*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 7 May 2014

ကျွတ်လွတ်အောင် အမျှပေးနည်း အစီအစဉ်

10299526_579632262134609_5926820015179691991_n

(၁) အလှူခံ ပုဂ္ဂိုလ်ဟာ သီလ သမာဓိ ပညာ သိက္ခာ သုံးပါးနဲ့ ပြည့်စုံ တဲ့သူ ဖြစ်ရမယ်။ 
လူထဲမှာလည်း ငါးပါးသီလ လုံအောင်စောင့်သူ ဆိုလျှင်အလှူခံနေရာ မှာ ပါဝင်နိုင်ပါတယ်။
ဘုန်းကြီး မရှိတဲ့နေရာ ဆိုရင်
 အသုံးပြုနိုင် ပါတယ်။
 

ပေတ၀တ္ထုပါဠိတော် ခလ္လာဋိယပေတီ ၀တ္ထု မှာ ပင်လယ်ထဲ မကျွတ်မလွတ်ဖြစ်နေတဲ့ ပြိတ္တာမ တစ်ယောက် အ၀တ်အစား ရဖို့ အတွက် ငါးပါးသီလ လုံတဲ့ သင်္ဘောသား တစ်ယောက် ကိုအ၀တ်တွေ လှူပြီး
အမျှပေး လိုက်တာ အ၀တ်အစားတွေ ရသွားတယ်။



 (၂) အပ်စပ် တဲ့ ဆွမ်းတို့ သင်္ကန်းတို့ ဆေးတို့ ဖြစ်ရမယ်။
ဒီလို အလှူပွဲ မှာ ငွေတွေ မလှူသင့်ဘူး။ အလှူ ခံမယ့် ရဟန်းမှာ ကပ္ပိယ ဒကာ ပါရင်တော့ လှူကောင်း ပါတယ်။


(၃)ဘယ်နေ့ ဘယ်ရက် ဘယ်နှစ်နာရီ မှာ  အမျှပေးဝေမယ့် အကြောင်း သေသူကို တိတိ ကျကျပြော ဆိုပြီး ဖိတ်ကြားရပါမယ်။

၎)ဖြစ်နိုင် ရင် အလှူရှင် ကိုယ်တိုင် ဖြစ်စေ တရားပေးမယ့် ဆရာတော် ကဖြစ်စေ အိမ်စောင့်နတ် မြို့စောင့် နတ် တောစောင့်နတ် တောင်စောင့်နတ် နတ်အပေါင်း တို့ကို အခုလိုမေတ္တာရပ်ခံ ပန်ကြားရပါမယ်။
 

“အိမ်စောင့်နတ် မြို့စောင့်နတ် တောစောင့်နတ် တောင်စောင့် နတ် အပေါင်းတို့ သေဆုံးသူမောင်နီ တစ်ယောက် ပေးဝေသောအမျှကို သာဓုခေါ်နိုင်ရန် ဤမြို့တွင်း ဤ အိမ်တွင်းသို့ လာခွင့်ပြုကြပါ။
ကျွှန်ုပ်တို့ပေးဝေးသော အမျှ ကို မောင်နီတစ်ယောက် သာဓုခေါ်နိုင်အောင် ဘုရားဂုဏ် တရားဂုဏ်ကို သံဃာ ဂုဏ်ကို ဦးထိပ်ထားပြီး အသင်တို့ ကိုယ်တိုင်ဖိတ်ကြား
ပေးပါ။ အသင်တို့ကိုယ်တိုင် အသိပေးကြပါ။

ဒီလေးချက်နဲ့ ညီအောင် လုပ်ပေးရင် ပြိတ္တာ ဘ၀က ကျွတ်လွတ် သွားမှာသေချာတယ်။

(ဆရာတော် အရှင်ဇ၀န)
(လူဖြစ်ရခြင်းရဲ့အဓိက ရည်ရွယ်ချက်)

No comments:

Post a Comment