*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***
Tuesday 7 January 2014
အကယ်ဒမီ ၃ ဆုရှင် ဂီတမှူး ဦးဇော်မျိုးထွဋ် ကွယ်လွန်
“ရင်ခွဲရုံမှာ ခွဲလိုက်တော့ အဲဒီ ရောဂါတွေ ဘာမှ မရှိဘူး။ နှလုံးမှာ သွားပိတ်နေတာ။ ချက်ချင်းကြီး ဆေးရုံ သွားတာ။ ကားပေါ်မှာတင် သေတယ်” လို့ ပြောပါတယ်။
အကယ်ဒမီ ဦးဇော်မျိုးထွဋ်ဟာ နာမည်ကျော် တေးရေးနဲ့ တေးဆို တဦးဖြစ်တဲ့ စန္ဒယားလှထွဋ်ရဲ့ သား တယောက် ဖြစ်ပါတယ်။
သူဟာ အနောက်တိုင်း တူရိယာ အမျိုးမျိုးကို ကျွမ်းကျင်စွာ တီးခတ်နိုင်တဲ့ အပြင် မဇ္စျှိမလှိုင်းရဲ့ လိဒ်ဂီတာ သမားတဦးအဖြစ် လူသိများကြပါတယ်။
ဖခင်ဖြစ်သူ စန္ဒယားလှထွဋ် ကွယ်လွန်တဲ့နေ့ဖြစ်တဲ့ ဇန်န၀ါရီ ၅ ရက်နေ့မှာပဲ ရုတ်တရက် ကွယ်လွန်ခဲ့ တာ ဖြစ်ပါတယ်။
ကွယ်လွန်သူ ဦးဇော်မျိုးထွဋ်ရဲ့ ဈာပနကို ဇန်န၀ါရီ ၇ နေ့မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ မိသားစု က ပြော ပါတယ်။
အိုင်ရင်း ခရော့တီးဝိုင်းမှာ လိဒ်ဂစ်တာတီး တဲ့ ဦးချစ်စမ်းမောင်ကတော့ အတိုင်းမသိ ၀မ်းနည်းရပါတယ်လို့ ဆိုပါတယ်။
“ယူကျုံးမရ ဖြစ်ပါတယ်။ ပြောရရင် ကျနော့် ဘ၀မှာ လေးစား အားကျတဲ့ ကိုဇော်ကြီးနဲ့ ကျနော့် ဆရာ စောဘွဲ့မှူးပေါ့နော်။ ကျနော် အရမ်းလေးစား အားကျ ချစ်ခင်ရတဲ့ သူတွေ မရှိတော့ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ်။ ကိုဇော်ကြီးရဲ့ ရတနာသူ သီချင်းနဲ့ ကျနော် ကြီးပြင်းလာတယ်လို့ ပြောရမယ်။ အတိုင်းမသိ ၀မ်းနည်းပါတယ်။”
မဇ္စိျွမလှိုင်းက နိုင်ငံကျော် နာမည်ကြီး အဆိုတော် ကိုနေ၀င်း ကလည်း ကွယ်လွန်သူ ဇော်မျိုးထွဋ်နဲ့ သီချင်းတွေ တွဲလုပ်ခဲ့ တုန်းက အဖြစ်တွေကို ခုလို ဆိုပါတယ်။
“ကိုဇော်မျိုးထွဋ်နဲ့ က ငယ်ငယ်ကလေး ကတည်းက မန္တလေးမှာ ကိုခင်မောင်တိုးနဲ့ ပတ်သက်ပြီး သိရ တာပေါ့။ လိဒ် ဂစ်တာကို တီးတယ်။ အဖက်ဖ်တွေကို ကျွမ်းကျွမ်းကျင်ကျင် တီးနိုင်တယ်။ စီးရီးသွင်း တဲ့ အချိန်မှာ သူစီစဉ်တာ သီချင်းတွေက ထင်တာထက်ကို ၁၀ ဆ၊ ၁၅ ဆ ကောင်းလာတယ်။ အခုကျတော့ အဲဒီလို လုပ်ပေးမယ့်သူ မရှိတော့ဘူးပေါ့။”
ဝါရင့် ဂီတမှူး တယောက်ဖြစ်သူ ဦးခင်မောင်ကြီး ကလည်း “တော်တော် ခံစားရပါတယ်။ တကယ်တော်တဲ့ အတီးပညာရှင် တယောက်ပေါ့။ တကယ် နှမြောစရာ ကောင်းပါတယ်” လို့ ပြောပါတယ်။
အဆိုတော် ကိုရင်ဂိုက ဦးဇော်မျိုးထွဋ် ကွယ်လွန်တာဟာ အလွန် နှမြောစရာ ကောင်းတယ်လို့ မှတ်ချက်ပေး ပါတယ်။
“အစားထိုး မရနိုင်တဲ့ ဂီတသမားကြီး တယောက်လို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့မီနောက်မီ သီချင်းတွေ ရော့ခ်သီချင်းတွေ အပြင် မြန်မာဆန်ဆန် သီချင်းတွေကို စီစဉ်နိုင်တာ အစားထိုးမရဘူးလို့ ထင်တယ်။”
ဦးဇော်မျိုးထွဋ် ဟာ မြင့်မြတ်နှလုံးသား၊ နေကမွေးတဲ့လ၊ ထာဝရအလင်းတန်းများဆိုတဲ့ ရုပ်ရှင် ဇာတ်ကားတွေ မှာ တေးဂီတဖန်တီးမှု ဆိုင်ရာ အကယ်ဒမီထူးချွန်ဆု ၃ ဆုရထားတဲ့သူလည်း ဖြစ်ပါတယ်။
ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်ခင်မာထွေး၊ ဦးနေလင်းထွဋ် (ခ) ရွှေထွဋ်နဲ့ ဦးလမင်းထွဋ် အစရှိတဲ့ သား ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။
သာနိုးဝေ (ဒီဗွီဘီ)
From... Thit Htoo Lwin 
No comments:
Post a Comment