*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 31 August 2014

ကျွန်တော် ရေလောင်းဖြစ်ခဲ့သော အဆိပ်တစ်ပင် အကြောင်း….(ဟာဂျူလီ-ကသာ)

10626600_683851945036991_6859074815271391014_n

ဝန်ထမ်းတော်တော် များများ က ကျွန်တော့် ကို ကလောင် သရမ်းသူ ဆတ်ဆတ်ထိ မခံသူ လူဆိုး တစ်ယောက် လို မြင်နေကြပါတယ်၊ တကယ်တမ်းပြော ရရင် ၀န်ထမ်းတွေ နဲ့ ပတ်သက်ရင် ကျွန်တော် အတော်ကြီး ချင့်ချိန် လေ့ရှိပါတယ်၊ 

သူတို့ရဲ့ ဖြေရှင်း ရမယ့် အချိန်တွေ ငွေတွေ လုပ်သက်တွေ ကို စာနာပြီး ကိုယ့်ဆီရောက် လာတဲ့ တိုင်တဲ့ တောတဲ့ သူတွေ ကို အတတ်နိုင်ဆုံး နှစ်ဦး နှစ်ဖက် ပြေလှယ်အောင် ဖြေလျှော့ ပေးလေ့ရှိပါတယ်၊ 
လုံးဝ ညှိမရတဲ့ ဖြစ်စဉ်တွေ ၀န်ထမ်း ဘက်က မောက်မာ လွန်းတာတွေ ဗိုလ်ကျ လွန်းတာတွေ ဖြစ်လာမှ သာ ရေးသင့် သားသင့် တာကို အွန်လိုင်းပေါ် (ဒါမှ မဟုတ်) စာမျက်နှာတွေပေါ် တင်လေ့ရှိပါတယ်၊ 

ဘာကြောင့် ဒါတွေကို ဒီလောက် ငဲ့ညှာ နေရတာလဲ ဆိုရင် အချက်(၂)ချက် ရှိပါတယ်၊ 
(၁)က ၀န်ထမ်းတွေ ရဲ့ စားဝတ်နေရေး မပြည့်စုံ မှု 
(၂) ၀န်ထမ်း တစ်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဂုဏ်သိက္ခာ ထိခိုက် သွားမယ့် မိခင် ဌာန တွေကြောင့်ပါ၊ 


 
ကိုယ့်ဘက်က အဲဒီလို နားလည်မှု ပေးနေသော်ငြားလည်း ကိုယ့် အမှားတွေကို ကိုယ် မပြင်ဘဲ ငါမှ ငါသာ ဖြစ် တဲ့ ၀န်ထမ်းမျိုး ကို တွေ့ရတာလည်း ရှိပါတယ်၊

 ဖြစ်စဉ်(၁) ….လွန်ခဲ့တဲ့(၃)နှစ်လောက် က ကသာမြို့ က လ၀က အရာရှိ တစ်ယောက်ရဲ့ ခွင်ဖန်တဲ့ ကိစ္စလေး ကျွန်တော့ ဆီကို လာတိုင်ပါတယ်၊ လာတိုင်တဲ့ သူက ABSDF (မြောက်ပိုင်း)ကျောင်းသားရဲ့ ညီမပါ၊ သူတိုင် တဲ့ ကိစ္စ ကလည်း တကယ့် ကို တိုင်ချင် စရာပါ၊ 

တစ်ရက်က လ၀က အရာရှိတစ်ယောက် သူ့ဆီရောက်လာပြီး သူနဲ့ သူ့မောင် ကိုင်တဲ့ မှတ်ပုံတင်နဲ့ ပတ်သက်ပြီး စစ်ဆေး စရာရှိလို့ ဆိုပြီး သိမ်းသွား ပါတယ်၊ တစ်နှစ်လောက် ကြာလို့ မှတ်ပုံတင်ပြန် မပေး လို့ သွားတောင်းတော့ အဲဒီ မှတ်ပုံတင်ပြန်ရ ချင်ရင် တစ်ခု ကို(၃) သိန်းပေး ရမယ် လို့ တောင်း ပါတယ်၊ (၂)ခုဆိုတော့ (၆)သိန်းပေါ့၊ 

