*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Saturday 21 September 2013

Moon စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

Moon စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ လမင်း (moon) အခြေခံတဲ့  အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ reach for the moon, over the moon, hung the moon, once in a blue moon နဲ့ moonlighting တို့ကို တင်ပြထားပါတယ်။                                                                                                                                                                                                                                                               
Reach for the moon
Reach (မှီအောင်လက်လှမ်းသည်)၊ For (အတွက်)၊ the Moon (လမင်း) ဆိုတော့ စကားစုတစ်ခုလုံးရဲ့  တိုက်ရိုက် အဓိပ္ပါယ်က လမင်းကြီးကို လှမ်းသည် ဖြစ်ပါတယ်။ ဒီနေရာမှာ moon အစား stars (ကြယ်တွေ) အဓိပ္ပါယ်ရတဲ့ ဝေါဟာရကိုထည့်ပြီးတော့ reach for the stars လို့လည်း ပြောဆိုနိုင်ပါတယ်။ အီဒီယံ အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ လကို လက်လှမ်းမှီအောင် ကြိုးစားတယ် ဆိုရင် လက်တွေ့ မှာ မဖြစ်နိုင်တာ မို့ အီဒီယံ အဓိပ္ပါယ်က သိပ်ကိုခက်ခဲလှတဲ့ မဖြစ်နိုင်လောက်တဲ့ ကြိုးပမ်းမှုကို ပြုလုပ်တာကို ဆိုလိုပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။



There is no harm in reaching for the moon, but you have to be prepared to face disappointment.

မဖြစ်နိုင်တာကို မျှော်မှန်းဖို့ ကြိုးပမ်းတာက ပြဿနာ မရှိပါဘူး။ ဒါပေမဲ့လို့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ဖို့အ တွက်တော့ အဆင်သင့်ဖြစ်ဖို့ လိုတယ်။
 
Over the moon
Over (ကျော်လွှာသည်)၊ the Moon (လမင်း) ဆိုတော့ စကားစု တစ်ခုလုံးရဲ့ တိုက်ရိုက် အဓိပ္ပါယ်က လမင်းကြီးကို ကျော်လွှားသည် ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံ အဓိပ္ပါယ်က တင်စားပြောထားတယ်လို့ ဆိုရမှာပါ။ လူတဦးရဲ့  စိတ်ဟာ သိပ်ကိုပေါ့ပါးပြီးတော့ မိုးကောင်ကင်ပေါ် တက်သွားတယ်ဆိုတဲ့ သဘောမျိုးဆိုရင် တခုခုနဲ့ ပတ်သက်လို့ သိပ်ကို စိတ်ပေါ့ပါးတာ၊ ရွှင်ပြတာ၊ ဝမ်းသာမဆုံး ဖြစ်တာကို ဆိုလိုတာဖြစ်ပါတယ်။
 
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John is over the moon these days. He got a well-paying job and is soon getting married to the girl he loves.

John တစ် ယောက် အခုတစ်လော ပျော်မဆုံး ဖြစ်နေတယ်။ လခကောင်းတဲ့ အလုပ်လည်း သူရထားသလို၊ သူချစ်တဲ့ မိန်းခလေးနဲ့လည်း မကြာမီ လက်ထပ်တော့မယ်။
 
Hung the moon
Hung က Hang ဝေါဟာရက ဆင်းသက်လာပြီး verb - ကြိယာအဖြစ် အသုံးပြုထားရမှာ ချိတ်ဆွဲတယ်လို့ အဓိပ္ပါယ်ရပါတယ်။ the Moon (လမင်း) ဆိုတော့ စကားစုတစ်ခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လမင်းကြီး ချိတ်တယ် ဖြစ်ပါတယ်။ လမင်းကြီးကိုတောင် သွားချိတ်နိုင်စွမ်း ရှိတယ်ဆိုရင် အဲဒီ ပုဂ္ဂိုလ်ဟာ သိပ်ကိုအထင်ကြီးခံရတာ၊ သိပ်တော်တယ်၊ သိပ်တတ်တယ်လို့ ယူဆခံရတာ။ တစ်နည်းအားဖြင့် ခြောက်ပြစ် ကင်း သဲလဲစင်လို့ ယူဆခံရတဲ့ လူမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ခေတ်စကား အရတော့ superstar ဖြစ်ပါတယ်။
 
ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

When I first met Mary, I thought she hung the moon and I instantly fell in love with her.

