*** ၇င်ခွင်လမ်း သို့ လာေ၇ာက်လည်ပတ် လေ့လာကြသူ မိတ်ဆွေအားလုံး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းတို့နှင့် အေးချမ်း ပြည့်စုံနိုင်ကြပါစေ ***

Sunday 14 September 2014

လူ့အရင်း အမြစ် ကို သုံးစွဲခြင်း




မိမိတို့ မတိုးတက်ခြင်း မှာ (၁) သယံဇာတ ကို မသုံးစွဲ တတ်ခြင်း၊ (၂) လူ့အရင်း အမြစ်ကို မစီမံ တတ်ခြင်း နဲ့ (၃) စနစ် မကျခြင်းလို့ ပြောလို့ ရတယ်။ ဒီမှာ လူ့အရင်း အမြစ်နဲ့ပတ်သက်ပြီး ပြော လိုတယ်။

လူဆိုတာ အမြင်ကျယ် သလောက် လုပ်လို့ ရတယ်။ သုံးတတ် သလောက် အသုံး ဝင်တယ်။ လူ့အရင်း အမြစ် ကို အံဝင် ခွင်ကျ သုံး တတ်ရင် အကျိုး အင်မတန် များတယ်။ လူ့အရင်း အမြစ် ကို မသုံးတတ်ရင် ပဋိပက္ခ ဖြစ်ပွား တတ်တယ်။

အသင်း အဖွဲ့ ထူထောင်ခြင်း ဆိုတာ ပညာရှင် များကို နဖားကြိုး တပ်ပြီး ခိုင်းစေဖို့ မဟုတ်ဘူး။ အစိုးရ တစ်ရပ် ထားရှိခြင်း မှာလည်း ပဲ ပြည်သူ့ စွမ်းအား ကို ထိန်းချုပ်ပြီး မိမိ ကိုယ်ကျိုး အတွက် အသုံးချဖို့ မဟုတ်ဘူး။ 


 
ဘယ်နေရာမှာ မဆို လူတွေ အလုပ်လုပ်ချင် စိတ် ဖြစ်အောင် လှုံ့ဆော် ရတယ်။ ဘောလုံး သမား တစ်ယောက် ဟာ ဘောလုံး ကန်ချင်စိတ် ရှိကို ရှိရမယ်။ လူတစ်ယောက် အနေနဲ့ အလုပ် လုပ်ချင်စိတ် ရှိကို ရှိရမယ်။ 

လုပ်အား ဆိုတာ တန်ဖိုး ရှိတယ်။ ဗျူရိုကရက် ဝါဒကြောင့် အဲဒီ လုပ်အား မထိခိုက်စေရဘူး။ အမေရိကန် တို့ ကြီးပွားတယ် ဆိုတာ အသင်းလိုက် ညီညွတ် ရုံနဲ့ မဟုတ်ဘူး၊ တစ်ဦးချင်း ကို မြှောက်စား လို့လည်း ပါတယ်။

အသိ အမှတ်ပြုခြင်း ဟာ လူ့ အရင်းအမြစ် ကို ဖော်ထုတ် ရာမှာ အထောက် အကူ ဖြစ်တယ်။ ကဏ္ဍ အလိုက် ခွဲထား တဲ့နေရာ မှာ ဆိုင်ရာအောင်မြင်မှု အတွက် စွမ်းဆောင်နိုင်သူ ကို အသိအမှတ် ပြုရတယ်။

ဝေဖန်သူကို ကြိုးဆို သင့်တယ်။ ဒါပေမဲ့ အလုပ်ကို ပျက်အောင် ဝေဖန် တတ်သူကို မလိုလားဘူး။ အလုပ် ကို ဖြစ်အောင် ပြောတတ် သူဟာ လူ့အရင်း အမြစ် ကို သူတပါးထက် ရှာဖွေ တတ်သူ ဖြစ်တယ်။ ကြမ်းပိုး တစ်ကောင် သတ်ဖို့ ပုဆိန် တစ်လက် ရှာရမယ် လို့ ရေကြီး ခွင်ကျယ် လုပ်နေရင် အဲဒီနေရာမှာ အလုပ် မဖြစ်ဘူး။

