*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Tuesday 10 December 2013

အဆိုတော် ကိုသားစိုး မှ ကျနော် တို့ ရဲ့ အဘွား အရွယ်ရှိ ပြီဖြစ်သော ဒေါ်စုကြည် နှင့် ပတ်သက် ၍ ၎င်း၏ အမြင်



 
အဆိုတော် ကိုသားစိုးမှ ကျနော်တို့ ရဲ့ အဘွားအရွယ်ရှိ ပြီဖြစ်သော ဒေါ်စုကြည် အား စော်ကားလိုက်ခြင်း သည် ပြည်သူများ အတွက်သာမက အနုပညာရှင် အသိုင်းအ၀ိုင်း အတွက်ပါ အံ့သြတုန်လှုပ် သွား စေခဲ့ ပါ သည်။

ထို့ အတူ လိုင်းပူးတတ်သော အနုပညာရှင် များ ကိုပါ သာကူး ဟု အမည်တပ် လိုက်သောကြောင့် သာကူး တို့  အကြီး အကျယ် အမျက် ထွက်နေကြသည်။ အဆိုတော် ကိုသာစိုး သည် တပ်မတော် အစိုးရ အုပ်ချုပ် စဉ် အချိန် အခါကပင် နိုင်ငံတော် အတွက်ကောင်းနိုး ရာရာ တို့ ကို ထောက်ပြပြောဆို တတ်သူဖြစ် ပါသည်။

ထို့ ကြောင့်ပြည်သူ အများမှ ကိုသားစိုးအား အစိုးရ အတိုက်အခံ ဟုပင် ထင်မှတ် ခဲ့ကြပါသည်။သို့ သော် ယခု ဒေါ်စုကြည်အား စော်ကား လိုက်သော အခါတွင် မှု အတိုက်အခံ တို့ မှာ မိမိဘက် ပါလာမည် ဟု ထင်သော ကိုသားစိုး အား ပိုမို၍ အပြစ်တင်ဝေဖန်ကြ သည် ကိုသားစိုးပြောကြားလိုက်သည့် ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်း က အဘ အဘ နဲ့ အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေ ထဲမှာလည်း ကျွန်တော် မပါဘူး။ 



ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်က တည်း က ကမ္ဘာ့ သတင်းစာတွေ နဲ့က အစ မြန်မာ နိုင်ငံရေး အခြေအနေ ကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော် က ဖြစ်သင့်တာ၊ ကောင်းတာ ကို ပြောတဲ့အတွက် ဘယ်သူ မှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုး သွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့် အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေ လည်းပါတယ်။

ဘယ်သူတွေ ဘာလဲ ဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့် လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့် မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ ရပ်တည်ချက် ကဒေါ်အောင်ဆန်းစုကြည် က ကော ကျွန်တော်တို့ ကို ဘာတွေ လုပ်ပေးမှာလဲ။ 


အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူ က ဘယ်သူပဲ ဖြစ်ပါစေ။တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်း စပ်ထားပါတယ်။ 

သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ ဂန်ဒူး၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာ ပါလိမ့်မယ်” ဟု အဆိုတော် သားစိုပြေားကြားချက် နဲ့ ပတ်သက်ပြီး ဝေဖန်လာ သံတွေကြားနေရ ပါတယ်။ တကယ်တော့ ကိုသာစိုး ပြောတာတွေဟာယောက်ျား ပီပီ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရဲရဲ ၀င့်ဝင့်ပြောသွားတာဖြစ်ပါ တယ် ။  

သူ ပြောသလိုပါပဲ  အမှန်တကယ် နိုင်ငံတော်ကောင်းစားအောင် လုပ်ဆောင်နိုင်တဲ့ မည်သူမ ဆိုထောက်ခံ သင့် ပါတယ်။ မရောင်ရာ ဆီလူး နေတတ်တဲ့ ဒေါ်စု ကြည် ထံသို့ အနုပညာရှင်  များသွားရောက်တွေ့ ဆုံ ကြခြင်း မှာ တစ်ချို့ မှာ လူမှု့ ရေး အရ အားနာ၍ သွားရောက်ခြင်းဖြစ်ပြီး တစ်ချို့  မှာတော့ ကိုသားစိုးပြော သလို သာကူး သဘောမျိုး နဲ့ သွားရောက်တွေ့ ဆုံကြခြင်းဖြစ်နေပါသည်။ 

