*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 14 December 2013

ကျောင်းသား မိဘများ အိပ်ထဲ မှကျောင်း ဆရာမ တစ်ချို့ ငွေနိုက်ယူခြင်း ကင်းဝေးကြပါစေ။


ဒီအကြောင်းလေးရေးပြခြင်နေတာ ကြာလှပါပြီ။ တိုက်ဆိုင်မှု့ မရှိခြင်းကြောင့် ၊မေ့မေ့ လျော့ လျော့ နေခဲ့ ပြီး ၁၃-ရက် ၁၂လ ၂၀၁၃  မြို့ ပါတ် ရထားဖြင့် ရန်ကုန်ဘူ တာကြီးမှ သမိုင်းဘူတာ ရုံသို့ အသွား၊ အတူ စီးမြို့ ပါတ် ဘေးခြင်းကပ်လျှက် ထိုင်ခုံမှ ခပ်နွမ်းလျှလျှ တစ်နေ့ တာ လက်လုပ်လက်စား ဈေးသည် ။ကျောင်းသား မိခင်တစ်ဦးမှာ ။ငြုပ်သီးမှုန့်နှင့် ဆား အချိုး တူ ရောစပ်ထားသည့် မာကလာသီး ဗန်းကလေး အား မိမိပေါင်ပေါ်တွင်တင်ထားလျှက်။ အခွံနွှာ ပြီးသားအား ဘေးမှ ဝယ်သူ တစ်ဦးအား စိတ်ခြမ်းရောင်း ချနေ၏ ။
 
ကျွန်ုပ်လည်း စားချင်စိတ်ဖြစ်လာ ၍ ၂၀၀ ဘိုးဝယ်ယူနေစဉ်၊ ကွန်ုပ်မှ အမကြီးဒီနေ့ ရောင်းကောင်းရဲ့ ဟု
နုတ်မှမေး လိုက်ရာ။ရောင်းကောင်းပါတယ် အကို ။ဒါပေမဲ့  နည်းနည်းကလေးပိုရောင်း ရပါစေလို့ ။ ဒီနေ့ ဆုတောင်းမိတယ်၊ဘာ့ ကြောင့်လဲ ဆိုတော့ လာမည့် တနင်္လာနေ့ ကျယင် အိမ်ကခလေးငယ်၂ယောက် ၄တန်းနှင့်  ၅တန်းကျောင်းသား ကျုရှင်ဘိုးနဲ့ တစ်ယောက်က ဆရာ ကန်တော့ ဖိုးပေး ရမယ်တဲ့ ။ ၃သောင်းလောက်တော့ ကုန်အုန်းမယ်...မပေးယင် လည်းမဖြစ်ဘူးလေ သူ့ အတန်းပိုင် က သူတို့ ကို ကျုရှင်ပြန်ပြနေတာပဲ၊
 

နေပူစပ်ခါး အောက်တွင်ရောင်း ချနေသောမျက်နှာပြင်တွင် ဖုံးဖိထားသော သနပ်ခါးရေကျဲ အက်ကွဲကြားမှ စီးထွက်လာသော ချွေးများ သုတ်ယင်း...ခံစားချက်တစ်ခု အားပြောပြသွားသည်..
 
ကျွန်ုပ်မှာလက် ကနဲဆို အတွေးရလာပြီး ။ ထိုစဉ်မန်ကလာသီး ရောင်းသောအမကြီးမှ ကျွန်ုပ်ပေးသောငွေ တစ်ထောင်တန် အား ကျသင့် ငွေ ၂၀၀နုတ်ယူ၍ ပိုသောသောငွေ ၈၀၀ကျပ်ပြန်အမ်းစဉ်
၊ ကျွန်ုပ်မှ အမတို့ မိသားစုမှ ခလေးနှစ်ယောက် ကျုရှင်ဘိုး ကျွန်တော်လည်း ဓါန ပါဝင်ပါတယ်ဆိုပြီး ပိုငွေပြန် မယူပဲ ပေးခဲ့ပြီး။ ခရီးဆက် ထွက်ခွာသွားပါတော့ သည်၊.....

