*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 20 April 2014

ဝက်ခြံ အတွက် အခြား ကုထုံးများ


512x512_20140320_204657_322.jpg
 

 အရေပြား ရှိ ဆံခြည်မျှင် အိတ်တွေ မှာ အရေပြား ဆဲလ်သေ၊ ဘက်တီးရီးယား နဲ့ ဆီကြည် လို့ခေါ်တဲ့ အဆီတွေ ပိတ်ဆို့တဲ့ အခါ ဝက်ခြံ ဖြစ်ပေါ်လာပါတယ်။ ချွေးပေါက်တွေ မှာ ပိတ်ဆို့နေတဲ့ အညစ်အကြေးနဲ့ ပိုးမွှားတွေ က ကြာလာ ရင် ဝက်ခြံ အဖု အပိမ့် အပြစ် အနာအဆာတွေ ဖြစ်လာ တတ်ပါတယ်။  

ဝက်ခြံအတွက် အာဟာရ ကုထုံး
တချို့ အစား အသောက်တွေ က အရေပြား မှာ အဆီတွေ ကို အလွန်အမင်း ထွက်ရှိစေတဲ့ အတွက် ရှောင် သင့်ပါတယ်။ 

အဆီ ထွက်ရှိမှု မြင့်မားစေတဲ့ အစား အသောက်တွေ က ကာဗိုဟိုက်ဒရိတ် (သကြား) နဲ့ ပြည့်ဝဆီ ပါတဲ့ အစာတွေ ဖြစ်ကြ ပါတယ်။ ဒီနေရာ မှာ လူတစ်ယောက်နဲ့ တစ်ယောက် မတူ တာက တချို့သူတွေ မှာ ချောကလက် စားရင် ဝက်ခြံ ထွက်တတ်ပေမယ့် တချို့ လူတွေမှာ နွားနို့ထဲ က အဆီကြောင့် ဝက်ခြံ ဖု ဖြစ်စေနိုင်ပါတယ်။ 




ပင်လယ်စာ နဲ့ အိုင်အိုဒင်း ပါတဲ့ ဆားတွေ လို အိုင်အိုဒင်း ဓာတ်များတဲ့ အစား အသောက်တွေ ကို လည်း ရှောင် သင့်ပါတယ်။ အခွံချွတ် မထားတဲ့ ကောက်နှံစာ၊ ဟင်းသီး ဟင်းရွက်ပြုတ်၊ သစ်သီးနဲ့ ပဲအမျိုးမျိုး ကို စားတာကြောင့် အသားအရေကို ကျန်းမာလှပစေပါတယ်။

ခန္ဓာကိုယ် ထဲမှာ ဗီတာမင် ဒါမှ မဟုတ် သတ္တုဓာတ် တစ်မျိုးမျိုး ချို့တဲ့ရင် လည်း အားနည်းတဲ့ အဆင့် ကို ဖြစ်စေပြီး စိတ်ဖိ စီးမှုကို တွန်းလှန်နိုင်စွမ်း လျော့နည်း ကာ ဝက်ခြံ အဖု အပိမ့်တွေကို ဖြစ်စေနိုင် ပါတယ်။ 

ဝက်ခြံဖြစ်နေသူ ဒါမှ မဟုတ် ဝက်ခြံဖြစ် လွယ်သူတွေ အဓိက မှီဝဲ သင့်တဲ့ ဖြည့်စွက်ဆေးတွေ ကတော့ ဇင့် (သွပ်) ဓာတ်၊ ဆီလီနီယမ်၊ ဗီတာမင်အေ၊ ဗီတာမင် B6 နဲ့ ဗီတာမင် အီးတို့ ဖြစ်ကြပါတယ်။ 

