*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 1 September 2014

ဘိုးတော်တွေ၊ နတ်တွေ ကြီးစိုး လာလို့ သာသနာတောင် မှေးမှိန် သွားနိုင်တယ်

ယနေ့ ဓမ္မစေတီ ခေါင်းလောင်း ဆယ်ယူရေး မှာ ယခုလို ဘိုးတော်တွေ က သူတို့ ဆယ်မှ ရတယ် ဆိုမှဖြင့် ဓမ္မစေတီခေါင်းလောင်း ရတာ ကို ဝမ်းသာ စရာထက် တိုင်းပြည် မှာ ဒီခေါင်းလောင်း ဆယ်တာကို အကြောင်း ပြုပြီး ရှေ့လျှောက် ဘိုးတော်တွေနဲ့ နတ်တွေ ကို ယုံကြည်မှု အားတွေ များလာကြပြီး နေရာတိုင်း နဲ့ နိုင်ငံရေးမှအစ ဘိုးတော်တွေ ခြယ်လှယ် လာနိုင်ပါတယ်။

 တကယ်တော့ ဘယ်ပုဂ္ဂိုလ်၊ ဘယ်ဘိုးတော်၊ ဘယ်နဂါး ဘယ်နတ်တွေ ဘယ်လောက်ပဲ တန်ခိုးကြီး လို့ နေကြ ပါစေ နောက်ဆုံးတော့ အင်ဂျင်နီယာ နဲ့ ခေတ်မီ Floating Crane နဲ့ မှသာလျှင် ခေါင်းလောင်း အစစ်ဖြစ်စေ၊ အတုဖြစ်စေ ရေ အပေါ်ရောက်နိုင်တာမျိုးပါ။


နောက်ပြီး နဂါးတွေ က ခေါင်းလောင်း ကို ဆီမီး ပူဇော်နေကြလို့ ဆိုတော့ ခေါင်းလောင်းဟာ ခေါင်းလောင်း ပါပဲ၊ ဘုရား က ဘုရား ပဲ။ ခေါင်းလောင်း ဆိုတာ ရှေးမင်းတွေက သူတို့ရဲ့ အမှတ်တရ သမိုင်းအတွက် သွန်း လုပ်ပြီး ဘုရားတွေမှာ ထားခဲ့ကြ တာမို့ ခေါင်းလောင်း ဆိုတာ ခေတ်တစ်ခေတ်ရဲ့ မင်းတွေရဲ့ အမှတ် အသား Symbol တွေပဲ ဖြစ်ပါတယ်။


ဒီ ဘုရားပေါ် က ခေါင်းလောင်းကြီးတွေ ကိုလည်း ဘယ်သူ ကမှ ထိုင် မကန်တော့ တတ်ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ခေါင်းလောင်း က ခေါင်းလောင်း ပဲလေ။ ဘုရား ရုပ်တုမှ မဟုတ်တာဘဲ။ ဒီတော့ နဂါးတွေ က ဘာကြောင့် ဆီမီးတွေ ပူဇော်နေကြရ တာလဲ။

ဒီခေါင်းလောင်းကြီး က စောင့်ရှောက်တဲ့ ပုဂ္ဂိုလ် တကယ် သာရှိခဲ့ ရင် သို့မဟုတ် နဂါးတွေ ပူဇော် ထိုက်အောင် သာ ခေါင်းလောင်း က တန်ခိုး ရှိ နေခဲ့မယ် ဆိုရင် De Brito (ငဇင်ကာ) ဘုရားပေါ် ကနေ ဒီ အထိ ခိုးလာနိုင်စရာ အဘယ် မှာ ရှိနိုင်မှာလဲ။

တိုင်းပြည် ဆိုတာ မင်း အမိန့်နဲ့ နေတာပါ။ မင်း ခွင့်ပြုထားပြီ ဆို ကတည်းက ဒီခေါင်းလောင်း ကို ဘယ်နဂါး၊ ဘယ်ပုဂ္ဂိုလ်မှ ဆွဲထားလို့ မရပါဘူး။ ပြီးတော့ မြန်မာ့နည်းပညာနဲ့ ဆယ်မယ်လို့ ပြောကြပါတယ်။ အင်ဂျင်နီယာနဲ့ ခေတ်မီ Floating Crane တွေကို သုံးကြရပြီ ဆိုကတည်းက အဘယ်မှာ ပုဂ္ဂိုလ်တွေ၊ ဘိုးတော်တွေရဲ့ တန်ခိုးဖြစ်နိုင်တော့မှာလဲ။