ညပိုင်းအားလပ်ချိန်ရောက်သော် ထိုအကြောင်း ကျွန်တော်လူကြီးမင်းစတင် ရေးသားပါတော့ သည်၊

 
ကျောင်းဆရာဆိုသည်မှာ မိဘပြည်သူများ၏ ရင်သွေးငယ်များအား အနာဂတ်တွင်တိုင်းပြည်ကို ပုခုံး လွှဲ တာဝန် ယူရန် ရှေ့ ဆောင် လမ်းပြအုတ်မြစ် ချသောဒုတိယ မိခင်ကြီးသဖွယ် ဖြစ်ရမယ်၊ ရင်ဖြင့် မအုပ်ထိမ်း နိုင်ပေမဲ့ လည်း နှလုံးသားဖြင့် ဖြူစင်စွာ မေတ္တာဂရုနာ ထားတတ်ရန် လိုပေမည်ဟု တွေးမိသည်...
 
အဘယ့် ကြောင့် ဆိုသော်...တော်တော်များ မိဘများ ရင်ထဲမှာ သိလျှက်နှင့်  ပြန်လည်းမပြောရဲ မိမိသား သမီးကျောင်းတွင် အနှိမ်ခံအပြောခံ ရမှာလည်းစိုးရိမ်မိသလို အများနှင့် တန်းတူ လူတော်ကျောင်းသားဂုဏ် အဖြစ်မှလည်း လွတ်ကင်းသွားမှာ စိုးရိမ်ကြသည် ။ဒုနှင့် ဒေးမနည်းပါ၊ကျောင်းသားမိဘများ သိကြပါသည်၊
ကျွန်တော်လေ့လာမိသည်မှာ များသောအားဖြင့်  ကျောင်းတစ်ခုတွင် ကျောင်ဆရာဆိုတာနည်းပါးလှပါသည်။
ဘွဲ့ ရပြီးအနိမ့် ဆုံးပြင်ပအလုပ် ။ကုမ္မဏီဝန်ထမ်းများ စက်မှု့ လက်မှု့  လုပ်ငန်း။ခတ်ညံ့ ညံ့ နိုင်ငံများ ငွေရှာ ထွက်လေ့ရှိကြသည်။

မိန်းခလေးများမှာ။တော်၇ုံပြင်ပမှာမိမိရရှိထားသောဘွဲ့ အရည်ချင်းဖြင့် စံနုန်းဖြင့် ။လုပ်ငန်းဝင်လျှောက် ရာ ခေါ်ဆိုမှု့ မကိုက် ညီခြင်း။ စာပေအတွေ့ ကြုံ ဖြတ်လတ်မှု့  အားနည်းခြင်း။ တစ်ချို့ ကလည်း၊မိ ဘအသိုင်း အဝိုင်း မှ ငွေကြေးပြေလည်၍ ကျောင်းဆရာမလည်းဖြစ်၊ ရုပ်ရည်နှင့် ဂုဏ်လေးလည်းရှိအောင်။ နယ်ဝေးမသွားဘဲမိဘမျက်စေ့ အောက်မှာပဲရှိစေရန်။ လင်ကောင်းသားကောင်းလေးများ ရစေရန်။ကျောင်း ဆရာမဝင်လုပ်ကြပေသည်၊
 
ဟိုးးးတုံးကလို လူကြီးမင်းတို့ ကျောင်းသား ဘဝတုန်းကလို ပီတိစား၍ အားဖြစ်နေသောကျောင်းဆရာ/မ မျိုး အခုခေတ်မှာ မရှိတော့ ပါဘူး....မိုဘိုင်းဖုန်းလေး လက်ဆွဲခြင်းတောင်းထဲ ထည့် ပြီး အသပြာစား၍ အား ရှိနေသော ဆရာမတွေ များနေကြပြီ၊ ရှားပါးသောစေနာရှင် ဆရာများမရှိတော့ ပါဘူး...
အထက်ပါစာအား ကျွန်တော်လူကြီးမင်း ကောက်နုတ်ချက်ယူ၍ ထောက်ပြပါမည်၊

ကောင်းပြီ...ယနေ့ နိုင်ငံတော်အစိုးရမှ ပေးထားသော ၃တန်းမှ ၇တန်းထိ ကျောင်းဆရာမတစ်ဦးဝင်ငွေ လစာမှာတစ်သိန်းအထက်ပါ..
မိမိကျောင်းသားတစ်ဦးအား မိမိအတန်းပိုင်မှ ကျုရှင်ပြန် လည်ပြသရ မည်ဆိုသော နိုင်ငံတော်ပညာရေးဝန်ကြီးဌာနမှဥပဒေပြဌာန်းထားပါသလား...
 
