားဝင် မှ ခွင့်မပြုထားတာဘဲဗျ။ ဒီလို နည်းပညာကို အသုံးပြုပြီးတော့ အွန်လိုင်းမှာ ၀န်ဆောင်မှု အသွင်လုပ်နေတာ ကို ထောင် ချလို့ ရပါတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေနဲ့ ဖမ်းလို့ ရပါတယ်။ ဒါပေမဲ့ ခက်တာ က ဘယ်သူ လုပ်နေတယ် ဆိုတာကို အစိုးရ က အစ ဖော်နိုင်တဲ့ နည်းပညာ အကူ အညီ မရှိတဲ့ အချက်ပဲ'' ဟု ၎င်းကပြောသည်။

လက်ရှိ အချိန်တွင် အဆိုပါ လိင်ဝန်ဆောင်မှု နှင့်ပတ်သက်ပြီး ဖွင့်ထားသော စာမျက်နှာ များတွင် လူမှု ကွန်ရက် အသုံးပြုသူ ထောင်ဂဏန်း နီးပါး Like လုပ်ထားခြင်း များ ရှိနေသည်ကို လည်း မြင်တွေ့ရသည်။


News Watch (စောင့်ကြည့်သတင်းဂျာနယ်)


From...Thithtoolwin

No comments:

Post a Comment