*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Thursday, 24 April 2014

ပြောချင်လွန်းလို့ပါ …အိတ်စိုက် သူဌေးများ အလိုရှိသည်-

rotten_borough


သူဌေးဘယ်လို ဖြစ်လာသလဲ၊ ရှာကြသည်၊ ဖွေကြသည်၊ စုကြဆောင်းကြသည်၊ အစု အပုံတွေဖြစ်လာ သည်၊ စည်းစိမ် ဥစ္စာရွှေငွေ အစု အပုံတွေ ပိုင်ဆိုင် လာကြသည်။ ထိုစည်းစိမ် ဥစ္စာရွှေငွေ အမြောက်အမြား ပိုင်ဆိုင် သူ များကို သူဌေးဟု ခေါ်ရသည်။


 ရွှေငွေ စည်းစိမ် ဥစ္စာ ဘယ်လို စုဆောင်းသနည်း။ ရှေးအတိတ်ဘ၀များ ကလည်း စုဆောင်းခဲ့သည်။ ယခု ဘ၀မှာ လည်း စုဆောင်းကြသည်။ ရှာဖွေသည့်နေရာတွင် လည်း တရားသည်၊ မတရားသည် ကိုမမှု၊ နည်းမျိုး စုံ အသုံးပြုသည် လည်း ရှိသည်။

 မည်သို့ ပင်ဖြစ်စေ သူတို့ လက်ထဲမှာ ရွှေငွေ ပစ္စည်းများ စုပုံရောက်ရှိ သွားပေပြီ။ ထို ချမ်းသာမှုများကို သူတို့ မည်ကဲ့သို့ သုံးစွဲကြ သနည်း။ မည်သည့်နေရာများ တွင် ရင်းနှီးမြှုပ်နှံ နေကြသနည်း။ ဤ အချက်သာ လျှင် အရေးကြီးဆုံးဖြစ်ပါသည်။

မည်သို့ ဆိုစေ အများကောင်းကျိုး အတွက် မြှုပ်နှံ အသုံးချနေသည် ဆိုပါလျှင် လူ သာဓုခေါ် နတ်သာ ဓု ခေါ်ကောင်းမြတ်သော မင်္ဂလာ အပေါင်းနှင့် တင့်ရွှန်းကျက်သရေ ဖြာနေပါ လိမ့်မည်။ အများ အကျိုး အတွက် ဆိုလျှင် အိတ်ထဲက စိုက်ထုတ် မျှဝေဖြန့်ကြဲနေ ပါလျှင် ကိုယ်ကျိုးမဖက် အများအကျိုး အတွက် ဆောင် ရွက် နေသော အိတ်စိုက် သူဌေးများဟု ကင်ပွန်း တပ်ဂုဏ်ပြုခေါ်ဝေါ် ချင်ပါ သည်။ 

 မြန်မာနိုင်ငံ တွင် ထိုကဲ့သို့သော အိတ်စိုက် သူဌေးများ အလိုရှိနေပါသည်။ ယဉ်ကျေးမှု လုပ်ငန်းများ၊ လူမှုရေး လုပ်ငန်းများ တွင် ထိုသူဌေး မျိုး များ အင်တိုက် အားတိုက် ပါဝင်ဆောင်ရွက်ကြရန် လိုအပ် လှသည်။ အများပြည်သူ ကတော့ ထို အိတ်စိုက် သူဌေးများ ၏ အိတ်မှ စိုက်ထုတ် မျှဝေဖြန့်ကြဲ အများ အကျိုးဆောင်ရွက်နေ သည့် မြင်ကွင်းများ ကို စောင့်စား ကြိုဆိုလျက်ရှိပါသည်။ 

