*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 8 October 2013

1G,2G, 3G, 4G ဆက်သွယ်ရေးနစ် နှိုင်းယှဉ်ခြင်း





 အကြမ်းဖျဉ်း ရှင်းပြရုံလေးပါ။ အသေးစိတ်ကိုတော့ Wireless Communication နည်းပညာစာအုပ်တွေ မှာ အကျယ်တစ်ဝင့် ရှင်းလင်း ထားပါတယ်။ ယခုက သာမန်လူတစ်ယောက်အနေနဲ့ အခြေခံအားဖြင့် သိရှိရန် ရေးသားမျှဝေ လိုက်ရ ပါတယ်။

 ... 1G - အသံပဲ ပို့နိုင့်၊ရောက်နိုင်ပါတယ်။ အနီးစပ်ဆုံး ဥပမာ အနေနဲ့ကတော့ တစ်ချိန်တုန်းက ပေါ်ခဲ့ဖူးတဲ့ ဆယ်လူလာ ဖုန်းတွေပါ။ ဆယ်လူလာတောင် Analogue Signal သုံးတဲ့ ဆယ်လူလာဖြစ်ပြီး လိုင်း က ပြတ်တောင်းပြတ်တောင်း ဖြစ် ပါတယ်။



 
 2G - အသံ အပြင်၊ Data ပါ Transfer လုပ်လို့ ရပါတယ်။ သူကတော့ ဒစ်ဂျစ်တယ် ဆယ်လူလာ အဆင့်ရောက်သွား ပါပြီ။ လက်ရှိ မြန်မာပြည်က ဆက်သွယ်ရေး စနစ်မှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ GSM, CDMA, TDMA တို့ ဖြစ်ပါတယ်။

 2.5G - 2G ကို အဆင့်အနည်းငယ် မြင့်လိုက်တာပါ။ ဒီတော့ Data Rate ပိုမြင့်လာတာ ထူးခြားသွားပါတယ်။ 

 3G - သူကတော့ အသံလည်းရ၊ အချက်အလက်လည်းရ၊ ဗီဒီယို signal ပါပို့လို့ရတဲ့ ဆက်သွယ်ရေး စနစ်ပါ။ အင်တာနက် ပါ အသုံးပြုလို့ ရပါတယ်။ လက်ရှိ ကမ္ဘာမှာလည်း တွင်တွင်ကျယ်ကျယ် အသုံးပြုနေဆဲပါ။ 3G, W-CDMA တို့လို ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ 

 4G - 3G ထက်ပိုအဆင့်မြင့်သွားပါပြီ။ LTE လို့ ဥရောပမှာ ခေါ်ဆိုပေမယ့် 4G နဲ့ LTE မှာကွဲပြားမှု အနည်းငယ် ရှိပါတယ်။ သို့ပေမယ့် တူတယ်လို့ အကြမ်းဖျဉ်း မှတ်ယူနိုင်ပါတယ်။


တင်ပြသူ Kyaw Htin Friday, 14 June 2013

 -- Ref: Cisco Aung Kham (TSJ team) Type the rest of your post here. 
 From_မောင်ပညာ 

No comments:

Post a Comment