သမထ ထိုင်တယ်ဆိုရာမှာ Brain ဦးနှောက် ရဲ့ Cell အားတွေ ရှိလာနိုင်တဲ့ အခါ မျိုးတွေ ရှိနေနိုင်သလို သမထ ထိုင်ခြင်းကြောင့် ဦးနှောက် Cell ဆဲလ်တွေ အားနည်း သွားတတ်ပြီး အလိုလို အာရုံကြောတွေ အားနည်း သွားတတ်တဲ့ အချိန်မျိုးတွေလည်း ရှိနေတတ်ပါတယ်။

အခုလည်း ဒီလိုပါပဲ။ လူတစ်ယောက် မှာ ဦးနှောက် ဆဲလ် Cell အားတွေ နည်းသွားပြီး ဆဲလ်တွေ ကျုံ့လာနေတဲ့ အခါမှာ အလိုလို အာရုံကြောတွေကို အားနည်း သွားစေပြီး အဲဒီ အချိန် မျိုးတွေ မှာ           Hallucination ပြင်ပ မှာ အကြောင်း အရာ အကောင်အထည် မရှိတာတွေကို စိတ်တွင် ယောင်ယမ်း ထင်မြင်ခြင်း၊

မျက်စိလှည့် စားခြင်း၊ သွေးလေချောက်ချား ၍ ထင်မြင်ရာ ကယောင်ချောက် ချားတွေကို လျှောက်ပြော နေတာမျိုးတွေ ကို ဖြစ်တတ် သလို မိမိရဲ့အစွဲအလမ်း ယုံကြည်မှု တစ်ခုခု သို့မဟုတ် ကြားဖူး နားဝ ရှိဖူး တာတွေ က မိမိ မျက်လုံး မှာ ပုံရိပ်တွေ လာထင်နေတတ်ပါတယ်။

ယခုလည်း ဒီအတိုင်း ပါပဲ။ ဦးစံလင်း Hallucination ဖြစ်သွားပြီး အပြင် ရေအောက် မှာ တကယ်မရှိတဲ့ နဂါးတွေ ဆီမီးပူဇော် နေတယ် ဆိုတဲ့ ပုံရိပ်တွေကို မိမိမျက်လုံး မှာ စက္ကန့်ပိုင်းမျှ ပုံရိပ် ထင်သွားတာပဲ ဖြစ်ပါတယ်။

နဂို ကတည်းကလည်း ရေထဲမှာ ဆို နဂါးတွေ ပိုင်ဆိုင်တယ်၊ နဂါးတွေ စောင့်ရှောက်တယ် ဆိုတဲ့ အသိတစ်ခု က ရှိနေ ခဲ့မှာ ဖြစ်သလို သူ့ဓာတ်ခန်း မှာလည်း နဂါး ရုပ်တွေ ဧကန် ရှိနေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်ဦးနှောက် အား ရှိနေသူတွေ ဘယ်သူ ကမှ မယုံကြတဲ့ အပြင် ဒီ စကား တစ်ခုတည်းကြောင့် မိမိ ဦးစီးနေ တဲ့ လုပ်ငန်း အပေါ် အယုံ အကြည်တွေ ကင်းမဲ့ လာကြပြီး ခေါင်းလောင်း အစစ်ကို မိမိဖော်ခဲ့ သည့် တိုင် အတုလို့ ပင် ထင်သွားကြမှာ ဖြစ်ပါတယ်။

တကယ်တော့ မိမိတို့ ယခင်က ရှာဖွေခဲ့ကြ သူတွေရဲ့ Record တွေနောက် ကို Follow လိုက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဘယ်ပုဂ္ဂိုလ် ကမှ လူကြီးမင်း တို့ကို ခေါင်းလောင်းနေရာ ကို ညွှန်ပြပေး ခဲ့တာ မဟုတ်ပါဘူး။ ပြီးတော့ ခေါင်းလောင်း က ပိဿာချိန် ၁၈၀,၀၀၀ (တစ်သိန်းရှစ်သောင်း) ရှိတယ် ဆိုတာကို ဘယ်က သိကြတာလဲ။

ပုဂ္ဂိုလ်တွေ က လာပြောကြတာလား ဒါမှမဟုတ် ဦးစံလင်း က သမထ အားနဲ့ ရေထဲက ခေါင်းလောင်းပေါ်မှာ ကမ္ပည်းထိုး ထား တာကို မြင်ခဲ့ တာလား ဒါမှမဟုတ် ဒတ်ခ်ျ ကုန်သည် Gaspero ရဲ့ ခရီးသွား မှတ်တမ်း ကနေ သိခဲ့ကြတာလား ဒါမှမဟုတ် Internet ကနေ ရှာလို့ Wikipedia မှ ကူးယူခဲ့ကြတာလား၊ ပြီးတော့ ဒီ ကိန်းဂဏန်းတွေက မှန်တယ်လို့ ဘယ်သူ အာမခံချက် ပေးနိုင်မလဲ။