လက်တစ်ဖက်က သနားကြင်နာမှု ကိုပေး၊ ကျန်လက် တစ်ဖက်က စားနပ်ရိက္ခာ များကို ဖြန့်ဝေပေးနေစေ ချင် ပါသည်။ ဘာကြောင့် ချမ်းသာလာကြ သလဲ၊ ဒါနကြောင့် ချမ်းသာ လာကြသည်ဟု ယုံကြည်ပါ သည်။ ပေးကမ်း စွန့်ကြဲ အလှူဒါန သည် ချမ်းသာခြင်း ၏ အကြောင်းတရား တည်း။ မရှိလို့ မလှူ မလှူလို့ မရှိဟု ဆိုပါသည်။ လှူလို့ ရှိ ရှိလို့ လှူ၊ အလှူတွေ ကဲမောက်နေလျှင် လူမွဲဘ၀ ဘယ်တော့မှ မရောက်တော့ပါ။ 

ချမ်းသာပြီးရင်းချမ်းသာ၊ ပေါများပြီး ရင်းပေါများ ကြွယ်ဝနေမည် သာဖြစ်ပါ၏။ မြတ်ဘုရား လက်ထက်
က ဇောတိက၊ ဇဋိလ စသည့် သူဌေးကြီးများ သည် ဘဝါဘ၀ က ဒါနအစု အပုံ မကုန်မခမ်းရှိ ခဲ့ကြသောကြောင့် ပါတည်း။

ဒါနပြု စွန့်ကြဲမျှဝေရာမှာ တွန့်တိုနေလျှင် သူဌေး မဟုတ်တော့။ ဒုက္ခရောက်တော့မည် သာတည်း။ ထို့ကြောင့် ပိုက်ဆံ ရှိတိုင်း စည်းစိမ် ဥစ္စာ အလျှံပယ်ဖြစ်နေတိုင်း သူဌေး ဟု မခေါ်ဆိုထိုက်၊ သူဌေး ဘွဲ့နှင့် မတန်၊ ရှင်လျက်နှင့် သေနေ သူသာ ဖြစ်သတည်း။ ဒုက္ခဝဲစုပ်ဆွဲ အမြှုပ်ခံရတော့မည့် သူများသာတည်း။
စေတနာသည် ကံဖြစ်ပါ၏။ အလှူဒါန အရာတွင်လည်း စေတနာအရင်းခံရ၏။ 

အကျိုးအမြတ်ကို မတွက် စေတနာ သက်သက် သည်သာ မြင့်မြတ်ခြင်းပေတည်း။ စေတနာသည် ဒါန၏ မူလအားလုံးသော ကောင်း မြတ်ခြင်း လုပ်ငန်းတို့၏ အခြေခံအကြောင်း တရားဖြစ်ပါသည်။ စေတနာ
သဒ္ဓါ တရား မထက်သန် ပါလျှင် ကောင်းမှုကောင်းကျိုး လုပ်ငန်း မထိရောက်နိုင်။

ကျွန်တော့် ဇာတိ ရေတာ ရှည်မြို့လေးသည် နယ်မြို့လေးတစ်မြို့ သာဖြစ်ပါ သည်။ တောမြို့လေး တစ်ခု ဟုခေါ် နိုင်ပါသည်။ ထိုမြို့လေးမျိုး တွင်သူဌေးဟု ခေါ်ဆိုနိုင်လောက် သူ မရှိနိုင်ပါ။ မြို့ကြီးပြကြီးများ မှ အရင်း အနှီး များစွာရှိသော သူဌေးကြီး များနှင့် မနှိုင်းယှဉ်သာပါ။ သို့သော် ထိုတောမြို့လေးတွင် သူဌေး တစ်ဦး ပေါ်ပေါက် သွားခဲ့ဖူးသည်။ ထိုသူသည် ရေတာရှည်မြို့နယ် ဘိုးဘွား ရိပ်သာကြီးကို အိတ်မှ စိုက် ထုတ် အကုန် အကျခံ စေတနာ အနစ်နာများဖြင့် ကြိုးပမ်း တည်ထောင်သွားခဲ့ သူ ဦးမြင့်ဖြစ်ပါသည်။ 

