*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 September 2013

မျိုးစောင့်ဥပဒေကို မလိုလားနိုင်ခဲ့သော နန်းသီရီမောင်ဆိုခဲ့တာ ဒါကြောင့်ကိုးဗျ..


မျိုးစောင့်ဥပဒေကို မလိုလားနိုင်ခဲ့သော နန်းသီရီမောင်ဆိုခဲ့တာ ဒါကြောင့်ကိုဗျ..ကိုယ်တစ်ဦးတစ်ယောက်ကောင်းချင်တာနဲ့ တစ်မျိုးသားလုံးနဲ့ ငြင်းဆန်ခဲ့သူ
အတော်လဲအမျှော်မြင်ကြီးပါဘိ..လူဖြူလူမည်း မခွဲခြားဆိုသော နှမငယ်..မှတ်သားလောက်ပါဘိ


နေ့ စဉ်ထုတ်ရွှေနိုင်ငံသစ်သတင်းစာမှ ယခုလတ်တလော ဆရာတော်ဥူးဝီရသူဦးဆောင်သည့် မျိုးစောင့်ဥပဒေနှင့်ပတ်သက်၍ နာမည်ကြီးမော်ဒယ် နန်းသီရိမောင်နှင့် အင်တာဗျူးလုပ်ခဲ့သည်။


အမျိုးသားကဇာတ် ရုံတွင်ပြုကျင်းပပြုလုပ်မည့် Aroma Zulu Wedding Show တွင်ပါဝင် ရှိုး လျှောက် ရန်ပြင်ဆင်နေစဉ် ရွှေနိုင်ငံသစ် သတင်းစာမှ သတင်းထောက် မာဂျေ ကသွားရောက်မေးမြန်းခဲ့သည်။ ထိုရှိုးကို SKYNET နဲ့ MRTV-4 ကလည်းပြန်လည်း ပြသသွားမှာဖြစ်ကြောင်း သိရသည်။

မေး။ ညီမလေးမင်္ဂလာပါဗျာ

NTM။ ဟုတ်ကဲ့ မင်္ဂလာပါရှင့်

မေး။ အခုဆရာတော်ဥူးဝီရသူတို့ က မျိုးစောင့်ဥပဒေအတွက် လက်မှတ်များ စုဆောင်းနေပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်တာ နဲ့ ပတ်သက်ပြီး ညီမလေး အနေနဲ့ ဘယ်လိုမှတ်ချက် မျိုးများပေးချင်လဲမသိဘူး ။

NTM။ နန်းနန်းအနေနဲ့ ပထမဆုံးပြောချင်တာ နိုင်ငံရေးကို သိပ်စိတ်မ၀င်စားဘူး ဆိုတာပါ။ ပြီးတော့ အဲဒီဥပဒေထဲက အချက်တွေ ကိုလည်း အများကြီး မဖတ်ဖူးပါဘူး။ ဒါပေမယ့် အဲလိုမျိုး ကန့် သတ်မှုတွေ ရှိနေတာ မျိုးကြီးတွေ မနှစ်သက်ပါဘူး။ လူကိုလူလို့ ပဲမြင်ပါတယ်။ ဥူးဝီရသူကိုလည်း သံဃာတစ်ပါး အနေနဲ့ ရှုမြင်ဖို့ နန်းနန်း နည်းနည်းတွေဝေမိပါတယ်။ ဘုရားရှင်ရဲ့ သားတော်တစ်ပါးကို ဝေဖန်ဖို့ လည်း နန်းနန်းဘုရားကိုကြောက်ပါသေးတယ်ရှင့်။

မေး။ Miss International ဖြစ်တဲ့ နန်းခင်ဇေယျာအနေနဲ့ လည်း ၉၆၉ကို လက်မခံဘူးလို့ ပြောခဲ့တယ်နော်။ ဒါနဲ့ ပတ်သတ်ပြီးရော?