ဒီတော့ မိမိတို့ပတ်ဝန်းကျင် မှာ အများ ဆန္ဒဆိုပြီး ပန်းချီကား တစ်ချပ်ကို ပြိုင်တူ ဆွဲဖို့မဟုတ်ဘူး။ ဒီ ပန်းချီကား ကို ဘယ်သူဆွဲ မလဲပဲ ဆုံးဖြတ်ပါ။ ဆွဲသူ ကို ရွေးချယ်ပါ။ ရှိသမျှ အလုပ်ကိုလည်း အသင်း ပိုင်၊ ပြည်သူပိုင် လုပ်လို့ မဖြစ်ဘူး။ အသင်း က မလုပ်နိုင်တော့ တသီး ပုဂ္ဂလ က လုပ်နိုင် ခဲ့ရင် အရေးစိုက် စရာလား။ အောင်မြင်မှု ဆိုတာ ဘယ်သူ က လုပ်မှ ဖြစ်မယ် လို့ စည်းကမ်း သတ်မှတ်ချက် ထားလို့ မရဘူး။

အစွမ်းအစ မရှိ သူတို့က ရှိသမျှ ကို ကိုယ်ပိုင် လုပ်ချင်ကြတယ်။ သူ တစ်ယောက်ထဲ လုပ်နိုင်တဲ့ အလုပ်ဆို ဘယ်သူ မှ မသိဘဲ ပြီးသွား တတ်ပါတယ်။ သူ မသိတဲ့ အလုပ်ဆိုရင် သူတစ်ပါး ကိုလည်း လုပ်ခွင့်မပေး၊ သူတစ်ပါး က ဖြစ်အောင် လုပ်ခဲ့ရင် လည်း အသင်း စည်းကမ်း ကို ချိုးဖောက်တယ် လို့ ပြော၊ သူတစ်ပါး ဂုဏ်သိက္ခာ ကိုလည်း ထိခိုက်အောင် ပြောတတ်သေးတယ် ဆိုရင် အဲဒီနေရာမှာ လူ့အရင်း အမြစ်က ခမ်းခြောက်နေမှာပဲ။

ဒီတော့ ဘယ်နေရာမှာ မဆို လူတိုင်း အလုပ် လုပ်ချင်စိတ် ရှိအောင် နေပါ။ အလုပ် ကို ကောင်းကောင်း လုပ်လို့ မရတဲ့ စည်းကမ်းတွေ ဟာ ကောင်းတဲ့ အရာတွေ  မဟုတ်တာပဲ။ ဖယ်ထုတ် ပလိုက်ပါ။ 

ညီညွတ်ရေး ကို ထိခိုက်စေတဲ့ အရာ မှန်သမျှ မထားတာ ကောင်းတယ်။ နေရာ တစ်နေရာ မှာ ကြိုးနီတွေ များနေရင် ဘာမှ လုပ်လို့ ဖြစ်မှာ မဟုတ်ဘူး။ ဒါဟာ လူ့ အရင်းအမြစ် ကို ကန့်သတ် ရာရောက်တယ်။
အရေးပါဆုံး အချက်မှာ စေတနာ့ ဝန်ထမ်း လုပ်ငန်း များမှာ သြဇာ အာဏာကို အလွန်အကျွံ မသုံး မိကြဖို့ ဖြစ်တယ်။ 

မိမိ ရာထူး ကိုပဲဖြစ်ဖြစ်၊ မိမိ လုပ်ပိုင်ခွင့် ကိုပဲဖြစ်ဖြစ်၊ မိမိ အနေအထား အရပဲဖြစ်ဖြစ် အလွန်အကျွံ အသုံးပြုပြီး လုပ်ဖော် ကိုင်ဖက် များကို လိုအပ်တာထက် မဆင်မခြင် ဆက်ဆံ မိခဲ့ရင် အဖွဲ့ အစည်းကြားမှာ မလိုလား အပ်တဲ့ အက်ကြောင်းတွေ ဖြစ်ပေါ်လာမှာ မုချပါပဲ။ 

ဒီလို အကွဲအပြဲ ရှိတဲ့နေရာ မှာ စေတနာ ပန်းတွေ ပွင့်လန်းဖို့ မဖြစ်နိုင်ဘူး။ စေတနာကောင်းတွေ မရှိတဲ့နေရာမှာ လုပ်အားတွေ ရှားပါးနေမှာ အသေ အချာပါပဲ။
ဒါကြောင့် နေရာတိုင်းမှာ လူ့အရင်းအမြစ်ကို ပြည့်ပြည့်ဝဝ အသုံးချချင်ရင်

(၁) ကြိုးနီ စနစ် ကို လျှော့ချပါ။
(၂) စေတနာ တရားတွေ ရှင်သန်တဲ့ ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးပါ။
(၃) ကျေးဇူးတရား ကို သိတတ်ပြီး အပြန် အလှန် အသိ အမှတ်ပြု တတ်အောင် မွန်မြတ်တဲ့ စိတ်ကို မွေးပါ။



 
 From...U Ravika

No comments:

Post a Comment