ဘိုးဘွား ရိပ်သာနှင့် ပတ်သက် လာလျှင် သူသည် အိတ်စိုက် သူဌေးကြီး တစ်ဦးဖြစ်သည်။ နေ့စဉ်နှင့် အမျှ သူ့အိတ်ထဲ က စိုက် ထုတ် အကုန် အကျခံသည်။ ရိပ်သာ ရန်ပုံငွေကို အထိခိုက် မခံ၊ ဆွမ်းအလှူရှင် မပေါ် လျှင် သူက အိတ်စိုက် သည်။ ဧည့်သည်များ ဧည့်ခံ စရာရှိလျှင်လည်း သူ့အိတ်စိုက်၊ သူ့အိတ်စိုက်များ အတွက် စာရင်းမှတ်ရန် မလို စာရင်းရေးရန် မလို၊ လိုသမျှကို လွတ်လွတ် လပ်လပ်ကြီး ပေးလှူ စွန့်လွှတ် သွား သူသာ ဖြစ်ပါသည်။ ယခုတော့ သူကွယ်လွန်သွားချေပြီ။

ကျွန်တော်က ဘိုးဘွားရိပ်သာ ၏ နာယက တစ်ဦးလည်းဖြစ်သည်။ ဓမ္မဆောင်းပါးများ ကိုလည်း ရေး သား နေ သူဖြစ်သည်။ ဘိုးဘွားရိပ်သာ သို့ ဓမ္မစာအုပ် အများအပြား လှူဒါန်းခဲ့သည်။ သို့သော် စာအုပ်များ ကို စနစ် တကျထားသို ထိန်းသိမ်းရန် နေရာ မရှိခဲ့။ 

အိတ်စိုက် သူဌေးကြီး ဦးမြင့် ရှိစဉ်က စာကြည့်ဆောင်လေး ဆောက်လုပ် ရန် နေရာ သတ်မှတ်ပေးခဲ့သည်။ သူကိုယ်တိုင်ဆောင်ရွက်ပေးမည့် အစီအစဉ်လည်း ရှိသည်။ ယခုတော့ သူ ကွယ်လွန်သွားချေပြီ။
ဘ၀နေညို အဘိုးအို တစ်ယောက် ဖြစ်လာတဲ့ စာရေးသူရဲ့ ရင်ထဲမှာ ထို စာကြည့်ဆောင်လေး ပေါ် လာ စေချင် သည့် စိတ် ဆန္ဒပြင်းပြလျက် ရှိပါသည်။ 

 “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”ဓမ္မ အလှူပေးလှူရခြင်း သည် အလှူ အားလုံးတို့တွင် အမြတ်ဆုံးဖြစ်ပါသတဲ့။ မြို့ကြီးပြကြီးနှင့် လက်လှမ်း မမီသော တောရပ်ဒေသမြို့နယ်လေး တစ်ခုတွင် ဓမ္မစာပေ တို့ ပြန့်ပွားစေချင် သည်။ ဓမ္မအသိ တို့ ကျယ်ပြန့်လာစေချင်သည်။

 ထို့ကြောင့် အိတ်စိုက် သူဌေးများ အလိုရှိသည် ဟူ၍ ကျွန်တော် ဟစ်အော်ကြွေးကြော် လိုက်မိခြင်းဖြစ် ပါသည်။ အိတ်စိုက်သူဌေး  များသည် သာ မြန်မာတစ်နိုင်ငံလုံး၏ လူမှုရေး ယဉ်ကျေးမှု လုပ်ငန်းများကို အကြား အလပ် မရှိ ဆောင်ရွက်နိုင်စွမ်း ရှိပါ၏ လို့လည်း လှစ်ဟချင်ပါသည်။

စာကြည့်ဆောင်လေး အတွက် အများကောင်းမှု ပါဝင်စေရန် ဒုဗိုလ်မှူးကြီး လှမောင်(ငြိမ်း)(နာယက)၊ ဦးခင်မောင်ထွေး (အတွင်းရေးမှူးး) ရေတာရည်မြို့နယ် ဘိုးဘွားရိပ်သာ ဖုန်း-၀၅၄-၈၀၄၁၅ မှ ဆက်သွယ် လှူဒါန်းမှုများ ကို ငံ့လင့်ကြိုဆိုနေပါကြောင်း။


MOI webportal
From...Search Myanmar

 

No comments:

Post a Comment