အဲဒီလောက်ငွေ ကို မပေးနိုင် လို့ ကျွန်တော့်ဆီ လာတိုင် တာပါ၊ အဲဒါ နဲ့ အဲဒီ လ၀က အရာရှိ ကို တွေ့ပြီး ဘာကြောင့် သိမ်း တာလဲ ဘာကြောင့် ငွေတောင်း တာလဲမေးတော့ အဲဒီ အရာရှိ မျက်နှာတွေ ပျက်ပြီး ဟို လိုလို ဒီ လိုလို တွေ ဖြစ်ကုန်ပါတယ်၊

ဒီလို လုပ်ရင် မင်းပြုတ်တော့မယ်၊ အခု ငါ့ဆီ လာတိုင်နေပြီ၊ မင်း အဲဒီ မှတ်ပုံတင်(၂) ခုလုံး ပြန်ပေးပါ ဆိုတော့ သူရုံး မှာ အသိမ်း လွန်နေတဲ့ အကြောင်းနဲ့တစ်ရက် နှစ်ရက်နေရင် ရှာပြီး ပြန်ပေး လိုက်ပါ မယ် ပြောပါတယ်၊ 

ကျွန်တော်က ““ (၁၅) မိနစ်ပဲ အချိန်ပေးမယ်၊ ငါဒီ လက်ဘက်ရည်ဆိုင် ကထိုင်စောင့်နေ မယ်၊ (၁၅) မိနစ်ပြည့် လို့မှ မှတ်ပုံတင် ပြန် မပေးနိုင်ရင် လူကြီးတွေ နဲ့ပဲ စကားပြောမယ်ဆိုပြီး၊” ခပ်တင်းတင်း ပဲ ပြောဖြစ်လိုက်ပါတယ်၊ 

အဲဒီ လ၀က အရာ ရှိ ဆိုင်ကယ်နဲ့ ထွက်သွားပါတယ်၊ (၁၀) မိနစ်လောက်ကြာတော့ သူသိမ်း ထားတဲ့ မှတ်ပုံတင်(၂) ခုပြန်လာပေးပါတယ်၊ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နောက်ကို ဒီလို မလုပ်ဖို့ ဒါဟာ လ၀က အရာရှိ အနေနဲ့ အင်မတန် ညစ်ပတ် စုတ်ပဲ့ တဲ့ လုပ်ရပ်ဖြစ်တဲ့ အကြောင်း ဆိုဆုံးမဖြစ်လိုက်ပါတယ်၊ 

လာတိုင်တဲ့ ကလေးမ လည်း ငွေမပေး ရဘဲ သူတို့ မှတ်ပုံတင် ပြန်ရ သွားလို့ ကျေနပ် သွားကြ ပါတယ် ၊

 ဖြစ်စဉ်(၂)…၊ ဒီဖြစ်စဉ် မှာ လည်း အဲဒီ လ၀က အရာရှိ ပါပဲ၊ ဖြစ်တာ က ဒီလိုပါ၊ လွန်ခဲ့တဲ့ (၃)လ လောက် က ကသာမြို့ ရပ်ကွက်(၁၀) က အမျိုးသမီး (၂)ယောက် ကျွန်တော့ ရုံးခန်းကို ရောက်လာပါတယ်၊ သူတို့ဟာ ညီအစ်မ အရင်းတွေဖြစ်ပြီး သူတို့အဖေက အငြိမ်းစား ရဲ အရာရှိ တစ်ဦးဖြစ်ပါတယ်၊ 