NTM။ ဟုတ်ကဲ့။ မမနန်းခင်က နန်းနန်းလေးစားရတဲ့ လူတစ်ယောက်ပါ။ သူ့ ရဲ့ လုပ်ရပ် မှန်ကန်လိမ့်မယ်လို့ နန်းနန်းအကြွင်းမဲ့ယုံကြည်ပါတယ်။ သူ့ ကိုလည်း ၉၆၉မှာ အသုံးချဖို့ ချဉ်းကပ်ခဲ့တယ် လို့ လဲ ထုတ်ဖော်ပြီး ပြောခဲ့ပါတယ်။ နန်းကိုလည်း အခုလာပြောတဲ့ လူတွေရှိပါတယ်။ ၉၆၉က ဘယ်လိုကောင်းပါတယ် ဆိုပြီး ပရိုမိုရှင်းလာလုပ် တဲ့လူတွေရှိတယ်။ ၉၆၉ က အကြမ်း မဖက်ဘူး လို့ လဲပြောသေး တယ်၊ အတင်းအဓမ္မ အကြမ်းဖက်ပြီးလက်ခံခိုင်းနေတယ်။ နန်းနန်း တို့ ကပွင့်လင်း သူတွေပါ။ ကိုယ်ကြိုက်တဲ့ လမ်းကိုလျှောက်မှာပဲ။ အတင်းလာပြောလို့ လဲလက်ခံလိုက်မယ့် လူစားမျိုးထဲမှာ နန်းနန်းမပါဘူး။

မေး။ အခုလို မျိုးစောင့်ဥပဒေထဲမှာ လက်ထပ်ဖို့ အတွက် လူမျိုးရေး ဘာသာရေးနဲ့ ပတ်သက်ပြီး ကန့် သတ်ထားတာနဲ့ ရောဘာပြောလိုပါသလဲ .....

NTM။ နန်းနန်းတို့ ကဟောလီးဝုဒ်ထိ ထိုးဖောက်ဖို့ ရည်ရွယ်ထားတာ။ ဒီလို အတွေးခေါင်လို့ မရဘူး၊ ခရစ်ယာန်နဲ့ လည်းဆက်ဆံရမယ်၊ အစ္စလာမ်နဲ့ လည်း ဆက်ဆံရမယ်၊ လူဖြူ လူမည်း အကုန်လုံး နဲ့ ဆက်ဆံ ရမှာပါ။
နိုင်ငံတကာက ဖက်ရှင်မင်းသားတွေ လာရင်လည်း ကူးလူးဆက်ဆံ ရတာတွေရှိလာမယ်။ လက်ထပ်ဖို့ ဆိုတာကတော့ နောက်ထားပါ။ ဥပဒေရဲ့  ရည်ရွယ်ချက်ကိုက မရိုးသားဘူး လို့ နန်းနန်း ပွင့်ပွင့် လင်းလင်းပြောပါရစေ။ နန်းနိုင်ငံရေး အရမ်းမသိပေမယ့် ဒီလောက်ကတော့ သဘောပေါက်ပါတယ်ရှင့်။
နန်းနန်းလေးစားရ တဲ့ ဦးကျော်သူ၊ မမနန်းခင်ဇေယျာ၊ ကိုနေတိုး တို့ ကလည်း ပြတ်ပြတ် သားသားပြောပြီး သားမို့ နန်းနန်းလည်း သူတို့ နဲ့ ထပ်တူ ပါပဲ။ နန်းနန်း အဲ့ဒီအမျိုးစောင့် ဥပဒေကြီးကို စိတ်မ၀င်စားသလို လက်လည်း မခံနိုင်ပါဘူး၊ နန်းနန်းလျှောက်တဲ့ အနုပညာ လမ်းကို နိုင်ငံရေး လုပ်ကြံသူတွေ အနေနဲ့ မပိတ် ဆို့ စေချင်ပါဘူး။

မေး။ ဟုတ်ပြီ၊ ညီမလေးရေ။နောက်ထပ်ဖြည့်စွက်ပြောချင်တာလေးရှိရင်ရော
ပြောပါဦး  ပရိသတ် ကိုရော ဘာများပြောချင်သေး လည်း?

NTM။ နိုင်ငံရေး သမားတွေ အနေနဲ့ လည်း အနုပညာရှင်တွေကို ခုတုံးလုပ်ပြီး လက်ရှိ အနုပညာလောက ကို ခေတ်နောက်ပြန်ဆွဲ ဖို့ မကျိုးစားပါနဲ့ လို့ ။
နန်းနန်းကို ချစ်တဲ့ပရိသတ်ကို လည်း နန်းနန်းကအရမ်းချစ်ပါတယ် လို့ ၊ နန်းနန်းရဲ့ ပရိသတ်ကြီး ကျန်းမာ ကိုယ်စိတ်မြဲပါစေလို့ ၊ လူမျိုးရေး ဘာသာရေး အရောင်တွေ မစွန်း ထင်းကြ ပါစေနဲ့ လို့  ဆုတောင်းပေးကြပါ ဦးလို့ ပြောချင်ပါတယ်။

မေး။ အခုလိုအချိန်ပေးဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်


From...Facebook

1 comment:

  1. ဖြေသွားချက်များကို နှစ်သက်ပါ၏

    ReplyDelete