မိမိအတန်းတွင် ကျောင်းသား ၅ဝခန့် ရှိသည်ဆိုပါဆို့  တစ်ဦးလျှင်ကျုရှင်ခ တစ်လကို ပျမ်းမျှ တစ်သောင်း ထား ပါ...၅၀x၁၀၀၀၀=၅သိန်းကျပ်ငွေ.. မှု၇င်းလစာငွေ +၆၀၀၀၀၀ သိန်းကျပ်ငွေ ညပိုင်းဝိုင်း ကျူရှင်ပြခငွေ မပါသေးပါ။ နိုင်ငံခြားထွက်သော သာမန်အတတ်ပညာရှင် လူတစ်ဦးလစာငွေ ဖြစ်နေပေတော့ သည်၊
 
ကောင်းပြီ ဆရာမ မိန်းခလေးမို့  ဝတ်စားဆင်ယဉ် တစ်ကိုယ်ရေဖိုး။ မိဘိုးဖုန်းဘိုး အိမ်စာရိတ် ကားခ ၃သိန်း အကြမ်းဖျင်းနုတ်၊ ၃သိန်းလောက်ကျန်မည်၊ရွှေတစ်မတ်သားကျော် ခန့် ငါးမှုးသားနီးပါးရမည်၊
ယနေ့  အသက် ၃၅လောက်ဝန်းကျင် ဆရာမတိုင်း၏ ဘယ်ဖက်လက်ကောက်တွင် ရွှေလက်ကောက် ၃ကွင်း အထက် အိမ်မှာ စကိုင်းနက်လိုင်းနှင့် ဆမ်ဆောင်းဖလက်တီဗွီ။
 
ခင်ပွန်းရှိသောသူ မှ ရသောဝင်ငွေနှင့် +ထည့်လိုက်လျှင် ၃နှစ်ဆို ကိုယ်ပိုင်တက္ကစီ ကားထောင်စားလို့ ရပြီ၊
တစ်ချို့ သောဆရာမတွေက။ လက်ကြိတ်ထိုး ပိုရလေ မလားလို့  ၂လုံးထီ ကံစမ်းကြသူ ရှိကြပေသည်...
မြန်မာပြည်မှာ ကို၇ီးကားမကြည့် လျှင်ခေတ်မမှီ ။ပြောရယင်ဆရာမဆိုတာလည်း အရွယ်နှင့် အစွယ်လေး နဲ့ ပါ.
 
အားလတ်ရက်မှာယူနီဖေါင်းလေးချွတ်ပြီး ကိုရီးယားဝတ်စုံလေးဝတ်ပြီး ဆမ်ဆောင်းဂလက်ဆီဖုန်း လေး လက်ကကိုင် ကာ ရှော့ ပင် ပလာဇာမှာ ။ မင်းသမီးတောင် မှားပါတယ်....ကျောင်းသားတွေ အပေါ်မှာ ဓါးပြတိုက်ပြီး...တစ်ချို့ ဆိုယင် ဖေ့စ်ဘုတ် လိုင်းပေါ်မှာ ချွဲကာပါတ်ကာနှင့် ။ကိုကိုနှင့် မောင်ခေါ်၍ လူကြီးမင်း မိထားသောအကောင့် များ အမြင်ကတ်၍ ဘလောက်လိုက်သည်မှာ မနည်းတော့ ပါဘူး....
 
တစ်လောက ကျောင်းသားတစ်ဦးမှ သူ့ မိခင်ထံသို့ ပြောပြနေသည်....အမေရယ် သမီးကျူရှင် မတက်ခြင် ဘူးတဲ့  ဆရာမက သူ့ ဆီရောက်တာနဲ့ သားတို့ သမီးတို့ ဒီနေ့ ကျောင်းမှာပေးတဲ့ ..စာတွေပြန်ကျက် အရေးကြီး တယ်ဆိုပြီး ဆရာမကဖုန်းပဲထိုင်ကလိနေတယ် နောက်ပြီးသူ့ ဖေ့စ်ဘုတ်က လိုင်းက လည်နေတယ် မကောင်းဘူးဆိုပြီး ဒီနေ့ ငါတင်ထားတဲ့  ဟိုမင်းသမီးပုံ နင်၇လားဆိုပြီး တစ်ဘက်က လူကို ဖုန်းဆက်မေးနေတယ်....ခလေးကဘုမသိဘမသိ မိဘကိုပြန်ပြောရှာတယ်...သေပြီဆရာမရေ....