သူတို့(၂)ယောက် ထဲက အမျိုးသမီး တစ်ယောက်က မြန်မာစကား ကို ပီပီသသ မပြောနိုင် လို့ မေး ကြည့်တော့ သူ့ညီမ ဟာ လွန်ခဲ့တဲ့ အနှစ်၂၀လောက် ကတည်း က တရုတ်နိုင်ငံ မှာ အလုပ်သွား လုပ်ရင်း တရုတ် တစ်ယောက်နဲ့ အိမ်ထောင် ကျခဲ့ပြီး အခု ဆိုရင် သားကြီး သမီးကြီးတွေ ရနေပါပြီတဲ့၊
 
အခု မှတ်ပုံတင် လာလဲ တာဖြစ်ပြီး သူ့ အမျိုးသား တရုတ် လူမျိုးလည်း ကသာ ကို ပါလာတဲ့ အကြောင်း  ပြော ပါတယ်၊ သူ့ယောက်ျား ဟာ တရားဝင် ဗီဇာနဲ့ လာတာဖြစ်ပြီး သူတို့အနေနဲ့ မိခင် ဖခင် မောင်နှမတွေ စကားပြောချင်လို့ ရပ်ကွက်(၁၀) က သူတို့ရဲ့ အိမ်မှာပဲ တည်းဖြစ်ကြတဲ့ အကြောင်းပြော ပါတယ်၊ 

အဲဒီလို တည်းနေတာကို လ၀က အရာရှိ တစ်ဦးက ရပ်ကွက် အုပ်ချုပ်ရေးမှူးး နဲ့အတူ အိမ်ရောက်လာပြီး ဗီဇာတွေ ပတ်စ်ပို့တွေ စစ်တဲ့ အကြောင်း အဲဒီ လ၀က အရာရှိဟာ သူတို့အိပ်ခန်းထဲ အထိဝင်ပြီး သူ့ယောက်ကျား တရုတ် ထံက တရုတ်ငွေ (၃၀၀၀)ကျော် (မြန်မာငွေ ငါးသိန်းနီးပါး)ကို အတင်းလုယူ တဲ့အကြောင်း တရုတ်ကြီး ကလည်း ပြန် လုပေမယ့် မရတဲ့အကြောင်း တိုင်ပါတယ်၊ 

အဲဒီ အချိန် အတူ ပါလာတဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးးက အပြင်မှာ ထိုင်နေလို့ မမြင်ပေမယ့် သူ့ခဲအို ကတော့ လုတာ ကို မြင်လိုက်ပေမယ့် ဘာတွေကို ဘာကြောင့် လုမှန်း မသိလို့ မပြောဖြစ်လိုက်တဲ့ အကြောင်းပြောပြပါတယ်၊ 

အဲဒါနဲ့ ဒီ လ၀က အရာရှိတော့ ဒုက္ခရောက်တော့မယ် ဆိုပြီး လ၀က ဦးစီးမှူးးကို ဖုန်းဆက်ပြောဖြစ် လိုက် ပါတယ်၊ လ၀က ဦးစီးမှူးး ကလည်း သူ့တပည့် လုပ်ရပ်ကြောင့် ဌာန နာမည် ပျက်မှာကို စိုးရိမ်နေပါတယ်၊ အဲဒါနဲ့ ကျွန်တော် လည်း လုယူ တဲ့ လ၀က အရာရှိ ကို ဆိုဆုံးမပေးဖို့ အဲဒီငွေတွေ ပြန်တောင်းပေး ဖို့ ပြောဖြစ်လိုက်ပါတယ်၊ 

(၃)သိန်းကျော်ပြန်ပေးတဲ့ အတွက် တရုတ် ရဲ့ ဇနီးကို အကျိုးအကြောင်းပြော ပြီး ရွှေပြည်အေး တရား ဟောဖြစ် လိုက်ပါတယ်၊