ကျနော် Mary နဲ့ စတွေ့ချိန်က သူကို အပြတ်အထင်ကြီးတာ။ ဒါကြောင့်လည်း ကျနော် သူ့ကိုမြင်မြင်ချင်းပဲ ချစ်သွားခဲ့တယ်။
 
Once in a blue moon
Once (တကြိမ်)၊ In (အထဲမှာ)၊ A (တခု)၊ Blue (အပြာရောင်)၊ Moon (လမင်း) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အပြာရောင် လတစ်ကြိမ် ဖြစ်ပါတယ်။ ဒီအသုံး ဆင်းသက်လာတာ ကတော့ အမေရိကန်ပြည်ထောင်စုရဲ့  ပြည်နယ် တစ်ခုဖြစ်တဲ့ Maine ပြည်နယ်ရှိ လယ်သမားတွေရဲ့  မိုးလေဝသ ခန့်မှန်းခြေ လက်စွဲစာအုပ်ထဲက လို့ ဆိုပါတယ်။ အဲဒီမှာ ပြက္ခဒိန် ကို သတ်မှတ်ရာမှာ ကျမတို့ မြန်မာမှာလိုပဲ လပြည့်၊ လကွယ်နဲ့ သတ်မှတ်ရာမှာ လပြည့်ကို အနီရောင်နဲ့ ပြသထားတယ်လို့ ဆိုပါတယ်။ လဟာ တစ်လ တစ်ခါ ပြည့်တာများပေမယ့်လဲ တချို့ လတွေ မှာတော့ ဒုတိယအကြိမ် တစ်လထဲ လနှစ်ကြိမ်ပြည့်တဲ့အခါတွေလည်း ရှိပါတယ်။ ပထမလပြည့်ကို အနီရောင် ခြယ်သထားပြီး၊ ဒုတိယလပြည့်ကိုတော့ အပြာရောင်နဲ့ ခြယ်ပြထားရာကနေ အပြာရောင်လ ဆိုတဲ့အသုံး ဆင်းသက် လာတာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ တစ်လမှာ လပြည့်နှစ် ခါကြုံဖို့က ခဲယဉ်းလှ သလို once in a blue moon ဆိုတဲ့ အသုံးအနှုန်းကလည်း ကြုံတောင့်ကြုံခဲ အဖြစ်မျိုးကို ရည်ညွှန်းပြောတာဖြစ်ပါတယ်။ သိပ်ကို ပြုလုပ်ခဲလှတယ်ဆိုရင် ဒီအသုံးကို သုံးစွဲပြောဆိုနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။
 
I like to eat out at an expensive restaurant. But, since I started saving, I only eat out once in a blue moon.

ကျနော်က အကောင်းဆုံးစားသောက်ဆိုင်တွေမှာ ထွက်စားတာကြိုက်တယ်။ ဒါပေမဲ့လို့ ကျနော် ပိုက်ဆံစု လာချိန်ကတည်းက နောက်ပိုင်းမှာ အပြင် သိပ်ထွက်စားခဲလှတယ်။

Moonlighting
Moon (လမင်း)၊ Lighting  (အလင်းရောင်) ဆိုတော့ စကားစု တစ်ခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ လရဲ့  အလင်းရောင် ဖြစ်ပါတယ်။ ဒီအသုံးရဲ့  အီဒီယံ အဓိပ္ပါယ်က လူတဦးအနေနဲ့ အချိန်ပြည့် အလုပ်တခုခုကို လုပ်ရာကနေ၊ နောက်တစ်ခုကို အားတဲ့အချိန်ပိုမှာ လုပ်တာကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့်တော့ နေ့အချိန်မှာ အလုပ်လုပ်တာကို moonlighting ဆိုတဲ့ ညအချိန်မှာလည်း ခိုးလုပ်တဲ့ သဘောမျိုးကို ရည်ညွှန်းတာဖြစ်ပါတယ်။ တစ်နေ့မှာ အလုပ် (၈) နာရီ သတ်မှတ်ထားတဲ့ သာမန်အလုပ်ချိန်မှာ (၈) နာရီထက်ကျော်ပြီး တစ်ခြားနေရာမှာ ဝင်ငွေပိုရလေအောင် အလုပ်လုပ်ရင် ကိုယ့်ကိုအချိန်ပြည့် တနေ့ (၈) နာရီ ငှားထားတဲ့အလုပ်ရှင်က နှစ်သက်ချင်မှနှစ်သက်မှာ ဖြစ်ပါတယ်။  တစ်ခါတစ်ရံ တစ်ကယ့်အလုပ်ချိန်မှာ ပင်ပန်းလို့ အလုပ်ကောင်းကောင်းမလုပ်နိုင်တာမျိုး အိပ်ငိုက်တာမျိုး၊ ဥာဏ်မရွှင်တာမျိုး ဖြစ်တာမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့ အလုပ်နှစ်ခုကို တွဲလုပ်ရာမှာ အပိုအလုပ်ကို အထူးသဖြင့် ခိုးလုပ်ရတဲ့အချိန်မျိုးမှာ ဒီအသုံးကို သုံးစွဲနိုင်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Grow ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

He is a doctor at our hospital, but he moonlights at another hospital during his off-days.

သူက ကျနော် တို့ဆေးရုံမှာ ဆရာ ဝန် ဖြစ်တယ်။ ဒါပေမဲ့ သူက အားလပ်တဲ့ ရုံးပိတ် ရက်တွေ မှာ နောက်ဆေး ရုံတစ်ရုံမှာ အလုပ်ခိုး လုပ်နေတယ်။

The  Best English 4 You                      From...Facebook            

No comments:

Post a Comment