
သြဂုတ် ၁၀ရက်က ပြုလုပ်သော ရန်ကုန် လူငယ်ပွဲတော် သို့ တက်ရောက်လာသည့် လူငယ်များ (ဓာတ်ပုံ−ကျော်ဇင်သန်း)
မြန်မာနိုင်ငံ ရှိ အသက် (၁၆)နှစ်မှ (၃၅) နှစ်ကြား လူငယ် ခြောက်ဆယ်ရာခိုင်နှုန်း သည် အ လုပ် လက်မဲ့ဖြစ်နေကြောင်း ပြုစု ထားသည့် စစ်တမ်း ကို သမ္မတ ထံ ပေးပို့ထားသည် ဟု မြန်မာနိုင်ငံ လူ ငယ်များ အစည်း အရုံးမှ သတင်းရ ရှိသည်။
ရန်ကုန်မြို့ပေါ်နေ လူငယ် များနှင့် ဧရာဝတီတိုင်းဒေသကြီး ရှိ လူငယ်နှစ်ထောင် ကို မေးမြန်း ထားခြင်းဖြစ် ပြီးလူငယ် ဆယ်ဦး လျှင် ခြောက်ဦးမှာ အလုပ်လက်မဲ့ ပြဿနာနှင့် ရင်ဆိုင်နေ ရကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
စစ်တမ်းကို နိုင်ငံတော် သမ္မ တ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဝင် များ၊ ဥပဒေပြုရေး မဏ္ဍိုင်မှ လွှတ် တော် ကိုယ်စားလှယ်များ၊ ဒေါ် အောင်ဆန်းစုကြည်နှင့် အခြားပ ညာရှင် အဖွဲ့အစည်းများ ထံပေးပို့ ထားကြောင်း မြန်မာနိုင်ငံ လူငယ် များအစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန် နိုင်ကပြောသည်။
‘‘လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်တာ အများစုက ပညာရေး အဆင့်နိမ့် တယ်။ ဘွဲ့ရတဲ့ လူကျ တော့ လည်း လုပ်နေတဲ့ အလုပ်နဲ့ မကိုက်ညီဘူး’’ဟု ၎င်းက ရှင်းပြ သည်။
၂၀၁၂ နှစ်ဆန်းပိုင်း တွင် တစ်ကြိမ်၊ ၂၀၁၃ မတ်လ တွင် တစ်ကြိမ်၊ ၂၀၁၄ မေလတွင် တစ်ကြိမ် စုစုပေါင်း သုံးကြိမ် စစ်တမ်း ကောက်ခံမေးမြန်း ထားသည်ဟု ဆိုသည်။
အလုပ်လက်မဲ့လူငယ်တချို့ မှာ လူကုန် ကူးခံရခြင်း၊ အရက် သေစာသောက် စားခြင်း၊ မူးယစ် ဆေးသုံး စွဲခြင်းနှင့် ရာဇ၀တ်မှုကျူး လွန်ခြင်းများ ရှိကြောင်းစစ်တမ်း တွင်ဖော်ပြထားသည်။
ကျေးလက်နေ လူငယ်များ မှာ အလုပ် လက်မဲ့ပြဿနာ ကို ပိုမို ရင်ဆိုင်နေ ရပြီး လယ်ယာမြေ သိမ်းဆည်း ခံရမှု၊ လမ်းပန်းဆက် သွယ်ရေးခ က်ခဲမှု၊ သတင်းအ ချက် အလက်စီးဆင်းမှု အားနည်း ခြင်း အပါအ၀င်လူမှု စီးပွား ဘ၀နိမ့် ကျမှုများသည် အလုပ်လက်မဲ့ လူ ငယ်အင်အား များပြားစေကြောင်း ဖော်ပြထားသည်။
ဘွဲ့ရ အလုပ်လက်မဲ့ များ လျော့နည်းရန် ပညာရေး စနစ်ကို မြှင့်တင်ပေးခြင်း၊ ပညာဆုံးခန်း တိုင်အောင် မသင်ကြားနိုင်သော လူငယ်များ အတွက်အသက်မွေး ၀မ်းကျောင်း ပညာသင်တန်း ကျောင်းများ ဖွင့်ပေးခြင်း၊ တိုင်း ရင်းသား လူငယ်များနှင့်ဖွံ့ဖြိုးမှုနိမ့်ကျသော ဒေသရှိ လူငယ်များ အတွက်လူ့စွမ်းအား အရင်း အမြစ် ဖွံ့ဖြိုးရေး အစီအစဉ်များ လုံ လောက်စွာဆောင်ရွက်ပေးရန် စ သည့်အကြံပြုချက်များ ကိုလည်း ထည့်သွင်းရေးသား ကာပေးပို့ ထားပြီး လတ်တလော တွင် အကြောင်း ပြန်မှု မရှိသေးဟုသတင်း ရရှိသည်။
7Day
From...Search Myanmar
No comments:
Post a Comment