*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 26 January 2014

“ ငါးပါးသီလ သာသနာ ”


“ ငါးပါးသီလ သာသနာ ”

■ သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ-သတ္တ၀ါတွေရဲ့ 
အသက်ကို သတ်ခြင်းမှ ရှောင်ကြဉ်တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ 
တည်ရဲ့လား ?

■ အဒိန္နာဒါနာဝေရမဏိ ...သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှု 
လို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား ?

■ကာမေသုမိစ္ဆာစာရာဝေရမဏိ ... ကာမဂုဏ်ကိစ္စတွေမှာ မှားမှား 
ယွင်းယွင်း ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ခြင်းဆိုတဲ့ ဒီကိုယ်ကျင့်သီလ 
သာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား ?

■မုသာဝါဒါ ဝေရမဏိ ... လိမ်လည်လှည့်စား ပြောကြားခြင်း သူတစ်ပါး 
အကျိုး ပျက်စီးအောင် လိမ်ခြင်းဆိုတာမျိုးမှ ရှောင်ကြဉ်မှုလို့ ဆိုတဲ့ ကိုယ်ကျင့်
သီလ သာသနာမျိုးရော ငါသန္တာန်မှာ တည်သလား ?ဆိုတာ ဆင်ခြင်
စဉ်းစားရမယ်။

■ သုရာမေရယမဇ္ဇပ္ပဒဋ္ဌာနာ ဝေရမဏိ ... မူးယစ်စေတတ်တဲ့အရာတွေ 
အရက်တို့ ဘီယာတို့ အခြားမူးယစ်ဆေးဝါးတွေတို့ သုံးစားခြင်းမှ 
ရှောင်ကြဉ်မှုဆိုတဲ့ ဒီ ကိုယ်ကျင့်သီလရော ငါသန္တာန်မှာ တည်သလား ?
ဟော ..... ကိုယ့်သန္တာန်မှာ သာသနာဘယ်နှစ်ခု တည်သလဲဆိုတာ 
ဆန်းစစ်ကြည့်ရမယ်။

See More Dhamma at www.facebook.com/youngbuddhistassociation.mm 

လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ။ ဥပမာ ... ငါးပါး သီလထဲက 
တစ်ပါးမတည်ဘူး ဆိုရင် သာသနာတစ်ပါး ကွယ်တာလို့ပဲ ပြောရမယ်။
အဲဒီတော့ ... သာသနာတည်တယ် , မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ပုဂ္ဂိုလ် နဲ့
ဆိုင်တယ်။အဲဒါကို သတိထားကြဖို့ လိုတယ်ပေါ့။ကိုယ့်သန္တာန်မှာ သာသနာ
တည်အောင် ကြိုးစား။

အဲ ... တစ်ချို့က သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့် 
အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ 
အခြားကိစ္စတွေမှာ ပြိုင်ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်း 
နေတာမျိုး ဖြစ်တယ်။

အဲဒီတော့ ... အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ 
ပတ်သက်ပြီး ကိုယ်သန္တာန်မှာ ဘယ်လောက်တည်သလဲ ဆိုတာ ကိုယ့်ဟာ
ကိုယ် စစ်ဆေးသင့်တယ်။ မတည်သေးလို့ရှိရင် တည်အောင် ကြိုးစား 
တည်လို့ရှိရင် ခိုင်မာအောင် ကြိုးစား။ဒီလို ကြိုးစားရမယ် ။အဲဒီလို ကြိုးစား
လို့ရှိရင် ကိုယ်အတွက်တော့ ကျေနပ်စရာချည်းပဲ။
ငါသန္တာန်မှာ သာသနာတည်နေတယ်လို့ ဒီလို ပြောရမယ်။

- ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ - အဂ္ဂမဟာပဏ္ဍိတ
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
■ သရဏဂုံတည်ပြီးတဲ့နောက်မှာ ပါဏာတိပါတာ ဝေရမဏိ-သတ္တ၀ါတွေရဲ့ အသက်ကို သတ်ခြင်းမှ ရှောင် ကြဉ် တယ်ဆိုတဲ့ သာသနာရော ငါ့သန္တာန်မှာ တည်ရဲ့လား ?  
 
■ အဒိန္နာဒါနာဝေရမဏိ ...သူများဥစ္စာကို မတရားယူခြင်းမှ ရှောင်ကြဉ်မှု လို့ဆိုတဲ့ ဒီသီလသာသနာရော ငါ့သန္တာန်မှာ တည်သလား ? 
 
