*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Monday 1 September 2014

ကမ္ဘာ့ ထိပ်သီး Programmer ၁၀ ယောက်

Top 10 Programmer 

Dennis MacAlistair Ritchie (C)
Bjarne Stroustrup (C++)
James Arthur Gosling (Java)
Linus Benedict Torvalds (Linux)
Anders Hejlsberg (C#)
Sir Timothy John Tim Berners-Lee (WWW)
Brain Wilson Kernighan (Unix)
Kenneth Thompson (Go Programming Language)
Guido van Rossum (Python, Google, Dropbox)
Donald Kuth (TeX)



{ ၁ }
Dennis MacAlistair Ritchie

Dennis MacAlistair Ritchie (C) သည် အမေရိကန် လူမျိုး ကွန်ပျူ  တာ ပညာရှင် တစ်ယောက် ဖြစ်ပြီး စက်မှု ခေတ်ကြီး ကို ပုံဖော်ဖို့ အတွက် ကူညီ ထောက်ပံ့ခဲ့သူ တစ်ဦးလည်းဖြစ်သည်။ သူသည် C Programming Language ကို တီထွင် ခဲ့ပြီး သူရဲ့ လုပ်ဖော် ကိုင်ဖက် ဖြစ်သူ Ken Thompson နှင့် အတူ Unix Operation System ကိုလည်း တီထွင် ခဲ့သည်။ 

သူတို့ နှစ်ဦးသည် ၁၉၈၃ ခုနှစ် မှာ ACM မှ ချီးမြှင့်သော Turing Award ကို လည်းကောင်း၊ ၁၉၉၀ မှာ အမေရိကန် သမ္မတ Clinton ချီးမြှင့်သော Clinton National Metal of Technology ကို လက်ခံရရှိခဲ့သည်။ 

သူသည် ၂၀၀၇ ခုနှစ် မှာ အလုပ်မှ အနားယူပြီးနောက် Lucent Technologies System Software Research Department ကို ဦးဆောင် ခဲ့သည်။

*******************************************************************************
 { ၂ }
Bjarne Stroustrup 

Bjarne Stroustrup (C++) သည် ဒိန်းမတ် လူမျိုး ကွန်ပျူ  တာ ပညာရှင် တစ်ယောက်ဖြစ်ပြီး C++ Programming Language တီထွင် ခဲ့ပြီး ပိုမိုကောင်းမွန်အောင် တွင်တွင် ကျယ်ကျယ် ပြုလုပ် သူ အဖြစ် လူသိများ ခဲ့ဖြစ်သည်။ 

သူသည် သုတေသန စာတမ်း များကို ခွဲခြမ်း စိတ်ဖြာသူ ပါမောက္ခ တစ်ဦး ဖြစ် ပြီး အမေရိကန် Texas ပြည်နယ် A&M University ရှိ ကွန်ပျူတာ သိပ္ပံ ဌာနတွင် အင်ဂျင်နီယာ အမှူဆောင် အဖြစ် လည်းကောင်း၊ Columbia University တွင် ပါမောက္ခ အဖြစ်လည်း ကောင်း တာဝန်ထမ်းဆောင်နေပြီး Morgan Stanley မှာ အလုပ် လုပ် နေပါသည်။ 

******************************************************************************
{ ၃ }
James Gosling 

James Arthur Gosling (Java) သည် ကနေဒါ လူမျိုး ကွန်ပျူ   တာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Java Programming Language ၏ ဖခင် ဟု လူသိများ သူဖြစ်သည်။ သူသည် NeWS နှင့် Gosling Emacs ကဲ့သို့သော software system များ အတွက် အဓိက အထောက်အပံ့ ပေးခဲ့သည်။ 

သူရဲ့ အောင်မြင်ကျော်ကြားမှု များကြောင့် သူသည် အမေရိကန် ပြည်ထောင်စု အမျိုးသား အင်ဂျင်နီယာ အကယ်ဒမီ ရဲ့ ပြင်ပ တွဲဖက် အဖွဲ့ဝင် အဖြစ် ရွေးချယ်တင်မှု ခဲ့ရသည်။

******************************************************************************
 { ၄ }
Linus Torvalds 

Linus Benedict Torvalds (Linux kernel) သည် ဖင်လန်-အမေရိကန် Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး Linux kernel ကို တည်ဆောက်ဖို့ အတွက် အဓိက တွန်းအား ပေးခဲ့သူဖြစ် သည်။ နောက် ပိုင်းမှာ Linux kernel ရဲ့ နည်းပညာပိုင်း ဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်လာပြီး အခုလက်ရှိမှာ Project Coordinator အဖြစ် လုပ်ကိုင်နေပါသည်။ 

