*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Friday 29 August 2014

ဆယ့်ကိုးနှစ် အရွယ် မော်ဒယ်အေးချမ်းမြတ်မိုး အသတ်ခံရ


မော်ဒယ်အေးချမ်းမြတ်မိုး ကို ဓားဖြင့် ထိုးသတ်ခဲ့ သူမှာ ၎င်းနှင့် ထူးခြား သည့် ပတ်သက်မှု မရှိကြောင်း မိသားစုဝင် များက ပြောသည်။

သြဂုတ်လ ၂၅ ရက် ညနေ က အံ့ဖြိုးပိုင် ဆိုသော လူငယ် တစ်ဦးက အေးချမ်းမြတ်မိုး ၏ လည်ပင်းကို ဓားဖြင့် ထိုးသတ် ခဲ့ခြင်းဖြစ် သည်။

 ပြစ်မှုကျူးးလွန်သည့် အသက်(၂၂)နှစ် အရွယ် အံ့ဖြိုးပိုင် ဆိုသူ ကို ညတွင်းချင်း ပင် ဖမ်းဆီး မိခဲ့ခြင်းဖြစ် သည်။
‘‘ကောင်လေး ကိုတော့ မိတယ်။ အစ်မ တို့က ကယ်ကြပါဦး အော်လိုက်တော့ သူထွက်သွား တာ မြင်လိုက် တဲ့ ရပ်ကွက် တစ်ခုလုံး ကလည်း ၀ိုင်းဖမ်းပေးကြတယ်’’ ဟု သေဆုံးသူ ၏ အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုး က ပြောသည်။


 
 မောင်နှမ များ အတူ စားရန် ခေါက်ဆွဲထုပ် သွားဝယ်ပြီး အပြန် တိုက်ခန်း ဒုတိယ အလွှာတွင် အသတ် ခံရခြင်းဖြစ်ပြီး ၎င်းတို့ မိသားစု မှာ တတိယ အလွှာတွင် နေ ထိုင်ခြင်းဖြစ်သည်။

ဓားဖြင့် ထိုးသည့် သံသယ တရားခံ မှာလည်း ဦးဝိစာရ အိမ်ရာ ၀င်းထဲတွင် နေထိုင်သူ ဖြစ်သည်။
‘‘ကျွန်မ ရုံးကပြန်လာတော့ အိမ်က အမေကပြောတယ်။ ညီမလေး နဲ့ မတွေ့ဘူးလား။ ညီမလေး လည်း ပြန်လာနေပြီ လို့ ပြောတယ်။ 

မတွေ့ဘူးပြောပြီး အိတ်ကို ချလိုက်ပြီး အပြင်ထွက် လာ တော့ ညီမလေး က ၀ုန်းဝုန်းနဲ့ တံခါးခေါက်တယ်။ ‘မားမားရေ ကယ်ပါဦး’ လို့ အော်တယ်။ သူထိုးခံ လိုက်ရပြီ။ သွေးတွေ အရမ်းထွက်နေတယ်။ 

တံခါး သွားဖွင့်တဲ့ အခါ သံပန်း တံခါးရှိတော့ တံခါးဖွင့် လို့ မရဘူးဖြစ်နေတော့ မောင်လေးက ၀ရန် တာပေါ် ကနေခုန် ချပြီးတော့ သူ့ကို သယ်ထုတ်တဲ့ အခါကျတော့ သွေးက အရမ်းလွန်နေပြီ။ 

အရေးပေါ်လည်းရောက်ရော သူ ဆုံးသွား တာပဲ’’ဟု သေဆုံးသူ ၏အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုး ကပြောသည်။

 

 
အေးချမ်းမြတ်မိုး ကို သတ်သည့် အမျိုးသား မှာ ၎င်း၏ ချစ်သူဖြစ်သည် ဟု လူမှုကွန်ရက် စာမျက်နှာတွင် ပျံ့နှံ့နေသော်လည်း ၎င်းတို့ မှာ ချစ်သူ မဟုတ်ဘဲ မိတ်ဆွေ အဆင့်သာ ရှိကြောင်း ၎င်း၏ အစ်မဖြစ် သူ က ပြောသည်။

‘‘အမှန်တော့ ညီမလေး ကို ကောင်လေး က သဘောကျတဲ့ ပုံ ပါ။ ညီမလေး က ဒါကို သိပ်စိတ် မ၀င် စားဘူး။ အစ်မ တို့ ဘက်ကလည်း သိပ် သဘောမတူဘူး လို့ ပြောထားတယ်။ သူနဲ့ အသိမိတ် ဆွေတွေပါ။ ဟိုး အရင်ကတော့ မိတ်ဆွေတွေပေါ့။ အခုနောက်ပိုင်းတော့ သိပ် အဆက်အသွယ် မလုပ်ကြတော့ဘူး’’ဟု မအေးချမ်းမြတ်ဖြိုး ကပြောသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ ၏ ထုတ်ပြန်ချက်တွင် မူ သြဂုတ် ၂၆ ရက် ည ၇ နာရီ ခန့်တွင် အေးချမ်း မြတ်မိုးနှင့် ၎င်း၏ ရည်းစားဖြစ်သူ အံ့ဖြိုးပိုင် တို့ စကားများ ရန်ဖြစ်ရာမှ အံ့ဖြိုးပိုင် က ဓားဖြင့် ထိုးရာ လည်ပင်း ကို ထိုးသွင်း ခဲ့၍ သေဆုံး ခဲ့ကြောင်း ဖော်ပြထားသည်။

 သေဆုံး သွားသော မော်ဒယ်အေးချမ်းမြတ်မိုး သည် ဒုတိယနှစ် အင်္ဂလိပ် စာမေဂျာဖြင့် တက်ရောက်နေ သည့် ကျောင်းသူ တစ်ဦးဖြစ်သည်။ ၎င်းသည် Laurel Art Academy အနုပညာ သင်တန်းကျောင်း မှ ရိုက်ကူး သည့် ရုပ်သံ ဇာတ်လမ်းတွင် ပါဝင် ရိုက်ကူး ထားပြီး အနုပညာ လှုပ်ရှားမှုများ အဖြစ် ဗီစီဒီရိုက် ကူးခြင်း၊ မဂ္ဂဇင်းမျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးခြင်းများပြုလုပ်ခဲ့သည်။
 
 သေဆုံးသူ၏ ဖခင်မှာ စစ်တက္ကသိုလ် အပတ်စဉ်(၂၉)ဆင်း တပ်မတော် အရာရှိ တစ်ဦး ဖြစ် သည်။  

 အေးချမ်းမြတ်မိုး ၏ ရုပ်အလောင်း ကို သြဂုတ် ၃၀ ရက် မွန်းလွဲ တွင် ရေဝေး သုသာန်၌ မီးသင်္ဂြိုဟ် မည်ဖြစ်သည်။






From...7Day Daily


No comments:

Post a Comment