■ကာမေသုမိစ္ဆာစာရာဝေရမဏိ ... ကာမဂုဏ်ကိစ္စတွေမှာ မှားမှား ယွင်းယွင်း ပြုလုပ်ခြင်း မှ ရှောင်ကြဉ်ခြင်း ဆိုတဲ့ ဒီကိုယ်ကျင့်သီလ သာသနာရော ငါ့သန္တာန်မှာ ရှိရဲ့လား ? 
 
■မုသာဝါဒါ ဝေရမဏိ ... လိမ်လည်လှည့်စား ပြောကြားခြင်း သူတစ်ပါး အကျိုး ပျက်စီးအောင် လိမ်ခြင်းဆို တာ မျိုး မှ ရှောင်ကြဉ်မှုလို့ ဆိုတဲ့ ကိုယ်ကျင့် သီလ သာသနာမျိုးရော ငါသန္တာန်မှာ တည်သလား ?ဆိုတာ ဆင်ခြင် စဉ်းစားရမယ်။ 
 
■ သုရာမေရယမဇ္ဇပ္ပဒဋ္ဌာနာ ဝေရမဏိ ... မူးယစ်စေတတ်တဲ့အရာတွေ အရက်တို့ ဘီယာတို့ အခြားမူး ယစ်ဆေး ၀ါးတွေတို့ သုံးစားခြင်းမှ ရှောင်ကြဉ်မှုဆိုတဲ့ ဒီ ကိုယ်ကျင့်သီလရော ငါသန္တာန်မှာ တည်သလား ?
 
 ကိုယ့်သန္တာန်မှာ သာသနာဘယ်နှစ်ခု တည်သလဲဆိုတာ ဆန်းစစ်ကြည့်ရမယ်။ 
 
 
 လူတိုင်းလူတိုင်းဟာ အကယ်၍ ကိုယ့်သန္တာန်မှာ။ ဥပမာ ... ငါးပါး သီလထဲက တစ်ပါးမတည်ဘူး ဆိုရင် သာသနာတစ်ပါး ကွယ်တာလို့ပဲ ပြောရမယ်။ အဲဒီတော့ ... သာသနာတည်တယ် , မတည်ဘူးဆိုတာ ကျင့်သုံးတဲ့ ပုဂ္ဂိုလ် နဲ့ ဆိုင်တယ်။ အဲဒါကို သတိထားကြဖို့ လိုတယ်ပေါ့။
 
ကိုယ့်သန္တာန်မှာ သာသနာ တည်အောင် ကြိုးစား။ အဲ ... တစ်ချို့က သာသနာတည်တယ်ဆိုတဲ့ အဓိပ္ပါယ်ကို မသိသည့် အတွက်ကြောင့် ကိုယ်ကျင့်တရားကောင်းအောင် မကြိုးစားပါဘဲနဲ့ အခြားကိစ္စတွေမှာ ပြိုင် ဆိုင်နေတာမျိုးကတော့ တလွဲဆံပင်ကောင်း နေတာမျိုး ဖြစ်တယ်။ အဲဒီတော့ ... အခြားကိစ္စတွေမှာ ပြိုင်ဆိုင်မှုမပြုဘဲနဲ့ ကိုယ်ကျင့်သီလနဲ့ ပတ်သက်ပြီး ကိုယ်သန္တာန်မှာ ဘယ်လောက်တည်သလဲ ဆိုတာ ကိုယ့်ဟာ ကိုယ် စစ်ဆေးသင့်တယ်။ 
 
မတည်သေးလို့ရှိရင် တည်အောင် ကြိုးစား တည်လို့ရှိရင် ခိုင်မာအောင် ကြိုးစား။ဒီလို ကြိုးစားရမယ် ။အဲဒီလို ကြိုးစား လို့ရှိရင် ကိုယ်အတွက်တော့ ကျေနပ်စရာချည်းပဲ။ ငါသန္တာန်မှာ သာသနာတည်နေတယ်လို့ ဒီလို ပြောရမယ်။
 
 - ပါမောက္ခချုပ်ဆရာတော်ကြီးဒေါက်တာ နန္ဒမာလာဘိဝံသ - အဂ္ဂမဟာပဏ္ဍိတ 
 
 
From... Young Buddhist's Association
 

No comments:

Post a Comment