သူသည် Programmer များ coding ရေးရာ မှာ အဆင့်လိုက် ထိန်းချုပ် သိမ်းဆည်း ထားနိုင်သော စနစ် Git နှင့် ဒိုင်ဗင် သမားများ မှတ်တမ်း သိမ်းဆည်း ရာမှာ အသုံးများသော Subsurface ကို တီထွင်ခဲ့သည်။ 

Linux kernel အား ကွန်ပျူ   တာ များတွင် တွင်ကျယ် စွာ အသုံးပြုရန် အတွက် သူရဲ့ Open Source Operating System အသစ် တီထွင်မှု ကို အသိမှတ် ပြုသည့် အနေဖြင့် ဖင်လန် နည်းပညာ အကယ်ဒမီ မှာ ပေးအပ်သော Millennium Technology Prize ကို ၂၀၁၂ ခုနှစ်မှာ Shinya Yamanaka နှင့် အတူ ပေး အပ်ခြင်းခံခဲ့ရသည်။ 

*****************************************************************************
{ ၅ }
Anders Hejlsberg 

Anders Hejlsberg (C#) သည် ထင်ရှားသော ဒိန်းမတ် လူမျိုး Software အင်ဂျင်နီယာ တစ်ဦး ဖြစ်ပြီး နာမည်ကြီး လူသိ များသော Programming Language များနှင့် Developing Tools များ ဒီဇိုင်း ပြုလုပ် ရာမှာ ပူးတွဲ လုပ်ကိုင် ခဲ့သည်။ 

C# Programming Language ကို တီထွင် ခဲ့သူလည်းဖြစ်သည်။ သူသည် Turbo Pascal ကို မူလ ရေးသား သူဖြစ်ပြီး Delphi Programming Language ရဲ့ နည်းပညာ ပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်သည်။ 

လက်ရှိမှာ သူသည် Microsoft မှာ C# နည်းပညာပိုင်း ဆိုင်ရာ ခေါင်းဆောင် တစ်ဦး အဖြစ် လုပ်ကိုင်နေပြီး TypeScript ကို အဓိ က ရေးသားနေသူလည်း ဖြစ်ပါသည်။

*****************************************************************************
 { ၆ }
Tim Berners Lee 


Sir Timothy John Tim Berners-Lee (WWW)သည် အင်္ဂလိပ် လူမျိုး ကွန်ပျူ တာ ပညာရှင် တစ်ဦး ဖြစ်ပြီး လူသိများ ထင်ရှားသော World Wide Web (WWW) ကို တီထွင်သူ ဖြစ်ပါသည်။ 

သူသည် သတင်း အချက်များ စီမံ ခန့်ခွဲ မှု စနစ် (Information Management System) မူကြမ်း ကို ၁၉၈၉ ခုနှစ် မတ်လ မှာ ရေးဆွဲ ခဲ့ပြီး အင်တာနက် ကို အသုံးပြုပြီ Hypertext Transfer Protocol (HTTP) Clients နှင့် Server ချိတ်ဆက် အသုံးပြု  ပုံကို ပထမဆုံး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ 

သူသည် Web နည်းပညာ ကို ဆက်လက် တိုးတက်အောင် လုပ်ကိုင်နေသော World Wide Web Consortium (W3C) ရဲ့ စီစဉ်ညွ န်ကြားသူ တစ်ဦးဖြစ်ပါသည်။ 

*******************************************************************************
{ ၇ }
Brian Kernighan_ 

Brain Wilson Kernighan (Unix) သည် ကနေဒါ လူမျိုး ကွန်ပျူ  တာ ပညာရှင် တစ်ဦး ဖြစ်ပြီး Bell Labs မှာ Unix တီထွင်သူ Ken Thompson နှင့် Dennis Ritchie တွဲပြီး Unix တိုးတက်ရေး အတွက် ကူညီထောက်ပံ့ပေးခဲ့သည်။ 

သူသည် AWK နှင့် AMPL Programming Language များကို တွဲဖက် ရေးသားသူ တစ်ဦးလည်း ဖြစ်သည်။ သူသည် Dennis Ritchie နှင့် အတူ ရေးသား ခဲ့သော ပထမဆုံးသော C Programming Language စာအုပ် ကြောင့် လူသိများ ထင်ရှား ခဲ့သူဖြစ်သည်။ 

