*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 December 2013

blogger များ သိထား သင့်သည့် အချက် တစ်ချို့




ကျွန်တော် ( လေလွင့်နေတဲ့လူ) အပါ အ၀င် တက်သစ်စ ဘလော့ကာ များ သိထား သင့်လို့ မျှဝေလိုက် ပါတယ် ခင်ဗျာ ။

1.
ကျွန်တော်တို့Blog တစ်ခု မပြုလုပ်ခင် မှာ အရင် မိမိတင်ပြချင် တဲ့အကြောင်း အရာကို အရင် စဉ်းစား ရပါမည်။ 

ဘာအကြောင်း တင်ပြ ချင်တာလဲ တင်ပြချင် တဲ့အကြောင်းအရာတွေ ကို ဘယ်ကနေ ရနိုင်သလဲ ရနိုင် တဲ့နေ ရာတွေ ကို အရင် ရှာဖွေ ထားရ ပါမည်။ ဒါမှ မိမိ တင်ပြချင်တာ ကို အလွယ်တကူ တင်ပြနိုင် မှာဖြစ် ပါတယ်။
 

2.ဒီ တစ်ချက်က အရေးကြီး ပါတယ်. မိမိရေးထား တဲ့ Blog လေး ကို hack ခံရရင် မိမိရေးထားတဲ့ Post တွေ မဆုံး
ရူံး ရအောင် Export လုပ်ထား ရပါမည်။
 


Exportလုပ်နည်း

ဘလော့ရဲ.  Settings ကိုဝင် other ကိုကလစ်ပါ


Import Blog,   Export Blog,  Delete Blog ဆိုတာ တွေ့ရမယ်။

 Export Blog ကို ကလစ်ပြီး   Download ထားလိုက်ပါ (ရရှိ လာတဲ့ ဖိုင် ကိုသေချာ သိမ်းထားပါ)။ 

တစ်ပတ် ကို တစ်ကြိမ် Export လုပ် (ဖိုင်ကို Download) ထားသင့် ပါတယ်
 blog ဟက်ခံ ရတာဖြစ်ဖြစ် ..အကြောင်း တခုခုကြောင့် ပျက်သွားလို့ Blog အသစ်ပြန်လုပ် ရတယ် ဆိုရင်
ဒေါင်းထား တဲ့ ဖိုင်(Export Blog ကို ကလစ်ပြီး    down ထားတဲ့ ဖိုင်)လေးကို Import Blog ကို ကလစ်ပြီး. ပြန်တင် လိုက်တာ နဲ့ အရင် blog မှာ တင်ထားတဲ့ ပိုစ့်တွေ ပြန်လည် ရရှိမှာဖြစ်ပါတယ်..


3.
မိမိ Blog မှ Sidebar မှ Widget တွေကို notepad ထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့ ။ မိမိဆိုဒ် အဘန်း ခံရတာမျိုး Passowrd အခိုး ခံလိုက်ရတာမျိုးဖြစ်ခဲ့ ရင်တောင် မိမိကို ပြုလုပ်တဲ့လူ မျက်စိ လည်အောင် မှုလ အတိုင်း ပြန်ရှိနေသလိုမျိုး နာရီပိုင်း အတွင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။

4. မိမိ Blog မှာ ကြောငြာ Blog မဖြစ်ဖို့လိုပါတယ်။ လုပ်လို့ ရတဲ့ နည်းလမ်းတွေ ကို အကုန် မထည့် ထား ပါနဲ့ဘာလို့လဲ ဆိုတော့မိမိတို့ ဆိုဒ်ကို ဖွင့်တဲ့လူကို အနှောက် အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ရှင်းလင်းနေပါစေ။ အင်တာနက် လိုင်း မကောင်းရင် ဟိုနေရာ က မပေါ် ဒီနေရာက မပေါ်ဖြစ်နေ ပါ လိမ့်မည်။

5. မိမိ ဆိုဒ်ကို အမြဲ updateဖြစ်အောင် တစ်ပတ်ကို တစ်ကြိမ်တော့ အနည်းဆုံး post အသစ် တင်ပေးနိုင်အောင် လုပ်ပါ။ တစ်နေ့ ၀င်ကြည့်လဲ ဒါ နောက်နေ့ဝင်ကြည့်လဲ ဒါဆို မကောင်းပါဘူး။ မိမိ မအား ရင်လဲ မအား တာကို တင်ပြထားသင့်ပါတယ်။

6. မိမိ BLOG မှာ လာပြီးလေ့လာသူ များ စာဖတ် သူများရဲ့ တောင်းဆိုမှု ကို အလေးထားပါ။
အကြံဥာဏ်တောင်းပါ။


www.designerkave.blogspot.com


လေလွင့်နေတဲ့လူ..လည်း ပိုစ့်တင်တာ...ပုံ မမှန်ဘူးဖြစ်နေတယ်..ပိုစ့်နေစဉ် တင်နိုင်အောင် ကြိုးစားနေ ပါတယ်.အကြံပြုချက် များ ပေးပို့ ဝေဖန် နိုင်ပါတယ်...


 From...လေလွင့်နေတဲ့လူ

No comments:

Post a Comment