 ဖြစ်စဉ်(၃)…လွန်ခဲ့တဲ့ (၂) လလောက်က ကျွန်တော့် တပည့် တစ်ယောက် မှတ်ပုံတင် လုပ်ပါတယ်၊ မဟားဒယားတွေ ဖြစ်မှာ စိုးလို့ ဦးစီးမှူးး ကို ကိုယ်တိုင် ဖုန်းဆက်ပြီး အဲဒီ လူငယ်ဟာ ကျွန်တော့်တို့မီဒီယာ မှ ကျွန်တော့ တပည့်ဖြစ်တဲ့ အကြောင်းနဲ့ လိုအပ် တာတွေ ကူညီပေးဖို့ ပြောဖြစ်ပါတယ်၊ 

ဒီကနေ့တော့ မှတ်ပုံတင် ကဒ် ရလာလို့ လက်မှတ်ထိုး လက်ဗွေနှိပ် ဖို့ လ၀ကရုံး ကို သွားကြပါတယ်၊
ကျွန်တော် လည်း တပည့်သား အမိနဲ့အတူ လိုက်သွားဖြစ်ပါတယ်၊ အဲဒီမှာ အရင်က ပြဿ  နာပေါင်းသောင်းခြောက်ထောင် မှာ ကျွန်တော် ကူညီ ဖူးတဲ့ လ၀က အရာရှိနဲ့ ပဲ တွေ့ပါတယ်၊ 

သူက လိုအပ်တဲ့ လက်ဗွေနှိပ်တာ လက်မှတ် ထိုးခိုင်းတာတွေ လုပ်ပြီးတဲ့နောက် ကျွန်တော်ရှေ့ မှာတင် ရုံး အတွက်တော့ ပိုက်ဆံလေး ပေးသွားဦး လို့ တောင်းပါတယ်၊ မှတ်ပုံတင် တစ်ခုကို (၁၅၀၀၀) (၂) ခု အတွက် ဆိုတော့ (၃၀၀၀၀) လို့ ပြောပါတယ်၊ ဒါတင် မက ကျွန်တော့ ဘက် လှည့်ပြီး အစ်ကို့ အရှေ့ မှာ ပြောင်တောင်း တာနော်..လို့ ဆိုလာလေတော့ အခု မှတ်ပုံတင်တစ်ခုလုပ်ရင် (၅၀၀)ပဲကုန်တယ်လို့ ကျွန်တော်တို့ မီဒီယာတွေ ကို လူသိ ရှင်ကြားပြောခဲ့တဲ့ လ၀က ၀န်ကြီးဦးခင်ရီ ရဲ့ မျက်နှာ ကို ပြောမြင် လိုက်မိ ပါတော့တယ်ဗျာ၊ 

ဒီလိုဖြစ်စဉ် ကိုလည်း ရုံးမှာ နေမကောင်း လို့ အိပ်ယာ ထဲ လဲနေတဲ့ လ၀က ဦးစီးမှူးး တစ်ခါ ထဲ ခေါ် ပြီး ပြောခဲ့ ပါတယ်၊ ဘာတွေ ဘယ်လိုဖြစ်ပြီး ဘယ်လို အရေးယူ မလဲဆို တာ စောင့်ကြည့်နေဖြစ် ပါတယ် ၊

 နောက်ထပ် ကျွန်တော်တွေးဖြစ် တာက အဆိပ်ပင် နဲ့ စားပင် ကို ခွဲခြား တတ်ဖို့ ငါဟာ အများကြီးကို လိုနေ ပါသေးလား ရယ်လို့ပါ၊

Credit:(ဟာဂျူလီ-ကသာ)
(ဓာတ်ပုံ ….လ၀က အရာရှိ ၏ တရုတ် ငွေ လုခြင်း ခံလိုက် ရသည့် တရုတ်နိုင်ငံသား ၏ ဇနီး)

From...Myanmar Latest News

No comments:

Post a Comment