******************************************************************************
 { ၈ }
Ken Thompson 

Kenneth Thompson (Go Programming) သည် အမေရိကန် နိုင်ငံ ရဲ့ ကွန်ပျူတာ သိပ္ပံ ကို ရှေ့ဆောင် လုပ်ကိုင် ခဲ့သူဖြစ်သည်။ Bell Labs မှာ အများဆုံး အလုပ် လုပ်ခဲ့ ပြီး Unix Operating System ကို ထပ်မံပြည့်စွက် ရေးသားခဲ့သူ လည်း ဖြစ်သည်။ 

သူသည် C Programming Language မတိုင်မီ ထွက်ပေါ်ခဲ့သော ယနေ့ခေတ် လူသိ နည်းသော B Programming Language တီထွင် ခဲ့သူ ဖြစ်ပါသည်။ Plan 9 Operating System ကို အစောဆုံး တီထွင် သူများထဲက တစ်ယောက်လည်း ဖြစ်သည်။ 

သူသည် ၂၀၀၆ ခုနှစ် ကတည်းက Goolge မှာ အလုပ်လုပ် ကိုင်ခဲ့ပြီး ယနေ့ ခေတ် Google မှ နောက်ဆုံး ထုတ်လုပ် လိုက်တဲ့ Go Programming Language ကိုလည်း ပူးတွဲ တီထွင် ခဲ့သူဖြစ်သည်။ 

******************************************************************************
{ ၉ }
Guido Van Rossum 

Guido van Rossum (Python, Google, Dropbox) သည် နယ်သာလန် လူမျိုး ကွန်ပျူ  တာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Python Programming Language ကို ရေးသားသူ အဖြစ် လူသိများခဲ့သည်။ 

Python အဖွဲ့အစည်း မှာ Python Programming Language တိုးတက်ကောင်းမွန် လာအောင် အများဆုံး ကြီးစား အားထုတ်ပြီး အဓိက လိုအပ်သော လုပ်ဆောင်ချက်များ အတွက် ဆုံးဖြတ်ပေးကြောင့် သူကို “Benevolent Dictator For Life”(BDFL) ဟု ခေါ်ကြသည်။ 

သူသည် 2005 ခုနှစ် မှ စပြီး ဒီဇင်ဘာ ၇ ရက် ၂၀၁၂ ထိ ကို Google မှာ သူ ရဲ့ အချိန် တစ်ဝက်လောက် ကို Python Programming Language အတွက် အသုံးချ ခဲ့လေသည်။ ဇန်နဝါရီလ ၂၀၁၃ မှာတော့ သူသည် Dropbox အတွက် အလုပ် စတင် လုပ်ခဲ့သည်။ 

******************************************************************************
 { ၁၀ }
Donald Kuth Donald Kuth (TeX) သည် အမေရိကန် လူမျိုး ကွန်ပျူ   တာ ပညာရှင် တစ်ယောက်ဖြစ်ပြီး Standford တက္ကသိုလ် မှာ ဆက်လက် တာဝန် ထမ်းဆောင်နေသော အငြိမ်းစား ပါမောက္ခ တစ်ဦးဖြစ်ပါသည်။ 

သူသည် The Art of Computer Programming စာအုပ် များကိုရေးသားသူ လည်း ဖြစ်သည်။ သူ့အား algorithms များ ခွဲခြမ်း စိတ်ဖြာရာ ၌“ဖခင်” ဟု ခေါ်တွင် ခဲ့သည်။ 

သူသည် algorithms ရှုပ်ထွေး မှုများ ကို အချက်အလက် ကျကျ ခွဲခြမ်း စိတ်ဖြာ မှုအပိုင်း တိုးတက်ကောင်း မွန်အောင်မြင် ရေးနှင့် လိုအပ်သော သင်္ချာ တွက်ချက်မှု များကို စနစ် တကျ ဖြစ်ပေါ်လာအောင် ကူညီ ထောက် ပံ့ပေးခဲ့သည်။ 

သူရဲ့ asymptotic notation များကြောင့် လူသိများ ထင်ရှားခဲ့သည်။ သူသည် TeX ကွန်ပျူ  တာ စာလုံး အရေးအသား စနစ် ကို တီထွင် ခဲ့သူဖြစ်သည်။ 

From... yoyarlay.com

No comments:

Post a Comment