*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Wednesday 27 August 2014

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရန် အလုပ်သမား များ၏ ၀င်ငွေ၊ ထွက်ငွေ စာရင်း ကောက်ယူမည်




 
အလုပ်သမား ၏ အနိမ့် ဆုံးလစာ ကို အမြန်ဆုံး သတ်မှတ်ရန် ရန်ကုန်တိုင်း အတွင်း စက်မှု ဇုန်များရှိ အလုပ်သမား များ၏ ၀င်ငွေ၊ ထွက်ငွေ ကုန်ကျ စရိတ်များကို လာမည့် စက်တင်ဘာ မှ စတင်၍ စာရင်းကောက်ယူ သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ သတင်းရရှိ သည်။

ပြည်ထောင်စု အစိုးရနှင့် အ လုပ်သမား၊ အလုပ်အကိုင်နှင့် လူ မှု ဖူလုံရေးဝန်ကြီးဌာန တို့ ပူးပေါင်း ကာ ရန်ကုန်တိုင်းဒေသကြီး အ တွင်း စက်မှုဇုန် များ ရှိသည့်မြို့နယ်၁၄ မြို့နယ် တွင် စက်တင်ဘာ ၌ စာရင်း များ ကောက်ယူ သွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ရခိုင် တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင် က ပြောသည်။



သြဂုတ် ၂၅ ရက် တွင် ကျင်း ပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ၌ လမ်းမတော်မြို့ နယ် မဲဆန္ဒနယ် အမှတ် (၂) မှ လွှတ်တော်ကိုယ် စားလှယ် ဦးစိုးဝင်း ၏ ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ယ နေ့ အထိ အလုပ်သမားပြဿ     နာ ဖြေရှင်းနိုင်မှု မည်မျှ  ရှိ၍ ထိခိုက် နစ်နာ သူများ အား လျော်ကြေးငွေ မည်မျှ ရအောင် ဆောင်ရွက်ပေး ခြင်းနှင့် ဥပဒေဖြင့် အရေးယူ ဆောင်ရွက်ခြင်း အစီ အစဉ် ရှိ၊ မရှိ မေးမြန်းမှုကို ဦးဇော်အေး မောင်က ဖြေကြား ရာတွင် ထည့် သွင်းဖြေကြား ခဲ့ခြင်း လည်း ဖြစ် သည်။

‘‘ရန်ကုန်တိုင်းဒေသကြီး ဘယ်ဒေသ မှာ ဘယ်လောက် တော့ ကုန်ကျ စရိတ်ရှိတယ်။ ဘယ် လောက်တော့ ၀င်ငွေ ရှိတယ်ဆို တာကို ကျွန်တော် တို့ တင်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ စာရင်းဇယား များပေါ်မှာ အခြေ ခံပြီးတော့ အ နိမ့်ဆုံး လခကို ပြည်ထောင်စု အ စိုးရက သတ်မှတ်ပေးသွား မှာဖြစ် ပါတယ်’’ ဟု ၀န်ကြီး ဦးဇော်အေး မောင် က ဆိုသည်။

အနိမ့်ဆုံး လုပ်ခ လစာ သတ် မှတ်နိုင်ရေး အတွက် စာရင်းဇယားကောက်ယူခြင်း လုပ်ငန်း များ ကို တစ်လ အတွင်း အပြီးသတ် လုပ်ဆောင် မည်ဖြစ်ပြီး အလုပ် သမား ကိုသာ အဓိကကောက်ယူ မည်ဖြစ်ကာ အလုပ် သမားများ ၏ မိသားစုဝင် အရေအတွက်၊ အ လုပ်လုပ် ကိုင်နိုင်သည့် မိသားစု ၀င်ဦးရေ တို့ကို ကောက်ယူ သွား မည်ဖြစ်သည်။

အနည်းဆုံး အခြေခံ လစာ ငွေ သတ်မှတ်နိုင် ရန် အ နည်းဆုံး အခကြေးငွေ ဥပဒေ ကို ၂၀၁၃ ခုနှစ်၊ မတ်လ ၂၂ ရက် တွင် အတည်ပြုပြဋ္ဌာန်း ခဲ့ပြီး အဆိုပါ ဥပဒေ ၏ နည်းဥပဒေ များကို ၂၀၁၃ ခုနှစ် ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန် ခဲ့ပြီးဖြစ်သည်။

7day daily
From...Search Myanmar

No comments:

Post a Comment