အမေရိကန် နဲ့ ဥရောပ လေ့လာမှု အမျိုးမျိုး အရ ဇင့် (သွပ်) ဓာတ် ချို့တဲ့နေသူတွေ အနေနဲ့ ဝက်ခြံနဲ့ တခြား အရေပြား အပြစ် အနာအဆာ ဖြစ်နှုန်း မြင့်မားကြောင်း တွေ့ရပါတယ်။ ဝက်ခြံ ရှိသူ လူနာတွေ အနေနဲ့ ပုံမှန် ဇင့်(သွပ်) မှီဝဲပြီး နှစ်လ အကြာမှာ ဝက်ခြံနဲ့ တခြား အဖု အပိမ့်တွေ ဖြစ်နိုင်ခြေ သိသိ သာသာ လျော့နည်း မှု ရှိကြောင်း သိရပါတယ်။

 ဇင့် (သွပ်) ဓာတ်ဟာ ရောင်ရမ်း မှုကို တွန်းလှန်နိုင်စွမ်း ရှိပြီး အရေပြား ဓာတ် မတည့်မှု ကို လျော့ကျစေ ပါတယ်။ ဇင့် (သွပ်) ဓာတ် များပြားတဲ့ အစားအစာတွေ က အခြောက်အခြမ်း လုပ်ထားတဲ့ ပဲအမျိုးမျိုး၊ ဂျုံ၊ ကမာ စတာတွေ ဖြစ်ကြပါတယ်။

ဝက်ခြံ အတွက် ဆေးဖက်ဝင် ကုထုံး
ဆေးဖက်ဝင် ကုထုံး အများစုဟာ ဝက်ခြံ အဖုအပိမ့် ဖြစ်စေတဲ့ ဘက်တီးရီးယား ပိုးတွေကို ကင်းစင်စေ ပါတယ်။ ဆေးဖက်ဝင် အပင်တွေ က ကိုယ်တွင်း စနစ်ကို သန့်စင်စေတဲ့ အတွက် နောက်တစ်ကြိမ် ဝက်ခြံ အဖု အပိမ့်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

လက်ဖက် ဆီ (Tea Tree Oil)
လက်ဖက် ဆီ ငါးရာခိုင်နှုန်း က ထုတ်ထား တဲ့ ဂျဲလ်ဟာ ဘန်ဇွိုင်း ပါ အောက်ဆိုက်လိုးရှင်း ငါးရာခိုင်နှုန်း လိုပဲ ဝက်ခြံ ကင်းစင်စေတယ် လို့ သြစတြေးလျ သုတေသီတွေ က ဆိုပါတယ်။ လက်ဖက်ဆီ မှာ ဘက်တီးရီးယား သေစေတဲ့ အာနိသင် ရှိပြီး အလွန် အစွမ်းထက်ပါတယ်။

အခြား ဝက်ခြံ ကုသနည်းများ
ရနံ့ ကုထုံး – ချမိုမိုင်း၊ လာဗန်ဒါ စတဲ့ မရှိမဖြစ် ဆီတွေကို ကြက်သီးနွေးရေနဲ့ ဖျော်ပြီး စပရေး အနေနဲ့ ဖျန်းပက်ပေးတာကြောင့် စိတ်ဖိစီးမှု ကို ပြေလျော့စေပြီး ဝက်ခြံ သက်သာစေပါတယ်။

အအေး ကုထုံး – ဝက်ခြံ အဖု အပိမ့်ပေါ် ကို ရေခဲ ကပ်တဲ့ နည်း၊ ပင်လယ်ရေ စိမ်တဲ့ နည်းနဲ့ အေးမြ စိုစွတ် တဲ့ ပိတ်စ နဲ့ ကပ်တဲ့ နည်းတွေ ဟာလည်း ဝက်ခြံ သက်သာစေပါတယ်။

တရားထိုင်ခြင်း – စိတ် ဖိစီးမှုနဲ့ နာ့ဗ်ကြော တင်းအားတို့ကြောင့် ဖြစ်တဲ့ ဝက်ခြံ အဖု အပိမ့်တွေဟာ တရားထိုင် တာကြောင့် သက်သာစေပါတယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
From...Good Health

No comments:

Post a Comment