*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 2 December 2013

ရေ အိုး စင် { ကဗျာ }

ရေ အိုး စင်
.
အိမ်ခြေယာခြေမဲ့နေသူပါ
လမ်းနံဘေးသစ်ပင်တွေအောက်မှာ
ဇရပ်အအိုအပျက်တွေထဲမှာ
ဒုက္ခသည်တစ်ချို့ရဲ့
လက်တစ်ကမ်းအကွာ   သူ
ရပ်တည်နေခွင့်ရှိတယ်

ကာလအလီလီရဲ့ဖောက်ပြန်မှု
လူအထွေထွေရဲ့ကျေးဇူးမသိတတ်မှု
အသက်မဲ့သူပေးစွမ်းခဲ့သမျှ
သက်ရှိတို့ဒုတိယအသက်ရှင်သန်မှု
အဖြည့်ခံမှ တကယ့်ကို
အဖြည့်ခံနေရသူသက်သက်ပါ

သူ့ပိုင်ဆိုင်မှုရေတွေကုန်ချိန်
နောက်ထပ်ပြည့်လာဖို့အတွက်
ထပ်လောင်းအဖြည့်ခံရ
ရိုးသားနေတဲ့အနည်ထိုင်မှုတွေဟာ
သူ့ဘဝအနှစ်သာရဖြစ်ခဲ့ရရှာပေါ့

ဘယ်သူတွေမြင်နိုင်မှာလဲ
သူဟာထာဝရအကျဉ်းသားတစ်ဦး
မွတ်ငတ်နေတဲ့ခမ်းခြောက်မှုတွေကို
ဝဝလင်လင်စိုစွတ်စေသူ
အလိုက်မသိသူတစ်ချို့ရဲ့
ကျေးဇူးစကားအပြောမခံရသူပါ

လူသားတစ်ဦးရဲ့နောက်ဆုံးခရီး
ကြေးစည်သံလေးလွင့်လာချိန်ထိ
သူ့ဘဝဟာချအခွဲခံနေရတဲ့
အ ဖြည့် ခံ သက်သက်ပေါ့......

            လေသွေးညို
.


အိမ်ခြေယာခြေ မဲ့နေသူပါ
လမ်းနံဘေး သစ်ပင်တွေအောက်မှာ
ဇရပ်အအို အပျက်တွေထဲမှာ
ဒုက္ခသည် တစ်ချို့ရဲ့
လက်တစ်ကမ်း အကွာ သူ
ရပ်တည်နေခွင့် ရှိတယ်

ကာလအလီလီရဲ့ဖောက်ပြန်မှု
လူအထွေထွေရဲ့ကျေးဇူးမသိတတ်မှု
အသက်မဲ့သူပေးစွမ်းခဲ့သမျှ
သက်ရှိတို့ဒုတိယအသက်ရှင်သန်မှု
အဖြည့်ခံမှ တကယ့်ကို
အဖြည့်ခံနေရသူ သက်သက်ပါ
 


သူ့ပိုင်ဆိုင်မှုရေတွေ ကုန်ချိန်
နောက်ထပ်ပြည့်လာဖို့ အတွက်
ထပ်လောင်း အဖြည့်ခံရ
ရိုးသားနေတဲ့ အနည်ထိုင်မှုတွေဟာ
သူ့ဘဝ အနှစ်သာရဖြစ်ခဲ့ရ ရှာပေါ့

ဘယ်သူတွေမြင်နိုင်မှာလဲ
သူဟာ ထာဝရအကျဉ်းသား တစ်ဦး
မွတ်ငတ်နေတဲ့ ခမ်းခြောက်မှုတွေကို
ဝဝလင်လင် စိုစွတ်စေသူ
အလိုက်မသိသူ တစ်ချို့ရဲ့
ကျေးဇူးစကား အပြောမခံရသူပါ

လူသားတစ်ဦးရဲ့နောက်ဆုံးခရီး
ကြေးစည်သံလေး လွင့်လာချိန်ထိ
သူ့ဘဝဟာ ချအခွဲခံနေရတဲ့
အ ဖြည့် ခံ သက်သက်ပေါ့......

လေသွေးညို



No comments:

Post a Comment