တပ်မတော် အစိုးရ အုပ်ချုပ်နေချိန် မှာတော့ တပ်မတော် အစိုးရ ကိုဖားနေပြီး ယခုမှ သာရာသို့  ကူး တတ်ကြသော လူအမျိုးမျိုး အနုပညာရှင် အမျိုးမျိုးအားတွေ့ နေရပါသည်။မြန်မာပြည်မှ အနုပညာသည်များ သည်များသော အားဖြင့်လိုင်းပူး တတ်ကြသည်မှာ ပရိတ်သတ် များလည်း အသိပင်ဖြစ်ပါသည်။ 

အဆိုတော်က ရုပ်ရှင်လိုင်းဘက် သို့ ကူးချင်သည်၊ ရုပ်ရှင်မင်းသား မင်းသမီး ဘ၀မှ အဆိုတော် ဘက်သို့ လိုင်းကူး ချင်သည် ဘက် အမျိုးမျိုး၊ သာရာ သို့ ကူးတတ်သော မြန်မာပြည်က အနုပညာ သည်များ အား ကိုသားစိုး ခုလို ပြောဆိုသည်မှာ နည်းတောင် နည်းပါသေးသည်။ယခုလည်း အနု ပညာသည် လိုင်းမှ နိုင်ငံရေး လိုင်းဘက်သို့  ပူးချင်နေကြသော မြန်မာ့ အနုပညာရှင် များ ဒေါ်စုကြည် ကို ဖားနေကြပြန်ပီ။

"ကိုယ့်ငါးကြင်း ကိုယ်ချဉ် " ဆိုသလို ကိုယ့် အထင်နဲ့ ကိုယ်ရိုက် ကိုယ့် အချင်းချင်းပြန် ဆုပေး ပြီးလျှင် ကိုယ့် အချင်းချင်းမြှောက် ပင့်နေကြသည်မှာ ရီစရာတော့ အတော်ကောင်းလှပါသည်။ လူဆိုသည့် ဗီဇမှာ ရ လေ ရလေ အို တစေ ဒီဟာ ရပြီးနောက်ဟာ ထပ်လိုချင်သည် နောက်ဟာ ရလည်း ထပ်လို ချင်ကြသေး သည်။ အနုပညာ လုပ်ငန်းမှာအောင်မြင်လာပြန်တော့ မိမိကိုယ် ကို အဟုတ်ကြီး ထင်ကာ မာန်တက်ချင် လာကြ သည်။ 


စင်ပေါ်တက်ကာ ပြည်သူအားဖျော်ဖြေမှ ထမင်းဝတတ်ကြသော အနုပညာရှင်တစ်ချို့ အနုပညာ အားရောင်း စား မှ အဆင်ပြေဘ၀လှကြသော ထိုသူများ သာရာကူးတတ်ကြသည်မှာတော့မထူးဆန်းတော့ပါ။ (မှတ်ချက်။ ။သဘာဝ ပြောသောအနုပညာရှင်များမှာမည်သူတို့  ကိုပြောဆိုသည်မှာ ထိုအနုပညာရှင်များ ကိုယ်တိုင်သိနိုင်ပါသည်။ )  

အမှန်တကယ်နိုင်ငံတော် ကိုကောင်းစားစေချင်လျှင် ပုဂ္ဂိုလ်စွဲ မထားသင့်ပါ ထို သို့ ပုဂ္ဂိုလ်စွဲ ထား တတ်သော အတိုက် အခံပြည်သူများ သည်နိုင်ငံတော်ကို အမှန်တကယ်ချစ်သည် မဟုတ်ပါ။ ယခု အနုပညာရှင် များ ကဲ့ သို့ သာကူးခြင်းသည် လည်း နိုင်ငံတော်ကို ချစ် မြတ်နိုး၍ မဟုတ်ပါ မိမိ အကျိုးစီးပွား အားမျှော်ကိုးကာ လိုင်းပူးသွားကြခြင်းသာဖြစ်ပါသည်။
 
မှတ်ချက်။ ။ ဧဒင်အချစ်ပုံပြင်ဆိုဒ်မှ ကူးယူဖော်ပြသည်။ ဒကာ သားစိုး ဝေဖန်ချက် မှန်သလား (မှားသလား) ဝေဖန်ကြပါကုန်။ 


 ဓမ္မမိတ်ဆွေ များအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများ တစ်လုံး တစ်ဝ တည်း ပြည့်ဝကြပါစေ။  

အရှင်ဝိမလဝံသ -
(နာလန္ဒာတက္ကသိုလ်) ရည်ညွှန်း-
   မြန်မာတိုင်း(မ်) ဖော်ဝပ်မေးလ်မှ ရရှိပါသည်


From...(သူရိယ)

No comments:

Post a Comment