ကိုင်းနောက်ဆုံးပြောခြင်တာကတော့  ...မြန်မာနိုင်ငံတော်အစိုးရမှလည်းထိုက်သင့် သလောက် ကျောင်းတွေ ကိုပံ့ပိုးပေးနေပါတယ်..
မိမိကိုယ်ပိုင်စီးပွားရေး လာဘ်လာဘအတွက် ...မိမိကျောင်းသားများ အားဓါးပြ မတိုက်ကြပါနှင့် ...
 
ခနခနဟိုကြေး ဒီကြေးမတောင်းကြပါနှင့်  ကျောင်းဆရာမ အချင်းချင်းလည်း အကြွားခြင်းပြိုင်ရန် ကောက် ခံသောရံ ပုံငွေအား မဘုံးကြ မဘတ်ကြပါနှင့် ..တိတိကျကျ မိမိကျောင်းအုပ် ဆရာမကြီးထံ အပ်နှံ၍ ဝင်ငွေ ထွက်ငွေ နိုင်ငံတော် အစိုးရထံနှင့်  ကျောင်းသားမိဘတွေထံ ရေးသားတင်ပြပေးပါ..
 
မိမိ၏ အတန်းမှ ကျောင်းသားများထံ အထွေထွေငွေကောက်ခံရန် အတွက် ။ စာရွက်စာတမ်း အကြောင်းရာ လက်မှတ် တိကျစွာ ကျောင်းသားများထံမှ တစ်ဆင့် အုပ်ထိမ်းသူ မိဘများလက်ထံပို့ ဆောင်၍တောင်းခံ ကြပါ...ပိုက်ဆံရှိသော အုပ်ထိမ်းသူမိဘများ အနေဖြင့် ။ အရေးမကြီးပေမဲ့ ၊တစ်နေ့ တာလက်လုပ်လက်စား မိဘ တောင်သူ လယ်ယာ လုပ်ကိုင်နေသော အုပ်ထိမ်း သူအောက်ခြေ အဆင့် သာရှိသောကျောင်းသား မိဘ များအား စာနာစိတ်ထားပေးပါ...ကိုယ်ခြင်းစာပါ..အဆင့်တန်း မခွဲခြားပဲ တန်းတူဆက်ဆံပေးပါ၊
အချိန်ပို ကျုရှင်ကို အားမသန်စေပဲ...နိုင်ငံတော်မှသင်ရိုးညွန်းတန်း ပြဌာန်းထားသော စာပေကို ကျောင်းတွင် အပြတ်အတတ် သင်စေနိုင်ပြီး ...မအောင်မရှိ ငါ့ တပည့်  ဆရာ့မှာ ကျုရှင်ရှိ၏ မလုပ်ပါနှင့် ...

အရမ်းပို၍ အသပြာလို၍ ချမ်းသာမှု့ ပိုကြွယ်ဝလိုသော် ....ကျောင်းကထွက်ပြီးပြင်ပမှ စီးပွားရေး တစ်ခုခု မိမိအားသန်ရာ လုပ်ပါ....

 
ထရံမှာ နားရှိသလိုပဲ....အွန်လိုင်းမှာ ကီးဘုတ် ကလောင်သွား လူတိုင်းလို ထက်နေသော ပွင့် လင်းမြင် သာသော ခေတ်ရောက်နေပါပြီ...သတိပြုပါ...
 
ကျောင်းသားမိဘများ အညှိးအတေး ခံစားချက်များ ။ ကျောင်းဆရာ/မများထံ မရောက် လာပါစေနှင့်  ။ယနေ့ အုပ်ထိမ်းသူမိဘများလည်းခေတ်မှီနေကြပြီး ထိုအထဲတွင် မိမိကိုတန်ပြန်နိုင်စေသော
နိုင်ငံ့ ဝန်ထမ်းများ မီဒီယာ ဂျာနယ်၊ အွန်လိုင်းပညာ ရှင်များ ပေါများသော လောကဖြစ်နေပါသည်၊
 
ဆရာဂုဏ်ဆောင်ပုဒ်နှင့်  ။ မကိုက်ညီသော ဆရာ ဆရာမများအတွက်...ြ့ဖစ်ပါသည်....
 
လူကြီးမင်းပါ၊

From...လူကြီးမင်း  FB

No comments:

Post a Comment