အကယ်၍များ ခေါင်းလောင်း က ပိဿာချိန် တစ်သိန်းရှစ်သောင်း ရှိတယ်လို့ များ ပုဂ္ဂိုလ်တွေက ပြောခဲ့ တယ် ဆိုရင် အဲဒီပုဂ္ဂိုလ်တွေတောင် သိက္ခာ ကျသွားနိုင်ပါတယ်။ ထားပါ။ နောက်တစ်ချက်က မြန်မာတွေ လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်လောက်က အလေးချိန် Unit ကို ကျပ်သား နဲ့ ပိဿာ ဆိုတဲ့ Unit ကို စသုံးနေကြပြီ လား။

ဘယ်သူတွေ က ဒါကို အာမခံချက် ပေးနိုင်ကြမလဲ။ ထားပါလေ။ ပိဿာချိန် ၁၈၀,၀၀၀၊ မက်ထရစ်တန် ၃၀၀ ဆိုတာ ကလေး ကစားစရာ မဟုတ်ပါဘူး။ ယနေ့ ဦးစံလင်း က ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ ဆိုပါ ရင် ယနေ့ မိမိတို့ သုံးနေတဲ့ Floating Crane ရဲ့ Maximum Load Allowance ကိုလည်း ငဲ့စောင်း လှည့်ကြည့် သင့်တာပေါ့။

တန် ၃၀၀ ကို ဒီ Crane နဲ့ ဆွဲတင်ရင် အပေါ် မရောက်ခင် မှာပဲ Overload ဖြစ်ပြီး မော်တာတွေ မီးလောင် လို့၊ ကြိုးတွေပြတ်ကျ လို့ အနားက လူတွေတောင် သေသွားနိုင်ပါတယ်။ အဲလို ဖြစ်ပြန်လည်း ဘာပြောကြ မလဲ။ လာကြည့်တဲ့ လူတွေထဲ က ပုဂ္ဂိုလ် မကြိုက်တာတွေကို ပြောလို့၊ စည်းပေါက် သွားလို့ နဂါးတွေက ပြန်သိမ်း သွားတာပါလို့ ပြောကြဦးမှာလား။

အပြန်အလှန် အားဖြင့် အဲဒီ ကရိန်းနဲ့ မလို့ ချောချောမောမောဖြစ် လို့ အပေါ်ရောက် လာရင်လည်း ခေါင်းလောင်း က ပိဿာချိန် ၁၈၀,၀၀၀၊ တန် ၃၀၀ မရှိဘူး ဆိုတာကို အလိုလို ကြေညာလိုက် သလို ဖြစ်သွား လို့ ဘိုးတော်တွေ၊ ပုဂ္ဂိုလ်တွေပါ သိက္ခာကျသွားမှာပါ။

တကယ်ဆို ဒါကိုတွေ့တာ နဲ့ ရေအောက်မြေကြီး ထဲ ဘယ်နှပေလောက်မှာ နစ်မြုပ်နေပါတယ်ဆိုတာ ဒီ ပတ်ပတ်လည် ကို တူးဖော်ဖို့ ဘယ်နှစ် နှစ် ကြာမယ်လို့ ခန့်မှန်း ပါတယ်ဆိုတာ၊ တန် ၃၀၀ ရှိနေတာ မို့ Maxium Load တန်လေးရာ ကိုနိုင်တဲ့ Floating Crane ကြီး ကို အသုံးပြုပြီး ဘယ်နေ့ ဆွဲတင်မယ် ဆိုတာ ကို အတိအလင်း ကြေညာပေးလို့ ရတာပဲလေ။ ဒါက ရိုးရိုးလေးပါ။

ဒါကိုပြည်သူတွေ ကို ဘိုးတော်တွေ နတ်တွေ ကို ယုံကြည် လာအောင် ဇာတ်လမ်းတွေဆင်၊ အကွက်တွေ ဆင်နေကြတယ်။ ဘာကို မှ အတိအကျ မပြောနိုင်တော့ မေးတာ နဲ့ အဓိဋ္ဌာန် ဝင်နေတယ် ပြောလိုပြော၊ နဂါးတွေ ဆီမီးပူဇော်နေလို့ပါ လို့ ပြောလိုပြော။

ဒီလုပ်ရပ် က ပြည်သူတွေ ကို နတ်တွေ၊ ဘိုးတော်တွေကို အားကိုး ယုံကြည်လာအောင် သက်သက်ဖန်တီး နေသလိုလည်း ဖြစ်နေပြီး ထေရဝါဒ သာသနာကိုပါ မှေးမှိန် သွားအောင် ဖန်တီး သလို ဖြစ်နေပါပြီ။ ပြည်သူတွေ အတွေး အခေါ်မြင့်မားနိုင်ကြပါစေ။

ဘဲလားလေဘာတီ (Astro-Political Scientist)
The Voice
From...Search Myanmar



 

No comments:

Post a Comment